← Chapters

ရွှေရောင်မျက်လုံးနှင့်နတ်မြွေပါ

Vol. 9 Ch. 172

ရွှေရောင်မျက်လုံးနှင့်နတ်မြွေပါ

Vol. 9 Ch. 172

အားလုံးသည် ကြယ်လွင်ပြင်ဆီသို့ မသွားခင် ကွင်းပြင်တွင်စုဝေးကာ မြို့ဝန်၏ နောက်ဆုံးစီစဉ်မှုများကို စောင့်ဆိုင်းနေကြသည်။

မြို့ဝန်အိမ်တော်၏ သခင်လေးတစ်ယောက်အနေနှင့် မုယန်းသည် အလွန်အလုပ်များနေသည်။ ပေထင်းဟွမ်သည် နှင်းဝံပုလွေနှင့် ရေနက် ကြေးစားအဖွဲ့နောက်လိုက်ကာ ကွင်းဆီသို့လာသည်။

မနေ့ညက ပေထင်းဟွမ်နှင့် လန်ချန်ဖုန်းတို့ တိုက်ခိုက်ခဲ့သည့် အလယ် နေရာတွင် မြို့ဝန်မုဖုန်းနှင့်ဂုဟောက်တို့သည် ဘေးချင်းယှဉ်လျက်ရပ်နေကြ သည်။ မုဖုန်း၏ ကြမ်းရှသောအသံသည် တစ်နေရာလုံးကို လွင့်ပျံလာသည် “ဒီတစ်ခေါက် မွန်မြတ်တဲ့ဝိညာဉ်အပျက်အစီး ပွင့်တဲ့အချိန်ကျ နတ်သားရဲတွေ ပါ ဆင်းလာလိမ့်မယ်လို့ စီရင်ချက်ဗိမာန်ဆီက သတင်းရထားတယ်.. သူတို့ကို တိုက်ခိုက်ရာမှာ ကူညီဖို့ စီရင်ချက်ဗိမာန်က သန့်စင်သောသားတော်ကို အထူး တလည် ပို့ပေးလိုက်တယ်.. ပြီးတော့ ငါတို့ စစ်သည်တွေ သတ္တိရှိစေဖို့ စီရင်ချက် ဗိမာန်က အရမ်းကိုကြီးကျယ်တဲ့ဆုပေးဖို့ ကမ်းလှမ်းထားတယ်.. ဒီနေ့ တိုက်ပွဲ မှာ နတ်သားရဲကိုသတ်နိုင်သည်ဖြစ်စေ ဖမ်းနိုင်သည်ဖြစ်စေ စီရင်ချက်ဗိမာန်က နတ်သားရဲကို ထိန်းကျောင်းတဲ့နေရာမှာ ကူညီပေးရုံတင်မကဘဲ အဲဒီစစ်သည် ကို ဆုအဖြစ် နတ်သားရဲကိုပါ ပေးသွားမှာဖြစ်တယ်”

နတ်သားရဲ… နတ်သားရဲတစ်ကောင်ပါ ဆင်းလာမှာပဲ။ ထိုစကားများကို ကြားပြီးနောက် အားလုံး၏မျက်နှာထားမှာ ပိုပိုပြီးလေးနက်လာသည်။ နတ်သားရဲဦးဆောင်သည့် မှော်သားရဲအဖွဲ့နှင့် တိုက်ခိုက်ရာတွင် ဝိညာဉ်သားရဲ သို့မဟုတ် မွန်မြတ်သောသားရဲတို့ ပေါ်လာနိုင်သည့်အခွင့်အရေးများသည်။

သို့သော် ဆုဆိုသည့် စကားလုံးကို ကြားလိုက်သည်နှင့် အားလုံး၏ မျက်လုံးများမှာ တောက်ပသွားလေသည်။ သူတို့ ဘာမြင်လိုက်တာလဲ။ မြို့ အစောင့်များသည် ဝိညာဉ်သားရဲလှောင်အိမ်သယ်လာပြီး ကွင်းအလယ်တွင် လေးလေးပင်ပင်နှင့်ချလိုက်သည်။ အနက်ရောင်အဝတ်မ,လိုက်သောအခါ ငွေရောင်လှောင်အိမ်သည် ချက်ချင်းပင် ရွှေအလင်းရောင်ပြန်ဟပ်ရာ အားလုံး မျက်စိကျိန်းသွားလေသည်။

လှောင်အိမ်အလယ်တွင် လူကြီးလက်တစ်ဆုပ်စွာ အရွယ်အစားရှိသော ရွှေရောင်သားရဲလေးတစ်ကောင် လှဲလျောင်းနေသည်။ ခေါင်းပေါ်ရှိ ခပ်ဝိုင်းဝိုင်း နားရွက်လေးနှစ်ဖက်သည် အနည်းငယ်တုန်ယင်နေသည်။ ၎င်း၏ ဝါဂွမ်းကဲ့သို့ အမြီးသည် ၎င်း၏အိက်ကပ်အရွယ်အစား ခန္ဓာကိုယ်ထက်ပင် အဆပေါင်းများ စွာ ကြီးမားသည်။

ရွှေရောင်မျက်အိမ်တစ်စုံသည် လှည့်နေသည်။ သူတို့သည် ၎င်း၏ မျက်လုံးနှင့် ဆုံမိပြီး အာရုံလွင့်သွားပါက မျက်စိရှေ့မှလောကကြီး ပြောင်းလဲ သွားပြီး မည်သည့်နေရာသို့ ရောက်သွားသည်ကိုပင် သိလိုက်မည်မဟုတ်ပေ။

“အားကောင်းလိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ”

“အဲဒါက မွန်မြတ်တဲ့သားရဲပဲ.. တကယ်ပဲ မွန်မြတ်တဲ့သားရဲပေါက်ပဲ”

“အဲဒါကရွှေမျက်လုံးနတ်မြွေပါပဲ”

ထိုနာမည်ကို ကြားလိုက်သည်နှင့် အားလုံးသည် တအံ့တဩအော်ကြ လေသည်။ လူတိုင်း၏ စိတ်အားထက်သန်မှုသည် စိတ်ကူးကြည့်မရနိုင်လောက် အောင် မြင့်တက်လာခဲ့သည်။ အဆင့် ၂ ပညာရှင်များသည် ထင်ယောင်ထင်မှား ဖြစ်နေသည့်အခြေနေမှ နိုးထလာကာ လှောင်အိမ်ထဲမှ မြွေပါငယ်လေးကို တောက်လောင်သော မျက်လုံးများဖြင့် ကြည့်လေသည်။ သူတို့သည် သားရဲထိန်း၏ အကူအညီမပါဘဲ မွန်မြတ်သောသားရဲပေါက်နှင့် စာချုပ် တည်ထောင်နိုင်သည်။ ဤအကျိုးအမြတ်မှာ သာမန်ဝိညာဉ်သခင်များ စဉ်းပင် မစဉ်းစားရဲသည့် အခွင့်အရေးကောင်းဖြစ်သည်။

သူတို့သည် ဤသားရဲလေး၏ ခွန်အားကို မြင်တွေ့ပြီးပြီဖြစ်သည်။ ၎င်း၏ ကိုယ်ခံပညာခွန်အားကိုမဆိုထားနှင့် သန်မာသောခွန်အားရှိသူများကိုပင် တိုက်ခိုက်နိုင်သော အားကောင်းသော စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုဖြစ်သည်။ သူတို့သည် တိုက်ခိုက်ကာ ဤအထွတ်အမြတ်သားရဲပေါက်ကို လိုချင်နေကြပြီ ဖြစ်သည်။

အားလုံး၏တုံ့ပြန်မှုကို ကြည့်ပြီး သန့်စင်သောသားတော် ဂူဟောက်သည် အလွန်ကျေနပ်နေသည်။ သူသည် ရွှေမျက်လုံးနတ်မြွေပါကို စိတ်မပါစွာဖြင့် ကြည့်လိုက်သည်။ အလင်းနတ်သားရဲရှိသော သူပင်လျှင် ဤမွန်မြတ်သော သားရဲ၏ ဖြားယောင်းမှုကိုမခံနိုင်ပေ။ သူတို့သည် ပေထင်းဟွမ်ကို ရှင်းပစ်ချင် နေခြင်းကြောင့်သာမဟုတ်လျှင် စီရင်ချက်ဗိမာန်သည် ဤမျှကြီးမားသော လှုပ်ရှားမှုကို လုပ်မည်မဟုတ်ပေ။

“ဟုတ်တယ် ဒီလှောင်အိမ်က မွန်မြတ်တဲ့သားရဲတွေကို ထိန်းဖို့အတွက် အထူးလုပ်ထားတာ.. ငွေရောင်ပုံစံအစီအရင်တွေက မွန်မြတ်တဲ့သားရဲရဲ့ ဖိအား ကို ချုပ်ဖို့အတွက် အထူးသုံးထားတာ… လှောင်အိမ်ထဲမှာရှိတာက ရွှေမျက်လုံး နတ်မြွေပါပဲ.. အားလုံးသိတဲ့အတိုင်း ရွှေမျက်လုံးနတ်မြွေပါရဲ့ ကိုယ်ခံပညာ ခွန်အားက မွန်မြတ်တဲ့သားရဲတွေထဲမှာတောင် ထိပ်တန်းအဆင့်ပဲ.. ဒီမွန်မြတ် တဲ့သားရဲပေါက်သာ လေလံအိမ်မှာရှိရင် ပတ္တမြား သန်းဆယ်ချီနဲ့ရောင်းရမှာ… ဒါပေမဲ့ စီရင်ချက်ဗိမာန်အတွက်က ဒီတိုက်ကြီးပေါ်က လူတွေလောက် အဖိုးမတန်ဘူး”

ထင်ထားသည့်အတိုင်းပင်.. ပေထင်းဟွမ်သည် ရင်ပြင်ကိုလှည့်ပတ်ကြည့် လိုက်သည်။ အားလုံး၏မျက်လုံးများသည် နီရဲနေကာ လေးစားသမှုဖြင့် ဂူဟောက်အားကြည့်နေကြသည်။

All Chapters