← Chapters

အပိုင်း(၁၆၀): သွေးနှင့်မီးခြုံလွှမ်းသော တားမြစ်စမ်းသပ်ကွင်း ဟန်လိသည် ဝူဖန်၏ စိတ်ရင်းဖြင့် ပေးသော အကြံကို ကြားရသည့်အခါ သဘောတူလိုက်ရသည်။ ထို့နောက်တွင် သူက အခြေခံတည်ဆောက်ခြင်းဆေးလုံးနှင့် ပတ်သတ်သည့် ဆေးပင်အမယ်များအကြောင်း မေးမြန်းလိုက်သည်။ “ညီလေးဟန်က မဟူရာမှိုနဲ့ တခြား စိတ်ဝိညာဉ်ဆေးပင်တွေရဲ့ အရင်းမြစ်ကို သိချင်တာလား…” ဝူဖန်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။ “ဟုတ်ပါတယ်။ စီနီယာအစ်ကိုဝူက ဂိုဏ်းမှာ နေတာ ကြာပြီလေ။ ဒါ့ကြောင့် ဒီအကြောင်းကိုများ သိများ သိမလားလို့…” ဟန်လိက မျှောင့်လင်းခြင်း ကြီးစွာဖြင့် ထပ်မေးသည်။ ထိုသည်ကို ကြားသည့်အခါ သူက ခဏ စဉ်းစား၏။ ထို့နောက် သူက ပြောပြလာသည်။ “နည်းနည်းတော့ ကျုပ် သိတယ်။ ဒါပေမဲ့ ကျုပ်အနေနဲ့ ညီလေးဟန်က ဒီအတွေးကို လုံးလုံး မစဉ်းစားဖို့တော့ အကြံပေးချင်တယ်။ အဲ့လိုရှားပါးဆေးပင် ပေါက်ရောက်တဲ့ နေရာတွေဟာ အန္တရာယ်များလွန်းတဲ့အပြင် သွားရောက်ဖို့လည်း မဖြစ်နိုင်သလောက်ပဲ။ ဂိုဏ်းရဲ့ အကြီးအကဲတွေ အကူအညီနဲ့တောင် အချိန်နေရာမှန်မှ ဝင်နိုင်စွမ်း ရှိမှာ…” ဟန်လိက ဝူဖန်က စစချင်း ပြောသည့်စကားများကို ကြားသည့်အခါ ပျော်သွားမိ၏။ သို့သော် နောက်ထပ် ပြောလာသော စကားများက သူ့ကို သတိပေးစကားများ ဖြစ်နေသည်။ ဟိုး ကြာမြင့်ခဲ့ပြီ ဖြစ်သော အချိန်ကာလတစ်ခုတည်းက ကျင့်ကြံခြင်းလောကတွင် စိတ်ဝိညာဉ်ဆေးပင်များသည် ရှားပါးခဲ့ကြ၏။ ယင်းတို့သည် နေရာစုံတွင် မရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့ကြပြီးပင်။ ခုလက်ရှိ၌ ထိုသို့သော ရှားပါးဆေးပင်များကို တားမြစ်နေရာဟု သတ်မှတ်ထားသော တသီးတသန့်နေရာများ၌သာ တွေ့နိုင်တော့သည်။ ကျင့်ကြံသူများက ယင်းသို့သော တမူထူးသည့် နေရာများကို တားမြစ်နေရာများဟု ခေါ်ဝေါ်သည်ဖြစ်၍ ယင်းဒေသများသည် အလွန်အမင်း အန္တရာယ် ထူပြောမည်မှာ မြေကြီးလက်ခတ် မလွဲပေ။ တားမြစ်နေရာများထဲမှ အချို့ဒေသများတွင် နတ်ဆိုးများပါ ရှိနေနိုင်၏။ ယင်းဒေသများထဲ ဝင်ရောက်နိုင်ဖို့ များစွာ အားထုတ်ရ၏။ အကြောင်းမှာ အနှီဒေသများ၌ ရှေးဟောင်းအတားအဆီးမန္တာန်များစွာ ရှိနေခြင်းကြောင့်ပင်။ အဝါရောင်မေပယ်တောင်ကြားနှင့် တခြားကျင့်ကြံခြင်းဂိုဏ်းများက သူတို့၏ အခြေခံတည်ဆောက်ခြင်းဆေးလုံးများ ဖော်စပ်ဖို့ ဆေးပင်အမယ်များကို တားမြစ်နေရာတစ်ခုမှ ရကြခြင်းပင်။ ထိုနေရာကို ရှေးဟောင်းလေဓာတ် အတားအဆီးတခုဖြင့် ချိပ်ပိတ်ထား၏။ ၎င်းအတားအဆီးမှာ တမူထူးကာ အားကောင်းလွန်းသည်။ အစတုန်းက ကျင့်ကြံခြင်းဂိုဏ်းများက မည်မျှပင် အင်အားအသုံးပြုပါစေ ၎င်းဒေသကို ဖွင့်လှစ်ဖို့ မျှော်လင့်ချက်ပင် မရှိခဲ့ပေ။ သို့သော် နောက်ပိုင်း၌ ထိုလေဓာတ်အတားအဆီးက ငါးနှစ်တွင် ငါးရက်ကြာ အားနည်းသွားတတ်ကြောင်းကို တစုံတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့၏။ ထိုသူ မည်သို့မည်ပုံ ရှာတွေ့ခဲ့သည်ကိုမူ မသိရပါ။ ထိုအချိန်ကာလ၌ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများက အတားအဆီးကို အင်အားသုံး၍ ဖွင့်လှစ်ကြ၏။ ထိုအခါ သူတို့သည် လူပမာဏအတော်အတန် ဝင်ရောက်နိုင်သော ဝင်ပေါက်တခုကို ယာယီ ဖွင့်နိုင်ခဲ့ကြသည်။ သို့သော် ထိုဝင်ပေါက် ပေါ်လာသည်နှင့် ကျင့်ကြံသူများ ဝင်ရောက်ဖို့ ကြိုးစားသည့်အခါ မထင်မှတ်ထားသော ကိစ္စတခု ဖြစ်လာခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့်အထက် ကျင့်ကြံသူများကို နောက်ထပ် အတားအဆီးတခုက ထိန်းချုပ်ထားခဲ့သဖြင့် ထိုအဆင့် ကျင့်ကြံသူများသည် ဒေသအတွင်း ဝင်ရောက်၍ မရခဲ့ပေ။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသာ အတားအဆီးမရှိဘဲ ဝင်နိုင်ခဲ့ကြ၏။ သူတို့သည် ယင်းတားမြစ်နေရာအတွင်းရှိ ရှားပါးဆေးပင်များစွာကို စုဆောင်း ယူဆောင်ကာ ပြန်ထွက်လာနိုင်ခဲ့သည်။ ထိုတွေ့ရှိမှုက ယွဲ့ဒေသ၏ ကျင့်ကြံခြင်းလောကကို အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။ သို့ဖြစ်၍ မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် အောက်ရှိ သူတို့၏ တပည့်များကို ယင်းဒေသအတွင်းသို့ စေလွှတ်ကာ စိတ်ဝိညာဉ်ဆေးပင် များစွာကို စုဆောင်း ယူစေခဲ့သည်။ အခြေခံတည်ဆောက်ခြင်း ဆေးလုံးဖော်စပ်ဖို့အတွက် အသုံးပြုသော ဆေးပင်အမယ်များကတော့ ဦးစားပေး အယူခံရဆုံး ဖြစ်ခဲ့သည်။ အစပိုင်း၌ ကျင့်ကြံခြင်းဂိုဏ်းများ၏ တပည့်များက မည်သည့်ပွတ်တိုက်မှုမျှ မရှိဘဲ အကျိုးအမြတ်များ ရိတ်သိမ်းနိုင်ခဲ့သည်။ အစပိုင်းတုန်းက တားမြစ်ဒေသတွင်းရှိ စိတ်ဝိညာဉ်ဆေးပင်များကို သွားရောက် ယူဆောင်ခဲ့သော တပည့်များမှာ သက်တောင့်သက်သာ ဖြစ်ခဲ့၏။ သို့သော် နောက်ပိုင်းတွင်မူ တားမြစ်နေရာအတွင်းရှိ ဆေးပင်များမှာ ကျဲပါးလာခဲ့သည်။ ထိုအခါ ဂိုဏ်းတခုချင်းစီမှ တပည့်များကြား၌ သည်ဆေးပင်များကို ရဖို့ အပြိုင်အဆိုင်များ လုပ်လာရသည်။ ထိုစဉ်က ဂိုဏ်းတခု၏ တပည့်တစ်ယောက်သည် အပြိုင်အဆိုင်ကြား၌ ရုန်းကန်ရင်း အသက်သေဆုံးခဲ့သည်။ ပထမဆုံး သေဆုံးမှု ရှိလာသည့်အခါ ဂိုဏ်းကြီးများက သူတို့၏ မျက်နှာဖုံးများကို ခွာချကာ ရှားပါးဆေးပင်များ ရရှိရေးအတွက် ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ကြတော့သည်။ အားကြီးသူက အားနည်းသူကို နိုင်စတမ်း ဟူသည့် ကျင့်ကြံခြင်းလောက မဟုတ်ပါလား။ ထိုအခါ တားမြစ်နေရာအတွင်း၌ ဂိုဏ်းကြီးများ၏ တပည့်များ၏ သွေးများဖြင့် စွန်းထင်းကုန်သည်။ ထိုသို့ဖြင့် စိတ်ဝိညာဉ်ဆေးပင်များ တဖြည်းဖြည်း ပို၍ နည်းပါးလာလေလေ တားမြစ်နေရာအတွင်းရှိ တိုက်ပွဲများက ပိုကြမ်းကြုတ်လာ၏။ သွေးလွှမ်းလာ၏။ လွန်ခဲ့သော နှစ်ပေါင်းရာချီလောက်က အပြင်းအထန်၊ရက်ရက်စက်စက် တိုက်ခိုက်မှုများကြောင့် တားမြစ်ဒေသအတွင်း ဝင်ရောက်သွားခဲ့သော တပည့်များ၏ သုံးပုံတစ်ပုံသာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့၏။ ဂိုဏ်းအသီးသီး၏ ထိပ်တန်း ဂျူနီယာ တပည့်များ ဆုံးရှုံးသွားခဲ့တာ မနည်းမနောပင်။ သို့ဖြစ်၍ ဂိုဏ်းအသီးသီး၏ တပည့်တိုင်းက တားမြစ်ဒေသကို သွေးနှင့်မီး ခြုံလွှမ်းသော တားမြစ်စမ်းသပ်ကွင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့သည် ၎င်းဒေသထဲသို့ ဝင်ရောက်ဖို့ကို တစ်ယောက်ပြီး တစ်ယောက် လက်ရှောင်လာ၏။ နောက်ပိုင်းတွင် မည်သူကမျှ ဒီဒေသအတွင်း ဝင်ရောက်ချင်စိတ် မရှိကြတော့ပေ။ ထိုအခါ ဂိုဏ်းကြီးများက တွန်းအားပေးကာ အတင်းအကြပ် လုပ်မည်မှာ မေးခွန်းထုတ်စရာပင် လိုမည် မဟုတ်ပေ။ တားမြစ်ဒေသအတွင်း ဝင်ကာ စိတ်ဝိညာဉ်ဆေးပင်များကို မရှာချင်သော တပည့်များ ရှိလာပါက သူတို့သည် သေလောက်အောင် ဂိုဏ်း၏ အလုပ်များကို ခိုင်းစေခံရမှာ သေချာသွား၏။ သို့ဖြစ်၍ တားမြစ်ဒေသအတွင်း ဝင်ရောက်ရသော အများစုသည် ပုန်းကွယ်၍ ဘေးကင်းလုံခြုံသည့်အထိ စောင့်နေပြီးမှ ပြန်ထွက်လာကြသည်။ ထိုလုပ်ရပ်က ဂိုဏ်းအသီးသီး၏ အကြီးအကဲများကို ဒေါသထွက်စေခဲ့ပေသည်။ သို့သော် သူတို့လည်း မည်သို့မျှ မတတ်နိုင်ပါ။ တကယ်တော့ ဒီတားမြစ်ဒေသအတွင်း ဝင်ခဲ့သူများမှာ သူတို့၏ ဆန္ဒအလျောက်မှ မဟုတ်လေတာ။ ဒီလို သေစေနိုင်သော ဒေသသို့ မသွားချင်သော တပည့်များကို အကြီးအကဲများအနေဖြင့် မည်သို့ အပြစ်တင်၍ ရမည်နည်း။ သို့ဖြစ်၍ ဂိုဏ်းအသီးသီးက ဒီပြဿနာကို ဖြေရှင်းဖို့ တားမြစ်ဒေသကို ဝင်ရောက်မည့် တပည့်များအား ဆုလဒ်များ ပေးမည်ဟု သိမ်းသွင်းကြရသည်။ တားမြစ်ဒေသအတွင်း ဝင်ရောက်ပြီး စိတ်ဝိညာဉ်ဆေးပင်များကို ယူဆောင်လာနိုင်သူများကို ပိုများပြားသော ဆုလဒ်များ ပေးခဲ့ကြ၏။ စိတ်ဝိညာဉ်ဆေးပင် ပမာဏ ပိုများလေလေ ဆုချီးမြှင့်မှု ပိုကြီးမားလေပင်။ အဝါရောင်မေပယ်တောင်ကြားမှာလည်း ထိုသို့ ပြုလုပ်ခဲ့ပေ၏။ တားမြစ်ဒေသို့ ဝင်ရောက်မည်ဟု စာရင်းပေးသော တပည့်များကို မဝင်ရောက်ခင်တည်းက အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတတုံး၊ စိတ်ဝိညာဉ်မှော်ပစ္စည်းတခုတို့ကို ကြို၍ ပေးထား၏။ ဝင်ရောက်မည့် တပည့်များ ပို၍ တက်ကြွအောင် အတွက် ထိုသို့ ပေးခြင်းသာ။ အခြေခံတည်ဆောက်ခြင်းဆေးလုံးကဲ့သို့ အလားတူ တန်ဖိုးရှိသော ဆုလဒ်များပင် ပါသေး၏။ ဤသို့သော ဆုလဒ်ချီးမြှင့်မှုက အဆင့်နိမ့်တပည့်များကို ရူးသွပ်သွားစေဖို့ရာ လုံလောက်ပေ၏။ ယင်းအတွက်ကြောင့် ထိုစဉ်အခါက ကျင့်ကြံခြင်းဂိုဏ်းအသီးသီးသည် တားမြစ်ဒေသသို့ ဝင်ရောက်မည်ဟု စာရင်းပေးသော တပည့်များစွာကို ကြုံခဲ့ရ၏။ သို့သော် ထိုသို့ ဝင်ရောက်မည့် အရေအတွက် မြင့်မားလာခြင်းက နှစ်ကြိမ်၊သုံးကြိမ်သာ ရှိခဲ့သည်။ ထို့နောက်တွင် ယင်းအရေအတွက်သည် လုံးလုံးလျာလျာ ပြန်လျော့ကျသွားခဲ့ပြန်သည်။ တကယ့် လက်တွေ့ အမှန်တရားကို သဘောပေါက်သွားသော တပည့်များသည် များပြားလှသော ဆုလဒ်များမှာ တန်ရာတန်ကြေး ပေးမှသာ ရနိုင်မည်ဟု သဘောပေါက်လာခဲ့ကြ၏။ ထိုတန်ကြေးမှာ သူတို့၏ အသက်ပင် မဟုတ်လား။ ဆုလဒ်များစွာကြောင့် အစပိုင်း စိတ်လှုပ်တရှား ဖြစ်ကာ တားမြစ်ဒေသသို့ ဝင်ရောက်ခဲ့ကြသော သူများ၏ အသက်ရှင်နိုင်ချေမှာ နှစ်ဆယ့်ငါး ရာခိုင်နှုန်းသာ ဖြစ်လာခဲ့သည်။ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူများ ယူလာနိုင်သော စိတ်ဝိညာဉ်ဆေးပင် အရေအတွက်မှာလည်း ပို၍ နည်းပါးလာခဲ့၏။ ရှင်လျက် ပြန်ထွက်လာနိုင်သူ အများစုမှာ ဒဏ်ရာအပြင်းအထန် ရခဲ့ပေသည်။ သို့ဖြစ်၍ သူတို့သည် ဆုလဒ်များစွာကို မရယူနိုင်တော့ပေ။ အခြေခံတည်ဆောက်ခြင်းဆေးလုံးကိုမူ ထည့်ပြောနေဖို့ပင် မလိုတော့ပါ။ ဤသည်တို့မှာ ဝူဖန်က ဟန်လိကို ပြောပြခဲ့သော စိတ်ဝိညာဉ်ဆေးပင်များ၏ အရင်းအမြစ်နှင့် ပတ်သတ်သည့် အကြောင်းအရာများပင်။ သည်အကြောင်းများကို ကြားသိရပြီးနောက် ဟန်လိမှာ စိတ်ဓာတ်ကျသွားတော့၏။ သူသည် ဆေးပင်အမယ် အချို့ကို ရဖို့အတွက် တားမြစ်နေရာအချို့သို့ သွားဖို့ လိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ထို့အပြင် တခြားဂိုဏ်းများ၏ တပည့်များနှင့်လည်း အသေအကြေတိုက်ပွဲများ ဆင်နွှဲရသေး၏။ သည့်အပြင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ချေမှာလည်း နည်းပါးလှသည်။ ဝင်သွားသော တပည့်များ၏ လေးပုံတပုံသာ “မီးနှင့်သွေး ခြုံလွှမ်းထားသော တားမြစ်စမ်းသပ်ကွင်း” ဟု ခေါ်ကြသော ဒေသကနေ ပြန်ထွက်လာနိုင်စွမ်း ရှိကြ၏။ ထိုစွန့်စားမှုက ကြီးမားလှ၏။ ဟန်လိသည် ကျွမ်းကျင်သူတစ်ယောက်လည်း မဟုတ်ပေ။ အဝါရောင်မေပယ်တောင်ကြားရှိ အဆင့်နိမ့်တပည့်များကြား၌ သူ၏ခွန်အားက အလယ်အလတ်မျှသာ။ နက်နဲသော မှော်စွမ်းအားနှင့် အစွမ်းထက်မှော်ပညာရပ်များကို မပိုင်ဆိုင်ထားသည်ဖြစ်င ဟန်လိအနေဖြင့် သူ၏ အမျိုးမျိုးသော မှော်ပစ္စည်းများနှင့် သူ့ဖြတ်ထိုးဉာဏ်တို့ပေါ်၌သာ မှီခိုရလိမ့်မည်။ ထိုသို့ မှီခိုရုံဖြင့် ဟန်လိသည် သူ့ကိုယ်သူ လေးယောက်တွင် တစ်ယောက် ရှင်သော သူထဲ၌ ပါဝင်လိမ့်မည်ဟု အဘယ်သို့ ယုံကြည်မှု ရှိနိုင်ပါ့မည်နည်း။ သို့အတွက် ဟန်လိမှာ ဒေါသထွက်လာမိသည်။ သူက ဝူဖန်ကို မမေးမိဘဲ မနေနိုင် ဖြစ်ကာ မေးလိုက်၏။ “အင်မောတယ်ဂိုဏ်းကြီးတွေက သူတို့ရဲ့ တပည့်တွေကို စည်းကမ်း တင်းကြပ်ပြီး ရလာတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကို ဘာလို့များ အညီအမျှ မခွဲခိုင်းရတာလဲ။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် တိုက်စရာခိုက်စရာလည်း လိုမှာ မဟုတ်တော့သလို အမုန်းတရားနဲ့ ရန်ငြှိုးတွေလည်း ရှိလာနိုင်တော့မှာ မဟုတ်ဘူးလေ…” ဝူဖန်က ဟန်လိ၏ အမေးကို ကြားသည့်အခါ သူက ချက်ခြင်းပင် ခါးသက်သက် ရယ်မောကာ ပြန်ဖြေသည်။ “ဂျူနီယာညီလေးက နားမလည်တာပါ။ ဒီဆေးပင်တွေကို အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေကို သန့်စင်ဖို့ အသုံးပြုတယ်ဆိုပေမယ့်လည်း ဆေးလုံးအရေအတွက် ဖြန့်ဝေပေးမှုဟာ ရရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေ အပေါ် လုံးလုံး မူတည်တယ်။ ဒီလို အခြေအနေအောက်မှာ သူတို့က စိတ်ဝိညာဉ်ဆေးပင်တွေအတွက် မတိုက်ခိုက်ဘဲ ဘယ်နေကြတော့မလဲ…” ဟန်လိက ထိုစကားကို ကြားသည့်နောက် အချိန်အတန်ကြာ ငြိမ်သက်တိတ်ဆိတ်နေသည်။ နောက်ဆုံးတွင် ပူပန်မှုအပြင်ဖြင့် ဟန်လိက သွေးနှင့်မီး ခြုံလွှမ်းသော တားမြစ်စမ်းသပ်ကွင်းမှာ လာမည့် နှစ်ဝက်အတွင်း ရှိလာမည့် အကြောင်းကို မေးမြန်းကြည့်သည်။ စီနီယာအစ်ကိုဝူက ဟန်လိကို အခါခါ သတိပေး၏။ ထို့နောက်တွင် ဟန်လိသည် ဒီကျင့်ကြံခြင်းလမ်းညွှန် အဆောက်အဦထဲကနေ ပြန်ထွက်လာကာ ဆေးပေါင်းတစ်ရာဥယျာဉ်ထံ ပြန်လာခဲ့သည်။ နောက်ရက် အနည်းငယ်၌လည်း ဟန်လိက သည်ကိစ္စကိုသာ တွေးမိနေ၏။ သူ ဒီစမ်းသပ်ကွင်းနှင့် ပတ်သတ်၍ အကျိုးအမြတ်များ၊ အန္တရာယ်များကို ယှဉ်စကာ အထပ်ထပ် စဉ်းစားကြည့်နေသည်။ ယွဲ့ဒေသ၌ ထိုတားမြစ်နေရာကလွဲ၍ ဒီရှားပင်ဆေးပင်သုံးမျိုးကို တခြားနေရာများတွင် ရှာတွေ့နိုင်မည် မဟုတ်တော့ပေ။ မဟုတ်ပါက ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ယင်းဆေးပင်များကိုရဖို့ ငါးနှစ်တခါ ဂိုဏ်း၌ သွေးစွန်းခံလိမ့်မည် မဟုတ်ပါ။ ဟန်လိအနေဖြင့် ထိုသို့ တမူထူးလှသော အန္တရာယ်များကို ရဲရဲဝံ့ဝံ့ မရင်ဆိုင်ချင်ပါက သူ့အနေဖြင့် ဒီဆေးပင်များကို ယွဲ့ဒေသ၏ အပြင်ဘက် ဒေသများ၌ သွားရှာဖို့သာ ရှိတော့သည်။ သို့ဆိုလျှင်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်သောသူသည် နှစ်တစ်ရာအတွင်း အရိုးစု ဖြစ်သွားလိမ့်မည်သာ။ အသေအချာ တွေးကြည့်ပြီးနောက် ယွဲ့ဒေသအပြင်ဘက်သို့ ဆေးပင်များကို ထွက်ရှာခြင်းသည် ပို၍ မျှော်လင့်ချက်မဲ့သည်ကို ဟန်လိ စဉ်းစားမိ၏။ သို့သော် အကယ်၍ သွေးနှင့်မီးခြုံလွှမ်းသော တားမြစ်စမ်းသပ်ကွင်း၌ အမှန်တကယ် သူ ပါဝင်ခဲ့လျှင်လည်း လေးယောက်တွင် သုံးယောက်သေနိုင်ခြေရှိသောနှုန်းက များလွန်းလှ၏။ သူ့အတွက် သေဆုံးသွားဖို့ များသည်။ ဟန်လိမှာ အလွန်စိတ်ရှုပ်နေမိပေပြီ။

Vol. 12 Ch. 160

ဟန်လိသည် ဝူဖန်၏ စိတ်ရင်းဖြင့် ပေးသော အကြံကို ကြားရသည့်အခါ သဘောတူလိုက်ရသည်။ ထို့နောက်တွင် သူက အခြေခံတည်ဆောက်ခြင်းဆေးလုံးနှင့် ပတ်သတ်သည့် ဆေးပင်အမယ်များအကြောင်း မေးမြန်းလိုက်သည်။

“ညီလေးဟန်က မဟူရာမှိုနဲ့ တခြား စိတ်ဝိညာဉ်ဆေးပင်တွေရဲ့ အရင်းမြစ်ကို သိချင်တာလား…” ဝူဖန်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။

“ဟုတ်ပါတယ်။ စီနီယာအစ်ကိုဝူက ဂိုဏ်းမှာ နေတာ ကြာပြီလေ။ ဒါ့ကြောင့် ဒီအကြောင်းကိုများ သိများ သိမလားလို့…”

ဟန်လိက မျှောင့်လင်းခြင်း ကြီးစွာဖြင့် ထပ်မေးသည်။

ထိုသည်ကို ကြားသည့်အခါ သူက ခဏ စဉ်းစား၏။ ထို့နောက် သူက ပြောပြလာသည်။ “နည်းနည်းတော့ ကျုပ် သိတယ်။ ဒါပေမဲ့ ကျုပ်အနေနဲ့ ညီလေးဟန်က ဒီအတွေးကို လုံးလုံး မစဉ်းစားဖို့တော့ အကြံပေးချင်တယ်။ အဲ့လိုရှားပါးဆေးပင် ပေါက်ရောက်တဲ့ နေရာတွေဟာ အန္တရာယ်များလွန်းတဲ့အပြင် သွားရောက်ဖို့လည်း မဖြစ်နိုင်သလောက်ပဲ။ ဂိုဏ်းရဲ့ အကြီးအကဲတွေ အကူအညီနဲ့တောင် အချိန်နေရာမှန်မှ ဝင်နိုင်စွမ်း ရှိမှာ…”

ဟန်လိက ဝူဖန်က စစချင်း ပြောသည့်စကားများကို ကြားသည့်အခါ ပျော်သွားမိ၏။ သို့သော် နောက်ထပ် ပြောလာသော စကားများက သူ့ကို သတိပေးစကားများ ဖြစ်နေသည်။

ဟိုး ကြာမြင့်ခဲ့ပြီ ဖြစ်သော အချိန်ကာလတစ်ခုတည်းက ကျင့်ကြံခြင်းလောကတွင် စိတ်ဝိညာဉ်ဆေးပင်များသည် ရှားပါးခဲ့ကြ၏။ ယင်းတို့သည် နေရာစုံတွင် မရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့ကြပြီးပင်။ ခုလက်ရှိ၌ ထိုသို့သော ရှားပါးဆေးပင်များကို တားမြစ်နေရာဟု သတ်မှတ်ထားသော တသီးတသန့်နေရာများ၌သာ တွေ့နိုင်တော့သည်။

ကျင့်ကြံသူများက ယင်းသို့သော တမူထူးသည့် နေရာများကို တားမြစ်နေရာများဟု ခေါ်ဝေါ်သည်ဖြစ်၍ ယင်းဒေသများသည် အလွန်အမင်း အန္တရာယ် ထူပြောမည်မှာ မြေကြီးလက်ခတ် မလွဲပေ။ တားမြစ်နေရာများထဲမှ အချို့ဒေသများတွင် နတ်ဆိုးများပါ ရှိနေနိုင်၏။ ယင်းဒေသများထဲ ဝင်ရောက်နိုင်ဖို့ များစွာ အားထုတ်ရ၏။ အကြောင်းမှာ အနှီဒေသများ၌ ရှေးဟောင်းအတားအဆီးမန္တာန်များစွာ ရှိနေခြင်းကြောင့်ပင်။

အဝါရောင်မေပယ်တောင်ကြားနှင့် တခြားကျင့်ကြံခြင်းဂိုဏ်းများက သူတို့၏ အခြေခံတည်ဆောက်ခြင်းဆေးလုံးများ ဖော်စပ်ဖို့ ဆေးပင်အမယ်များကို တားမြစ်နေရာတစ်ခုမှ ရကြခြင်းပင်။ ထိုနေရာကို ရှေးဟောင်းလေဓာတ် အတားအဆီးတခုဖြင့် ချိပ်ပိတ်ထား၏။

၎င်းအတားအဆီးမှာ တမူထူးကာ အားကောင်းလွန်းသည်။ အစတုန်းက ကျင့်ကြံခြင်းဂိုဏ်းများက မည်မျှပင် အင်အားအသုံးပြုပါစေ ၎င်းဒေသကို ဖွင့်လှစ်ဖို့ မျှော်လင့်ချက်ပင် မရှိခဲ့ပေ။ သို့သော် နောက်ပိုင်း၌ ထိုလေဓာတ်အတားအဆီးက ငါးနှစ်တွင် ငါးရက်ကြာ အားနည်းသွားတတ်ကြောင်းကို တစုံတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့၏။ ထိုသူ မည်သို့မည်ပုံ ရှာတွေ့ခဲ့သည်ကိုမူ မသိရပါ။ ထိုအချိန်ကာလ၌ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများက အတားအဆီးကို အင်အားသုံး၍ ဖွင့်လှစ်ကြ၏။ ထိုအခါ သူတို့သည် လူပမာဏအတော်အတန် ဝင်ရောက်နိုင်သော ဝင်ပေါက်တခုကို ယာယီ ဖွင့်နိုင်ခဲ့ကြသည်။

သို့သော် ထိုဝင်ပေါက် ပေါ်လာသည်နှင့် ကျင့်ကြံသူများ ဝင်ရောက်ဖို့ ကြိုးစားသည့်အခါ မထင်မှတ်ထားသော ကိစ္စတခု ဖြစ်လာခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်နှင့်အထက် ကျင့်ကြံသူများကို နောက်ထပ် အတားအဆီးတခုက ထိန်းချုပ်ထားခဲ့သဖြင့် ထိုအဆင့် ကျင့်ကြံသူများသည် ဒေသအတွင်း ဝင်ရောက်၍ မရခဲ့ပေ။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသာ အတားအဆီးမရှိဘဲ ဝင်နိုင်ခဲ့ကြ၏။ သူတို့သည် ယင်းတားမြစ်နေရာအတွင်းရှိ ရှားပါးဆေးပင်များစွာကို စုဆောင်း ယူဆောင်ကာ ပြန်ထွက်လာနိုင်ခဲ့သည်။

ထိုတွေ့ရှိမှုက ယွဲ့ဒေသ၏ ကျင့်ကြံခြင်းလောကကို အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။ သို့ဖြစ်၍ မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် အောက်ရှိ သူတို့၏ တပည့်များကို ယင်းဒေသအတွင်းသို့ စေလွှတ်ကာ စိတ်ဝိညာဉ်ဆေးပင် များစွာကို စုဆောင်း ယူစေခဲ့သည်။ အခြေခံတည်ဆောက်ခြင်း ဆေးလုံးဖော်စပ်ဖို့အတွက် အသုံးပြုသော ဆေးပင်အမယ်များကတော့ ဦးစားပေး အယူခံရဆုံး ဖြစ်ခဲ့သည်။

အစပိုင်း၌ ကျင့်ကြံခြင်းဂိုဏ်းများ၏ တပည့်များက မည်သည့်ပွတ်တိုက်မှုမျှ မရှိဘဲ အကျိုးအမြတ်များ ရိတ်သိမ်းနိုင်ခဲ့သည်။ အစပိုင်းတုန်းက တားမြစ်ဒေသတွင်းရှိ စိတ်ဝိညာဉ်ဆေးပင်များကို သွားရောက် ယူဆောင်ခဲ့သော တပည့်များမှာ သက်တောင့်သက်သာ ဖြစ်ခဲ့၏။ သို့သော် နောက်ပိုင်းတွင်မူ တားမြစ်နေရာအတွင်းရှိ ဆေးပင်များမှာ ကျဲပါးလာခဲ့သည်။ ထိုအခါ ဂိုဏ်းတခုချင်းစီမှ တပည့်များကြား၌ သည်ဆေးပင်များကို ရဖို့ အပြိုင်အဆိုင်များ လုပ်လာရသည်။ ထိုစဉ်က ဂိုဏ်းတခု၏ တပည့်တစ်ယောက်သည် အပြိုင်အဆိုင်ကြား၌ ရုန်းကန်ရင်း အသက်သေဆုံးခဲ့သည်။

ပထမဆုံး သေဆုံးမှု ရှိလာသည့်အခါ ဂိုဏ်းကြီးများက သူတို့၏ မျက်နှာဖုံးများကို ခွာချကာ ရှားပါးဆေးပင်များ ရရှိရေးအတွက် ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ကြတော့သည်။ အားကြီးသူက အားနည်းသူကို နိုင်စတမ်း ဟူသည့် ကျင့်ကြံခြင်းလောက မဟုတ်ပါလား။ ထိုအခါ တားမြစ်နေရာအတွင်း၌ ဂိုဏ်းကြီးများ၏ တပည့်များ၏ သွေးများဖြင့် စွန်းထင်းကုန်သည်။

ထိုသို့ဖြင့် စိတ်ဝိညာဉ်ဆေးပင်များ တဖြည်းဖြည်း ပို၍ နည်းပါးလာလေလေ တားမြစ်နေရာအတွင်းရှိ တိုက်ပွဲများက ပိုကြမ်းကြုတ်လာ၏။ သွေးလွှမ်းလာ၏။

လွန်ခဲ့သော နှစ်ပေါင်းရာချီလောက်က အပြင်းအထန်၊ရက်ရက်စက်စက် တိုက်ခိုက်မှုများကြောင့် တားမြစ်ဒေသအတွင်း ဝင်ရောက်သွားခဲ့သော တပည့်များ၏ သုံးပုံတစ်ပုံသာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့၏။ ဂိုဏ်းအသီးသီး၏ ထိပ်တန်း ဂျူနီယာ တပည့်များ ဆုံးရှုံးသွားခဲ့တာ မနည်းမနောပင်။ သို့ဖြစ်၍ ဂိုဏ်းအသီးသီး၏ တပည့်တိုင်းက တားမြစ်ဒေသကို သွေးနှင့်မီး ခြုံလွှမ်းသော တားမြစ်စမ်းသပ်ကွင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့သည် ၎င်းဒေသထဲသို့ ဝင်ရောက်ဖို့ကို တစ်ယောက်ပြီး တစ်ယောက် လက်ရှောင်လာ၏။ နောက်ပိုင်းတွင် မည်သူကမျှ ဒီဒေသအတွင်း ဝင်ရောက်ချင်စိတ် မရှိကြတော့ပေ။

ထိုအခါ ဂိုဏ်းကြီးများက တွန်းအားပေးကာ အတင်းအကြပ် လုပ်မည်မှာ မေးခွန်းထုတ်စရာပင် လိုမည် မဟုတ်ပေ။

တားမြစ်ဒေသအတွင်း ဝင်ကာ စိတ်ဝိညာဉ်ဆေးပင်များကို မရှာချင်သော တပည့်များ ရှိလာပါက သူတို့သည် သေလောက်အောင် ဂိုဏ်း၏ အလုပ်များကို ခိုင်းစေခံရမှာ သေချာသွား၏။ သို့ဖြစ်၍ တားမြစ်ဒေသအတွင်း ဝင်ရောက်ရသော အများစုသည် ပုန်းကွယ်၍ ဘေးကင်းလုံခြုံသည့်အထိ စောင့်နေပြီးမှ ပြန်ထွက်လာကြသည်။

ထိုလုပ်ရပ်က ဂိုဏ်းအသီးသီး၏ အကြီးအကဲများကို ဒေါသထွက်စေခဲ့ပေသည်။ သို့သော် သူတို့လည်း မည်သို့မျှ မတတ်နိုင်ပါ။ တကယ်တော့ ဒီတားမြစ်ဒေသအတွင်း ဝင်ခဲ့သူများမှာ သူတို့၏ ဆန္ဒအလျောက်မှ မဟုတ်လေတာ။ ဒီလို သေစေနိုင်သော ဒေသသို့ မသွားချင်သော တပည့်များကို အကြီးအကဲများအနေဖြင့် မည်သို့ အပြစ်တင်၍ ရမည်နည်း။

သို့ဖြစ်၍ ဂိုဏ်းအသီးသီးက ဒီပြဿနာကို ဖြေရှင်းဖို့ တားမြစ်ဒေသကို ဝင်ရောက်မည့် တပည့်များအား ဆုလဒ်များ ပေးမည်ဟု သိမ်းသွင်းကြရသည်။ တားမြစ်ဒေသအတွင်း ဝင်ရောက်ပြီး စိတ်ဝိညာဉ်ဆေးပင်များကို ယူဆောင်လာနိုင်သူများကို ပိုများပြားသော ဆုလဒ်များ ပေးခဲ့ကြ၏။ စိတ်ဝိညာဉ်ဆေးပင် ပမာဏ ပိုများလေလေ ဆုချီးမြှင့်မှု ပိုကြီးမားလေပင်။

အဝါရောင်မေပယ်တောင်ကြားမှာလည်း ထိုသို့ ပြုလုပ်ခဲ့ပေ၏။

တားမြစ်ဒေသို့ ဝင်ရောက်မည်ဟု စာရင်းပေးသော တပည့်များကို မဝင်ရောက်ခင်တည်းက အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတတုံး၊ စိတ်ဝိညာဉ်မှော်ပစ္စည်းတခုတို့ကို ကြို၍ ပေးထား၏။ ဝင်ရောက်မည့် တပည့်များ ပို၍ တက်ကြွအောင် အတွက် ထိုသို့ ပေးခြင်းသာ။ အခြေခံတည်ဆောက်ခြင်းဆေးလုံးကဲ့သို့ အလားတူ တန်ဖိုးရှိသော ဆုလဒ်များပင် ပါသေး၏။

ဤသို့သော ဆုလဒ်ချီးမြှင့်မှုက အဆင့်နိမ့်တပည့်များကို ရူးသွပ်သွားစေဖို့ရာ လုံလောက်ပေ၏။

ယင်းအတွက်ကြောင့် ထိုစဉ်အခါက ကျင့်ကြံခြင်းဂိုဏ်းအသီးသီးသည် တားမြစ်ဒေသသို့ ဝင်ရောက်မည်ဟု စာရင်းပေးသော တပည့်များစွာကို ကြုံခဲ့ရ၏။ သို့သော် ထိုသို့ ဝင်ရောက်မည့် အရေအတွက် မြင့်မားလာခြင်းက နှစ်ကြိမ်၊သုံးကြိမ်သာ ရှိခဲ့သည်။ ထို့နောက်တွင် ယင်းအရေအတွက်သည် လုံးလုံးလျာလျာ ပြန်လျော့ကျသွားခဲ့ပြန်သည်။

တကယ့် လက်တွေ့ အမှန်တရားကို သဘောပေါက်သွားသော တပည့်များသည် များပြားလှသော ဆုလဒ်များမှာ တန်ရာတန်ကြေး ပေးမှသာ ရနိုင်မည်ဟု သဘောပေါက်လာခဲ့ကြ၏။ ထိုတန်ကြေးမှာ သူတို့၏ အသက်ပင် မဟုတ်လား။

ဆုလဒ်များစွာကြောင့် အစပိုင်း စိတ်လှုပ်တရှား ဖြစ်ကာ တားမြစ်ဒေသသို့ ဝင်ရောက်ခဲ့ကြသော သူများ၏ အသက်ရှင်နိုင်ချေမှာ နှစ်ဆယ့်ငါး ရာခိုင်နှုန်းသာ ဖြစ်လာခဲ့သည်။ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူများ ယူလာနိုင်သော စိတ်ဝိညာဉ်ဆေးပင် အရေအတွက်မှာလည်း ပို၍ နည်းပါးလာခဲ့၏။ ရှင်လျက် ပြန်ထွက်လာနိုင်သူ အများစုမှာ ဒဏ်ရာအပြင်းအထန် ရခဲ့ပေသည်။ သို့ဖြစ်၍ သူတို့သည် ဆုလဒ်များစွာကို မရယူနိုင်တော့ပေ။ အခြေခံတည်ဆောက်ခြင်းဆေးလုံးကိုမူ ထည့်ပြောနေဖို့ပင် မလိုတော့ပါ။

ဤသည်တို့မှာ ဝူဖန်က ဟန်လိကို ပြောပြခဲ့သော စိတ်ဝိညာဉ်ဆေးပင်များ၏ အရင်းအမြစ်နှင့် ပတ်သတ်သည့် အကြောင်းအရာများပင်။

သည်အကြောင်းများကို ကြားသိရပြီးနောက် ဟန်လိမှာ စိတ်ဓာတ်ကျသွားတော့၏။

သူသည် ဆေးပင်အမယ် အချို့ကို ရဖို့အတွက် တားမြစ်နေရာအချို့သို့ သွားဖို့ လိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ထို့အပြင် တခြားဂိုဏ်းများ၏ တပည့်များနှင့်လည်း အသေအကြေတိုက်ပွဲများ ဆင်နွှဲရသေး၏။ သည့်အပြင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ချေမှာလည်း နည်းပါးလှသည်။ ဝင်သွားသော တပည့်များ၏ လေးပုံတပုံသာ “မီးနှင့်သွေး ခြုံလွှမ်းထားသော တားမြစ်စမ်းသပ်ကွင်း” ဟု ခေါ်ကြသော ဒေသကနေ ပြန်ထွက်လာနိုင်စွမ်း ရှိကြ၏။

ထိုစွန့်စားမှုက ကြီးမားလှ၏။ ဟန်လိသည် ကျွမ်းကျင်သူတစ်ယောက်လည်း မဟုတ်ပေ။ အဝါရောင်မေပယ်တောင်ကြားရှိ အဆင့်နိမ့်တပည့်များကြား၌ သူ၏ခွန်အားက အလယ်အလတ်မျှသာ။

နက်နဲသော မှော်စွမ်းအားနှင့် အစွမ်းထက်မှော်ပညာရပ်များကို မပိုင်ဆိုင်ထားသည်ဖြစ်င ဟန်လိအနေဖြင့် သူ၏ အမျိုးမျိုးသော မှော်ပစ္စည်းများနှင့် သူ့ဖြတ်ထိုးဉာဏ်တို့ပေါ်၌သာ မှီခိုရလိမ့်မည်။ ထိုသို့ မှီခိုရုံဖြင့် ဟန်လိသည် သူ့ကိုယ်သူ လေးယောက်တွင် တစ်ယောက် ရှင်သော သူထဲ၌ ပါဝင်လိမ့်မည်ဟု အဘယ်သို့ ယုံကြည်မှု ရှိနိုင်ပါ့မည်နည်း။

သို့အတွက် ဟန်လိမှာ ဒေါသထွက်လာမိသည်။ သူက ဝူဖန်ကို မမေးမိဘဲ မနေနိုင် ဖြစ်ကာ မေးလိုက်၏။ “အင်မောတယ်ဂိုဏ်းကြီးတွေက သူတို့ရဲ့ တပည့်တွေကို စည်းကမ်း တင်းကြပ်ပြီး ရလာတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကို ဘာလို့များ အညီအမျှ မခွဲခိုင်းရတာလဲ။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် တိုက်စရာခိုက်စရာလည်း လိုမှာ မဟုတ်တော့သလို အမုန်းတရားနဲ့ ရန်ငြှိုးတွေလည်း ရှိလာနိုင်တော့မှာ မဟုတ်ဘူးလေ…”

ဝူဖန်က ဟန်လိ၏ အမေးကို ကြားသည့်အခါ သူက ချက်ခြင်းပင် ခါးသက်သက် ရယ်မောကာ ပြန်ဖြေသည်။ “ဂျူနီယာညီလေးက နားမလည်တာပါ။ ဒီဆေးပင်တွေကို အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေကို သန့်စင်ဖို့ အသုံးပြုတယ်ဆိုပေမယ့်လည်း ဆေးလုံးအရေအတွက် ဖြန့်ဝေပေးမှုဟာ ရရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေ အပေါ် လုံးလုံး မူတည်တယ်။ ဒီလို အခြေအနေအောက်မှာ သူတို့က စိတ်ဝိညာဉ်ဆေးပင်တွေအတွက် မတိုက်ခိုက်ဘဲ ဘယ်နေကြတော့မလဲ…”

ဟန်လိက ထိုစကားကို ကြားသည့်နောက် အချိန်အတန်ကြာ ငြိမ်သက်တိတ်ဆိတ်နေသည်။

နောက်ဆုံးတွင် ပူပန်မှုအပြင်ဖြင့် ဟန်လိက သွေးနှင့်မီး ခြုံလွှမ်းသော တားမြစ်စမ်းသပ်ကွင်းမှာ လာမည့် နှစ်ဝက်အတွင်း ရှိလာမည့် အကြောင်းကို မေးမြန်းကြည့်သည်။ စီနီယာအစ်ကိုဝူက ဟန်လိကို အခါခါ သတိပေး၏။ ထို့နောက်တွင် ဟန်လိသည် ဒီကျင့်ကြံခြင်းလမ်းညွှန် အဆောက်အဦထဲကနေ ပြန်ထွက်လာကာ ဆေးပေါင်းတစ်ရာဥယျာဉ်ထံ ပြန်လာခဲ့သည်။

နောက်ရက် အနည်းငယ်၌လည်း ဟန်လိက သည်ကိစ္စကိုသာ တွေးမိနေ၏။ သူ ဒီစမ်းသပ်ကွင်းနှင့် ပတ်သတ်၍ အကျိုးအမြတ်များ၊ အန္တရာယ်များကို ယှဉ်စကာ အထပ်ထပ် စဉ်းစားကြည့်နေသည်။

ယွဲ့ဒေသ၌ ထိုတားမြစ်နေရာကလွဲ၍ ဒီရှားပင်ဆေးပင်သုံးမျိုးကို တခြားနေရာများတွင် ရှာတွေ့နိုင်မည် မဟုတ်တော့ပေ။ မဟုတ်ပါက ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ယင်းဆေးပင်များကိုရဖို့ ငါးနှစ်တခါ ဂိုဏ်း၌ သွေးစွန်းခံလိမ့်မည် မဟုတ်ပါ။

ဟန်လိအနေဖြင့် ထိုသို့ တမူထူးလှသော အန္တရာယ်များကို ရဲရဲဝံ့ဝံ့ မရင်ဆိုင်ချင်ပါက သူ့အနေဖြင့် ဒီဆေးပင်များကို ယွဲ့ဒေသ၏ အပြင်ဘက် ဒေသများ၌ သွားရှာဖို့သာ ရှိတော့သည်။ သို့ဆိုလျှင်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်သောသူသည် နှစ်တစ်ရာအတွင်း အရိုးစု ဖြစ်သွားလိမ့်မည်သာ။ အသေအချာ တွေးကြည့်ပြီးနောက် ယွဲ့ဒေသအပြင်ဘက်သို့ ဆေးပင်များကို ထွက်ရှာခြင်းသည် ပို၍ မျှော်လင့်ချက်မဲ့သည်ကို ဟန်လိ စဉ်းစားမိ၏။

သို့သော် အကယ်၍ သွေးနှင့်မီးခြုံလွှမ်းသော တားမြစ်စမ်းသပ်ကွင်း၌ အမှန်တကယ် သူ ပါဝင်ခဲ့လျှင်လည်း လေးယောက်တွင် သုံးယောက်သေနိုင်ခြေရှိသောနှုန်းက များလွန်းလှ၏။ သူ့အတွက် သေဆုံးသွားဖို့ များသည်။ ဟန်လိမှာ အလွန်စိတ်ရှုပ်နေမိပေပြီ။

All Chapters