← Chapters

မွန်မြတ်သောသားရဲနှစ်ကောင် လောင်းခြင်း

Vol. 9 Ch. 175

မွန်မြတ်သောသားရဲနှစ်ကောင် လောင်းခြင်း

Vol. 9 Ch. 175

ရှူး

ထိုနေရာတွင်ရှိနေသောလူများသည် လေအေးများကို ရှိုက်သွင်းမိသည်။ ဆီပူနေသောအိုးထဲသို့ ရေအေးတစ်စက်ချလိုက်သလိုပင်။

ထိုမြင်ကွင်းမှာ အသက်ဝင်လှသည်။ မနေ့က တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ သေ်လူများသည် ပေထင်းဟွမ်တွင် မွန်မြတ်သောသားရဲနှစ်ကောင်ရှိသည်ကို သိထားကြသည်။ သူမက မွန်မြတ်တဲ့သားရဲနှစ်ကောင်ကို လောင်းကြေးထပ် မလို့လား။ သူတို့၏ရင်များမှာ ဗုံတီးလိုက်သလို ခုန်လာသည်။ အသက်ရှူရန်ပင် ခက်ခဲလာသလို ခံစားလိုက်ရသည်။ ဒီလက်ဖွာတဲ့ကောင်လေးက ဘယ်ကနေ လာတာလဲ။ ယန်မြို့က သခင်လေးတောင်မှ ဒီလိုမျိုးပိုက်ဆံကိုမီးရှို့မပစ်ဘူး။

ဤအရာသည် ကြီးမားသောအလောင်းအစားတစ်ခုပင်။ သူ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ သူ့အောက်ခံဘောင်းဘီအတွက်တောင် ပေးစရာမကျန်ဘဲ ဖြစ်သွားမယ်။

“ပေယဲ့.. မရူးမိုက်စမ်းပါနဲ့.. အဲလိုလူတွေနဲ့ အငြင်းပွားနေဖို့လိုကိုမလိုတာ” ပေထင်းဟွမ် လိမ်နေခြင်းမဟုတ်သည်ကို တွေးပြီးနောက် ချင်းယွိသည် သူမ အား အမြန်ဆွဲကာ လှည့်ထွက်ရန်ဟန်ပြင်လိုက်သည် “မင်းက ငယ်သေးတယ် မိုက်ရူးရဲမဆန်နဲ့.. ဝိညာဉ်သားရဲမရှိတဲ့ ဝိညာဉ်သခင်က စစ်မှန်တဲ့ဝိညာဉ်သခင် မဟုတ်တော့ဘူး.. သန့်စင်တဲ့သားတော်က ကောင်းကင်အဆင့်ဝိညာဉ်သခင်ပဲ.. မင်း သူ့ကို နိုင်ဖို့ အခွင့်အရေးကမများဘူး.. မင်း ရှုံးသွားရင် နောက်ဆို မိသားစု ကို ရှင်းပြဖို့ခက်ရုံတင်မကဘူး မိသားစုထဲမှာ မင်းနေရာကိုပါ သက်ရောက်သွား နိုင်တယ်”

မည်မျှပင် အင်အားကြီးစေကာမူ မွန်မြတ်သောသားရဲနှစ်ကောင်ရှိသည့် လူအတွက် မလွယ်ကူနိုင်ပေ။ တိုက်ကြီးရှိ နံပါတ် ၁ ကြေးစားအဖွဲ့၏ သခင်လေးတစ်ယောက်အနေနှင့် ချင်းယွိပင်လျှင် မွန်မြတ်သောသားရဲ တစ်ကောင်မှမရှိပေ။

“အစ်ကိုချင်း ကျွန်တော်ဘာလုပ်နေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါ တယ်” ပေထင်းဟွမ်သည် မတ်တတ်ရပ်ကာ ချင်းယွိ၏ပခုံးကို အသာာပုတ်ပြီး စိတ်အေးအေးထားရန် အချက်ပြလိုက်သည် “သူတို့မှာ တခြားရည်ရွယ်ချက်ရှိ တာ ကျွန်တော်သိတာပေါ့.. ဒါပေမဲ့ သူတို့ကို ကျွန်တော်မကြောက်ဘူး.. သူက ကောင်းကင်အဆင့်ဝိညာဉ်သခင်ဖြစ်နေတော့ရော ဘာဖြစ်လဲ.. သူ့ကို မနိုင်နိုင် တာမှမဟုတ်တာ.. ဒီတစ်ခါ သူ့ကို ကောင်းကောင်းကြီး ခံစားရအောင်လုပ်ပေး လိုက်မယ်.. ပြီးတော့ သူ့ကိုကြောက်နေရင် ဒီတိုက်ကြီးမှာ အသန်မာဆုံးဖြစ်ဖို့ ယုံကြည်ချက်ရှိဦးမှာတဲ့လား”

သူမ၏စူးရှသောမျက်လုံးနက်များသည် အားအကောင်းဆုံး စိတ်စွမ်းအား ကို ထုတ်ပေးသည်။ သူမ၏ခန္ဓာကိုယ်မှ အားကောင်းသော ယုံကြည်ချက်များ စီးဆင်းနေသည်။ ထိုအရာကပင် သူမဘေးပတ်လည်မှလူများ၏ ခံစားချက်များ ကို တည်ငြိမ်စေသည့်မှော်စွမ်းအင်ကို သယ်ဆောင်လာပေးပြီး သူမဆီသို့ ချဉ်းကပ်သူများကို အရိုးထဲမှ အသန်မာဆုံးတိုက်ရေးခိုက်ရေး စိတ်ဓာတ်ကို တိုးတက်စေသည်။ မည်သည့်အရာကမှ သူမ၏အဆင့်တိုးတက်မှုကို မတားနိုင် သည့်ပုံပင်။

၎င်းသည် ပေထင်းဟွမ်၏ ထူးခြားသော ဆွဲဆောင်မှုပင်ဖြစ်သည်။

ပေထင်းဟွမ်ကို ထိုပုံစံအတိုင်းမြင်လိုက်ရသောအခါ ချင်းယွိသည် ရင်းနှီး သောခံစားချက် ပြန်ဖြစ်ပေါ်လာသည်။ သူသည် လော့ပေမြို့တွင်ရှိစဉ်က ရှောင်ကျို့ဆီမှလည်း တူညီသောအလင်းကိုတွေ့ခဲ့သည်။ ထိုအလင်းသည် ချင်းယွိကို ထိတ်လန့်စေလောက်အောင် နေရောင်ကဲ့သို့ တောက်ပသည်။ ထို့ကြောင့်ပင် ပေထင်းဟွမ်သည် ၁၄ နှစ်နှင့် အားကောင်းနေခြင်းဖြစ်နိုင်သည်။

သူမ၏ စိတ်သဘောထားကို နားလည်သဖြင့် ချင်းယွိသည် သူမ၏ ပခုံးကို လေးနက်စွာပင် ပုတ်လိုက်၏ “ဟုတ်ပြီ အစ်ကိုကြီးက မင်းကိုထောက်ပံ့ပေး မယ်.. မင်းရှုံးရင် မှော်သားရဲဖမ်းဖို့ အစ်ကိုကြီးက ဝိညာဉ်ခွဲတောင်တန်းထဲက မှော်သားရဲတောကို အဖော်လိုက်ပြုပေးမယ်.. ဒီမွန်မြတ်တဲ့သားရဲနှစ်ကောင် အတွက်ကြေအောင် အစ်ကိုကြီးက ကူညီပေးမှာပါ”

သူမခန္ဓာကိုယ်ထဲတွင် အနွေးဓာတ်သည် နွေဦးသဖွယ်စီးဆင်းသွားသည်။ သူမ မျက်ရည်များဝဲလာသည်။ သူမ၏မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေသည်။ ဤအရာသည် သူမတွင်ရှိသော အခိုင်မာဆုံး ခင်မင်မှုဖြစ် သည်။

“သခင်ပေယဲ့က ပြိုင်ဖို့ကို မွန်မြတ်တဲ့သားရဲနှစ်ကောင်ကို သုံးဖို့ ပြင်ဆင် နေတဲ့ပုံပဲ” ဂူဟောက်၏ ရွှေရောင်မျက်လုံးများပင် တောက်လောင်သော အမူအရာပြလေသည်။ ဖုံးဖိမရနိုင်သော အပူရှိန်ပင်။ မွန်မြတ်သောသားရဲနှစ် ကောင်၏ ဆွဲဆောင်မှုမှ မည်သူမှ မလွတ်မြောက်နိုင်ပေ။

အဆင့်မြင့်ကြယ် မွန်မြတ်သောသားရဲနှစ်ကောင်သည် မွန်မြတ်သော သားရဲများအကြားတွင် အကောင်းဆုံးဖြစ်သည်။ ၎င်းတို့သည် အမြန်နှုန်းနှင့် တိုက်ခိုက်မှုစွမ်းအားတွင် အထူးပြုသော သားရဲများဖြစ်ကြသည်။

“ဟုတ်တယ်” ပေထင်းဟွမ်သည် အခိုင်အမာပင် ပြောလေသည်။

အုန်း..

လူအုပ်ပြီးသည် ထပ်မံအော်ဟစ်ပြန်သည်။ မွန်မြတ်တဲ့သားရဲနှစ်ကောင်... တကယ်ကြီး မွန်မြတ်တဲ့သားရဲနှစ်ကောင်ရှိနေတာပဲ။ ပေထင်းဟွမ် သဘောတူ ပြီးနောက် မည်သူမှ မတည်ငြိမ်နိုင်တော့ပေ။ သည်တစ်ကြိမ်တွင် မှော်သားရဲ စီးကြောင်းမစခင်၌ပင် တိုက်ပွဲတစ်ခုပြီးတစ်ခုကို ကြည့်နေရသည်။

All Chapters