ဆွေးနွေးမှုမရှိ
Vol. 9 Ch. 178
ဂူဟောက်သည် ထိုအခြင်းအရာကိုမြင်သောအခါ မျက်တောင်မခတ်ဘဲ ဟန်မုနှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် လက်မြှောက်ကာ သစ္စာပြုကြသည်။ ငွေရောင်အလင်းတန်းသုံးခုသည် သူတို့သုံးယောက်၏ ခြေထောက်အောက်မှ ပေါ်လာကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ ကျိန်ဆိုခြင်းသည် တရားဝင်အထမြောက်သွားပြီဖြစ်သည်။
ကျိန်ဆိုခြင်းသည် ကောင်းကင်နှင့် မြေကြီးတို့၏ စည်းမျဉ်းပင်ဖြစ်သည်။ ဤတိုက်ကြီးတွင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းကို မည်သူမှ မကျော်လွန်နိုင်သလို ၎င်း၏အပြစ်ပေးမှုများကို လက်မခံ၍မရပေ။ ထို့ကြောင့် တစ်ကြိမ်ကျိန်ဆိုလိုက်သည်နှင့် ပေထင်းဟွမ်ရှုံးလျှင် လန်ချန်းမိုကဲ့သို့လူမျိုး ပေထင်းဟွမ်ကို ထောက်ပံ့ပေးလျှင်တောင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းကျလာပြီး ပေထင်းဟွမ်ငရဲကျမည့်အရေးကို တားနိုင်မည်မဟုတ်ပေ။
သူ့ရည်ရွယ်ချက်အတိုင်း ပြည့်ဝသွားသည်ကိုကြည့်ပြီး ဟန်မုသည် ပြောမပြနိုင်လောက်အောင် ပျော်နေသည်။ သူသည် သူတော်ကောင်းယောင်ဆောင်ကာ ပေထင်းဟွမ်ဘက်သို့ လက်အုပ်ချီလေ၏ “သခင်ပေယဲ့ ကျုပ်တို့တွေ ကြယ်လွင်ပြင်မှာတွေ့ကြမလား.. အဲအချိန်ကျရင် သခင်ပေယဲ့ ဆိုးဆိုးဝါးဝါးကြီး မရှုံးဖို့မျှော်လင့်ပါတယ်”
ပေယဲ့ခေါင်းညိတ်လိုက်သည်။ သူ၏အေးစက်မှုနှင့် စိတ်မဝင်စားသည့် အကြည့်များသည် ဟန်မု၏ အရေတွန့်နေသော မျက်နှာနှင့် သွားဆုံလေသည် “ခေါင်းဆောင်ဟန်မု စိတ်မပူပါနဲ့.. ကျွန်တော်က ခင်ဗျားနဲ့ ဂူဟောက်တို့ ကမ်းလှမ်းတဲ့ မွန်မြတ်တဲ့သားရဲသုံးကောင်ကို အရမ်းသဘောကျပါတယ်.. ကျွန်တော် ယဉ်ကျေးမနေတော့ပါဘူး”
ဂူဟောက်သည် ပေထင်းဟွမ်၏ မောက်မာမှုကို စိတ်ထဲမှ မုန်းတီးမိ၏။ သို့သော် သူ၏ရာထူးနေရာကြောင့် မသက်ညှာသည့်စကားများကို ဘာတစ်ခွန်း မှ မပြောပေ။ သူသည် လျှပ်စီးနှင့် မိုးကြိုးသွားကိုကြည့်ကာ ပြောလိုက်၏ “ဒါဆို ဒီနေ့ ဒီမွန်မြတ်တဲ့သားရဲနှစ်ကောင်ကို ကူပြီးဂရုစိုက်ပေးလို့ သခင်ပေယဲ့ကို ကျေးဇူးတင်ပါတယ်”
တစ်ဖက်ကပြောရလျှင် ပေထင်းဟွမ်သည် ရှုံးမည်မှာသေချာနေသည်။ ထိုမွန်မြတ်သောသားရဲနှစ်ကောင်သည် သူ့အပိုင်ဖြစ်၍နေပြီ။ သို့သော် နတ်သားရဲပေါ်မလာသေးဖြင့် သူသည် စာချုပ်မတည်ဆောက်နိုင်သေးပေ။ ထို မွန်မြတ်သောသားရဲနှစ်ကောင်သည် လက်ရှိတွင် ပေထင်းဟွမ်မှ မွေးမြူထား ပေးခြင်းဖြစ်သည်။
ပေထင်းဟွမ်သည် ဂူဟောက်အား လျစ်လျူရှုသလိုကြည့်လိုက်သည်။ သူမ၏ နှင်းဖြူရောင်မျက်နှာဖုံးသည် ရေခဲတောင်ပေါ်တွင် တစ်နှစ်ပတ်လုံး အရည်မပျော်သည့် နှင်းလက်တစ်ဆုပ်စာကဲ့သို့ မျက်နှာပေါ်တွင် အေးစက်စွာ နေရာယူထားသည်။ သူမသည် အေးစက်ပြီး ဖိစီးလှသည် “ခင်ဗျားမှာ အစွမ်းအစရှိရင် လာယူလိုက်လေ”
လှောင်အိမ်ထဲမှ မွန်မြတ်သောသားရဲနှစ်ကောင်ကို မြို့ဝန်အိမ်တော်မှ ယာယီထိန်းသိမ်းထားသည်။ ဂူဟောက်၏ မွန်မြတ်သောသားရဲကိုတော့ သူ ပြန်ယူသွားသည်။ ရင်ပြင်မှလူများသည် မကျေနပ်ပေ။ မြို့ဝန်အိမ်တော်၏ မြို့အစောင့်များ ဦးဆောက်မှုအောက်တွင် သူတို့သည် ကြယ်လွင်ပြင်ဆီသို့ ထွက်ခွာကြသည်။ အဖွဲ့များသည် အစဉ်လိုက်ရှေ့သို့ ဆက်သွားကြသည်။
အားလုံးသည် ပြင်းထန်သည့်တိုက်ပွဲအတွက် ခံစားချက်များ ပြင်းထန် လျက်ရှိသည်။ သူတို့၏စိတ်လှုပ်ရှားမှုကြောင့် လေထုသည် အနည်းငယ် လေးလံနေသည်။
ပေထင်းဟွမ်၏ မွန်မြတ်သောသားရဲသုံးကောင်သာ အသိစိတ်ပင်လယ် ထဲတွင် အငြင်းပွားနေကြသည်။ မိုးကြိုးသွား အရူးကောင်သည် လေဟာနယ် လက်ပတ်ထသို့ အပြေးသွားကာ ရယ်မောနေသည် “မင်းက စီရင်ချက်ဗိမာန်က သန့်စင်တဲ့သားတော်ကိုတောင် သွားစောဒကတက်နေသေးတယ် အရူး မင်းက ငါ့ထက်တောင် ရူးသေးတယ်.. မင်းကို သခင်လိမ်သွားတာတောင် မင်းမသိဘူး ဟားဟား အရမ်းပျော်ဖို့ကောင်းတာပဲ သခင်က နာမည်အတုနဲ့ ကျိန်နေတာ ရှင်းနေတာပဲကို ဟုတ်ပြီလား”
လျှပ်စီးသည် အမြဲတစေ အေးစက်ပြီး တသီးတခြားနေတတ်သည်။ ဤ အခိုက်အတန့်တွင် သူသည် ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံးအောင့်ထားရ၏။ နောက်ဆုံးတွင် သူပေါက်ကွဲလေသည် “ဝံပုလွေတွေက အကောက်ကျစ်ဆုံး တိရစ္ဆာန်တွေလို ပြောကြတယ်လေ.. သခင်က လူအစစ်လို့သာ ငါ သိမထားရင် ငါ့ဝံပုလွေမျိုးနွယ်က ဘိုးဘေးကြီးလို့တောင်ထင်တော့မယ်”
“ဟားဟား မိန်းကလေးတွေရဲ့စိတ်က ပင်လယ်အောက်က အပ်တစ် ချောင်းလိုပဲလို့ ပြောကြတယ်လေ.. အိုး ဒါ တကယ်မှန်နေတာပဲ” မိုးကြိုးသွား သည် လေဟာနယ်ထဲတွင်ရှိက သတိမထားမိပေ။ ထိုအချိန်တွင် ပေထင်းဟွမ် ၏ နဖူးတွင် အနက်ရောင်မျဉ်းကြောင်းများပေါ်လာသည်။ ဒီလို တုံးအတဲ့ ဝိညာဉ်သားရဲပိုင်ဆိုင်ရတာ သူမ ဘယ်လောက်တောင် ကံမကောင်းလိုက်လဲ။
သစ်တတ်ကျားတွေက သွက်လက်မှုကြောင့် နာမည်ကြီးတာပဲ။ ဘာလို့ ဝက်ဝံလိုမျိုး တုံးအနေရတာလဲ။
လျှပ်စီးသာ ထိုအကြောင်းသိလျှင် ကရုဏာကင်းမဲ့စွာပြောမည်ဖြစ်သည် “ဟေး ဟေး သခင် ဒီလူမိုက်ကို ဝက်ဝံနဲ့နှိုင်းပြီး ဝက်ဝံမျိုးနွယ်ရဲ့ ဉာဏ်ရည် ဉာဏ်သွေးကို စော်ကားနေတာမဟုတ်ဘူးလား”
ခေါင်းယမ်းရင်းနှင့် ပေထင်းဟွမ်သည် သူမ၏အသိစိတ်ပင်လယ်ကို ယာယီပိတ်ထားကာ ချင်းယွိနှင့် ဟွမ်ယွမ်တို့အား ပြောလိုက်၏ “သွားကြတာ ပေါ့”
‘ပေယဲ့’ ဆိုသည့် နာမည်အတုအောက်တွင် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းအား ကျိန်ဆိုလိုက်သည်ကို တခြားသူများသိရန်မဖြစ်နိုင်ပေ။ တစ်ဖက်ကပြောလျှင် ပေထင်းဟွမ်သည် ဤပြိုင်ပွဲတွင်ရှုံးသွားလျှင်တောင် မည်သည့်ဆုံးရှုံးမှုကိုမှခံရမည်မဟုတ်ပေ။ သူမ ကျိန်ဆိုလိုက်သည့်အချိန်၌ သူမ၏ နာမည်အရင်းဖြစ်သည့် ပေထင်းဟွမ်ကို တိုင်တည်ရင်းနှင့် “ကျွန်မ ပေထင်းဟွမ်သည် ဒီဘဝ၌ လူမိတ်ဆွေနှင့် မှော်သားရဲတို့ကို တစ်ခါမှ သစ္စာ မဖောက်ဖျက်ဖူးပေ.. ကျွန်မသည် သူတို့ကိုကာကွယ်မည်ဖြစ်ပြီး သူတို့ကို ဘယ်သောအခါမှ ခံစားစေမည်မဟုတ်ပေ” ဟု သစ္စာဆိုခဲ့လေသတည်း။