အလောင်းအစား
Vol. 9 Ch. 176
ဂူဟောက်၏အကြည့်များသည် တဖြည်းဖြည်းရင့်သီးလာ၏။ ပေထင်းဟွမ်၏ပခုံးပေါ်မှ ကြောက်နက်လေးနှင့် ငွေရောင်ခွေးပေါက်လေးသည် သူ့အား အထင်သေးစွာကြည့်လေသည်။ ဂူဟောက်၏ ဆူပွက်နေသော ခံစား ချက်နှင့်ယှဉ်လျှင် လျှပ်စီးနှင့် မိုးကြိုးသွားတို့သည် အလွန်တည်ငြိမ်သည်။
သူတို့သည် ပေထင်းဟွမ်နောက်လိုက်ခဲ့သည်မှာ မကြာသေးသော်လည်း သူမ၏ လုပ်ရန်ကို သူတို့သိသည်။ ပေထင်းဟွမ်သည် သူတို့ကို စွန့်ပစ်ပြီး အလောင်းအစားလုပ်မည်ကို ယုံကြည်သည်ထက် မိုးပြိုနိုင်သည်ကိုပင် ယုံလိုက် မည်။
“အဲလူတွေက တွင်းကြီးတူးပြီး သခင်ခုန်ဝင်ဖို့ကို စောင့်နေကြတာပဲ တကယ်တုံးလိုက်ကြတာ” လျှပ်စီးသည် ဂူဟောက်ကိုကြည့်ပြီး ဂူဟောက်သည် သူ၏ ဉာဏ်ရည်ကို ထိခိုက်စေနိုင်သည့်အလား မျက်လုံးများကို မှိတ်လိုက်၏။
“ဟီး ဟီး သူတို့မသိလို့လေ.. သခင်က သူများကို မြေမြှုပ်ချင်ရင် ဘယ်တော့မှ သူမ ကိုယ်တိုင်တွင်းတူးမပေးဘူး.. တခြားလူလာတူးမှာကိုပဲ စောင့်နေတတ်တာ.. ပြီးမှ အဲလူကို တွင်းထဲကန်ချပြီး မြှုပ်ပေးတာ” မိုးကြိုးသွား သည် လျှပ်စီးနှင့် အငြင်းအခုန်မဖြစ်သည်မှာ ရှားပါးလှသည်။
“ဒါပေမဲ့ သခင်က အမှောင်အမျိုးအစားမွန်မြတ်တဲ့သားရဲ မြွေပါရပြီးသွား ရင် ငါတို့ကိုတော့ ပစ်ပယ်မသွားလောက်ပါဘူးနော်” မိုးကြိုးသွား၏ အကြည့် သည် ကွင်းအလယ်ရှိ လှောင်အိမ်နှစ်ခုကို ကြည့်ကာ အရှုံးအမြတ်အကြောင်း ကို တွေးပူနေသည်။
“အရူး.. သားရဲဖြစ်ရတာ ခွန်အားပေါ်မူတည်ရတာပဲ.. မင်းကြောက်ရင် ကောင်းကောင်း ကျင့်ကြံပေါ့.. သူများတွေ မင်းကိုဖိနှိပ်တာမခံနဲ့.. တိုက်ခိုက်တဲ့ အချိန် အကြောက်အလန့်မရှိ ရှေ့တိုးရင် သခင်က မင်းကိုဘယ်တော့မှ မရွံရှာ ဘူး” လျှပ်စီးသည် အဓိပ္ပာယ်ပါပါပြောလေသည်။
“အဲလိုဖြစ်မှာမဟုတ်ဘူး.. အစ်ကိုမိုးကြိုးသွား.. သခင်က နွယ်ပင်လေးကို ဘယ်တုန်းက ရွံရှာဖူးလို့လဲ.. နွယ်ပင်လေးဆို မွန်မြတ်တဲ့သားရဲမှမဟုတ်တာ.. သခင်က နွယ်ပင်လေးကို ကောင်းကောင်းဆက်ဆံပေးတာပဲမဟုတ်ဘူးလား.. သခင်နဲ့ပတ်သက်ပြီး ယုံကြည်ချက်ရှိလိုက်ပါ” နွယ်ပင်လေးသည် သူ့ကို နှစ်သိမ့်ပေးလေသည်.
ထိုအခါမှပင် လျှပ်စီးလှည့်စားခြင်းကိုခံလိုက်ရပြီဖြစ်ကြောင်း မိုးကြိုးသွား သဘောပေါက်သွားတော့သည်။ သူတို့ ရန်ဖြစ်နေချိန်တွင် လက်ဦးမှုရယူရမည်။ လျှပ်စီးက အနောက်မှာပုန်းပြီး လေအေးကို ပျော်မွေ့နေတာမဟုတ်ဘူးလား။ ဒီကောင် ကောက်ကျစ်လိုက်တဲ့ ဝံပုလွေ… “အာ.. လျှပ်စီး မင်း ငါ့ကို တစ်ရက် လောက်မှမလိမ်ရရင် မနေနိုင်တာလား”
“မင်းကိုက တုံးတာလေ အင်း ငါက ဉာဏ်ကောင်းတယ်လို့ တွေးလို့ရပါ တယ်” လျှပ်စီးသည် အမြီးနှံ့နေကာ သူ၏ရွှေရောင်မျက်လုံးများသည် အေးစက် ပြီး မာနကြီးတစ်ခွဲသားနှင့်ပင်။
ဒီဝံပုလွေစုတ်တော့…
မိုးကြိုးသွားသည် ငိုချင်သော်လည်း မျက်ရည်မထွက်ပေ။ သူက တုံးအ တာမဟုတ်ဘူး။ အဲဝံပုလွေလောက် မကောက်ကျစ်တာပဲ။ သူသည် ထိုမျှသာ ပြောနိုင်လေသည် “လျှပ်စီး အစုတ်ပလုတ် သခင်ရှုံးသွားပြီး မင်းကို လျော်ကြေး အဖြစ်ပေးလိုက်ရင် အကောင်းဆုံးပဲ”
“အရူး အဲဒါကျိန်စာဆိုရင်တောင် အဆင့်မမှီလိုက်တာ.. မင်းကိုယ်မင်း သုံးပြီးတော့ ကျိန်စာတိုက်လိမ့်မယ်လို့တောင် ထင်မထားဘူး” လျှပ်စီးသည် ၎င်း၏မြေခွေးကဲ့သို့ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည် “ပထမအချက် သခင်က ရှုံးမှာမဟုတ်ဘူး.. မနေ့က သခင် ငါတို့ကိုခေါ်သွားပြီး တွင်းတူးခဲ့တာ မေ့သွားပြီလား ဒုတိယအချက် ငါတို့ရှုံးရင်တောင် မင်းလိုမျိုးဘေးကင်းမှာပဲ.. သခင်က ငါတို့ကို ဘယ်တုန်းက စာချုပ်သားရဲလိုမျိုးဆက်ဆံဖူးလို့လဲ.. သူမက ငါတို့ကို အမြဲတမ်း အပေါင်းအဖော်လိုဆက်ဆံတာ.. သူမက အပေါင်းအဖော်ကို စွန့်ပစ်မယ့်လူလို့ ထင်နေလား”
“မထင်ပါဘူး” မိုးကြိုးသွားသည် လက်များဖြင့် သူ့ခေါင်းကိုကာကာ အားနည်းစွာဖြင့် ပြောလေသည်။ အစောက သူ အနည်းငယ် ကြောက်သွား သည်ကို ဝန်ခံရမည်။ ပေထင်းဟွမ် ရှုံးမည်ကို သူ ကြောက်သည်။ သူ ပေထင်းဟွမ်၏ စာချုပ်သားရဲဖြစ်ကတည်းက သူမဆီမှထွက်သွားရန် တစ်နေ့မှ မတွေးခဲ့ပေ။ ပေထင်းဟွမ်နှင့် နေ့စဉ်ရှိရသည်ကို အလွန်ပျော်ကာ သူ ရသည့် အကျိုးအမြတ်မှာလည်း အဆုံးမရှိပေ။ သူ ပေထင်းဟွမ်နှင့် စာချုပ်ဖျက်ရမည့် အစား သေလိုက်မည်။
“ဟုတ်တယ် အစ်ကိုမိုးကြိုးသွား သခင်က အကောင်းဆုံးပဲ.. ဒါပေမဲ့ အစ်ကိုနဲ့ အစ်ကိုကြီးလျှပ်စီးတို့ သတိထားရမယ်.. ဒီနေ့ အစ်ကိုကြီးတို့နှစ် ယောက်ကြားမှာ တိုက်ပွဲကြီးဖြစ်လိမ့်မယ်.. တကယ် အားကျလိုက်တာ… ညီမသာ မွန်မြတ်တဲ့သားရဲဖြစ်ရင်တော့လား…”
နွယ်ပင်လေး၏ နူးညံ့ပြီးချစ်စဖွယ်သံလေးသည် အသိစိတ်ပင်လယ်တွင် ပဲ့တင်သံထွက်လာသည်။ မိုးကြိုးသွား၏ ခံစားချက်များ သက်သာလာသည်။ သူသည် မျက်လုံးဖွင့်ပြီး ရင်ပြင်ကိုကြည့်လိုက်သည်။ ဂူဟောက်၏ မျက်နှာ သည် စိတ်ပိုင်းဖြတ်ထားသည့် မျက်နှာထားဖြစ်နေသည်။ မကြာခင် မိုးကြိုးသွားနှင့် လျှပ်စီးတို့သည် သူ့အပိုင်ဖြစ်လာတော့မည့်အတိုင်းပင်။