← Chapters

ရဲစွမ်းသတ္တိရှိသောနွယ်ပင်လေး

Vol. 9 Ch. 168

ရဲစွမ်းသတ္တိရှိသောနွယ်ပင်လေး

Vol. 9 Ch. 168

ကြယ်လွင်ပြင်သည် မှော်သားရဲခံတပ်အနီးအနားတွင်ရှိသည်။ မြို့မှထွက် ပြီး မှော်သားရဲတောကိုဝင်သည်နှင့် သူတို့သည် တောင်လမ်းအတိုင်း မြောက်ဘက်သို့သွားရမည်။ သူတို့သည် ဝိညာဉ်ခွဲတောင်တန်းအတိုင်းသွားကာ အောက်ဘက်ချောက်နက်ဆီသို့ သွားရမည်။ ထိုနေရာတွင် ချိုင့်ကြီးတစ်ခုရှိ သည်။ ပင်မတိုက်မှလူများသည် ထိုအရာကို ကြယ်လွင်ပြင်ဟု ခေါ်ဆိုခဲ့ကြ၏။

နှစ်စဉ်နှစ်တိုင်း အထွတ်အမြတ်ဝိညာဉ်အပျက်အစီး ပွင့်ချန်တွင်ထိုနေရာ မှ ကြယ်များ ကြွေကျလာသည်။ တိုက်မှလူတိုင်း ထိုအရာကိုမြင်နိုင်သည်။ ထို မြင်ကွင်းသည် အထူးအဆန်းဖြစ်လွန်းခြင်းကြောင့် ကြယ်ကြွေခြင်းဟု ခေါ်ဝေါ် ကြသည်။

လှည်းများသည် မှော်သားရဲတောထဲသို့ တစ်စင်းချင်းစီဝင်လာကြသည်။ အေးစက်သောလရောင်သည် မတောက်ပနိုင်တော့ပေ။ လမ်းတစ်လျှောက် တွင် ရထားဘောင်ပေါ်တွင် ချိတ်ဆွဲထားသော မီးပုံးများကြောင့် လင်းထိန်နေ သည်။

ကြယ်လွင်ပြင်ဆီသို့ တိုက်ရိုက်ရောက်မည့်လမ်းတစ်လမ်းရှိသည်။ နှစ်စဉ် နှစ်တိုင်း ကြယ်လွင်ပြင်ဆီသို့ပို့သည့် အထောက်အပံ့များကို ဤလမ်းမှ ပို့ဆောင်သည်။ လမ်းမှာ ညီညာပြီး ဘေးနှစ်ဖက်မှ ဆူးညှောင့်များကို ရှင်းလင်း ထားသည်။ ထို့အပြင် လမ်းကိုစောင့်ကြပ်နေသည့် မြို့အစောင့်များလည်းရှိ၏။ အဆင့်မြင့်မှော်သားရဲများသည် မှော်သားရဲတော၏အစွမ်းနားပိုင်းတွင် မလှုပ်ရှားနိုင်ကြတော့ပေ။ အဆင့်နိမ့်မှော်သားရဲများလည်း မလာရဲကြသဖြင့် ထိုနေရာတွင် အန္တရာယ်မရှိပေ။

“အာ.. ဘာလို့ဆွဲမရတာလဲ”

ဆိတ်သမင်သည် အကြိမ်ပေါင်းများစွာ အားစိုက်ဆွဲသော်လည်း ရထား လုံးသည် မရွေ့ပေ။ ပိန်းပိတ်အောင် မည်းမှောင်နေသောညတွင် ရထားသမား သည် စိတ်ထဲ၌အေးစိမ့်လာသည်။ လှည်းသည် မြေပြန့်တွင်ရှိသေးကာ တောင်ပေါ်သို့မတက်ရသေးပေ။ ထို့အပြင် ရှေ့မှလှည်းတချို့သည် အလွယ် တကူပင် သွားနိုင်ကြသည်။ မှော်သားရဲတောသို့ ရောက်နေသည်ကိုတွေး ပြီးနောက် လှည်းသမားသည် အနည်းငယ် စိတ်မအေးဖြစ်လာသည်။

“ဘာတွေ အလျင်လိုနေတာလဲ.. နည်းနည်းလောက် ရုက်လိုက်လေ” လှည်းကို စောင့်ကြပ်လိုက်ပါလာသော မြို့အစောင့်သည် လျှောက်လာပြီး ဆိတ်သမင်၏တင်ပါးကို နှစ်ကြိမ်မျှ အညှာတာကင်းစွာရိုက်လိုက်သည်။ သူ မရိုက်လျှင်ကိစ္စမရှိပေ။ ကြာပွတ်ကိုယမ်းလိုက်ပြီးနောက် ဆိတ်သမင်သည် မြေပေါ်တွင် လဲလျောင်းပြီးတုန်ယင်နေသည်။

“မှော်သားရဲလား” ရထားသမား၏ခြေထောက်များ အားနည်းခွေကျသွား သည်။ သူသည် လှည်း၏အကူအညီဖြင့်သာ ရပ်နေနိုင်ခြင်းဖြစ်သည်။ သူ အော်လိုက်သည်နှင့် အရှေ့နှင့်အနောက်မှလူများသည် အလျင်အမြန်ရောက် လာကာ တိုက်ခိုက်ရန် အသင့်အနေအထားယူလိုက်ကြသည်။

မြို့အစောင့်သည် လက်ထဲတွင် ဓားရှည်ကိုင်ထားပြီး မီးပုံးကိုမြှောက် ကြည့်နေသည်။ သူ လှည့်ပတ်ကြည့်သော်လည်း ဘာကိုမှမတွေ့ရပေ။ ဘေး ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။ သူသည် သက်ပြင်းကြီးတစ်ခုကိုသာ ချနိုင်တော့သည်။ သူသည် ရထားမောင်းသမားကို ဓားဖြင့်ချိန်ရွယ်ကာ ငေါက်ငမ်းတော့သည် “ဟေ့လူ မှော်သားရဲတွေက ဘယ်မှာရှိလို့လဲ”

ပေထင်းဟွမ်သည် မြို့အစောင့်၏ဦးခေါင်းအနောက်ကို တစ်ချက်ကြည့် လိုက်ပြီးနောက် အမှတ်အသားပြုထားသည့် အဖြူရောင်အဝတ်ကိုဖြုတ်လိုက် သည်။ သူမ၏ခန္ဓာကိုယ်သည် ယိမ်းထိုးလိုက်ပြီးနောက် တောထဲတွင် ပျောက်ကွယ်သွားသည်။ သူမသည် နွယ်ပင်လေးကို စိတ်ထဲမှ အမိန့်ပေးလိုက် သည် “ဟုတ်ပြီ နွယ်ပင်လေး စလို့ရပြီ”

မြို့အစောင့်သာ ခေါင်းငုံ့ပြီး မြေပြန့်ကိုကြည့်လျှင် များပြားလှသော နွယ်ပင်များ လမ်းပေါ်သို့တက်လာပြီး လှည်းဘီးများကို ရစ်ပတ်လိုက်သည် ကို သတိထားမိမည်ဖြစ်သည်။ ထို့ကြောင့်ပင် အပင်မှော်သားရဲများ အဆင့် တက်ရန် ခက်ခဲခြင်းဖြစ်သည်။ အဆင့်မြင့်အပင်မှော်သားရဲများသည် မွန်မြန် သောာသားရဲများထက်ပင် ပိုစွမ်းသည်။ ထို့အပြင် နွယ်ပင်လေးသည် ပေထင်းဟွမ်နောက်သို့လိုက်ခဲ့ပြီးနောက်တွင် ကြယ် ၃ ပွင့် ဝိညာဉ်သားရဲ အဆင့်သို့ ခုန်တက်ခဲ့သည်။ ထို့ကြောင့် ဆိတ်သမင်များကို ဖြေရှင်းရန် လွယ်ကူ နေခြင်းဖြစ်သည်။

မိုးကြိုးသွားမှ မွန်မြတ်သောဖိအား အနည်းငယ်ထုတ်လွှတ်လိုက်ချိန်တွင် ဆိတ်သမင်များ မည်သို့ခံနိုင်ရည်ရှိတော့မည်နည်း။

ဖိအားသည် မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားသည်။ ဆိတ်သမင် များသည် အသက်ပြန်ဝင်လာသည်။ အရာအားလုံးသည် ပြန်တည်ငြိမ်သွားကာ စက်များအားလုံးသည် မလှုပ်မယှက်ရှိနေသည်။ ဤအခြေအနေသည် အလွန် ထူးဆန်းလွန်းသည်။ ရထားသမားနှင့် မြို့အစောင့်များသည် ရန်သူကြီးကို ရင်ဆိုင်နေရသည့်အလား နိုးနိုးကြားကြားရှိနေကြသည်။ သူတို့သည် အလင်း ရောင်ခပ်ဖျော့ဖျော့ဖြင့် ဘေးနားပတ်လည်ကို ရှာကြည့်သော်လည်း ဘာမှ မတွေ့ခဲ့ပေ။

“မြေကြီးကိုကြည့်လိုက် ဒါက.. အာ.. အပင်မှော်သားရဲပဲ” ရထားသမား သည် ခြေချော်ကာ နွယ်ပင်များပေါ်သို့ လဲကျသွားသည်။ သူ့စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများ ထွက်ပေါ်လာသည်။ သူ သေသွားလေပြီ။ သူသည် ရုန်းကန်ခြင်းပင် မပြုလိုက်ရပေ။ လှည်းသမားသည် အသက်ရှင်ရန် ရုန်းကန်ဖို့ကိုပင် လက်လျှော့ခဲ့သည်။

လွှမ်းမိုးနိုင်သော နွယ်ပင်များသည် လှည်း၊ လူများနှင့် ဆိတ်သမင်များ ကို ရစ်ပတ်ထားသည်။ နွယ်ပင်များသည် လူသွေးကြောများသဖွယ်ပင်။ အားထည့် လိုက်သည်နှင့် သူတို့သည် အမြင့်တစ်နေရာသို့ မြောက်သွားကြ၏။ ဆိတ်သမင်များ ဟီသံနှင့် လူအော်ဟစ်သံများကိုသာ ကြားနေရသည်။ တဒင်္ဂ အတွင်းမှာပင် ထိုနေရာသည် ငရဲသဖွယ်ဖြစ်သွားလေသည်။

All Chapters