← Chapters

ပထမဆုံး တာဝန်

Vol. 6 Ch. 90

ပထမဆုံး တာဝန်

Vol. 6 Ch. 90

အခန်း (၉၀) ပထမဆုံး တာဝန်

ဗစ်တိုးရီးယားဟိုတယ်သည် အထပ် ၄၃ထပ် မြင့်သော ဇိမ်ခံဟိုတယ်ဖြစ်ပြီး ၎င်းသည် နိုင်ငံ၆နိုင်ငံ၏ အဓိကမြို့တိုင်းတွင် ရုံးခွဲများ ရှိသည်။ ၎င်းကို Dark Net အဖွဲ့အစည်းမှ ပိုင်ဆိုင်ပြီး အဖွဲ့အစည်း၏ အဖွဲ့ဝင်များကိုသာ ဆက်လက်နေထိုင်ခွင့် ပြုထားသည်။ ဟိုတယ်သည် သာမန်လူများ ထိုနေရာတွင် တည်းခိုခွင့်ကို ငြင်းပယ်ရန်အတွက် 'အခန်းများမရှိပါ' ဟူသော အကြောင်းပြချက်ကို အသုံးပြုမည်ဖြစ်သည်။ ၎င်းသည် အဖွဲ့ဝင်များအတွက် ဘေးကင်းရာနေရာအဖြစ် ဆောင်ရွက်ခဲ့သော်လည်း စခန်းအသီးသီးမှ လူများအတွက် ငွေပေးငွေယူခန်းမလည်း ဖြစ်ခဲ့သည်။ ဤနေရာ၌ တိုက်ခိုက်ခြင်းမပြုရ၊ အုပ်ချုပ်မှုကို ချိုးဖျက်သော မည်သူမဆို အဆုံးမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရလိမ့်မည်။

{TL Note : John Wick ဇာတ်လမ်းထဲကလိုပဲနော်...}

လက်မှတ်ရရှိပြီးနောက် ဟန်ရှောင်းသည် ဗစ်တိုးရီးယားဟိုတယ်သို့ သွားခဲ့သည်။ ၎င်းတွင် လှပတောက်ပြောင်သည့် သက်တမ်းရင့် အညိုရင့်သစ်သား ပရိဘောဂအမျိုးအစားအမျိုးမျိုးဖြင့် ဂန္တဝင်ဆန်ဆန် အတွင်းခန်းတစ်ခုပါရှိသည်။ ဟိုတယ်၏ ထောင့်တိုင်းတွင် တည်ငြိမ်အေးချမ်းမှု အပြည့်ရှိနေသည်။

ဟန်ရှောင်းသည် ရှေ့စားပွဲသို့ ထွက်လာပြီး သူ၏ သွေးပဋိညာဉ်အဖွဲ့ ဒင်္ဂါးပြားကို ထုတ်ပြလိုက်သည်။ ထို့နောက် သူ့ကို ၂၃ လွှာသို့ ဝန်ထမ်းတစ်ဦးမှ ခေါ်ဆောင်သွားခဲ့သည်။

အထပ် ၂၃ မှ ၂၅ လွှာသည် သွေးပဋိညာဉ်အဖွဲ့ မှ ပိုင်ဆိုင်သည်။ ၂၃လွှာသည် လုပ်ကြံသတ်ဖြတ်သူအားလုံးအတွက် အနားယူရန်နှင့် အရောင်းအ၀ယ်လုပ်သည့်နေရာဖြစ်သည် - သူတို့သည် ဤနေရာတွင် အလုပ်ရသည် သို့မဟုတ် အခကြေးငွေရရှိမည်ဖြစ်သည်။ ဤအလွှာတွင် ဘား၊ ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များကဲ့သို့သော ဖျော်ဖြေရေးဆိုင်ရာ အဆောက်အအုံများစွာလည်း ရှိသည်။

၂၃ ထပ်ရှိ ဧည့်ခံဝန်ထမ်းထံ ရွှေဒင်္ဂါးပြားကို ပေးလိုက်ပြီးနောက် လက်အိတ်ဖြူဝတ်ထားသည့် ဝန်ထမ်းတစ်ဦး ဟန်ရှောင်းထံသို့ ရောက်လာသည်။ သူတို့ ထောင့်စွန်းရှိ သီးသန့်စားပွဲတစ်ခုတွင် ထိုင်လိုက်ကြသည်။ ဝန်ထမ်းသည် အနက်ရောင်သားရေအဖုံးပါသော မှတ်စုစာအုပ်ကို ထုတ်ကာ ဤအဖွဲ့ဝင်အသစ်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စတင်မှတ်တမ်းတင်ခဲ့သည်။

"မင်းရဲ့ကုဒ်နာမည်ကို ဘာပေးမလဲ။"

ဟန်ရှောင်းခဏလောက်စဉ်းစားပြီး သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်းကို နည်းလမ်းတချို့နဲ့ ကူညီပေးနိုင်တဲ့ စွဲမက်ဖွယ်ကောင်းတဲ့ နာမည်ကို သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

"Couton အုပ်စုတွင် တပ်စွဲထားသော ကြက်သွေးမင်းဆက်မှ တမန်တော်အဆင့် လေ့လာသူ အမှတ် ၉၅၂၇။"

အမှုထမ်း ရူးချင်ချင် ဖြစ်သွားသည်။

လုပ်ကြံသတ်ဖြတ်သူများသည် များသောအားဖြင့် 'Silver Fox'ငွေရောင်မြေခွေး ၊ 'Devil Snake'မြွေဆိုး သို့မဟုတ် 'Ghost'သရဲ ကဲ့သို့သော တိုတောင်းသည့်အမည်များ ရှိပြီး အာရုံစူးစိုက်မှု နည်းပါးသည့်ခေတ်တွင် ပိုမိုတန်ဖိုးထားခံရသည့် အမျိုးအစားဖြစ်သည်။ ဤသို့သော 'ထူးခြားသော' အမည်သည် အလုပ်ရှင်များကို အမှန်တကယ် စိတ်လှုပ်ရှားစေမည်ဖြစ်သော်လည်း ရှည်လွန်းလှသည်။

အမှုထမ်းက ချောင်းဆိုးလိုက်သည်။ "နာမည်အတိုချုံးလို့ရလား"

ဘာလဲ? နာမည်အတိုချုံးနဲ့ ပတ်သက်ပြီး တခြားသူတွေ ညည်းညူသံကို ကြားဖူးပါတယ်။ ရှည်လွန်းတာကြောင့် လူတွေက နာမည်ကို မကြိုက်မှန်း မသိခဲ့ပါဘူး။

ဟန်ရှောင်းသည် အခြားအမည်တစ်ခုမပေါ်မီ အချိန်အတော်ကြာ စဉ်းစားခဲ့သည်။ “ဘလက်”

အမှုထမ်းတစ်ယောက် ဆွံ့အသွားသည်။

"မင်းနာမည်က အရမ်းတိုနေပြီ။ စကားလုံးတစ်လုံးတည်းရှိတဲ့ ကုဒ်နာမည်ကို ခွင့်ပြုထားပေမယ့် အရောင်ပဲပါတဲ့ ကုဒ်နာမည်တွေကို အခြားလုပ်ကြံသတ်ဖြတ်သူတွေ ယူသွားတာ ကြာလှပြီ။ 'အနီရောင်'၊ 'အပြာ'၊ 'လိမ္မော်ရောင်' စတဲ့ နာမည်အားလုံးက ကွယ်လွန်သွားခဲ့သော ရှေးယခင်မျိုးဆက်များ၏ ဂုဏ်ထူးဆောင် လုပ်ကြံသတ်ဖြတ်သူတွေရဲ့ နာမည်တွေပဲ။ အဖွဲ့အစည်းက အခြားသူတစ်ဦးအား သူတို့ရဲ့ ကုဒ်နာမည်တွေကို ပြန်လည်အသုံးပြုခွင့် မပြုထားဘူး။"

ဟန်ရှောင်း က စိတ်ရှုပ်စွာဖြင့် နှုတ်ခမ်းကို စုပ်လိုက်သည်။ နာမည်ပေးခြင်းက သူသွားလေရာ၌ ဒုက္ခရောက်စေသည်ဟု ထင်မြင်မိနေသည်။ ထို့နောက် နောက်ဆုံးနာမည်ကို ပေးလိုက်သည်။ "မစ္စတာဘလက်”

"မစ္စတာဘလက်… ကောင်းပြီ။”

ဒီနာမည်က သာမန်ထက်ပိုပါတယ်။ အမှုထမ်းသည် ၎င်းကို အမြန် မှတ်တမ်းတင်လိုက်သည်။

“အခု မင်းက ကိုယ်ရေးရာဇဝင်အလွတ်နဲ့ အရံအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်တယ်။ မင်းရဲ့ ပထမတာဝန်ကို ပြီးမြောက်ပြီးမှသာ သင်သည် Scorpion အဆင့်သို့ တက်နိုင်တယ်။ အလုပ်ရှင်တွေက ငါတို့ရဲ့ လုပ်ကြံသတ်ဖြတ်သူစာရင်းတစ်ခုလုံးကနေ ရွေးချယ်လေ့ရှိတယ်။ တစ်ယောက်ယောက်က မင်းကိုရွေးရင် ငါတို့မင်းကို ဆက်သွယ်မယ်။ အဲဒီအချိန်မတိုင်ခင်အထိ မင်းက စျေးကွက်မှာရှိတဲ့ လူတိုင်းအတွက် ဖွင့်လှစ်ထားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်တယ် ဒါမှမဟုတ် 'အလိုရှိပုဂ္ဂိုလ်' တွေကို လုပ်ကြံသတ်ဖြတ်နိုင်တယ်။"

“ဟုတ်တယ်၊ မင်းရဲ့ ကိုယ်ပိုင်အလုပ်တွေကိုလည်း လက်ခံနိုင်တယ်။ ငါတို့မှာ ငါတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုအတွက် ခက်ခဲတဲ့ လိုအပ်ချက်တွေ မရှိပေမယ့် ကော်မရှင်အနေဖြင့် ဆုကြေးရဲ့ ငါးရာခိုင်နှုန်းကို ယူရပါမယ်။ နောက်ပိုင်း မင်းမှာ မေးခွန်း‌တွေရှိရင် ဗစ်တိုးရီးယားဟိုတယ်က ငါတို့ရဲ့ ဧည့်ခံဝန်ထမ်းကို အချိန်မရွေး ဖုန်းခေါ်နိုင်ပါတယ်။

"ကျိုးကြောင်းဆီလျော်တယ်" ဟန်ရှောင်း ခေါင်းငြိမ့်ပြလိုက်သည်။

သူသည် သွေးပဋိညာဉ်အဖွဲ့ သို့ဝင်ရောက်ရခြင်းအတွက် အကြောင်းပြချက် နှစ်ခုရှိသည်။ ပထမဦးစွာ၊ သူသည် မြင့်မားသော ဆုကြေးငွေများဖြင့် ဝရမ်းထုတ်ထားသော 'အလိုရှိပုဂ္ဂိုလ်'အားလုံးကို ယှဉ်ပြိုင်လိုပြီး ဤမစ်ရှင်များသည် ဆုလာဘ်မြင့်သော စနစ်၏တောင်းဆိုမှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဒုတိယအနေဖြင့်၊ သူသည် Dark Net ရှိ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူ ၁၀ ဦးထဲမှ တစ်ဦးဖြစ်လာခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်းအချို့ကို ရရှိနိုင်သည်။

‘Open Beta’ ရောက်ရန် သုံးလသာ ကျန်တော့သည်။ သူသည် ကျန်အချိန်များကို အသုံးပြု၍ အရင်းအနှီးများစွာ စုဆောင်းထားရန် လိုအပ်သည်။

"ဒါတွေအားလုံးက 'အလိုရှိ' တာဝန်တွေပါ။"

အမှုထမ်းသည် တက်ဘလက်တစ်လုံးကို ထုတ်ယူကာ Dark Net တွင် စာမျက်နှာတစ်ခုကို ဖွင့်လိုက်ပြီး ဟန်ရှောင်ထံ ပေးလိုက်သည်။

ဟန်ရှောင်း သည် စာရင်းတွင် ရေပန်းအစားဆုံး ပုဂ္ဂိုလ်ကို ချက်ချင်း တွေ့လိုက်ရသည် - သူကိုယ်တိုင် ဖြစ်နေသည်။

“ဇီးရိုး။ ဆု‌ကြေးငွေ ဒေါ်လာငါးသန်း။ သေသည်ဖြစ်စေ၊ အသက်ရှင်သည်။ ဖြစ်စေ တည်နေရာ- အနောက်ပိုင်းမြို့တော်၊ ကြယ်နဂါးနိုင်ငံ။ အရာရာ အကောင်းဆုံးဖြစ်ပါစေ။"

အကယ်၍ သူသည် အနောက်ပိုင်းမြို့တော်သို့ ပြန်လာခဲ့ပါက သူ၏ လှုပ်ရှားမှုများမှာ များစွာ ထိန်းချုပ်ခံရပေလိမ့်မည်။ ကံကောင်းထောက်မစွာပင် သူသည် အစောကြီး လွတ်မြောက်ခဲ့သည်။ ဟန်ရှောင်း ရယ်မောလိုက်သည်။ ဂျာမီနယ်အဖွဲ့အစည်းအနေဖြင့် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများသည် အချည်းနှီးဖြစ်ကြောင်း သဘောပေါက်ရန် အချိန်အတော်ကြာဦးမည် ဖြစ်သည်။

မကြာသေးမီက ဂျာမီနယ်အဖွဲ့အစည်း သူ့ကို လိုက်ဖမ်းပြီး လိုက်လံရှာဖွေရာတွင် အားစိုက်ထုတ်မှု အများကြီးလုပ်ထားတာကြောင့် 'အလိုရှိပုဂ္ဂိုလ်'စာရင်းတွင် သူသည် ရေပန်းအစားဆုံးပစ်မှတ် ဖြစ်ခဲ့သော်လည်း သူက အလိုအရှိဆုံး‌တော့ မဟုတ်ခဲ့ပေ။ စုဆောင်းထားသောစျေးနှုန်းအချို့သည် သန်းဆယ်ဂဏန်းအထိပင် ရောက်ရှိနေသည်—အများစုမှာ နိုင်ငံတစ်ခုမှ ထိပ်တန်းလျှို့ဝှက်ထောက်လှမ်းရေးကို ခိုးယူခြင်းကဲ့သို့သော မဖြစ်နိုင်သော တာဝန်များဖြစ်သည်။ ဌာန၁၃၏ မြေအောက်ဒေတာဘေ့စ်ဝန်းကျင်ရှိ လုံခြုံရေးနှင့် ကာကွယ်ရေးအပေါ် အခြေခံ၍ ဤမစ်ရှင်၏ အောင်မြင်မှုနှုန်းသည် 0.001% အထိ နိမ့်ပါးသွားနိုင်ပြီး သေဆုံးနိုင်ခြေ 99.999% ဖြစ်သည်။ ဤတာဝန်သည် စာရင်းထဲ၌သာ ကြည့်ကောင်းသည်၊ တကယ်လုပ်ဖို့ ဘယ်သူမှ မကြိုးစားကြပေ။

ဟန်ရှောင်းသည် စာရင်းကို ထပ်မံစစ်ဆေးခဲ့သည်။ မကြာခင်မှာ သူလိုချင်တဲ့တာဝန်ကို တွေ့ရှိ‌သွားသည်။

"တောင်ပိုင်းကုန်းမြေရှိ ဆိုမာသဲကန္တာရတွင် လှုပ်ရှားနေသော ကြေးစားစစ်သားအုပ်စုဖြစ်သော Rose Militant နှင်းဆီစစ်သွေးကြွကို ဖြုတ်ချလိုက်ပါ။"

တောင်ပိုင်းကုန်းမြေသည် ဟက်စ်လာ တည်ရှိရာနေရာ ဖြစ်ပြီး ၎င်းကို တောင်ပိုင်းတိုက်ကြီးဟုလည်း ခေါ်တွင်သည်။ ၎င်းတွင် ကျယ်ပြန့်သော မြေဧရိယာနှင့် အပူပိုင်းရာသီဥတုရှိသည်။ အခြားတိုက်ကြီးသုံးခုမှာ မြောက်တိုက်ကြီး၊ အနောက်တိုက်ကြီးနှင့် အခြားတိုက်ကြီးသုံးခု၏ အလယ်တွင် တည်ရှိ‌သော အန်ဒရီရာတိုက်ကြီးတို့ ဖြစ်ကြသည်။

ဟန်ရှောင်းသည် သူနှင့် အနီးတစ်ဝိုက်တွင်ရှိသောကြောင့် ဤမစ်ရှင်ကို ရွေးချယ်ခဲ့သည်။ သူတာဝန်ကိုလက်ခံတော့မယ့်အချိန်မှာ အမှုထမ်းက ရုတ်တရက် အံ့အားသင့်သွားပြီး “မစ္စတာဘလက်၊ မင်းမှာ ကိုယ်ရေးကိုယ်တာ တာဝန်အသစ်တစ်ခု ရှိတယ်။"

ဟန်ရှောင်း လုံးဝ အံ့သြသွားသည်။ သူ့ရဲ့အသေးစိတ်အချက်အလက်တွေကို နက်ဝက်ပေါ်တင်ပြီး ငါးမိနစ်အတွင်း တာဝန်တစ်ခု ရရှိခဲ့သည်။

"ဒီအဖွဲ့အစည်းရဲ့ လုပ်ငန်းက တကယ်ကို တိုးတက်နေပါလား" ဟု ဟန်ရှောင်းက ရိုးရိုးသားသား မှတ်ချက်ချလိုက်သည်။

အမှုထမ်းသည် သူ့ဖာသာသူ အံ့သြနေ၏။ “ဒီလို အဖြစ်အပျက်တွေက တကယ်ကို ရှားတယ်။”

"အလုပ်ရှင်က မင်းနဲ့ လူချင်းတွေ့ပြီး စကားပြောဖို့ မျှော်လင့်နေတယ်။" အမှုထမ်းသည် စခရင်ကို ကြည့်ကာ ဆက်ပြော၏။ “အရင်ထိုင်နှင့်။ ဆယ်မိနစ်လောက်ကြာရင် သူရောက်လာလိမ့်မယ်။"

ဟန်ရှောင်းက လိုက်နာသည်။

ဆယ်မိနစ်လောက်အကြာတွင် လူလတ်ပိုင်းတစ်ယောက် အလျင်စလို လျှောက်လာတယ်။ ဆံပင်ဖြူတွေနဲ့ ပြည့်နေသော သူသည် တကယ့်အသက်အရွယ်ထက် အများကြီးပိုကြီးနေပုံရပြီး သူ့အမူအရာက ဒေါသတကြီး ဖြစ်နေပါတယ်။ သူက ခန်းမထဲကို လျှောက်သွားပြီး ဟန်ရှောင်းရှေ့ကို မရောက်ခင် ဘယ်ညာကြည့်လိုက်သည်။ "ငါက ချမ်ရှန်းရွှေ"

အလုပ်တစ်ခုအား တရားဝင်လက်ခံခြင်းမပြုမီ၊ အလုပ်ရှင်သည် ပစ်မှတ်၏အမည်ရင်းကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ပါ။ လုပ်ကြံမည့်သူသည် အခြားသော အခြေခံ အချက်အလက်များကိုသာ မေးမြန်းနိုင်သည်။ “ဒီတာဝန်ရဲ့ ဆုကြေးက ဘယ်လောက်လဲ။ ပြီးတော့ ပစ်မှတ်ရဲ့ အကာအကွယ်နဲ့ တည်နေရာအကြောင်း နောက်ထပ် ပြောပြပါ။"

“ကိုယ်ရံတော် ၁၂ ယောက်ကနေ ၂၀ ယောက်။ တည်နေရာက ဒီမြို့ထဲမှာ ရှိတယ်။ အခကြေးငွေက ဒေါ်လာ ၁၀,၀၀၀ ပေးမယ်။”

"ဒေါ်လာ ၁၀,၀၀၀ ပဲလား" ဟန်ရှောင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထိုစျေးနှုန်းသည် လုပ်ကြံသတ်ဖြတ်သူကို ငှားရမ်းရန် မလုံလောက်ပေ။

ချမ်ရှန်းရွှေက စိုးရိမ်တကြီး ခေါင်းညိတ်လိုက်သည်။ စျေးနှုန်းကို ကြားသိရသောအခါတွင် အခြားလုပ်ကြံသတ်ဖြတ်သူများက ချက်ချင်းပင် ငြင်းပယ်ခံသည်။ သူသည် ပုံမှန်စျေးနှုန်းအတွက် ပေးချေရန် ငွေအလုံအလောက်မရှိသဖြင့် ဟန်ရှောင်းကဲ့သို့သော လုပ်ကြံသတ်ဖြတ်သူအသစ်ကိုသာ ကံစမ်းရန် ဆုံးဖြတ်ခဲ့သည်။

"ငါယူမယ်" ဟန်ရှောင်းက သဘောတူသည်။

ချမ်ရှန်းရွှေ စိတ်ထဲက ရွှင်မြူးသွားသည်။ သူက စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ဟန်ရှောင်ထံ ပေးလိုက်တယ်။ "မနက်ခင်းမြို့ထဲရှိတဲ့ ယွဲ့ယိုကျူး" Yue You Zu"

ယွဲ့ယိုကျူးသည် ဟက်စ်လာရှိ မာဖီးယားဂိုဏ်းဝင်တစ်ယောက် ဖြစ်ပြီး၊ အငြိမ်းစား တပ်မတော် ကင်းထောက်တပ်သားများဖြင့် ဖွဲ့စည်းထားသော သက်တော်စောင့် ၁၂ ဦးမှ ၁၆ ဦးဖြင့် အမြဲတမ်း သွားလာလေ့ရှိသည်။ မကြာသေးမီက၊ သူသည် ဒေသတွင်း မာဖီးယားဂိုဏ်းခေါင်းဆောင် ချမ်ရှန်းရွှေပိုင်သော နံနက်ခင်းလေဟုန်စီးတီး နယ်မြေထဲသို့ သူ၏သြဇာကို ချဲ့ထွင်ခဲ့သည်။ ယွဲ့ယိုကျူး၏ ကျူးကျော်မှုကို မကာကွယ်နိုင်သောကြောင့် သူ၏ မာဖီးယားဂိုဏ်း ပြိုကွဲသွားခဲ့ရသည်။ အခုတော့ သူတစ်ယောက်တည်း ကျန်ခဲ့ပြီး လက်စားချေရန် လုပ်ကြံသတ်ဖြတ်သူကို ငှားချင်နေခဲ့တယ်။

ဟန်ရှောင်းသည် အချက်အလက်ကို ဖတ်ပြီးနောက် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်။

_____________________

သင်သည် အဆင့် E တောင်းဆိုချက် [လုပ်ကြံသတ်ဖြတ်ခြင်းတာဝန် (ချမ်ရှန်းရွှေ)] ကို ဖွင့်လိုက်ပါသည်။

ဟန်ရှောင်းက စနစ်တောင်းဆိုချက်၏ လိုအပ်ချက်များကို သိထားပြီးဖြစ်သည်။ သူက ဆုလာဘ်ကို ကြည့်လိုက်ရာ သိပ်မများဘဲ အတွေ့အကြုံအမှတ် ၅,၀၀၀ သာ ဖြစမကြောင်း တွေ့ရသည်။

"ငါသွားပြီ။" ဟန်ရှောင်းက မတ်တပ်ရပ်ပြီး ထွက်ခွါရန်ပြင်လိုက်၏။

ချမ်ရှန်းရွှေက ဟန်ရှောင်းကို အမြန်တားကာ မေးလိုက်သည်။ "ဒီအလုပ်ကို ပြီးအောင်လုပ်ဖို့ ဘယ်လောက်ကြာမှာလဲ"

ဟန်ရှောင်း ခဏရပ်လိုက်သည်။ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ နေ့ခင်းဘက်ရောက်နေပြီဆိုတာ မြင်လိုက်ရ၏။ "မင်း နေ့လည်စာ မစားရသေးဘူးထင်တယ် ဟုတ်လား"

ချမ်ရှန်းရွှေ လန့်သွားပြီး ဟန်ရှောင်း ပြောချင်တာကို နားမလည်ပေ။

ဟန်ရှောင်းက ခေါင်းကို လှည့်ပြီး သူ့ကို ခပ်တန်းတန်း ကြည့်လိုက်သည်။ "မင်းနေ့လည်စာ စားပြီးချိန်ဆို ပြီးသွားလောက်ပြီ။"

ချမ်ရှန်းရွှေ အံ့ဩတုန်လှုပ်သွား၏။

သူ၏ အထင်အမြင်အရ၊ လုပ်ကြံသူများသည် ပုံမှန်အားဖြင့် ကင်းထောက်ခြင်းနှင့် ထွက်ပြေးရန် လမ်းကြောင်းစီစဉ်ခြင်းကဲ့သို့သော ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်လေ့ရှိသည်။

ဒီမစ္စတာဘလက်က တကယ်ပဲ အစွမ်းထက်တာလား၊ ဒါမှမဟုတ် သူက စိတ်ကြီးဝင်နေတာလား။

အခန်း (၉၀) ပြီး၏။

လင်းဆက်

+++++

All Chapters