ညပိုင်းမှာ အမှတ်မထင်ကြုံရဆုံရ
Vol. 12 Ch. 165
ဆိုင်ရှင်ထျန်၏ ရှင်းပြချက်ကို ကြားရပြီးနောက် ဟန်လိသည် ရတနာအဆောင်များနှင့် ပတ်သတ်၍ ပိုမိုကောင်းမွန်စွာ နားလည်သွားသည်။ သူက သေတ္တာအတွင်းရှိ ရတနာအဆောင်ကို ထပ်မံ၍ မကြည့်မိဘဲ မနေနိုင် ဖြစ်မိ၏။
“ဒီဆိုင်က မိသားစုငယ်တခုရှိကနေ ဒီအုတ်ခဲပုံရတနာအဆောင်ကို ရဖို့အတွက် တန်ကြေးကြီးကြီး ပေးပြီး ဝယ်ခဲ့ရပါတယ်။ ဒါက ရတနာအဆောင်အသစ်၊ တခါမှ အသုံးမပြုရသေးဘူး။ ဒါ့ကြောင့် အစ်ကိုလီရဲ့ နှစ်တစ်ထောင် ဆေးပင်နဲ့ လဲလှယ်ဖို့ဆို လိုအပ်တာထက်တောင် ပိုနေပါသေးတယ်…”
ဆိုင်ရှင်ထျန်က သူ အနစ်နာခံကာ ရောင်းဝယ်ရသည့်လေသံမျိုးဖြင့် စကားဆိုသည်။
ဟန်လိက စိတ်ထဲကနေ နှာခေါင်းရှုံ့၏။ သူက တဖက်သူ ပြောသလောက် မယုံကြည်ပေ။ သူတို့က တစ်ယောက်လိုအပ်ချက်ကို တစ်ယောက် ဖြည့်ဆည်းကြတာ မဟုတ်လား။ ဆိုင်ရှင်ထျန်၏ အမြင်၌ ဟန်လိ၏ နှစ်တစ်ထောင်ဆေးပင်က သူ၏ ရတနာအဆောင်ထက် တန်ကြေး ပိုနေမည်မှာ သေချာသည်။
“ဒီတော့ အစ်ကိုလီအနေနဲ့ ဘယ်လိုထင်လဲ။ ဘယ်ပစ္စည်းနဲ့များ အရောင်းအဝယ် လုပ်ချင်ပါသလဲ…” ဆိုင်ရှင်ထျန်က ပြုံး၍ မေးလိုက်၏။
ထိုသည်ကို ကြားသည့်အခါ ဟန်လိက ခဏ တွေဝေနေသေးသည်။ သူက စိတ်မပိုင်းဖြတ်ရသေး ဖြစ်နေ၏။ အစတုန်းက သူသည် နောက်ထပ် ဆိုင်အနည်းငယ်ထံ သွား၍ ကြည့်အုံးမည်ဟု တွေးထားခဲ့၏။ သည့်ထက် ပိုကောင်းသော ပစ္စည်းအမယ်များ ရှိလေအုံးမလားပေါ့။ သို့သော် သူ့ရှေ့မှ ပစ္စည်းအမယ်များသည် အတော်လေး ကောင်းမွန်ကာ သူ့ကို ကျေနပ်စေ၏။ သူက မည်သည့်ပစ္စည်းကိုမျှ လက်မလွှတ်ချင်တော့ပေ။ အထူးသဖြင့် ရွှေရောင်အုတ်ခဲရတနာအဆောင်ကိုပင်။ ၎င်းမှာ အနာဂတ်၌ သူ့အတွက် အကူအညီ ဖြစ်လာနိုင်၏။ ထို့ကြောင့် ဟန်လိသည် အနှီရတနာအဆောင်ကို လက်ဝယ် ပိုင်ဆိုင်ချင်သည်။
“ကျုပ်က ဒီပစ္စည်းအားလုံးကို သဘောကျတယ်။ ဒါ့ကြောင့် အားလုံးယူဖို့ စီစဉ်ထားတယ်…”
ခဏ စဉ်းစားပြီးနောက် ဟန်လိက ဆုံးဖြတ်ချက် ချ၏။
သူက ဒီရတနာတစ်သောင်းဆိုင်၌ ပစ္စည်းအားလုံးကို ဝယ်သွားခြင်းမှာ သိပ်ဆိုးသောအရာ မဟုတ်ဟု ခံစားမိ၏။ အနည်းဆုံးတော့ တခြားဆိုင်များကို ထပ်မသွားရ၍ လူအများ၏ အာရုံစိုက်မှုကို လျော့ချနိုင်လိမ့်မည်။
“အကုန်လုံးလား။ အစ်ကိုလီက နောက်နေတာပဲ ဖြစ်ရမယ်…” ဆိုင်ရှင်ထျန်မှာ ဟန်လိ၏ စကားကို ကြားသည့်အခါ သူ့မျက်နှာ နက်မှောင်သွား၏။ သူက ဟန်လိမှာ လောဘကြီးလွန်းသည်ဟု ထင်လိုက်၏။ စိတ်ဝိညာဉ်ဆေးပင် တခုတည်းနှင့် ရတနာအားလုံးကို လဲလှယ်ဖို့ ကြိုးစားနေခြင်းလား။ ဤသည်မှာ ယုတ္တိမရှိပေ။
ထိုသည်ကို မြင်သည့်အခါ ဟန်လိက ပြုံး၏။ သူက ရှင်းပြမနေ။ ထိုအစား သူ့သိုလှောင်အိတ်ထဲမှ အလားတူ သေတ္တာတခုကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။
“ကျုပ်က ခင်ဗျားရဲ့ သေတ္တာထဲမှာ ရှိတဲ့ ရတနာအားလုံးအတွက် သက်တမ်းတစ်ထောင် ရှိတဲ့ စိတ်ဝိညာဉ်ဆေးပင် နှစ်ပင်နဲ့ လဲလှယ်မယ်…”
ဟန်လိက ဖြည်းဖြည်းမှန်မှန် လေသံဖြင့် ဆို၏။
ဆိုင်ရှင်ထျန်မှာ အံ့အားတသင့်ဖြစ်သွား၏။ အပျော်လွန်သွား၏။ သူက ဟန်လိ၏ တောင်းဆိုမှုကိုပင် မတုန့်ပြန်အား၊ စိတ်ဝိညာဉ်ဆေးပင်အသစ်ကို အလောတကြီး စစ်ဆေးကြည့်သည်။ သူက ထိုစိတ်ဝိညာဉ်ဆေးပင်အသစ်မှာ ပထမဆုံးတခုနှင့် ချွတ်ဆွတ်တူသည်ကို မြင်သည့်အခါ ဟန်လိကို ထူးခြားသော အကြည့်ဖြင့် ထပ်ကြည့်သည်။ တကယ်တော့ သက်တမ်းတစ်ထောင် ရှိသော စိတ်ဝိညာဉ်ဆေးပင် နှစ်ပင်ကို ထုတ်ပေးနိုင်သောသူသည် သူ၏ ရတနာတစ်သောင်းခန်းမ၏ အာရုံစိုက်မှုကိုရဖို့ ထိုက်တန်သည် မဟုတ်လား။
ထို့အပြင် ဟန်လိက ခေါင်းအစခြေအဆုံး ဖုံးနေသော ဝတ်ရုံရှည်ကို ဝတ်ထားသေး၏။ သို့ဖြစ်၍ ဆိုင်ရှင်ထျန်က ဟန်လိ၏ ပုံပန်းသွင်ပြင်ကို ကောင်းကောင်း မြင်နိုင်စွမ်း မရှိချေ။ သို့အတွက်ကြောင့် တဖက်သူက သူ့အတွက် ပို၍ ဆန်းကြယ်သလို ခံစားမိရ၏။ တအောင့်ကြာ စဉ်းစားပြီးနောက် သူက ပြတ်သားစွာဖြင့် ပြောလိုက်သည်။ ကောင်းပါပြီ။ “အစ်ကိုလီက ဒီလို ဆိုမှတော့ ကျုပ်လည်း ခင်ဗျား သဘောအတိုင်းပါပဲ။ ဒါပေမဲ့ ကျုပ် ထျန်မျိုးရိုးက တောင်းဆိုစရာလေး တစ်ခုတော့ ရှိတယ်။ အဲ့တာက အနာဂတ်မှာ အစ်ကိုလီအနေနဲ့ ဒီလို စိတ်ဝိညာဉ်ဆေးပင်မျိုး ထပ်ရလာခဲ့ရင် ကျုပ်တို့ ဆိုင်ကိုပဲ ဦးစားပေးဖို့ မျှော်လင့်မိတာပါ။ ကျုပ်က အစ်ကိုလီ စိတ်ကျေနပ်စေမယ့် ဈေးကို ကျိန်းသေပေါက် ပေးမှာပါ…”
ဟန်လိက ချောင်းအနည်းငယ် ဟန့်ကာ ခေါင်းညိတ်ပြ၏။ သို့သော် စိတ်ထဲ၌မူ သူက ကြိတ်၍ သက်ပြင်းချမိ၏။ တဖက်သူက သံသယဝင် သိချင်စိတ် ဖြစ်နေပြီကို သူ ကောင်းကောင်း သိ၏။ အနာဂတ်၌ သူ့အနေဖြင့် ခုလိုမျိုး စိတ်ဝိညာဉ်ဆေးပင်များကို အရောင်းအဝယ် ပြုရာ၌ အကန့်အသတ် ထားရှိရမည့်ပုံပင်။ မဟုတ်ပါက သူသည် ဘေးဒုက္ခများကို စွဲဆောင်မိသွားနိုင်၏။
ဆိုင်ရှင်ထျန်ကမူ ဟန်လိ၏ တကယ့်အတွေးများကို မသိပေ။ သို့သော် ဟန်လိက ခေါင်းညိတ်ပြသည်ကို မြင်သည့်အခါ သူက ပျော်မြူးသွား၏။ သူ့ရှေ့မှ လီမျိုးရိုးနှင့်တစ်ယောက်က သူ့ကို နောက်ထပ် နှစ်တစ်ထောင်သက်တမ်းရှိ စိတ်ဝိညာဉ်ဆေးပင်များ အမှန်တကယ် ထပ်ပေးနိုင်ပါက ယနေ့ အရောင်းအဝယ်၌ တန်ကြေးကို အနည်းငယ် လျှော့ပေးရသည်ဆိုလျှင်ပင် ဤသည်က လုံးဝ ထိုက်တန်၏။
ဤသို့ဖြင့် ဟန်လိနှင့် ဆိုင်ရှင်ထျန်တို့က အရောင်းအဝယ် ပြီးမြောက်၏။ သူတို့နှစ်ယောက်လုံးမှာလည်း ကျေနပ်ကြသည်။
ကိစ္စများ ပြီးသည့်နောက် ဟန်လိက ရတနာတစ်သောင်းဆိုင်ကနေ ပြန်ထွက်လာခဲ့၏။ သူက ဈေးမြို့၌ ခဏပင် ဆက်မနေဝံ့တော့ပေ။ သူက ဈေးမြို့၏ ပျံသန်းခြင်းကို ကန့်သတ်ထားသော နေရာကို ကျော်သည့်အထိ မြန်မြန်သွက်သွက် လျှောက်လာ၏။ သူက ထိုနေရာကို ကျော်သည်နှင့် ချက်ခြင်း ပျံသန်းတော့သည်။
သူက ရတနာတစ်သောင်းဆိုင်သည် ကျွမ်းကျင်သူအချို့ကို လွှတ်ကာ သူ့နောက်သို့ နောက်ယောင်ခံလိုက်ခိုင်းမည်ကို လန့်နေသောကြောင့် သူက အဝါရောင်မေပယ်တောင်ကြားထံ တိုက်ရိုက် မပျံသန်းပေ။ ထိုအစား သူက ထိုက်ယွဲ့တောင်တန်းကနေ တန်းတန်းမတ်မတ် ပျံသန်း၏။ လေးညလုံးလုံး ခရီးနှင်လာခဲ့ပြီးနောက်မှ သူ စိတ်နည်းနည်း အေးသွားကာ နောက်ကြောင်း ပြန်လှည့်ပြီး အဝါရောင်မေပယ်တောင်ကြားထံ ပြန်လာခဲ့သည်။
နောက်သုံးရက်နေ့ ညနေပိုင်း၌ ဟန်လိက ထိုက်ယွဲ့တောင်ကြား၏ အပြင်ဘက် အဝန်းအဝိုင်းထဲ ဝင်လာခဲ့သည်။ ညမှောင်တော့မည် ဖြစ်၍ ဟန်လိက ဘေးကင်းလုံခြုံမှုအတွက် သည်တညတော့ လှိုဏ်ဂူတခုခုတွင် ပုန်းကွယ်နေထိုင်ကာ အချိန် ကုန်ဆုံးစေမည်။ နောက်နေ့မနက်မှ အဝါရောင်မေပယ်တောင်ကြားသို့ ပြန်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုလှိုဏ်ဂူမှာ တောင်ကြားနှင့် လမ်းတဝက်လောက်တွင် တည်ရှိ၏။ လှိုဏ်ဂူ၏အဝတွင် ကျောက်စကျောနအပုံများဖြင့် ရှုပ်ပွ ပိတ်ဆို့ထား၏။ အပြင်ဘက်နေ ကြည့်ပါက သည်ဂူကို တွေ့ဖို့ ခက်လိမ့်မည်။ ဟန်လိက သည်နေရာ၌ တညတော့ ကောင်းကောင်း နေနိုင်လိမ့်မည်။
အစာပြေ စားသောက်ပြီးနောက် ဟန်လိက သူ့အဝတ်အစားကို ပြန်လဲဝတ်၏။ ထို့နောက်တွင် ဂူနံရံကို မှီကာ တရားစထိုင်သည်။ အချိန် မည်သို့ ကုန်သွားသည် မသိရ၊ ညသန်းခေါင်ယံကျော်ထိ ရှိလာခဲ့သည်။ ဟန်လိမှာ အိပ်ပျော်မလိုလို ဖြစ်လာ၏။ ထိုစဉ် အဝတ်အစားလေတိုးသံများကို သူ ရုတ်တရက် ကြားလိုက်ရသည်။ ဘုန်း…။ တစုံတစ်ယောက်က လှိုဏ်ဂူ၏အပြင်ဘက်၌ ခြေသံပြင်းပြင်း နင်းလိုက်ပုံ ရ၏။ ဟန်လိမှာ မင်သက်သွားပြီး နိုးလာ၏။
“ငါ့နောက်ကိုများ ရတနာတစ်သောင်းဆိုင်က လူတွေ လိုက်လာတာများလား…”
ဟန်လိက အဆိုးဆုံးအခြေအနေကို မစဉ်းမိဘဲ မနေနိုင် ဖြစ်မိ၏။
“ဂျူနီယာညီမလေး…ဒီနေရာမှာ လူသူကင်းတယ်။ ဒါက နေရာကောင်းပဲဟ။ ငါတော့ ဒီနေရာကို သဘောကျသွားပြီး…”
လှိုဏ်ဂူအပြင်ဘက်မှ သူ သိသော ယောက်ျားသံတစ်သံ ထွက်ပေါ်လာ၏။
ဟန်လိမှာ နည်းနည်းတော့ အံ့အားသင့် တုန်လှုပ်မိသွား၏။ သို့သော် တအောင့်အကြာ၌ သူက စိတ်အေးသွားမိ၏။ ရတနာတစ်သောင်းဆိုင်မှ လူများက သူ့နောက် လိုက်လာသည် မဟုတ်၊ တဖက်သူက ဖြတ်သွားဖြတ်လာသဘောဖြင့် လမ်းကြုံပြီး ဒီကို ရောက်လာတာသာ ဖြစ်၏။ သူ့အတွက် စိတ်ပူနေဖို့ ဘာမျှ မရှိတော့ပေ။
“ဂျူနီယာညီမလေး။ ငါ့ကို ခုလိုပုံစံနဲ့ ကြည့်နေစရာ မလိုပါဘူး။ ယောက်ျားနဲ့ မိန်းမကြားက လိင်ဆက်ဆံတဲ့ ခံစားချက်ကို နင် ကောင်းကောင်းကြီး မခံစားခဲ့ဖူးသေးမှတော့ ဒီစီနီယာအစ်ကိုက နင့်ကို အချစ်တွေ ပေးပါ့မယ်။ ဒါမှသာ ညီမလေးက မိန်းမတစ်ယောက်ရဲ့ ဘဝအရသာကို အချည်းနှီး မဖြစ်စေမှာ မဟုတ်လား…”
အမျိုးသားဖြစ်သူ၏ အသံမှာ နှေးလည်းမနှေး၊ မြန်လည်းမမြန်။ အလွန်ပင် ညင်သာနေသေး၏။ သို့သော် သူ ပြောသည့် စကားလုံးများကမူ ညစ်ပတ်လှ၏။ အကြင်နာမဲ့လှ၏။
ဟန်လိသည် လေအေးတချက် ရှိုက်သွင်းမိသွားသည်။ အပြင်ဘက်မှလူက မည်သူနည်း။ သူက အမျိုးသမီးတစ်ယောက်ကို မသတ်ခင် အရင်ဆုံး ကာမရယူမည့် အကြောင်းကို သည်လို လေသံမျိုးဖြင့်ပင် ဘယ်လိုကြောင့် ပြောနိုင်ရသနည်း။ အပြင်ဘက်၌ အမျိုးသားအသံကိုသာ ကြားရ၏။ အမျိုးသမီးဖြစ်သူ၏အသံကိုမူ လုံးလုံး မကြားရပေ။ သူမသည် ခုချိန်၌ စကားမဟနိုင်အောင် ပြုလုပ်ခံထားရတာ ဖြစ်ပေလိမ့်မည်။
သို့သော် သည်အမျိုးသား၏အသံမှာ ကောင်းကောင်းရင်းနှီးနေ၏။ ထိုသူမှာ ဟန်လိ အရင်က မြင်ခဲ့ဖူးသော သူ ဖြစ်နိုင်လောက်၏။ ထိုသို့တွေးမိကာ ဟန်လိ၏ သိချင်စိတ်က တိုးလာသည်။ သူက ဂူပေါက်ဝသို့ ခြေသံဖော့ကာ လှမ်းသွားမိတော့၏။
ဗြိ…။ အမျိုးသမီး၏ ဝတ်ရုံ ဆုတ်ပြဲသံကို ကြားရသည်။ ယင်းအသံနှင့် အမျိုးသားဖြစ်သူ၏ မတော်မရော် ရယ်သံကိုပါ ကြားရ၏။
“ကဲ…အရင်ဆုံး ချစ်ရမ္မက်ဆေးလုံးကို သောက်လိုက်ပါအုံး။ မဟုတ်ရင် ဒါက ကျေနပ်အားရ လိမ့်မှာ မဟုတ်ဘူး…”
“အဟွတ်…ဂျူနီယာညီမလေး…နင် ဘာလို့ ငါ့ကို ခုလိုအကြည့်မျိုးနဲ့ ကြည့်နေရတာလဲ။ တကယ်တော့ နင်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီးရင် ငါနဲ့အတူ စုံတွဲကျင့်ကြံချင်တာ မဟုတ်ဘူးလား…။ အခု ငါက နင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်လို့ပဲ သဘောထားပေါ့။ ဟားဟား…”
ထိုသူက ညစ်ကျယ်ကျယ်ပြောကာ အားပါးတရ ရယ်မောသည်။
ထိုအခိုက်တွင် ဟန်လိမှာ လှိုဏ်ဂူဝင်ပေါက်သို့ သတိထားကာ လှမ်းကပ်လာ၏။ သူက အပြင်ဘက်သို့ ခေါင်းပြူ၍ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်သည်။
အဖြူရောင်ဝတ်စုံဖြင့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးငယ်တစ်ယောက်။ ထိုအမျိုးသားက မြေပေါ်တွင် လဲနေသော အမျိုးသမီးဘေးတွင် ထိုင်ကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်အား ပွတ်သပ်၍ အဝတ်များကို ဆွဲချွတ်နေလေသည်။
ထိုအမျိုးသမီး၏ ဆံပင်တို့မှာ ရှုပ်ပွနေ၏။ သို့ဖြစ်၍ ဟန်လိက သူမ၏ မျက်နှာကို ရှင်းရှင်း မမြင်ရပေ။ သို့သော် သူမ၏ ခန္ဓာကိုယ်မှာ ဖြူသွယ်ကာ ကောက်ကြောင်းလှလှ ရှိ၏။ အဝတ်အစားမှာလည်း မပေါ်တပေါ် ဖြစ်လို့နေပြီ။ သူမ၏ ဖြူဖွေးနုအက်သော အသားအရေမှာ အထင်းသား၊ အထူးသဖြင့် တဝက်ပေါ်၊ တဝက်ဖုံး ပြူတစ်တစ် ဖြစ်နေသော ရင်သားပင်။ သူမ၏ ရင်သားတို့မှာ လူများကို သွေးတိုးသွားစေနိုင် လောက်၏။ ယောက်ျားသားတစ်ယောက်၏ လိုအင်ဆန္ဒကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်စေနိုင်စွမ်း ရှိ၏။
“သူကို…”
ဟန်လိသည် ထိုအမျိုးသားဖြစ်သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရသည့်နောက် အံ့အားသင့်သွားသည်။ သို့သော် ရုတ်ချည်းလည်း သူ သဘောပေါက်သွား၏။
ထိုအမျိုးသားဖြစ်သူမှာ မုရုံညီအစ်ကိုနှင့် တိုက်ခိုက်ခဲ့သော စိတ်ဓာတ်မကောင်းသည့် အစ်ကိုလု ဆိုသူပင်။ ထိုသူက မျက်နှာနှစ်ဖက်ဖြင့် လူစားမျိုးတည်း။ ဟန်လိသည် သနားစရာ ကောင်းလှသော ဒီဂိုဏ်းဖော်အမျိုးသမီးငယ်က မည်သူ ဖြစ်မည်နည်းဟု စဉ်းစားကြည့်၏။ သူမက ဒီအကျင့်မကောင်းသော ကောင်၏ ကျားလက်သည်းကြား ကျနေသော အဖြူရောင် သိုးငယ်လေးဘဝသို့ ရောက်နေရပြီ။
ဟန်လိက ထိုအစ်ကိုလုသည် သူ့ကို သတိပြုမည့်၊ မပြုမိကိုမူ မသိနေပေ။ ထိုသူက သူ့ရှေ့ရှိ အမျိုးသမီး၏ မျက်နှာထက် ဝဲကျနေသော ဆံနွယ်စများကို လက်ဖြင့် ဖွနေ၏။ ထိုအခါ သည်အမျိုးသမီး၏ မျက်နှာလှလှမှာ အထင်းသား ပေါ်လာသည်။
“ဘယ်လိုလုပ် သူမ ဖြစ်နေတာလဲ…” ဟန်လိမှာ ထိုအမျိုးသမီးငယ်၏ မျက်နှာကို မြင်သည့်အခါ သူ့လျှာကိုပင် သူ ကိုက်မိလုနီးနီး ဖြစ်သွားမိသည်။
သူမက ဂျူနီယာညီမချန် မဟုတ်ဘူးလား။ အစ်ကိုလုနဲ့ မေတ္တာမျှနေသူ မဟုတ်လား။ ဒါဆိုရင် ဒီအစ်ကိုလုက စိတ်လွတ်ပြီး ခုလိုမျိုး သူ့လက်တွဲဖော်ကို သတ်ဖို့၊ ကာမရယူဖို့ အတင်းအကြပ် လုပ်ဆောင်နေရတာလဲ။
သို့ပေမည့် ဟန်လိက ဂျူနီယာညီမချန်၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးတို့ကို လှမ်းမြင်၏။ ကြည့်ရသည်မှာ ဒီအခြေအနေသည် စုံတွဲများကြား ဖြစ်လေ့ဖြစ်ထ ရှိသော နှဦးသဘောတူ ချစ်ကြည်နူးသည်ပုံ မဟုတ်တော့ပေ။
ဟန်လိက မျက်တောင်ပုတ်ခတ် ပုတ်ခတ် ဖြစ်သွား၏။ သူသည် နည်းနည်းတော့ စိတ်ရှုပ်မိနေသည်။
“တွေ့ပြီ…”
ရုတ်တရက် အစ်ကိုလု ဆိုသူမှာ အမျိုးသမီးကို ပွတ်သပ်နေခြင်းကို ရပ်ကာ အားပါးတရ ထအော်၏။ သူ့လက်တဖက်၌ နူးညံ့ဟန်ရှိသည့် သေးငယ်သော သိုလှောင်အိတ်တခု ပေါ်လာသည်။
ထိုအခါ အစ်ကိုလု ဆိုသူသည် ဂျူနီယာညီမချန်ကို အာရုံစိုက်နေတာ ရပ်သွား၏။ ထိုအစား သူက သိုလှောင်အိတ်ကို သွန်ချ၏။ ထိုအခါ မှော်ပစ္စည်းများ၊ အဆောင်များ၊ အမျိုးသမီးများ၏ သီးသန့်အသုံးအဆောင်များ ထွက်ကျလာသည်။
အစ်ကိုလု ဆိုသူသည် ထိုပစ္စည်းအမယ်များကြား မွှေနှောက်ကြည့်နေ၏။ သူက တခုခုကို ရှာနေသည့်ပုံ ပေါ်သည်။