ပိုပိုပြီးအရှက်ကင်းမဲ့လာခြင်း
Vol. 9 Ch. 170
အားလုံးကြည့်လိုက်ကြသည်။ ထိုအမျိုးသမီးကိုမြင်လိုက်ရချိန်၌ သူတို့ သည် မှင်တက်မိကြသည်။ အမတလား အမတလား…
သူမ၏ရှည်လျားသော ဆံနွယ်ကို အနီရောင်ချည်ဖြင့်စည်းနှောင်ထားကာ အနောက်တွင်ချထားသည်။ ဆံနွယ်များမှာ သူမ၏တင်ပါးထိ ရောက်သည်။ နဖူးတွင် အနီရောင်ပန်းခက်ကို ပန်ဆင်ထားသည်။ သူမ၏နဖူးတွင် မီးတောက် ပုံစံနှစ်ခုရှိကာ သူမ၏မျက်နှာကို အထူးတလည်အသက်ဝင်စေသည်။ ညအချိန် တွင်မမှတ်မိနိုင်သည့် သူမ၏မျက်လုံးများသည် မြေကြီးကိုပင် အေးခဲသွားစေ သည်။
သူမ၏ မျက်နှာသည် ကျောက်စိမ်းကဲ့သို့ဖြူလဲ့ကာ မဖော်ပြနိုင်လောက် အောင်ပင် လှပသည်။ ချမ်းအေးသောလရောင်အောက်တွင် ပုလဲကဲ့သို့ ထိုးဖောက်နိုင်သည့်အလင်းများ တောက်ပလျက်ရှိသည်။ သူမ၏ နှာတံသည် ကျောက်စိမ်းကိုထွင်းထုထားသကဲ့သို့ဖြစ်နေပြီး ပုလဲနှင့်တူသောနှုတ်ခမ်းသည် အေးစက်မှုအရိပ်အယောင်ပါသည်။ သူမ၏ လှပသောမေးစေ့သည် ပန်းချီဖြင့် ဖော်ပြရန်ပင် ခက်ခဲသည်။
အမတ.. ထိုစကားလုံးတစ်ခုတည်းကိုသာ အားလုံးတွေးမိကြသည်။ အမတသည် ကမ္ဘာမြေပေါ်ဆင်းသက်လာပြီး သူတို့ရှေ့မှ စစ်မှန်သော နတ်ဘုရားကို တွေ့လိုက်ရသလိုပင်။ ဤကမ္ဘာပေါ်မှ သေမျိုးများသည် ထိုသို့ သော အသွင်အပြင်ကိုရနိုင်သည့်အရည်အချင်းမရှိကြပေ။
သူမ၏အောက်ခံအဖြူရောင်အင်္ကျီကို အနီရောင်ခါးတိုအမွေးပွအပေါ် ဝတ်ဖြင့် ဖုံးအုပ်ထားပြီး အရောင်တူစကတ်တိုကို ဝတ်ဆင်ထားသည်။ သူမ၏ လှပပြီးသွယ်လျသည့်ခြေတံများကို ဖျတ်ခနဲမြင်ရပြီး အရောင်တူအမွေးပွဖိနပ် ကို စီးနင်းထားသည်။ သူမသည် မြေပြင်ကိုနင်းလိုက်ခြင်းဖြစ်သော်လည်း အားလုံး၏ အမြင်တွင် တိမ်ပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ မြင်နေရသည်။
လှလိုက်တဲ့မန်းကလေးပါလား.. သူမ၏ အေးစက်ပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် စိတ်နေသဘောထားကြောင့် မိန်းမမရှိလျှင်မနေတတ် သည့် ထိုယောက်ျားများသည် သူမ၏ အပြစ်အနာအဆာများကို လုံးဝရှာမတွေ့ ခဲ့ပေ။
ဤမိန်းကလေးသာ သူတို့နှင့် တစ်မြေတည်းနေလျှင် လူအများကို အရှက်ရစေသည့်ခံစားချက် ဝင်စေမည်။ သူတို့သည် သူမ၏ခြေဖဝါးကို မြေကြီး များပေကျံသွားမည်ကိုပင် ကြောက်ရွံ့မိကြသည်။
သေချာပေါက်ပဲပေါ့.. ထိုလူသည် အမတမဟုတ်ပေ။ သူမသည် မိန်းကလေးအသွင်ပြောင်းထားသည့် ပေထင်းဟွမ်သာဖြစ်သည်။ သူမကို မိန်းကလေးတစ်ဦးအသွင် မြင်ဖူးသူမှာ ဤလောကတွင်သိပ်မများလှပေ။ သူမကို မြင်ဖူးသည်မှာ ယန်ယဲ့သာရှိသည်။ သေချာသည်မှာ သူမသည် မှတ်မိ သွားမည်ကိုလည်း မကြောက်ပေ။
ထိုလူများရှေ့တွင် ခပ်မိုက်မိုက်ကယ်တင်ရှင်ကဲ့သို့ ပြုမူနေသည့် ပေထင်းဟွမ်ကိုကြည့်ပြီး လျှပ်စီးနှင့်မိုးကြိုးတို့သည် တုန်ယင်မိသည်။ သူတို့ရဲ့ သခင်က ပိုပိုပြီးအရှက်ကင်းမဲ့လာတာပဲ။ ဒီလိုသခင်များကို မပြစ်မှားသင့်ဘူး။ သူတို့တွေ သူမကို မပြစ်မှားသင့်ဘူး။
“အမတ အမတသခင်မ ကျေးဇူးတင်ပါတယ်”
၎င်းတို့သည် မြို့အစောင့်အဖွဲ့ငယ် တစ်ဖွဲ့သာဖြစ်သည်။ ခေါင်းဆောင် သည် ပေထင်းဟွမ်၏ခြေထောက်အောက်တွင် ပြားပြားဝပ်နေသည်။ သူ့ အနောက်တွင် လူတစ်စုသည်ဒူးထောက်လျက်ရျိသည်။ မှော်သားရဲတောနက် ထဲတွင် အထွတ်အမြတ်သားရဲရှိသည်ဟု သူတို့ကြားခဲ့ရသည်။ ဒီသခင်ကြီးက အထွတ်အမြတ်သားရဲများလား။
သူတို့၏ဘဝတွင် အထွတ်အမြတ်သားရဲမှ လူသားအသွင်ပြောင်းသည်ကို မြင်ရန်မလွယ်ကူသည်ကို တွေးမိသည်နှင့် ထိုလူများသည် ပို၍ပင် စိတ်လှုပ်ရှား လာသည်။ ဒါက အထွတ်အမြတ်သားရဲက အသွင်ပြောင်းထားတာပဲ။ ကောင်းကင်နဲ့ မြေကြီးကိုတောင် လှုပ်ခါနိုင်လောက်အောင် လှပလွန်းတာပဲ။ အထွတ်အမြတ်သားရဲ၏ ခွန်အားသည် ထိုလူများ မတွေးနိုင်လောက်သည့် တည်ရှိမှုဖြစ်သည်။
ထိုလူများ၏ အတွေးကိုသိလျှင် လျှပ်စီးနှင့် မိုးကြိုးသွားတို့သည် ထိုနေရာ အား တံတွေးထွေးလိမ့်မည်။ အထွတ်အမြတ်သားရဲဟုတ်လား။ အထွတ်အမြတ်သားရဲက သာလွန်တဲ့တည်ရှိမှုဆိုရင် ဒီလိုအသေးအဖွဲကိစ္စကို ဘာလို့ဂရုစိုက်နေဦးမှာလဲ။
“ကျွန်မကို အဲလိုပြောဖို့မလိုပါဘူး ဒီရိက္ခာတွေကို မြန်မြန်ပြန်ပို့ပေးလိုက် ပါ.. မနက်ဖြန် ဝိညာဉ်သားရဲစီးကြောင်းတိုက်ပွဲမှာ တိုက်မယ့်သူရဲကောင်းတွေ မနက်စာမစားရဘူးလို့မဖြစ်စေနဲ့” ပေထင်းဟွမ်သည် ထိုသို့ပြောပြီးနောက် ထိုလူများကို ငုံ့မကြည့်ချင်သည့်အလား လှည့်ထွက်သွားလေသည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့” ခေါင်းဆောင်သည် ထိုလူကြီးမင်းကို ပြစ်မှားမိမည် ကိုကြောက်သဖြင့် လက်ကိုအလျင်အမြန်ဝေ့ယမ်းကာ အားလုံးကိုအော်လိုက် သည် “သခင်ကြီးစကားကို နားထောင်ကြ မြန်မြန်လုပ်ကြတော့”
“ဟုတ်ကဲ့ ဟုတ်ကဲ့ အသက်ရှည်ပါစေ အမတသခင်ကြီး”
ထိုလူများသည် စိတ်လှုပ်ရှားလွန်းသဖြင့် မတ်မတ်ပင်မရပ်နိုင်တော့ပေ။ အထူးသဖြင့် ပေထင်းဟွမ်သည် ရှေ့လျှောက်သွားပြီး အားလုံးရှေ့မှ ပျောက်ကွယ်သွားချိန်တွင် သူတို့သည် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျမတတ်ပင်။ ဤသခင်ကြီးသည် လှပပြီးအားကောင်းသည်။ သူမက နတ်ဘုရားမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ။
“ဒီသခင်ကြီးက တကယ်ပဲ အထွတ်အမြတ်သားရဲလား” လူတစ်ယောက် ရေရွတ်လေသည်။
“မဟုတ်တာတွေမပြောနဲ့ ဒီသခင်ကြီးကို မပြစ်မှားမိဖို့သတိထားကြ” လူတစ်ယောက်သည် ချက်ချင်းငေါက်ငမ်းလိုက်သည်။ သူသည် ပေထင်းဟွမ် အားပြစ်မှားမိမည် ကြောက်သဖြင့် လှည့်ပတ်ကြည့်နေသေးသည်။