← Chapters

စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု

Vol. 6 Ch. 86

စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု

Vol. 6 Ch. 86

အခန်း (၈၆) စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု

ဖန်ခွမ်းသည် အဆင့် ၃၈ ‘တိုက်ခိုက်သူ” တစ်ယောက် ဖြစ်သည် ။ ထို့ကြောင့် သူ့ဉာဏ်ရည်အမှတ်သည် ၅၀ ကျော်ရန် မဖြစ်နိုင်သလောက်ပင်။ ဟန်ရှောင်းသည် တကယ်ကံဆိုးပြီး ဖန်ခွမ်းသည်သာ မျှော်လင့်ထားသည်ထက် ဉာဏ်ရည်မြင့်မားနေပါက ဟန်ရှောင်းသည် သူ့ကံကြမ္မာအတိုင်း လက်ခံရန်သာရှိလိမ့်မည်။

ပုံရိပ်ယောင်များက လုံးဝပြင်ဆင်မထားသော ဖန်ခွမ်းကို စိတ်ရှုပ်ထွေးစေသည်။ ပုံရိပ်ယောင်များမှ တိုက်ခိုက်မှုအားလုံးသည် ဖန်ခွမ်းအား အမှန်တကယ် ထိခိုက်ပျက်စီးစေနိုင်သော်လည်း နောက်ဆုံးတွင် ဖန်ခွမ်းသည် မြင့်မားသောအဆင့်ရှိသောကြောင့် ဟန်ရှောင်းသည် ပုံရိပ်ယောင်တစ်ခုတည်းကိုသာ အားကိုးပါက အနိုင်ယူနိုင်မည်မဟုတ်ပေ။

တုံ့ဆိုင်းမနေဘဲ၊ ဟန်ရှောင်း၏ အပေါ့စားယန္တရားလက်သည် ဖန်ခွမ်း၏ အထိခိုက်နိုင်ဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းကို ရှိသည့် ပေါင်ခြံသို့ ဦးတည်သွားခဲ့သည်။

“Mega-load!”

စက်၏စွမ်းအားသည် ၃၀% ချက်ခြင်းတိုးလာကာ လက်သီးသည် ပစ်မှတ်ပေါ်သို့ ကျရောက်သွားသည်။

ဖန်ခွမ်း၏ ဝက်အူချောင်း ပေါက်ကွဲသွားသည်။

ဟန်ရှောင်းသည် တိပ်ခွေများကို ကြည့်ရှုပြီးနောက် ဤလှုပ်ရှားမှုကို သင်ယူခဲ့သည်။ ဤလှုပ်ရှားမှုကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီးပင် တုန်လှုပ်သွားခဲ့သည်။

ဟန်ရှောင်သည် ဂိမ်းမျက်နှာပြင်ပေါ်ရှိ မက်ဆေ့ချ်များကို ကြည့်ရန် အချိန်မရှိပေ။ ဖန်ခွမ်းသည် ပုံရိပ်ယောင်ကြောင့် အာရုံပျံ့လွင့်သွားသည့်အချိန်ကို ထိခိုက်ပျက်စီးမှုများအောင် တတ်နိုင်သမျှ အသုံးချရန် လိုအပ်သည်။

ဟန်ရှောင်းသည် ယန္တရားလက်၏ လက်ဖဝါးရှိ ဖိအားကွန်ပရက်ဆာကို ချက်ချင်းပင် အသက်သွင်းလိုက်သည်။ သူ့လက်ဖဝါးသည် ရုတ်တရက် တုန်ခါသွားကာ လှိုင်းလုံးကြီး ထွက်လာသည်။ ဖန်ခွမ်း၏ အရေပြားမှ သွေးများ စိမ့်ထွက်လာပြီး ပန်ကွမ်၏ ပေါင်ခြံတွင် သွေးနီတြိဂံကို မြင်နိုင်သည်။

သေချာတာပေါ့၊ ဟန်ရှောင်း၏ ညာဖက်လက်ကိုလည်း အသုံးပြုခဲ့သည်။ သူ့ညာလက်မှာကိုင်ထားတဲ့ ဓားရှည်ကိုသုံးပြီး ဟန်ရှောင်းက ဖန်ခွမ်း၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။ ဖန်ခွမ်းသည် ပုံရိပ်ယောင်၏ သက်ရောက်မှုကို ခံနေရဆဲဖြစ်ပြီး ထို့ကြောင့်၊ သူ့ခန္ဓာကိုယ်ကို အကာအကွယ်ပေးသည့် စွမ်းအင်သည် မရှိနိုင်တော့ပေ။ ဓားသည် ဖန်ခွမ်းကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။

ဟန်ရှောင်းသည် သူ၏ Berserk Eagles ကို လှမ်းယူပြီး ဖန်ခွမ်း၏ နှလုံးသားနေရာကို ချိန်ရွယ်လိုက်သည်။ လေဟုန်စီးခြေလှမ်းကို အသုံးပြု၍ ဖန်ခွမ်းကို နောက်ပြန်ဆွဲခေါ်သွားသည်။ ဟန်ရှောင်းက အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ကျည်ဆံတွေအားလုံး ဖန်ခွမ်း၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတော့သည်။

သွေးများ ပန်းထွက်လာ၏။ လူ့အသွေးအသားကို လောင်မြိုက်နေသောအသံ ထွက်ပေါ်လာ၏။

ဖျစ် ဖျစ် ဖျစ်

ကျည်ကပ်ထဲက ကျည်ဆံတွေ အကုန်ကုန်သွားပြီး နောက်ဆုံးမှာတော့ ဖန်ခွမ်းနိုးလာသည်။ စူးရှသော နာကျင်မှုသည် ဖန်ခွမ်းအား အကြီးအကျယ် ဒေါသထွက်သွားစေပြီး သူ့မျက်နှာမှာ နာကျင်မှုကြောင့် တွန့်လိမ်နေသည်။ သူက ဟန်ရှောင်း၏ ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။

ဖန်ခွမ်းက မျက်လုံးတစ်လုံးအတွက် တစ်လုံး လိုချင်ပုံရသည်။

ဟန်ရှောင်းသည် တိုက်ခိုက်မှုမှ ကာကွယ်ရန် သူ၏စွမ်းအင်ကို အသုံးပြုပြီး သံလိုက်ချပ်ဝတ်ကို ထိန်းချုပ်လိုက်သည်။ ကာကွယ်ထားသော်လည်း တိုက်ခိုက်မှုမှ လှိုင်းက ဟန်ရှောင်းကို ဖြူဖျော့သွားစေသည်။ သူ၏ ကျောရိုးမှတဆင့် နဖူးအထိ အေးစက်နေသော စွမ်းအင်လှိုင်းလုံးများကို သူ ခံစားနိုင်သည်။

နာကျင်မှုကို သည်းခံကာ ဟန်ရှောင်းသည် ယန္တရားလက်ဖြင့် ဖန်ခွမ်း၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာဖိချလိုက်သည်။ ဖန်ခွမ်းကို မြေပြင်ပေါ်သို့ အပြန်ပြန်အလှန်လှန် ပစ်ချခဲ့သည်။ ဖန်ခွမ်း၏ ဦးခေါင်း၏ နောက်ပိုင်းသည် မြေပြင်နှင့် အကြိမ်များစွာ ထိတွေ့ပြီးနောက်၊ မြေပြင်ပေါ်တွင် သွေးများ အလျှံပယ်ထွက်နေတော့သည်။ ဝေဒနာကြောင့် အော်ဟစ်သံများနှင့်အတူ ဖန်ခွမ်းသည် သူ၏ဓားကို ဒေါသူပုန်ထကာ လက်တုံ့ပြန်ရန် အပြင်းအထန် ကြိုးစားနေပါသည်။ ဓါးခုတ်ချက်များသည် ဟန်ရှောင်း၏ ချပ်ဝတ်ပေါ်သို့ ကျရောက်သွားပြီး သူ၏ သွေးအမှတ်သည်လည်း တဖြည်းဖြည်း လျော့ကျလာသည်။

"လေတစ်ရာရဲ့အက်ကွဲမှု!" ဖန်ခွမ်းသည် ရူးသွပ်စွာ အောလိုက်ပြီး သူ့ဓားသွားမှ ရုတ်တရက် မျက်စိကွယ်လောက်သော အလင်းတန်းများ ထွက်လာတော့သည်။

ဟန်ရှောင်း ထိတ်လန့်သွားပြီး ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။ ထိုအချိန်တွင် လေထုကို ပိုင်းဖြတ်နေသော ဓားသွားမှ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ ဖန်ခွမ်းကို လေဆင်နှာမောင်းကဲ့သို့ ဝိုင်းရံထားကြသည်။ မရေမတွက်နိုင်သော ခုတ်ပိုင်းဖြတ်မှုများကို အနီးပတ်ဝန်းကျင်တွင် မြင်တွေ့နိုင်သည်။ ဟန်ရှောင်းသည် ထိပ်တိုက်တိုက်ခိုက်ခံရပြီး သူ၏ချပ်ဝတ်သည် ခံနိုင်ရည်မရှိတော့ပေ။ ဤတိုက်ခိုက်မှုတွင် ထိခိုက်နိုင်မှု အကျယ်အဝန်းတစ်ခုရှိပြီး ချပ်ဝတ်က ပြီးပြည့်စုံသော ကာကွယ်မှုပေးနိုင်ရန်အတွက်မူ ကျယ်ဝန်းလွန်းလှသည်။ ချပ်ဝတ်တန်ဆာဖြင့် အကာအကွယ်မရှိသော အစိတ်အပိုင်းတိုင်းသည် သွေးများ စွန်းထင်းကုန်၏။ ဟန်ရှောင်းတွင် ထိခိုက်ပျက်စီးမှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တစ်ခုစီသည် အမှတ် ၄၀ ရှိနေသည်။

ဓါးမှ အလင်းသည် သုံးစက္ကန့်ခန့် ဆက်လက်တောက်ပနေပြီး ပျောက်ကွယ်သွားသည် ။ ဟန်ရှောင်းသည် ဆယ်မီတာခန့် နောက်ဆုတ်သွားသည်။ သူ အသက်ပြင်းပြင်းရှူလိုက်သည်။ ဖန်ခွမ်းကို စိုက်ကြည့်ရင်း သွေးများနှင့် ချွေးစက်များ ကျဆင်းလာသည်။ ယခင်တိုက်ခိုက်မှုအတွက် ဖန်ခွမ်း၏ စွမ်းအင်များစွာကို သုံးစွဲခဲ့ရလိမ့်မည်။ ထို့အပြင်၊ ထိုတိုက်ခိုက်မှုကို ပြန်သုံးနိုင်မည့်ကာလသည် သေချာပေါက် ရှည်လျားလိမ့်မည်။ ထို့ကြောင့် ဖန်ခွမ်းသည် ၎င်းကို အချိန်တိုအတွင်း အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

ဖန်ခွမ်းသည် သူ့ခန္ဓာကိုယ်ကို ဓားဖြင့်ထောက်ကာ မတ်တပ်ရပ်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ ထိတ်လန့်ဖွယ်ကောင်းနေပြီး သူ့ ခန္ဓာကိုယ်အောက်ပိုင်းက သွေးထွက်သံယို ဖြစ်နေသည်။ သူ့ရင်ဘတ်တွင် ကျည်ဆန်များ မီးလောင်ဒဏ်ရာများ ရှိနေပြီး၊ မီးတောက်များက သူ့ခန္ဓာကိုယ်တွင် လောင်ကျွမ်းနေကာ မီးသွေးနံ့များ ထွက်နေသည်။ ပူလောင်မှုနှင့် သွေးထွက်သံယိုမှုများက သူ့ကို အဆက်မပြတ် ထိခိုက်စေခဲ့ပြီး ပျက်စီးနေသော ခန္ဓာကိုယ်အတွင်းပိုင်းကို မည်သို့ဖြစ်နေသည်ကို မည်သူမျှ တွေးကြည့်၍မရပေ။ ပြန်သိမ်းနိုင်သော ဓားရှည်သည် သူ့ရင်ဘတ်တွင် ထိုးစိုက်နေဆဲဖြစ်သည်။ သူ့မျက်နှာက ပို၍ ကြောက်စရာကောင်းနေ၏။ သူ၏နှာခေါင်းသည် ကျိုးသွားကာ အတွင်းဘက်သို့ ချိုင့်ဝင်နေသည်။ ဦးခေါင်းခွံ၏ နောက်ကျောသည် ပေါက်ထွက်သွား၏။ သူကို ကြည့်ရသည်မှာ ကြမ်းကြုတ်သော တစ္ဆေကြီးတစ်ကောင်လိုပင်။

ကြမ်းကြုတ်သော တစ္ဆေကြီး!

ကြမ်းကြုတ်သော တစ္ဆေကြီးသည် ဟန်ရှောင်းကို ခက်ထန်စွာ စိုက်ကြည့်နေသည်။

ဟန်ရှောင်း ထိတ်လန့်သွားသည် ။ သူသည် သူ၏ခံနိုင်ရည်ကို တိုးမြင့်လာစေရန်အတွက် သူ၏ နောက်ထပ်အမှတ်အားလုံးကို အသုံးပြုရန် ပြင်ဆင်ထားသည်။ ဒါ သူကိုင်ထားသော ဝှက်ဖဲ နောက်တစ်ခုပင်။

တဝေါဝေါတိုက်ခတ်နေသောလေသည် သဲများကို သယ်ဆောင်လာကာ တစ်ချိန်တည်းမှာပင် လူသတ်အငွေ့အသက်များကို သယ်ဆောင်သွားပုံရသည်။

ဖန်ခွမ်း ခေါင်းငိုက်စိုက်ကျကာ အသက်ရှုရပ်သွားသည်။

လောင်မြိုက်မှုကြောင့် အသက်၏ နောက်ဆုံးလက္ခဏာသည် ပြိုပျက်သွားခဲ့သည်။ ဖန်ခွမ်းသည် မြက်ပင်တစ်စကြောင့် မြေပေါ်သို့ လဲကျသွားသော ကုလားအုတ်တစ်ကောင်နှင့် တူနေသည်။

_________________________________

သင်သည် ဖန်ခွမ်း (အဆင့် ၃၈) ကိုသတ်ပြီး အတွေ့အကြုံအမှတ် ၂၁,၀၀ ရရှိခဲ့ပါသည်။

အသတ်ခံရသောရန်သူသည် သင့်အထက် အဆင့်ဆယ်ဆင့် မြင့်သည်။ သင်သည် ၂၈၀% အတွေ့အကြုံအမှတ်ဖြစ်သော အမှတ် ၅၈,၀၀၀ ရရှိခဲ့သည်။ သင်၏ တစ်ဦးချင်း ပံ့ပိုးမှုနှုန်းသည် ၉၉% ဖြစ်သည်။

သင်သည် နောက်ထပ် အတွေ့အကြုံအမှတ် ၅၈,၂၁၂ (၉၉%) အမှတ်များ ရရှိခဲ့သည်။

[လုပ်ကြံသတ်ဖြတ်ခြင်း ၃] ပြီးမြောက်ခဲ့သည်။ ပံ့ပိုးမှုနှုန်းသည် 99% ဖြစ်သည်။ သင်သည် ၇၉,၂၀၀ အတွေ့အကြုံအမှတ် ရရှိခဲ့သည်။

စုစုပေါင်း အတွေ့အကြုံအမှတ် ၁၅၈,၅၀၀

၎င်းသည် ဖန်ခွမ်းကို အောင်မြင်စွာ သတ်ဖြတ်ခြင်းမှ ဟန်ရှောင်း၏ စုစုပေါင်း ရရှိမှု ဖြစ်သည်။

အဆင့်မြင့်ပြိုင်ဘက်များကို အောင်နိုင်ခြင်းသည် အပိုဆုကြေးများ ထုတ်ပေးနိုင်သည်။

ထိုသို့သောအပိုဆုများကိုအသက်သွင်းရန်၊ အနည်းဆုံးအဆင့်ငါးဆင့်မြင့်သော ပြိုင်ဘက်ကိုအနိုင်ယူရန် လိုအပ်သည်။ မစ်ရှင်အများစုသည် အဖွဲ့လိုက်စိန်ခေါ်မှုများဖြစ်သောကြောင့် အပိုဆောင်း အတွေ့အကြုံအမှတ် သည် အဖွဲ့ဝင်များ၏ သက်ဆိုင်ရာ ပံ့ပိုးမှုနှုန်းထားများအတိုင်း ဖြစ်သည်။ အသင်းသားတစ်ဦးဦးသည် ဖော်ပြထားသော သတ်မှတ်ချက်များနှင့် မကိုက်ညီပါက၊ အဖွဲ့တစ်ခုလုံးသည် အပိုဆုကြေးများကို ဆုံးရှုံးသွားမည်ဖြစ်ပါသည်။ ထိုသို့သော သတ်မှတ်ချက်သည် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို မီးမောင်းထိုးပြပြီး ကစားသမားများထံမှ လိမ်လည်လှည့်ဖြားခြင်းကို တားဆီးခဲ့သည်။ အခြားသူများ၏ ကြိုးပမ်းအားထုတ်မှုအပေါ် ကုန်းဆင်းခြင်းများ ပေါ်ပေါက်လာခြင်းကိုလည်း တားဆီးထားသည်။

ဟန်ရှောင်း နောက်ဆုံးတော့ စိတ်လျှော့ပြီး မြေပြင်ပေါ် ထိုင်ချလိုက်တယ်။ ထို့နောက် လှဲအိပ်လိုက်ရာ နေရောင်ခြည်က သူ့မျက်နှာကို ရိုက်ခတ်လာလေသည်။ သူသည် ငြိမ်သက်စွာ မျက်လုံးမှိတ်ကာ တိုက်ပွဲအပြီး၏ တည်ငြိမ်မှုနှင့် တိတ်ဆိတ်မှုကို ခံစားနေသည်။ ထိခိုက်မှုများနှင့် ပျက်စီးမှုများ မရှိတော့သလိုပင်။

သူ့စိတ်ထဲမှာ အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး ချက်ချင်း ထခုန်ကာ သူ့ဘောင်းဘီကို စစ်ကြည့်တယ်။ သူ့ဘောင်းဘီထဲက ဟန်ရှောင်းလေးကတော့ အားလုံးကောင်းတယ်။ သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းစွာပဲ၊ သူ့ဘောင်းဘီထဲက အိပ်ပျော်နေတဲ့ နဂါးဟာ လုံးဝထိခိုက်မှုမရှိပေ။

ခေတ္တအနားယူပြီးနောက် ဟန်ရှောင်းသည် ပျက်စီးမှုများကို စတင်စစ်ဆေးခဲ့သည်။ သူ့ပစ္စည်းအားလုံး၏ ခံနိုင်ရည်အဆင့်သည် သိသိသာသာ ကျဆင်းသွားသည်။ ချိန်ကိုက်ဗုံးများအားလုံးကို အသုံးပြုပြီးဖြစ်သည်။ သူ၏ သွေးအမှတ်သည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး၊ ပျက်စီးမှုအားလုံးသည် သူ့မျှော်လင့်ချက်အတွင်းတွင် ရှိနေသည်။

ဟန်ရှောင်းသည် မတ်တတ်အနေအထားရှိနေဆဲဖြစ်သော ဖန်ခွမ်း ၏အလောင်းဆီသို့ လျှောက်သွားလိုက်သည်။ သူသည် တစ်ခုခုတွေ့မလားဟု ရှာဖွေခဲ့ရာ ဖန်ခွမ်း၏ အိတ်ကပ်ထဲတွင် မာကျောသော အရာတစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းကို ထုတ်ယူပြီး ၎င်းသည် ဂျာမီနယ်အဖွဲ့အစည်းမှ ဆက်သွယ်ရေးစက်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဟန်ရှောင်းက ခဏလောက်စဉ်းစားပြီး စက်ကိုဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆယ်စက္ကန့်အကြာတွင် ဂျာမီနယ်အဖွဲ့အစည်း အကြီးအကဲ၏ ပုံသဏ္ဍာန်တစ်ခု ပေါ်လာသည်။

"ကျိကျဲ မင်းတို့ အောင်မြင်စွာ ဆုတ်ခွာသွားကြပြီလား..." အကြီးအကဲက တစ်ဖက်မှ ကူးလာတဲ့ ပုံကြောင့် တစ်ခုခုလွဲမှားနေတာကို သဘောပေါက်လိုက်ချိန်မှာတော့ စကားတစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။

ဟန်ရှောင်းဖြစ်နေသည်။ အကြီးအကဲက ချက်ချင်းဆိုသလို အမူအရာပြောင်းသွားပြီး ဟန်ရှောင်းကို စိုက်ကြည့်နေတယ်။

"မင်းက ဘာလို့ဒီကိုရောက်နေတာလဲ။"

ဇီးရိုးသည် ကျိကျဲ၏ ဆက်သွယ်ရေးစက်ကို အသုံးပြုနေပြီး အခြေစိုက်စခန်းသည် လုံးဝပျက်စီးသွားကြောင်း ထင်ရှားသည်။ ဖန်ခွမ်း သေဆုံးသွားခြင်းမှာလည်း ဖြစ်နိုင်ချေများသည်။

"မင်း ငါ့ကို ဆက်သွယ်ဖို့ သတ္တိရှိလား" ဒေါသကြီးနေသော အကြီးအကဲက အော်သည်။

"ဝေ့ မတွေ့တာကြာပြီ" ဟန်ရှောင်း ရယ်မောလိုက်သည်။

ဟန်ရှောင်းသည် အချိန်အတော်ကြာ ပျောက်ဆုံးနေသော သူငယ်ချင်းကဲ့သို့ သူနှင့် စကားပြောနေသည်မှာ ထူးဆန်းသည်ဟု ခံစားမိနေသည်။ အကြီးအကဲက ချက်ချင်းပြန်ဖြေဖို့ မစဉ်းစားနိုင်တော့ဘဲ ခဏရပ်လိုက်တယ်။ ထို့နောက် အကြီးအကဲက “လျှို့ဝှက်အချက်အလက်ကို ဘယ်ကရခဲ့တာလဲ” လို့ မေးခဲ့ပါတယ်။

အဲဒါက အကြီးအကဲရဲ့ စိတ်ထဲရှိ အကြီးမားဆုံး ပဟေဠိပင်။

"ငါက ဘာလို့ ပြန်ဖြေမယ်ထင်နေတာလဲ" ဟန်ရှောင်းက သွေးကြီးနေသလို ပြန်ပြောလိုက်သည် ။

“ဒီလိုနည်းလမ်းနဲ့ အဖွဲ့အစည်းရဲ့ စွမ်းအားကို ထိခိုက်စေတယ်လို့ မင်းထင်လား။ ဘယ်လိုလူမိုက်လဲ!" အကြီးအကဲက ပြန်အော်တယ်။

“မင်းရဲ့ စခန်းလေးခုကို ငါဖျက်ဆီးပစ်လိုက်တယ်။”

"မင်းကို ငါ့လက်နဲ့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်!

“မင်းရဲ့ စခန်းလေးခုကို ငါဖျက်ဆီးပစ်လိုက်တယ်။”

“အဖွဲ့အစည်းမှာ အမှုဆောင်အရာရှိတွေ အများကြီးရှိတယ်။ မင်း အပြင်မှာ အကြာကြီး အသက်ရှင်နေမှာ မဟုတ်ဘူး။

“မင်းရဲ့ စခန်းလေးခုကို ငါဖျက်ဆီးပစ်လိုက်တယ်။”

အား.... သောက်ရမ်း ဒေါသထွက်လာပြီ။

အကြီးအကဲ၏ လေသံမှာ သတ္တုကို ဝါးစားနေသကဲ့သို့ ဖြစ်နေပြီး စကားလုံးတိုင်းသည် ဟန်ရှောင်းကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ်မှုများနှင့် ပြည့်နေသည်။ "ကြယ်နဂါးနိုင်ငံကို မင်းသစ္စာခံကြောင်း ကတိပြုပြီး၊ ငါတို့ရဲ့လက်ကနေ လွတ်မြောက်နိုင်မယ်လို့ မင်းထင်နေတာလား။ ငါ့ကောင်တွေက မင်းကိုဖမ်းပြီးတာနဲ့ မင်းရဲ့အရိုးနဲ့ အရွတ်တွေအကုန်လုံး စုတ်ဖြဲပစ်မယ်!"

ဟန်ရှောင်း ရယ်မောလိုက်သည်။ ထို့နောက် အကြီးအကဲကို လေထဲမှ နမ်းလိုက်သည်။

"တတ်နိုင်ရင် လာရှာပါ ဟားဟား…”

ဟန်ရှောင်း၏ မထီမဲ့မြင်ပြုသော စကားကို ကြားလိုက်ရသောအခါ အကြီးအကဲသည် လုံး၀ ဒေါသဖြစ်သွားသည်။ သူ တစ်ခုခုပြောချင်ပေမယ့် ဟန်ရှောင်က ဆက်သွယ်ရေးစက်ကို ဖျက်ဆီးပစ်လိုက်တယ်။ စခရင်က မည်းသွားတယ်။

အကြီးအကဲ၏ ဒေါသအမျက်စကားသည် သူ့လည်ချောင်းထဲတွင် နစ်မြုပ်နေ၏။ ဒေါသတကြီးဖြင့် တုန်ခါနေ၏။

"ဇီးရိုးရဲ့ ဆုငွေကို ဒေါ်လာငါးသန်းအထိ တိုးလိုက်။"

ဆုကြေးငွေသည် ငါးဆတိုးလာသည်။

…

ဟန်ရှောင်းက ပြုံးနေရာမှ ရပ်လိုက်သည်။ အကြီးအကဲကို လှောင်ပြောင်ခြင်းသည် ကြုံရာကျပန်း ပြုလုပ်မှု တစ်ခုမျှသာ မဟုတ်ပေ။

ဂျာမီနယ်အဖွဲ့အစည်းသည် သူ့ကိုရှာဖွေရန် အနောက်ပိုင်းမြို့တော်သို့ အဖွဲ့ဝင်များစေလွှတ်ရန် ညွှန်ကြားခဲ့သည်။ သူသေသည်အထိ ရပ်ကြမည်မဟုတ်ပေ။

အခြေအနေက သူ့အတွက် ဆိုးဝါးပုံပေါက်ပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီလို မဟုတ်ပေ။

ဘာလို့လဲ

ဆိုတော့... ဟန်ရှောင်းက ကြယ်နဂါးနိုင်ငံကို ဘယ်တုန်းကမှ မပြန်ချင်ခဲ့ပေ။

ဒါကမှ သူ့ရဲ့ တကယ့်အစီအစဥ်ဖြစ်သည်။

အခန်း (၈၆) ပြီး၏။

လင်းဆက်

+++++

All Chapters