တိုက်ခိုက်ခြင်း
Vol. 9 Ch. 169
“သခင် အဲလူတွေက ကြောက်ဖို့ကောင်းလိုက်တာ”
နွယ်ပင်လေး၏အသံသည် အသိစိတ်ပင်လယ်ထဲမှ ထွက်လာသည်။ ထိုအခါမှပင် ပေထင်းဟွမ်သည် အထိတ်တလန့်ဖြစ်နေရာမှ ပြန်သတိဝင်လာ သည်။ ကောင်းလိုက်တဲ့စွမ်းအား.. နွယ်ပင်လေးလို ဝိညာဉ်သားရဲကို မျက်နှာဖုံး အနေနဲ့ပဲ သုံးလိုက်တာ မှားသွားတဲ့ပုံပဲ။ နွယ်ပင်လေး၏တိုက်ခိုက်မှုစွမ်းအား သည် ပေထင်းဟွမ်အား ပြန်လည်သဘောပေါက်သွားစေကာ လျှပ်စီးသည် လည်း သူမ၏ ခွန်အားကို အကဲဖြတ်မိသွား၏။
“သေစမ်း နွယ်ပင်လေးက အရမ်းအားကောင်းတာပဲ.. သူမသာ မွန်မြတ် တဲ့သားရဲဖြစ်လာရင် ဘယ်လိုစွမ်းရည်အသစ်တွေများ ရလာမလဲမသိဘူး” မိုးကြိုးသွားသည် တအံ့တဩ ပြောလေသည်။
“ဘယ်လိုအသီးမျိုးက အဲလိုမျိုး အဝေးကြီးကိုတိုက်ခိုက်နိုင်မှာလဲ” လျှပ်စီး မေးလိုက်၏။
“မဟုတ်ဘူး” နွယ်ပင်လေး၏ တိုးညင်းပြီး ချစ်စရာကောင်းသောအသံ သည် သူမ၏အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည် “အဲဒီအသီးတွေကို အဝေးကို တိုက်ခိုက်ဖို့သုံးလို့မရဘူး.. ဒါပေမဲ့ သူတို့ ဘာလုပ်နိုင်လဲဆိုတာ ငါ လည်းသေချာမသိဘူး”
အားကောင်းသောတိုက်ကွက်ရှိသည့် နွယ်ပင်လေးတွင် ဤမျှ ချစ်စရာ ကောင်းသောအသံရှိလိမ့်မည်ဟု တွေးရခက်သည်။ မှော်သားရဲသုံးကောင်သည် သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ဆက်သွယ်နေကြသည်။ နွယ်ပင်လေးသာ မွန်မြတ်သောသားရဲအဆင့်သို့ ရောက်လျှင် မည်သို့ထူးခြားသည့်စွမ်းရည်များ ရှိလာနိုင်သည်ကို ပေထင်းဟွမ်ပင် အနည်းငယ် သိချင်မိသည်။ သူမကို စိတ်မပျက်စေရဟု ယုံကြည်သည်။
“နွယ်ပင်လေး မှော်သားရဲတောမှာ အားအကောင်းဆုံး အပင်ဝိညာဉ် သားရဲက ကြယ် ၅ ပွင့်ပဲရှိတယ်.. အဆင့်မြင့်ကြယ် အပင်ဝိညာဉ်သားရဲတွေပဲ မင်းကိုမြင်ရတာ.. အဲဒါကိုဘယ်လိုလုပ်လိုက်တာလဲ.. မင်းက နှစ်တစ်သောင်း သက်တမ်းရှိတဲ့ မိစ္ဆာကြီးလား” လျှပ်စီး စနောက်လေသည်။
“အစ်ကိုလျှပ်စီး ငါက မိစ္ဆာမဟုတ်ဘူး.. ငါက မှော်သားရဲတောမှာ ကြယ် ၉ ပွင့်အပင်မိစ္ဆာဖြစ်နေပြီ” နွယ်ပင်လေးသည် သူ့ကို နှစ်တစ်သောင်း မိစ္ဆာဟု လျှပ်စီးပြောလိုက်သည်ကိုကြားလိုက်ချိန်တွင် သူမအား လက်ညှိုးဖြင့်ထိုးပြီး စနောက်လိုက်သကဲ့သို့ မပျော်မရွှင်ဖြစ်လေသည်။
သေချာပေါက်ပေါ့.. ထိုအရာသည် သူ၏စိတ်ကူးယဉ်မှုသာဖြစ်သည်။
“နွယ်ပင်လေး မင်းက မှော်သားရဲတောက မဟုတ်ဘူးလို့တော့ မပြောနဲ့ နော်” ပေထင်းဟွမ်သည် တအံ့တဩမေးလေသည်။
“ဟုတ်တယ် သခင် နွယ်ပင်လေးက မနှစ် မွန်မြတ်တဲ့ဝိညာဉ်အပျက်အစီး ပွင့်တုန်းက ကစဥ့်ကလျားနယ်မြေကလာခဲ့တာ.. အဲတုန်းက အရောင် ၉ ရောင် ထုတ်နိုင်တဲ့ ဥတစ်ဥလည်း အတူပါလာတယ်.. အဲဒီဥကို လိုက်ရှာတဲ့သူတွေရှိလို့ ဥက ငါ့နွယ်ပင်တွေနဲ့လှိမ့်ပြီးတော့ ကစဥ့်ကလျားနွယ်မြေကနေ ကန်ထုတ်ခံ လိုက်ရတာပဲ.. ငါတို့တွေ အကြာကြီးလှိမ့်ပြီးတော့ ဒီကိုရောက်လာတာပဲ” သူမ ထွက်ပြေးလာရသည့်အကြောင်းကို ပြောရာတွင် နွယ်ပင်လေး၏ အသံသည် ခါးသက်မှုများပါဝင်နေသည်။
အရောင် ၉ ရောင်ပါတဲ့ ဥလား။ ပေထင်းဟွမ်သည် ထိုမြင်ကွင်းကို တစ်နေရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ စိတ်ထဲတွင် အတွေး တစ်ခု ဖျတ်ခနဲပေါ်လာသည်။ နွယ်ပင်လေးပြောတာက မင် များဖြစ်နေမလား
ညလေပြေတိုက်ခတ်ကာ ပေထင်းဟွမ်သည် နှစ်တစ်ထောင်သစ်ပင် အောက်တွင် လက်ပိုက်ကာရပ်လျက်ရှိသည်။ နွယ်ပင်လေး ထိုလူများကို မြှောက်ပြီး လှုပ်ယမ်းနေသည်ကို သူမ စောင့်ကြည့်နေခဲ့သည်။ အော်ဟစ်သံ များသည် ကျယ်ကျယ်လာသည်။ ဤနေရာသည် မှော်သားရဲခံတပ်နှင့် အလှမ်း မဝေးလှပေ။ ရန်သူကို သတိပေးသလို မဖြစ်စေရန်အတွက် ပေထင်းဟွမ်သည် နွယ်ပင်လေးကို အမြန်လက်စသတ်ခိုင်းလိုက်သည်။
မြေပြင်ပေါ်မှ နွယ်ပင်များသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ဘာမှမဖြစ်ပျက်ခဲ့ဖူးသလို မြေပြင်မှာ ရှင်းလင်းနေသည်။ လေပေါ်တွင်မြောက် နေသော လူများ၊ ဆိတ်သမင်နှင့် လှည်းသည် ပြင်းထန်စွာကျလာသည်။ ဘုန်းဆိုသည့်အသံနှင့်အတူ ဖုန်လုံးများထလာသည်။ တင်းကြပ်စွာချည်နှောင် ထားသော ရိက္ခာများသည် မြေပေါ်တွင် နေရာတိုင်းကျကာ ပြန့်ကျဲသွားလေ၏။
မငြိမ်မသက်ဖြစ်သွားသည်ကို အခွင့်ကောင်းယူကာ ပေထင်းဟွမ်သည် လှည်းပစ္စည်းများကို သိုလှောင်လက်စွပ်ထဲထည့်လိုက်သည်။ သူမ၏လက်စွပ် ထဲရှိ မြို့ဝန်အိမ်တော်မှခိုးယူလာသည့် ပစ္စည်းများသည် မြေပေါ်တွင် ပေါ်လာ သည်။ ၎င်းတို့သည် ပေထင်းဟွမ် အရင်ကဖြည်ထားခဲ့သည့် အဖြူရောင်ဖဲပြား ဖြင့်ချည်နှောင်ခဲ့သော ပစ္စည်းများဖြစ်သည်။
“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ” မြို့အစောင့်ခေါင်းဆောင်သည် အရှေ့မှ အပြေးရောက်လာသည်။ သူသည် သေတော့မည်မှာသေချာသည်။ အသက်ရှင် ရန်မမျှော်လင့်တော့ပေ။ စဉ်းစားပြီးမှပင် သူသည် လက်အုပ်ချီကာ အရိုအသေ ပေးလေသည် “ကျွန်တော့်ကို ကယ်ပေလို့ ကျေးဇူးတင်ပါတယ် ပညာရှင်”
အမှောင်ထဲတွင် အမျိုးသမီးတစ်ယောက် ဖြည်းဖြည်းချင်းလျှောက်လာ သည်။ သူမသည် လေးလံသောဓားကြီးကိုကိုင်ထားကာ လက်ထဲတွင် နွယ်ပင် အပိုင်းအစများရှိနေသည်။ သူမသည် မြို့ကာကွယ်ရေးတပ်၏ ခေါင်းဆောင်ရှေ့ သို့ပစ်ပေးလိုက်သည် “မနက်ဖြန် မှော်သားရဲစီးကြောင်းတိုက်ပွဲအတွက် ကြိုးကြိုးစားစားလုပ်နေကြလို့ ဒါကို စိတ်ထဲမထားကြနဲ့”