← Chapters

သခင်ဂူဟောက် ဝင်ပါချင်လား

Vol. 9 Ch. 174

သခင်ဂူဟောက် ဝင်ပါချင်လား

Vol. 9 Ch. 174

ဟန်မု၏မျက်နှာသည် ခပ်ကြမ်းကြမ်း ပြောင်းလဲသွားသည်။ အစက ဤ သားရဲကို သူ၏သားဖြစ်သူအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဤမှော်သားရဲ ကို ဖမ်းရန် သူတို့အတွက် မလွယ်ကူခဲ့ပေ။ သူတို့အားလုံး အသတ်ခံရမလိုဖြစ်ခဲ့ သည်။ ပညာရှင်တစ်ဦး၏ အကူအညီကြောင့်သာ သူတို့ရခဲ့ခြင်းဖြစ်သည်။ ထိုလူ သည် မှော်သားရဲကိုဝိုင်းပြီးနောက် ရှားပါးသည့် အမှောင်ဒြပ်စင်မှော်သားရဲဖြစ် ကြောင်း ပြောခဲ့သည်။

အမှောင်အမျိုးအစား မှော်သားရဲတစ်ကောင်သည် တစ်လောကလုံး၏ အမြင်တွင် အလွန်အားကောင်းသော ထိုးစစ်စွမ်းအားရှိသူများဖြစ်ကြသည်။

ထိုအချိန်တွင် ဟန်မုသည် အပျော်လွန်သွားလုနီးပါးပင်။ အခုအချိန်မှစပြီး စီရင်ချက်ဗိမာန်သည် ရှင်းထျန်ကြေးစားအဖွဲ့နှင့် တစ်ဖွဲ့တည်းဖြစ်သွားပြီဟု သူ တွေးခဲ့သည်။ သူ မြို့သို့ပြန်ရောက်သည်နှင့် သားဖြစ်သူပျောက်ဆုံးနေသည့် သတင်းကို ကြားလိုက်ရလိမ့်မည်ဟု မည်သူထင်မိမည်နည်း။ ပြီးခဲ့သည့်ညမှပင် သားဖြစ်သူ သေဆုံးသည်ကို အတည်ပြုခဲ့ရသည်။ ဤမှော်သားရဲကို သားဖြစ်သူ အတွက် ထားလိုက်လျှင်လည်း မည်သို့အသုံးဝင်တော့မည်နည်း။

ပေထင်းဟွမ်အတွက် အပေါက်တူးရန်အတွက် သုံးရတော့မည်ဖြစ်၏။

နောက်ဆုံးတွင် သူ၏တင်းမာနေသောမျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ် လာ၏။ ဟန်မု အားရပါးရရယ်လေသည် “ကျုပ်သားက အသုံးမကျပါဘူး.. အလင်းနတ်ဘုရားလက်အောက်က ဒီတိုက်ကြီးမှာ သခင်ပေယဲ့ကသာ အငယ် ဆုံး ဝိညာဉ်သခင်ကြီးပါ.. များသောအားဖြင့် ကျုပ် ပေးချင်ရင်တောင် သူ့ကို အောက်ကျို့ပြီးပေးလို့မရဘူး.. အမှောင်ဒြပ်စင်မှော်သားရဲကို သခင်ပေယဲ့ကို ကမ်းလှမ်းရတာ ကျုပ်တို့ ရှင်းထျန်ကြေးစားအဖွဲ့က ဂုဏ်ယူစရာပါ.. ဒါပေမဲ့ ကျုပ်တို့ရှင်းထျန်ကြေးစားအဖွဲ့က သခင်ပေယဲ့နဲ့မရင်းနှီးတော့ သခင်ပေယဲ့ သံသယမဝင်အောင် ဒီနည်းလမ်းကိုသုံးလိုက်တာပါ”

အမှောင်အမျိုးအစားမှော်သားရဲသည် အမှန်တကယ်ပင် တန်ဖိုးရှိသည်။ ထိုသားရဲကိုရရန် ရန်ပွဲများပင်ဖြစ်နိုင်သည်။

ဤအချက်ကြောင့် ဟန်မုသည် မကောင်းသည့်အရာလုပ်တော့မည်ဟု ဟွမ်ယွမ် သံသယဝင်လာသည်။ သို့သော် ပြိုင်ပွဲစလျှင် ပေထင်းဟွမ် သေချာ ပေါက်ရှုံးလိမ့်မည်ဟု ဟန်မုဘာကြောင့် ထင်နေသည်ကို သူ မသိပေ။

ပေထင်းဟွမ်သည် ဂူဟောက်အား သူမထင်သလိုကြည့်လိုက်သည်။ သူမ ၏အကြည့်သည် အမှောင်အမျိုးအစားမှော်သားရဲခွေးပေါ်သို့ ပြန်ရောက်သွား သည်။ သူမ၏ အေးစက်သောအသံသည် အမှောင်စွမ်းအင်ကိုပင် ထိုးဖောက်ဝင် ရောက်နိုင်သလိုပင် “ကျွန်တော့်ရဲ့ အဆင့်မြင့်ကြယ်မှော်သားရဲကို မထိန်းကျောင်းရသေးတဲ့ အမှောင်အမျိုးအစားမှော်သားရဲနဲ့ လဲချင်တာလား.. ခေါင်းဆောင်ဟန်မုက အရမ်းကို ရည်ရွယ်ချက်ကြီးတာပဲ.. ဒီလမ်းကြောင်းက သားရဲထိန်းသခင်ကြီးတွေက ဘယ်တုန်းက ဒီလောက်တောင် တန်ဖိုးမဲ့သွား တာလဲ”

အရွယ်ရောက်ပြီးသား မွန်မြတ်သောသားရဲများကို စာချုပ်မတည်ထောင် ခင် ယဉ်ပါးစေရမည်ဖြစ်ပြီး ၎င်းတို့ကို ထိန်းကျောင်းသည်မှာလည်း သခင်ကြီး အဆင့် သားရဲထိန်းများဖြစ်ရမည်။ ဤတိုက်ကြီးတွင် သားရဲထိန်းများသည် အလွန်ရှားပါးသည်။ သူတို့သည် သားရြထိန်းဖြစ်ရန်အတွက် တခြားသူများ ထက် ဝိညာဉ်စွမ်းအင် အဆပေါင်းရာချီထောင်ချီသန်မာရမည်ဖြစ်ကာ အရည်အချင်းများစွာလည်း လိုအပ်သည်။ သာမန်မှော်သားရဲကို ထိန်းကျောင်း နိုင်သည့် သားရဲထိန်းပင် ဤတိုက်ကြီးတွင် ရှားပါးလှသည်ဖြစ်ရာ သားရဲထိန်း သခင်ကြီးဆို ပြောရန်ပင်မလိုတော့ပေ။

မူလအစက ပေထင်းမိသားစုသည် မိသားစုကြီးလေးစုကို တာဝန်ယူခဲ့ သည်။ လွန်ခဲ့သည့်နှစ်တစ်ရာက နန်ကုန်းမိသားစုတွင် သားရဲထိန်းသခင်ကြီး ပေါ်ပေါက်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ၎င်းတို့သည် ပေထင်းမိသားစုကို ကျော်လွန်ကာ မိသားစုကြီးလေးစုတွင် ထိပ်ဆုံးအဆင့်သို့ ရောက်ခဲ့မည်မဟုတ် ပေ။

“ဟား ဟား” မနက်နေရောင်နှင့်အတူ မြင့်တက်လာသော ရယ်သံသည် နေရာတစ်ခုလုံးကို ထင်ယောင်ထင်မှားဖြစ်သွားစေသည်။ ရွှေရောင်မျက်လုံးနှင့် နှင်းဖြူရောင်အဝတ်အစားဝတ်ထားသော လူသည် ရှေ့နှစ်လှမ်းတိုးကာ အားလုံးရှေ့တွင် ပေါ်လာသည်။ သူ၏အသံသည် ကြည်လင်ကာ အပြုံးသည် ရွှေရောင်တောက်ပနေကာ ပြောလေသည် “သခင်ပေယဲ့ စိတ်မပူပါနဲ့.. သခင် ပေယဲ့ နိုင်ရင် ဒီအမှောင်မှော်သားရဲကို စီရင်ချက်ဗိမာန်က ထိန်းကျောင်းပေး သွားမှာပါ.. ကျုပ်တို့က သခင်ပေယဲ့ကို ဘာအရှုံးမှမခံစားစေရပါဘူး.. သခင် ပေယဲ့က ကစားလို့တန်တယ်လို့ ခံစားရရင် ကျုပ်တို့စိတ်ကျေနပ်အောင် ကစား ပေးပါ”

သူသည် ပေထင်းဟွမ်ကို လှောင်ပြောင်နေသည်လား သို့မဟုတ် သူမကို အချွန်နှင့်မ,နေသည်လား မသိပေ။ ပေထင်းဟွမ်သာ ဤပြိုင်ပွဲကို သဘောမတူ လျှင် ပေထင်းဟွမ်သည် သူရဲဘောကြောင်သည်ဖြစ်သွားမည်။ ပင်မတိုက်ကြီး တွင် ခွန်အားသည် အထက်တွင်ရှိကာ သန်မာသူသာ လေးစားခံရသည်။ လူတစ်ဦး၏ စရိုက်သည် အရေးအကြီးဆုံးဖြစ်သည်။ သူသာ ရှက်ရွံ့နေလျှင် တခြားသူများ၏ အထင်သေးခြင်းကိုခံရမည်။

ပေထင်းဟွမ်သည် ဂူဟောက်၏စကားများကို နားလည်သည့်ပုံမပေါ်ပေ။ သူမသည် ဘာမှမရှိသော သူမ၏မေးစေ့ကို ကိုင်ပြီး ခေါင်းညိတ်လိုက်သည် “သခင်ဂူဟောက် ခင်ဗျားရော အပျော်ဝင်ပါချင်လား.. သခင်ဂူဟောက်သာ ဝင်ပါရင် ကျွန်တော်လည်း အသက်ကိုစွန့်စားပြီး ကစားဖို့စိတ်မရှိပါဘူး”

All Chapters