← Chapters

အမှောင်အမျိုးအစားနတ်မိစ္ဆာသားရဲ

Vol. 9 Ch. 173

အမှောင်အမျိုးအစားနတ်မိစ္ဆာသားရဲ

Vol. 9 Ch. 173

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ရှင်းထျန်ကြေးစားအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဟန်မုသည် သူ့အဖွဲ့မှ လျှောက်ထွက်လာသည်။ သူသည် ဂူဟောက်အားကြည့်နေကာ သူတို့နှစ်ယောက်သည် မျက်တောင် မခတ်ဘဲ အကြည့်ချင်းဖလှယ်နေကြသည်။ “စီရင်ချက်ဗိမာန်က တကယ့်ကိုပဲ နတ်ဘုရားတွေရဲ့နေရာပဲ.. နတ်ဘုရားကို ယုံကြည်တဲ့လူတွေအတွက် ဒီတိုက် ကြီးမှာ အလင်းနတ်ဘုရားက အမြဲတောက်ပနေမှာပါ”

မြှောက်ပင့်ပြောဆိုပြီးနောက် ဟန်မုသည် စကားလမ်းကြောင်းပြောင်း ကာ လိုရင်းကိုသာ တည့်တည့်ပြောလေသည်။ သူသည် ပေထင်းဟွမ်အား စိုက် ကြည့်ကာ ပြုံးပြီးပြောလေသည် “သခင်ပေယဲ့ မင်းမှာလည်း မွန်မြတ်တဲ့သားရဲ ရှိနေတာ.. ငါ့မှာလည်း ဒီမှာမွန်မြတ်တဲ့သားရဲရှိတယ်.. တရားစီရင်ရေး နတ်ဘုရားကို ဖျော်ဖြေဖို့ ငါတို့တွေ ဘာလို့ဝင်မပါရမှာလဲ.. ဒီတစ်ခါ အဲဒီနတ် သားရဲကိုလိုက်ဖို့ မင်းနဲ့ငါပဲ ခွန်အားရှိကြတာ”

သူလက်တစ်ချက်ဝှေ့လိုက်သည်နှင့် ဟန်မုသည် ရှင်းထျန်ကြေးစားအဖွဲ့ နှင့် နှင်းဝံပုလွေကြေးစားအဖွဲ့တို့ကို ပိုင်းခြားလိုက်သည်။ ပေထင်းဟွမ်သည် နှင်းဝံပုလွေကြေးစားအဖွဲ့ဘက်မှာရှိနေသည်မှာ ထင်ရှားသည်။ “မွန်မြတ်တဲ့ သားရဲ သုံးကောင်ရှိတယ်.. ပြိုင်ကြတာပေါ့… သခင်ပေယဲ့သာ အဲဒီ နတ်သားရဲကိုသတ်နိုင်ရင် ဒီမွန်မြတ်တဲ့သားရဲက သခင်ပေယဲ့အပိုင်ဖြစ်သွားမှာ ပဲ.. ကံမကောင်းလို့ အဲဒီနတ်သားရဲကိုမဖမ်းနိုင်ရင် အားတော့နာပါတယ် မင်းရဲ့ မွန်မြတ်တဲ့သားရဲနဲ့ စာချုပ်တည်ထောင်တာကိုဖျက်ပြီး ကျုပ်တို့ကိုပေးလိုက်ပါ ဘယ်လိုလဲ”

ရင်ပြင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။ အားလုံး၏အကြည့်များသည် ၁၄ နှစ်အရွယ် လူငယ်ဆီသို့ ကျရောက်သွားသည်။ သူမသည် နှုတ်ဆိတ်ပြီး ရပ် နေသည်။ စဉ်းစားနေသည့်အလား သူမ၏ ကျောက်စိမ်းနှင့်တူသော လက်သည် မေးစေ့ကို ပွတ်သပ်နေသည်။ သူမ၏ ဖန်ကဲ့သို့ကြည်လင်သောမျက်လုံးများ သည် ထူးဆန်းသည့်အလင်းများတောက်ပနေရာ လှောင်ပြောင်နေသလားဟု ပင် လူအများမှ သိချင်စိတ်ကိုဖြစ်စေသည်။

ခဏကြာပြီးနောက် ပေထင်းဟွမ်၏ ပွင့်ဖတ်နှင့်တူသော နှုတ်ခမ်းများ ကွေးတွန့်သွားကာ မျက်နှာပေါ်တွင် ထူးဆန်းသောမျက်နှာထား ပေါ်လာသည် “ကျွန်တော်နဲ့ ပြိုင်ချင်တာ သေချာရဲ့လား”

ပေထင်းဟွမ်၏ အတွေးများကို ခန့်မှန်းရန်မဖြစ်နိုင်သဖြင့် ဟန်မုသည် ကျောရိုးထဲမှ အေးစိမ့်မှုကိုခံစားလိုက်ရသည်။ သို့သော် သားဖြစ်သူကို တွေးမိ ချိန်တွင် ဟန်မုသည် စိတ်ငြိမ်အောင်ကြိုးစားပြီး ခေါင်းညိတ်လိုက်သည်။ “မဆိုးဘူး”

သူ လက်ခုပ်တီးလိုက်သည်နှင့် ရှင်းထျန်ကြေးစားအဖွဲ့မှ အဖွဲ့ဝင်နှစ် ယောက်သည် တခြားလှောင်အိမ်ကို မ,တင်လိုက်သည်။ အနက်ရောင်အဝတ် အပေါ်မြောက်သွားသည်နှင့် ငွေရောင်အလင်းတန်းကို အမည်းရောင်အလင်း တန်းမှ ဝါးမျိုသွားလေသည်။ အားလုံး၏အကြည့်များ လှောင်အိမ်ဆီသို့ ရောက် ချိန်တွင် အထဲမှသားရဲ၏မျိုးစိတ်ကို မသိသဖြင့် သူတို့၏အကြည့်များ စူးစိုက် သွားမိကြ၏။

“အမှောင်စွမ်းအင်တွေ များလိုက်တာ”

“မွန်မြတ်တဲ့သားရဲပဲ”

အားလုံးသည် ထိုအားကောင်းသော စွမ်းအင်ကြောင့် နောက်သို့ ခြေတစ် လှမ်းဆုတ်လိုက်ကြသည်။ သူတို့ ထပ်မံပြန်ကြည့်သည်။ လှောင်အိမ်ထဲတွင် လူသားလက်သီးတစ်ဆုပ်စာရှိသည့် အနက်ရောင်ခွေးတစ်ကောင်ကို သံတိုင် များအကြားမှ မြင်လိုက်ရသည်။ ၎င်းတွင်ခေါင်းသုံးခေါင်းရှိကာ ခေါင်းတစ် ခေါင်းစီတွင် မျက်လုံးတစ်လုံးသာပါလေသည်။ နီရဲသောမျက်လုံးများသည် ဆိုးယုတ်ကာ မျက်လုံးများပင်စပ်စေသည်။ ၎င်းမျက်တောင်ခတ်လိုက်တိုင်း အမှောင်စွမ်းအင်သည် ချုပ်တည်းထားသောအတားအဆီးများကို ဖြတ်ကျော် ကာ လူအုပ်ဆီသို့ ပျံ့နှံ့သွားလေသည်။

ဤကဲ့သို့မွန်မြတ်သောသားရဲအမျိုးအစားသည် သာမန်မှော်သားရဲ မဟုတ်သဖြင့် ဤမှော်သားရဲ၏မျိုးစိတ်ကို ရင်ပြင်မှလူများမသိကြခြင်းဖြစ်၏။ ဂူဟောက်၏အကြည့်သည် မှော်သားရဲပေါ်ရောက်သွားကာ မျက်မှောင်ကြုတ် လိုက်၏။ ထို့နောက် သူ့အကြည့်များသည် တည်ငြိမ်စွာပင် ဟန်မုဆီသို့ ရောက် သွားလေသည်။

“ဘယ်လိုလဲ သခင်ပေယဲ့ အလောင်းအစားလုပ်ရဲလား” ဟန်မုသည် ဂုဏ်ယူစွာဖြင့် ပြောလေသည်။ သူမ ထိုမှော်သားရဲကိုမြင်ချိန်တွင် သူသည် ပေထင်းဟွမ်၏မျက်နှာမှ အကြည့်ကို အလွတ်မခံပေ။

တခြားသူများသည် ဟန်မု၏အတွေးကိုမသိကြပေ။ သူသည် တုံးအလွန်း သဖြင့် စီရင်ချက်ဗိမာန်၏ ဦးနှောက်ကျင်းခြင်းကို ခံလိုက်ရပြီဟု အားလုံးက တွေးကြသည်။ သူနှင့် နှစ်ပေါင်းများစွာ ဆက်ဆံလာသော ဟွမ်ယွမ်သည် သူ လုပ်ချင်နေသည့်အရာကို သိသည်။ သူသည် နှာမှုတ်လိုက်သည် “ဟန်မု မင်း အများကြီးမတွေးဖို့ ငါ သတိပေးလိုက်မယ်.. ဒီမှော်သားရဲမျိုးစတ်ကို ငါ မသိ‌ ပေမဲ့ ဒီကောင်က တော်တော်သန်မာတယ်ဆိုတာ အားလုံးပြောနိုင်တယ်.. မင်း သားသုံးဖို့မပေးနိုင်ဘူးဆိုရင် ဒီမှာဘာလို့လာကြွားနေလဲ.. အရမ်းမကြွားစမ်းနဲ့”

All Chapters