လူလိမ်၏ကလေး
Vol. 9 Ch. 177
“ဟုတ်ပြီ” ဒြပ်စင်စွမ်းအင်သည် သူ့ခန္ဓာကိုယ်မှထွက်ပေါ်လာပြီး ရင်ပြင် အလယ်တွင် ငွေရောင်စာချုပ်တည်ဆောက်ပုံဖြစ်ပေါ်လာသည်။ ငွေရောင် အလင်းတန်းတောက်ပပြီးနောက် မကြာမီပျောက်ကွယ်သွားကာ လူအရပ် တစ်ဝက်စာအမြင့်ရှိသော နှင်းဖြူရောင်မြင်းတစ်ကောင်သည် အားလုံးရှေ့တွင် ပေါ်လာသည်။ ၎င်းတွင် ဖန်ကျောက်ကဲ့သို့ တောက်ပသည့်ငွေရောင်မျက်လုံး တစ်စုံရှိပြီး ဦးခေါင်းတွင် မနက်ခင်းအလင်းရောင်ကဲ့သို့ သန့်စင်သောအလင်း တောက်ပနေသည့် အဖြူရောင်အမွေးများရှိသည်။ အေးစက်သောအလင်း ထုတ်ပေးသည့် ငွေရောင်ဦးချိုလည်း ရှိသည်။ ၎င်း၏ခြေလေးချောင်းသည် သန်မာကာ အဆုံးမရှိသော ခွန်အားအပြည့်ပါဝင်သည်။ ၎င်း၏ခွာကို အဖြူ ရောင် ရောင်ခြည်တော်ဖြင့်ဖုံးအုပ်ထားပြီး သန့်စင်သောအလင်းများဖြင့် လွှမ်းခြုံထားသည်။ ၎င်း၏ကျောပြင်မှ အဖြူရောင်တောင်ပ့တစ်စုံသည် ရောင်ခြည်တော်ဖြင့် တောက်ပနေသည်။ ကြည့်လိုက်သည်နှင့်ပင် ကျေနပ်မှုကို ရစေကာ စိတ်မသက်မသာဖြစ်စေသည်များကို တည်ငြိမ်စေသည်။
အလင်းဒြပ်စင် မွန်မြတ်သောသားရဲဆိုသည့်အတိုင်းပင် ကုစားသည့် အရည်အချင်းဖြင့် မွေးဖွားလာသည်။
ဒါက ဂူဟောက်ပိုင်တဲ့ မွန်မြတ်တဲ့သားရဲလား။
“သခင် တကယ်ကြီး အလင်းနတ်မြင်းပျံပဲ.. သူ့အရှိန်က ငါနဲ့မိုးကြိုးသွား ထက်တောင်မြန်သေးတယ်.. အခုမွန်မြတ်တဲ့သားရဲအဆင့်မှာတောင် တစ်ခါကို လူတစ်ယောက် ကုစားပေးနိုင်တယ်.. နတ်သားရဲအဆင့်ရောက်သွားရင် အဖွဲ့ လိုက်ကို ကုစားပေနိုင်မှာ.. သခင် အဲဒါကိုရမှဖြစ်မယ်”
လျှပ်စီးသည် စိတ်လှုပ်ရှားနေသည်။ သူ့ကို လျော်ကြေးအဖြစ် သုံးလိုက် မှာကို သူက ဘာလို့မကြောက်တာလဲ။
ပေထင်းဟွမ်သည် ခေါင်းဆတ်လိုက်သည်။ သူမသည် မွန်မြတ်သော သားရဲသုံးကောင်နှင့် ရင်ဆိုင်ရသည့်တိုင်အောင် ပူပန်ခြင်းမရှိပေ။ သူမ၏ မျက်လုံးများထဲတွင် တပ်မက်သည့်အကြည့်များရှိမနေပေ “သူတို့က အဆင့်နိမ့် ကြယ် ၂ ပွင့်မွန်မြတ်တဲ့သားရဲတွေပဲ.. ပြီးရင် ကျွန်တော့်သားရဲတွေနဲ့ယှဉ်ရင် အရမ်းအားနည်းတယ်.. ဒါပေမဲ့ နတ်ဗိမာန်ကြောင့် ခင်ဗျားပြိုင်ပွဲကို လက်ခံ လိုက်ပါမယ်”
သေလိုက်လေ.. ဒီကောင်က ငယ်ငယ်လေးနဲ့ လာမောက်မာနေတာပဲ။ သူ သည်ရှုံးမည်ကို ပူပန်ခြင်းမရှိဘဲ အလင်းအမျိုးအစားမွန်မြတ်သောသားရဲနှင့် အမှောင်အမျိုးအစားမွန်မြတ်သောသားရဲတို့ကို အဆင့်နိမ့်ကြယ်ဟုပင် ပြောဆို နေသေးသည်။
တစ်ဖန် ပေထင်းဟွမ်သည် အားလုံး၏ အမြင်တွင် ဖြုန်းတီးသည်ဟု ပြန် တွေးမိစေပြန်သည်။ သူမသည် ချမ်းသာသောမိသားစုမှ သခင်လေးဟု သံသယ ဝင်လိုသည့်စိတ်နှင့်ယှဉ်လျှင် ဤလူငယ်သည် လူလိမ်၏သားဖြစ်သည်ဟု အားလုံးက ယုံကြည်ရန် ပိုအားသန်ကြသည်။ ဘယ်မိသားစုက သူတို့ကို ရန်ငြိုး ထားပြီး ဒီလိုလူကို လှည့်စားဖို့လွှတ်လိုက်တာလဲ။
ဂူဟောက်သည် သူမကြောင့် ပေါက်ကွဲလုနီးပါးပင်။ သို့သော် သူ များမကြာမီတွင် ပေထင်းဟွမ် ဘောင်းဘီကျွတ်ကာ ဆိုးဆိုးဝါးဝါးအရှုံးပေးရ မည့်ပုံကိုမြင်ယောင်ပြီး ပြန်ငြိမ်သွားသည်။
သူရှုံးလိမ့်မည်ဟုလည်း မထင်ပေ။ သူသည် ဓား ၃ လက်ကြယ် ဝိညာဉ် သခင်ဖြစ်သည်။ နတ်သားရဲနှင့်တိုက်ခိုက်လျှင် အနိုင်ရနိုင်ခြေမများသော်လည်း ပေထင်းဟွမ်ကဲ့သို့ ကြယ် ၅ ပွင့်အဆင့်ရှိ ဝိညာဉ်သခင်နှင့်ယှဉ်လျှင် အနိုင်ရနိုင် ခြေမှာ သူ့ဘက်တွင်ရှိသည်။
သူ မရှုံးနိုင်ပေ။ သို့သော် နိုင်လျှင် ပေထင်းဟွမ်၏ အဆင့်မြင့်ကြယ် မွန်မြတ်သောသားရဲနှစ်ကောင်ကို ပိုင်ဆိုင်ရမည်။ တစ်ကောင်မှာ ကြယ် ၇ ပွင့် မွန်မြတ်သောသားရဲဖြစ်ကာ နောက်တစ်ကောင်မှာ ကြယ် ၉ ပွင့်မွန်မြတ်သော သားရဲဖြစ်သည်။ သူ စီရင်ချက်ဗိမာန်သို့ပြန်ရောက်လျှင် နတ်သခင်မှ သူ့ကို ဆုချနိုင်သည်။ အကြီးအကဲများသည် သူ့ကို မတူညီစွာကြည့်လာနိုင်သည်။ ယခုအချိန်မှစပြီး စီရင်ချက်ဗိမာန်တွင် သူ၏ရာထူးမှာ မြင့်လာနိုင်သည်။ ထိုအကြောင်းတွေးလိုက်သည်နှင့် ဂူဟောက်သည် မတည်ငြိမ်နိုင်တော့ပေ။
ဟင်း.. ယန်ယဲ့ဆိုလည်း ဘာဖြစ်သေးလဲ။
လူတစ်ဦးသည် စကားပြောရာတွင် ကျင့်ကြံခြင်းကိုသာ အားကိုးနေ၍မရပေ။ တစ်ခါတလေတွင် ဦးနှောက်သည် ခွန်အားထက် ပိုအရေးကြီးသည်။
“သခင်ပေယဲ့က အဲလောက် စိတ်ဝင်စားနေမှတော့ အဲအကြောင်းကို မပြောပါသေးနဲ့ဦး… လက်တွေ့အရင်သွားကြတာပေါ့.. ငါတို့သုံးယောက်လုံး သစ္စာဆိုမယ်.. အဲလိုမှ နတ်ဘုရားရဲ့ ဂုဏ်ကျက်သရေအောက်မှာ အကုန်လုံး အတွက် မျှတသွားမှာ” ဂူဟောက်သည် စိတ်မရှည်လုနီးပါးပင်။ ပေထင်းဟွမ် တွင် သူမကို ကာကွယ်ရန် လန်ချန်းမိုရှိသည်။ ပေထင်းဟွမ် ရှုံးလျှင် စကားကို ပြန်ရုတ်သိမ်းမည်ကို ဂူဟောက်စိုးရိမ်သည်။
ထို့အပြင် သူတို့သည် အဆင့်မြင့်ကြယ် မွန်မြတ်သောသားရဲများဖြစ်ကြ သည်။
“ကောင်းပြီလေ” ပေထင်းဟွမ်သည် ဂူဟောက်အား သနားသောအကြည့် ဖြင့်ကြည့်လိုက်သည်။ သူမသည် လက်မြှောက်ကာ အေးစက်သောအသံဖြင့် ရင်ပြင်ထဲ၌အော်ပြောလိုက်သည် “ပေယဲ့ ဒီနေရာကနေ ကောင်းကင်ဘုံကို တိုင်တည်ပါတယ် ဒီနေ့ နတ်သားရဲကို ရအောင်ယူနိုင်သူဟာ တစ်ဖက်လူရဲ့ မွန်မြတ်တဲ့သားရဲရမှာဖြစ်ပြီး စီရင်ချက်ဗိမာန်ရဲ့ မွန်မြတ်တဲ့သားရဲကိုပါ ဆုအဖြစ်ရမှာဖြစ်တယ်.. ကတိဖောက်ဖျက်တဲ့လူက ငရဲကျပါစေ”