ကြယ်လွင်ပြင်
Vol. 9 Ch. 180
မနက်ခင်းနေရောင်ဦးသည် ကြယ်လွင်ပြင်တွင် တောက်ပလာသည်။ တောင်တန်းများဝန်းရံနေသည့် ရေကန်သည် တညီတည်းဖြစ်နေသည်။ ၎င်းသည် တောင်များအကြားတွင်ရှိသော်လည်း နေရာတစ်ခုလုံးမှာ မှော်သားရဲ ခံတပ်ထက် ၁၀ ဆနီးပါးကျယ်ဝန်းသည်။ ဤအခိုက်အတန့်တွင် အလွန်အမင်း တည်ငြိမ်လျက်ရှိသည်။ တိုက်ခတ်လာသောလေပြေအေးသည် ရေကန်အဝင်ဝ တွင် ပျံဝဲသွား၏။ နှစ်ပေါင်းများစွာဖြစ်လာခဲ့သော စစ်ပွဲများကြောင့်ဖြစ်မည်.. ကြီးမားသောကန်တွင် အရိုးများသာကျန်ခဲ့ကာ မြက်ပင်တစ်ပင်မှ မပေါက်ပေ။
“ဒီဘက်က တိုက်မြောက်ပိုင်းကို မျက်နှာမူနေတယ်.. ပြီးတော့ မှော်သားရဲခံတပ်ဘက်ကိုလှည့်နေတယ်.. အဲဒါကြောင့် နှစ်တိုင်းမွန်မြတ်တဲ့ ဝိညာဉ်အပျက်အစီးပွင့်တဲ့အချိန်ကျရင် ငါတို့လုပ်ရမှာက ထွက်ပေါက်ကို စောင့်ကြပ်ပြီ မှော်သားရဲတွေကို သုံးဖက်သုံးလံကနေ အကောင်းဆုံးဖိနှိပ်ရတာ ပဲ.. သူတို့ကို မှော်သားရဲတောမှာပဲ နေစေပြီးတော့ ဒီထွက်ပေါက်နေထွက်ပြီး တိုက်ကြီးထဲဝင်မရအောင်လုပ်ရတယ်”
သူတို့၏ဦးတည်ရာကိုရောက်သောအခါ ချင်းယွိသည် ပေထင်းဟွမ်အား မှော်သားရဲတိုက်ပွဲနှင့် ပတ်သက်သမျှကို စိတ်ရှည်လက်ရှည်ရှင်းပြနေသည် “မြို့ဝန်လာရင် တိုက်ပွဲမှာပါမယ့်လူတွေရဲ့ ခွန်အားနဲ့အလိုက် သူက မျဉ်းဆွဲပြီး အစီအရင်လုပ်လိမ့်မယ်.. ကြေးစားအဖွဲ့သုံးဖွဲ့နဲ့ မြို့ကာကွယ်ရေးတပ်က အားအကောင်းဆုံးမှော်သားရဲတွေကို တိုက်ဖို့ရှေ့မှာနေမယ်.. အနောက်က အဖွဲ့တွေက ရှေ့ကကာထားပေးတော့ ဖိအားနည်းသွားမယ်.. သေချာပေါက်ပဲ ဆုလည်းအနည်းအများကွာသွားလိမ့်မယ်”
နှစ်စဉ်နှစ်တိုင်း မှော်သားရဲတိုက်ပွဲသည် အကောင်းဆုံးအမဲလိုက်သည့် အခွင့်အရေးကြီးပင်။ သန်မာသည့်လူသားများသည် မှော်သားရဲများပေါ်လာ သည့်အချိန်တွင် ပူးပေါင်းအမဲလိုက်ကြသည်။ မှော်သားရဲများ၏ ခန္ဓာကိုယ် သည် ရတနာများဖြစ်ကြသည်။ အမွေး၊ လက်သည်း၊ မှော်အမြုတေ အစရှိသည် တို့သည် အဖိုးတန်များဖြစ်ကြသည်။ ထို့ကြောင့် ကြေးစားအဖွဲ့သုံးဖွဲ့သည် နှစ်စဉ် ဤအခွင့်အရေးတွင် သူတို့၏အဓိကအဖွဲ့များကို စေလွှတ်တတ်ကြ၏။
အဖွဲ့တစ်ဖွဲ့ကိုထိန်းသိမ်းရန် နောက်ခံငွေကြေးရှိရန်လည်းလိုသည်။ သူမ၏ အရင်ဘဝ၌ဆိုလျှင် ပေထင်းဟွမ်သည် ကြေးစားအဖွဲ့ခေါင်းဆောင်ဖြစ် ခဲ့သသည်။ ထို့ကြောင့် ရှင်သန်ရန်နည်းလမ်းများကို သူမ နားလည်သည်။
ကျောက်ဆောင်များကိုကြည့်ပြီးနောက် ကြယ်လွင်ပြင်အလယ်ရှိ ယဇ် ပုလ္လင်ကြီးကို ပေထင်းဟွမ် လျစ်လျူမရှုနိုင်ပေ။ အဝေးကကြည့်လျှင် တခြား နေရာများနှင့်တူသည်။ သို့သော် အနီးအနားရောက်သောအခါ ညှိုးနွမ်းနေသော မြက်ပင်များနှင့် အကိုင်းအခတ်များကို သုတ်သင်ပြီး မြင်ကွင်းကိုပိတ်ဆိုစေ သည့် အရာများကို ရှင်းလင်းခဲ့သည်။ ကြယ်ဖွဲ့စည်းပုံနှင့် အတိအကျတူညီသော ကျောက်စိမ်းအမျိုးအစားဖြင့် ပြုလုပ်ထားသည်ကို မြင်နေရသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများဖြင့် ရေးဆွဲထားသကဲ့သို့ ထူးခြားပြီး လက်ရာမြောက်လှသည်။ ၎င်းသည် ခပ်ဖျော့ဖျော့လင်းလက်နေသော်လည်း ထိုဧရိယာသည် ပိုကြီးမားသည်။ အဝိုက်တစ်ခုလုံးသည် တောင်ခြေနှင့် နီးကပ် ပြီး မှော်သားရဲခံတပ်တစ်ခုလုံး၏ အရွယ်အစားမျှရှိသည့် ကြယ်လွင်ပြင်တစ်ခု လုံး၏ ဆယ်ပုံတစ်ပုံကို သိမ်းပိုက်ထားသည်။
ဤကြယ်ပုံစံအဖွဲ့အစည်းသည် ဒဏ္ဍာရီလာ ရွှေ့ပြောင်းအဖွဲ့အစည်းနှင့် တူသည်။ ဤပင်မတိုက်ကြီး၏လူများပြောကြသလိုဆိုလျှင် နာမည်ကျော် “မွန်မြတ်သောဝိညာဉ်အပျက်အစီး” ဖြစ်သည်။
“အစ်ကိုချင်း.. ဒီနေရာကို ဘာလို့မွန်မြတ်တဲ့ဝိညာဉ်အပျက်အစီးလို့ခေါ် လဲသိလား” ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းထားသည်။ နွယ်ပင်လေးနှင့် မင်တို့သည် ဤနေရာမှ ပင်မတိုက်ကြီးဆီသို့ရောက်လာခဲ့ သည်ကို သူမ ပြောခဲ့သည်။ ဒါဆို သူတို့က အရင်က ဘယ်နေရာကလဲ။
ပင်မတိုက်ကြီးနှင့် မိန်းမနှင့်ကလေးများပါ မွန်မြတ်သောဝိညာဉ်အပျက် အစီးအကြောင်းကို သိကြသည်။ သို့သော် ဇစ်မြစ်ကိုတော့ မည်သူမှ မသိကြ ပေ။ ပေထင်းဟွမ် မေးခွန်းထုတ်သည်ကိုကြည့်ပြီး ချင်းယွိသည် ပြုံးပြီးရှင်းပြ လေသည် “လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ဒီမှာအဖွဲ့အစည်းတစ်ခု ရုတ်တရက် အသက်ဝင်လာတယ်.. ပြီးတော့ အဆင့်မြင့်မှော်သားရဲတွေ ကျူးကျော်လာခဲ့ တာပဲ.. အဲတုန်းက ပင်မတိုက်ကြီးက ပညာရှင်တွေအကုန် ဒီမှာစုပြီး မှော်သားရဲ စီးကြောင်းကို ခုခံခဲ့တယ်.. ကံမကောင်းစွာနဲ့ပဲ အဲတုန်းကလာခဲ့တဲ့ မှော်သားရဲ တွေကို အရွယ်ရောက်ပြီးသား အထွတ်အမြတ်သားရဲတွေက ဦးဆောင်လာခဲ့ တာ.. အဲဒါနဲ့ ပင်မတိုက်ကြီးက ပညာရှင်တွေတော်တော်များများ ဒီမှာကျဆုံးခဲ့ တယ်.. နောက်တော့ မိသားစုကြီးလေးစုက ခေါင်းဆောင်တွေနဲ့ နတ်အဆင့် ပညာရှင်လေးဦးက အားကုန်ထုတ်ပြီး ဒီမှာရွှေ့ပြောင်းအဖွဲ့အစည်းပိတ်ခဲ့တယ် အဲဒါပြီးတော့ မှော်သားရဲတွေဝင်လာပေမဲ့ နှစ်ပေါင်းတစ်သောင်းလောက်ထိ နတ်သားရဲလောက်ပဲလာတော့တယ်.. အဲဒီအထွတ်အမြတ်သားရဲတွေ ဦးဆောင်လာတာတော့ ထပ်မတွေ့ရတော့ဘူး”
သူတို့နှစ်ယောက်နောက်မှ တက်ကြွသည့်အသံထွက်ပေါ်လာသည်။ ပေထင်းဟွမ် လှည့်ကြည့်ရာ မြို့ဝန်မုဖုန်းကို မြင်လိုက်ရ၏ “မှော်သားရဲတိုက်ပွဲ မှာ ဆုံးပါးသွားတဲ့ ပညာရှင်တွေကို အမြဲအမှတ်ရနေဖို့အတွက် ဒီနေရာကို မွန်မြတ်သောဝိညာဉ်အပျက်အစီးလို့ ခေါ်ခဲ့ကြတယ်.. အဲဒီတိုက်ပွဲမှာ ဆုံးသွားခဲ့ တဲ့ ကျွမ်းကျင်သူတွေ အရမ်းများပြီး သူတို့ရဲ့အသက်သွေးကြောလည်း ဆိုးဆိုး ဝါးဝါးထိခိုက်ခဲ့တယ်.. နှစ်ပေါင်း တစ်သောင်းကြာပြီးသွားတော့ နတ်အဆင့် ပညာရှင်ဆိုလို့ လွန်ခဲ့တဲ့နှစ်တစ်ထောင်က တစ်ယောက်ပဲ မွေးဖွားနိုင်ခဲ့တယ်”