← Chapters

အရိုင်းကောင်

Vol. 12 Ch. 166

အရိုင်းကောင်

Vol. 12 Ch. 166

“ဟားဟား…တွေ့ပြီကွ။ ဂျူနီယာညီမလေးဟာ ဒါကို ကိုယ်နဲ့မကွာ ထားထားတယ်လို့ ကျုပ် သိထားပြီးသား။ ကျုပ် မှန်တယ်…”

စီနီယာအစ်ကိုလုသည် သူမ၏ ပစ္စည်းပစ္စယများကို ရှာဖွေကြည့်ပြီးနောက် အနီရောင်သစ်သားသေတ္တာငယ်တခုကို တွေ့သည့်အခါ အပျော်လွန်သွား၏။

သူက ၎င်းသေတ္တာ၏အဝကို ဖွင့်ကြည့်သည်။ သို့သော် နေရာအနေအထားအကြောင့် ဟန်လိက ထိုသေတ္တာအတွင်း မည်သည့်အရာ ရှိနေသည်ကို ကောင်းကောင်း မမြင်ရပေ။ သူ၏ သိချင်စိတ်က အဆမတန် ဖြစ်နေပေပြီ။ သို့သော် သူက မျက်ကန်းတစ္ဆေမကြောက် မလုပ်ဆောင်ဝံ့ပေ။

အစ်ကိုလု ဆိုသူမှာ သူ၏ လက်တွဲဖော် အမျိုးသမီးအပေါ်တွင်ပင် ထိုသို့ ပြုမူနေသူ ဖြစ်ရာ သူသာ ဟန်လိကို တွေ့သွားပါက နှုတ်ပိတ်ရန် အလို့ငှာ ကျိန်းသေပေါက် သတ်ပစ်မည်ပင်။ သူက ဟန်လိကို အလွတ်ပေးမည် မဟုတ်ပေ။

ထို့အပြင် တဖက်သူ ပိုင်ဆိုင်ထားသော လေဓာတ်မှော်ပညာရပ်များ၏ စွမ်းအားကို ဟန်လိက မျက်မြင်တွေ့ဖူး၏။ တိုက်ခိုက်ခြင်းတွင်ဖြစ်စေ၊ ခုခံခြင်းတွင် ဖြစ်စေ ယင်းပညာရပ်များသည် သာလွန်ထက်မြက်၏။ တဖက်သူ၏ မှော်စွမ်းအားက သူ့ထက်လည်း သာလွန်သေး၏။ ချီစုဆောင်းခြင်း အလယ်အဆင့်၌ ရောက်နေသောသူ ဖြစ်သည်။ မှော်စွမ်းအားအရာ၌ ဖြစ်စေ၊ မှော်ပညာရပ်များ၌ ဖြစ်စေ ဟန်လိမှာ အရှုံးဘက်က ဖြစ်နေ၏။ သူ့အတွက် အနိုင်ရနိုင်ချေ လုံးလုံး မရှိပုံ ပေါ်သည်။

သို့သော် ဟန်လိက သူသာ အမှန်တကယ် အစွမ်းကုန် တိုက်ခိုက်ပါက အစ်ကိုလုနှင့် ယှဉ်တိုက်ခိုက်နိုင်စွမ်း ရှိမည်ကို သိ၏။ တကယ်တော့ သူ့ထံ၌ မှော်ပစ္စည်းများ ပိုင်ဆိုင်ထားသည် မဟုတ်လား။ အမှန်တကယ်သာ တိုက်ခိုက်ကြပါက မည်သူက မည်သူ့ကို သတ်နိုင်မည်မှာ သေချာရေရာသော အရာ မဟုတ်လေတော့ပါ။

မည်သို့ပင်ဖြစ်ပါ‌စေ ဟန်လိက သူ့အသက်ကို ရင်း၍ သူရဲကောင်း ဝင်လုပ်ကာ အလှလေးကို ကယ်တင်မည် မဟုတ်ပေ။ တကယ်တော့ သူနှင့် ဂျူနီယာညီမချန်ကြား၌လည်း မည်သည့်ပတ်သတ်မှုမျှ မရှိနေပေ။ သူမထံ၌ မျက်စိပါ၏။ သို့သော သူမချစ်သူ၏ စိတ်ရင်းအမှန်ကို သူမက သတိမပြုမိခဲ့တာ မဟုတ်လား။ သို့အတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း။ ဟန်လိက မည်သည့်အကြောင်းရင်းမျှ မရှိပါဘဲ သူ့အသက်ကို မရင်းနိုင်ပေ။ မရင်းချင်ပေ။

သို့ဖြစ်၍ ဟန်လိက သည်မြင်ကွင်းကို အဆုံးထိ တိတ်တဆိတ် ကြည့်ဖို့သာ စိတ်ကူးထား၏။ စီနီယာအစ်ကိုလုက သူ့ကိစ္စပြီး၍ ပြန်ထွက်သွားသည့်အချိန်၌ ဟန်လိက ထိုသူ့ကို မည်သို့မျှ လုပ်စရာ အကြောင်း ရှိမနေပေ။‌ နောက်ပိုင်း၌ ထိုအစ်ကိုလုကို ဟန်လိက ပို၍ အာရုံစိုက်မိရုံသာ ဖြစ်ပေလိမ့်မည်။ တကယ်တော့ ဟန်လိသည် လူတစ်ယောက်က ခုလောက်ထိ ရက်စက်ယုတ်မာတာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်၏။ ထိုသူ၏ ရက်စက်မှုကို မြင်သည့်အခါ ဟန်လိသည် နားမလည်နိုင် ဖြစ်မိရသည်။

ထိုအတွေးဖြင့် သူက တတ်မြောက်တာ မကြာသေးသော ချီထိန်းသိမ်းခြင်းပညာရပ်ကို တိတ်တဆိတ် အသုံးပြု၏။ သူက တဖက်သူသည် သူ၏ တည်ရှိမှုကို မတော်တဆ သတိပြုမိသွားမှာကို စိုးသည်။ ထိုအခါ သူ့အနေဖြင့် ရွေးချယ်စရာ မရှိဘဲ အကြမ်းပတမ်း တိုက်ပွဲကို ဆင်နွှဲရလိမ့်မည် မဟုတ်လား။

ဤအခိုက်အတန့်၌ စီနီယာအစ်ကိုလုက သူ့သိုလှောင်အိတ်ထဲသို့ ထိုသေတ္တာငယ်ကို ထည့်သိမ်း၏။ ထို့နောက် သူက အားပါးတရ ရယ်မောကာ ဂျူနီယာညီမချန်အနား ပိုတိုးကပ်လာ၏။

သူက တကိုယ်တည်း ရေရွတ်ပြောဆိုနေရင်း သည်အမျိုးသမီးငယ်ချန်၏ အဝတ်အစားများကို စိတ်လှုပ်တရှား ဆွဲချွတ်နေသည်။ ထိုသူ၏ အယုတ်တမာ စကားများကို ကြားသည့်အခါ ပုန်းကွယ်ကာ ကြည့်နေသော ဟန်လိသည် ရွှံ့ရှာမှု ဖြစ်မိ၏။

“ဂျူနီယာညီမလေး…နင် ငါ့ကို အပြစ်မတင်ပါနဲ့။ ဒီကိစ္စမှာ အစ်ကို တတ်နိုင်တာ ဘာမှ မရှိလို့ပါ။ ဟို ထိန်းမရပြောမရ၊ ဉာဏ်လည်း များလှသေးတဲ့ ကောင်မလေး တုန်ဟာ ငါသာ နင်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ခဲ့ရင် သူမက ငါနဲ့အတူ ကျင့်ကြံမယ်လို့ ပြောခဲ့လို့ပဲ။ သူမက ဂိုဏ်းထဲက သူမရဲ့ အဒေါ်ဖြစ်တဲ့ ဘိုးဘေး ဟုန်ဖူကိုလည်း ငါ့ကို တပည့်အဖြစ် လက်ခံအောင် ပြောပေးမယ်တဲ့။ ဒါဟာ မိုးကောင်းကင်က ပေးတဲ့ အခွင့်အရေးမလား။ ဒါ့ကြောင့်လည်း စီနီယာအစ်ကိုက နင့်အပေါ်မှာ ခုလို မလုပ်ချင်ပေမဲ့ ငါ့အတွက် ရွေးချယ်စရာ မရှိခဲ့ဘူးလေ…”

မြေပေါ်တွင် လှဲလျောင်းနေသော ညီမချန်မှာ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အစ်ကိုလုကို ကြည့်နေ၏။ သူမက အစ်ကိုလု၏ စကားမျးကို ကြားသည့်အခါ ဒေါသထွက်လွန်းသဖြင့် မလှုပ်နိုင် ဖြစ်နေသော သူမ၏ခန္ဓာကိုယ်မှာ ဆက်ခနဲ လှုပ်သွား၏။ သူမက ချက်ခြင်း ထကာ ထိုသူ့ကို အမုန်းတရားအပြည့်ဖြင့် တစစီ ကိုက်ဖဲ့ပစ်ချင်နေသည်။

ကံမကောင်းစွာဖြင့် သူမ၏ ချစ်သူ ဖြစ်သော သည်ကောင်မှာ လေချည်နှောင်ခြင်းပညာရပ်ကို အသုံးပြု၍ သူမ၏ခန္ဓာကိုယ်တခုလုံးကို အစောတည်းက ထိန်းချုပ်ထားခဲ့ပြီး ဖြစ်၏။ သူမသည် အနည်းငယ်ပင် မလှုပ်နိုင်တော့ပေ။ ဆဲရေးဖို့ ပါးစပ်ပင် မဟနိုင်တော့ပါ။

သူမချစ်သူ၏ စကားလုံးများကို ကြားသည့်နောက် သူမ၏ ခြေလက်တို့မှာ အေးစက်လာ၏။ မျက်နှာမှာ ဖြူဖပ်ဖြူရော ဖြစ်လာ၏။

“ဟူး…ညီမချန်ကသာ ချန်ကလန်ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသော သမီး မဟုတ်ခဲ့ရင် အစ်ကိုက ညီမကို လွှတ်ပေးကောင်း လွှတ်ပေးမှာပါ။ ဒါပေမဲ့ ညီမချန်ရဲ့ အချစ်က အမုန်းအဖြစ် ပြောင်းသွားမှာ ကျုပ် ကြောက်မိတယ်။ ဒါဆိုရင် ချန်ဂိုဏ်းရဲ့ စွမ်းအားကို သုံးပြီး အစ်ကိုဟာ ချေမှုန်းခံရလိမ့်မယ်။ သူတို့က ဒီကိစ္စကို နေရာစုံဆီ သတင်းဖြန့်မှာပဲ။ အဲ့ကျရင် အစ်ကိုရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းသွားလိမ့်မယ်။ ဒါ့အပြင် ဘိုးဘေးဟုန်ဖူက ဒီလိုဂုဏ်သိက္ခာမဲ့၊ တာဝန်မယူတတ်နဲ့ ယောက်ျားတွေကို အတော်လေး အမြင်ကပ်တယ်လို့ လူတွေဆီကနေ အစ်ကိုကြားခဲ့ဖူးတယ်…”

“ဒါ့ကြောင့်လည်း အစ်ကိုရဲ့ အံ့ချီးဖွယ် အခွင့်အရေးနဲ့ ဂုဏ်သိက္ခာတို့အတွက် ညီမဟာ ဒီလောကက‌နေ ပျောက်ကွယ်သွားမှကို ဖြစ်တော့မှာလေ။ ဒါမှသာ ဘယ်သူကမှ အစ်ကိုအပေါ် သံသယ မဝင်နိုင်တော့မှာ။ တကယ်တော့ ညီမနဲ့အစ်ကိုက ချစ်သူတွေ ဖြစ်ခဲ့ကြတယ် မဟုတ်လား…”

စီနီယာအစ်ကိုလု ဆိုသူသည် ဒီကြောင်သူတော်ဆန်သော စကားများကို ပြောနေ၏။ စကားပြောနေရင်း သူ၏ လက်နှစ်ဖက်မှာလည်း တစက်မျှ မရပ်သွားပေ။ အခုအခါ ဂျူနီယာညီမချန်၏ အဝတ်အစားများမှာ လုံးလုံးလျာလျာ ဆွဲချွတ်ခြင်း ခံလိုက်ရပြီ ဖြစ်၏။ သူမသည် အဝတ်ဗလာနှင့် ဖြစ်နေပြီ။

သူ့ရှေ့ရှိ သည်အလှအပမြင်ကွင်းကို မြင်နေသည့်အခါ အစ်ကိုလု၏ မျက်လုံးတို့မှာ အရောင်တလဲ့လဲ့ ဖြစ်နေ၏။ သူ့လက်ချောင်းတို့မှာလည်း သူမ၏ ချောမွတ်ဖြူဖွေးနေသော အသားအရေအပေါ် စုန်ချည်ဆန်ချည် ဖြည်းဖြည်းချင်း လှုပ်ရှားနေသည်။ သူက ဆက်၍ ပြောပြန်၏။ “ဒါပေမဲ့လည်း အစ်ကို့ကို လောဘတက်စေမိတာကတော့ ဂျူနီယာညီမရဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးပဲ။ ဒီဆေးလုံးကို ညီမက အခုထိ မသောက်ရသေးဘူးမလား။ ချီစုဆောင်းခြင်းအဆင့်မှာ ကြီးကြီးမားမား အောင်မြင်မှု ရတဲ့အချိန်ထိ အခွင့်အရေး စောင့်နေပြီးမှ ဒီဆေးလုံးကို သောက်မယ်လို့ ညီမက တွေးထားတာမလား။ တကယ်တော့ အဲ့လို ဆိုရင်တောင် အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့ အခွင့်အရေးဟာ နည်းနည်း ပိုတိုးလာတာပဲ ရှိမယ်…”

“ဒါမှမဟုတ် ဂျူနီယာညီမက ညီမရဲ့ ပြစ်မျိုးမှဲ့မထင် ရှိတဲ့ ခန္ဓာကိုယ်နဲ့အတူ ဒီဆေးလုံးကို အစ်ကိုဆီ လိုလိုချင်ချင်နဲ့ ပေးခဲ့ရင်တော့ ညီမအနေနဲ့ ဒီဆေးလုံးကို လက်လွှတ်ရတဲ့အပေါ် ခုလောက်ထိ အမုန်းပွားချင်မှ ပွားလိမ့်မယ်။ ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးတည်းဟာ မလုံလောက်မှာ အစ်ကို စိုးရိမ်မိနေတယ်။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ ကျရှုံးရမှာကို အစ်ကို ကြောက်မိတယ်။ တကယ်တော့ အစ်ကို့မှာ ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းရာမှာ ကျရှုံးနိုင်ချေက ရှိနေတုန်းမလား။ ဒါပေမဲ့လည်း အခု အစ်ကိုမှာ ဂျူနီယာညီမလေးရဲ့ ဆေးလုံးကိုပါ ရပြီဆိုတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ဟာ လုံးဝ ပြဿနာ မရှိနိုင်တော့ဘူးလေ…”

ထိုသို့ ပြောကာ စီနီယာအစ်ကိုလုက သူ့လက်နှစ်ဖက်ကို ပြန်ရုတ်၏။ သူက ခုလေးတင် သိမ်းလိုက်သော သစ်သားသေတ္တာနှင့် အဖုံးကို ချိပ်စည်းထားသည့် ပုလင်းတစ်လုံးတို့ကို ပြန်ထုတ်၏။ သူက သူ့ဘယ်လက်နှင့်ညာလက်တို့ကို ကျေနပ်အားရဟန်အသွင်ဖြင့် ကြည့်သည်။

လှိုဏ်ဂူအဝရှိ ကျောက်တုံးများကို ကွယ်ကာ ရှိနေသော ဟန်လိသည် သည်စကားများကို ကြားသည့်အခါ အတွေးနစ်မြောသွား၏။

သူ၏မျက်စိရှေ့တွင် အခြေခံတည်ဆောက်ခြင်းဆေးလုံး နှစ်လုံး ပေါ်လာနေပြီ မဟုတ်လား။ ဤသည်မှာ စွဲဆောင်နိုင်လွန်းလှသည်။

တကယ်တော့ သူသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးများအတွက် မဟုတ်ပါက သွေးနှင့်မီးခြုံလွှမ်းသော တားမြစ်စမ်းသပ်ကွင်းသို့ ဝင်ရောက်ရန် အစီအစဉ် မရှိပေ။ သည်အခြေခံတည်ဆောက်ခြင်းဆေးလုံးများကိုရဖို့ တခြား ပိုအန္တရာယ်နည်းသော အခြေအနေရှိပါက သူ့အနေဖြင့် ကြိုးစားကြည့်မိမည်သာ။

ထိုသို့တွေး၍ ဟန်လိက စီနီယာအစ်ကိုလု၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ကာ စောင့်ကြည့်နေ၏။ တဖက်သူ၌ ဟာကွက် ပေါ်သည်နှင့် သူသည် ချက်ခြင်း လှုပ်ရှားကာ ထိုသူ့ကို သတ်၍ အခြေခံတည်ဆောက်ခြင်းဆေးလုံးနှစ်လုံးကို လုယူတော့မည် ဖြစ်သည်။

ခုလက်ရှိ၌ ဂျူနီယာညီမချန်၏ ခန္ဓာကိုယ်မှာ အပူဓာတ်များလာသလိုပင်။ သူမ၏ ခါးသီးနာကျင်သော အမူဟန်ပန်က တဖြည်းဖြည်း ပျောက်ကွယ်ကာ တမျိုးတမည်အမူအရာ အစားထိုးလာ၏။ သူမ၏ အဝတ်မဲ့ခန္ဓာကိုယ်၏ အသားအရေမှာ ပန်းရောင်သမ်းလာသည်။ သူမ၏ ချိုမြမြ နှုတ်ခမ်းတို့က တုန်တုန်ယင်ယင် ဖြစ်လာ၏။

“ဟားဟား…ကြည့်ရတာ ချစ်ရမ္မက်ဆေးလုံးရဲ့ အစွမ်း ပေါ်လာပြီပဲ။ အခုလက်ရှိ ညီမချန်က တော့်တော့်ကို မရိုးမရွ ဖြစ်နေမှာ သေချာတယ်။ ဂျူနီယာညီမရဲ့ အကြင်နာတရားကို ပြန်ပေးဆပ်ဖို့အတွက် အစ်ကိုက ညီမကို မသေခင်စပ်ကြား လောကရဲ့ နိဗ္ဗာန်ကို ခံစားသွားရအောင် လုပ်ပေးပါ့မယ်။ ဒါက အတိတ်တုန်းက ညီမရဲ့ အစ်ကို့အပေါ် ကောင်းခဲ့တာတွေအတွက် ပြန်ပေးဆပ်မှုပဲ ဆိုပါစို့…”

တစက်လေးပင် အရှက်မရှိသည့် ဒီစီနီယာအစ်ကိုလု ဆိုသူမှာ သူ၏ ထိုအတွေးကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်ချေ၏။ သူ့လက်ထဲရှိ သေတ္တာနှင့်ပုလင်းတို့ကိုလည်း ပြန်သိမ်းသည်။ သူက လက်နှစ်ဖက်ကို သူ့ခါးစည်းကြိုးထံ စရွှေ့လာ၏။ သူသည် သူ၏ အောက်ပိုင်းအဝတ်ကို ချွတ်ကာ မြေပေါ်တွင် လှဲနေသော သူမကို စိတ်ရှိသလို ပြုမူတော့မည်ဟု ထင်ရ၏။

ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ စိတ်နှလုံးမှာ ခုန်ပေါက်သွား၏။ ထိုစီနီယာအစ်ကိုလု ဆိုသူ အဝတ်ဗလာဖြစ်သွားသည်နှင့် သူသည် ချက်ခြင်း တိုက်ခိုက်ပစ်ပေမည်။ ထိုအချိန်က သူ့အတွက် အခွင့်ကောင်းမလား။

ဟန်လိက ထိုသို့ အထပ်ထပ် တွေးကြည့်၏။ သူ့အတွက် အောင်မြင်နိုင်ချေ မြင့်သည်ဟု ခံစားမိသည်။ ထို့နောက် သူက စီနီယာအစ်ကိုလုထံ ပို၍ အာရုံစိုက်၍ ထိုသူ၏ မျက်နှာထံ အကြိမ်ကြိမ် အကြည့်ရောက်သည်။

“တခုခုတော့ မှားနေပြီဟ…”

ဟန်လိက ထိုသို့ အကြိမ်ကြိမ် ကြည့်ရှုပြီးနောက် ပြဿနာကို ချက်ခြင်း တွေ့သည်။

သည်စီနီယာအစ်ကိုလုမှာ သူ၏ခါးစည်းကြိုးကို စဖယ်ရှားနေသော်လည်း အချိန်ယူလွန်းနေ၏။ ကြာလွန်းနေ၏။ အခုအချိန်ထိ သူ၏ခါးစည်းကြိုးမှာ သူ့ခါးနှင့် ကောင်းကောင်းမြဲနေသေးကာ အနည်းငယ်ပင် လျော့တိလျော့တွဲ မဖြစ်သေးပေ။ ထူးဆန်းသည်မှာ အစ်ကိုလု၏ မျက်နှာထက်၌ အလျင်လိုဟန် ပေါက်နေ၏။ သို့သော် သူ့မျက်လုံးတို့ကမူ တည်ငြိမ်နေသည်။ သူ၏မျက်လုံးထဲ၌ လှောင်ပြောင်လိုခြင်းကိုပါ ကွယ်ဖုံးထားသေး၏။

ဟန်လိ၏ စိတ်နှလုံးမှာ ခုန်ပေါက်နေ၏။ ဤသည်မှာ ပုံမှန် မဟုတ်လွန်းပေ။ သူက သတိပိုထား၏။ သူ့စိတ်ဝိညာဉ်အာရုံကို ချက်ခြင်း ဖြန့်ကျက်သည်။ ထို့နောက် သူက ရေအရံအတားအဆောင်ကို ထုတ်ယူကာ သူ့လက်ဝါးပေါ်သို့ တင်လိုက်သည်။

ထိုသို့ သူ ပြုလုပ်ပြီးရုံရှိသေး ဟန်လိက သူ့ထံ ဘယ်ဘက်ခြမ်းကနေ အသံမပေးဘဲ တစုံတခု ပျံသန်းဝင်လာသည်ဟု ခံစားမိ၏။ သူသာ သူ၏ စိတ်ဝိညာဉ်အာရုံကို တင်ကြို၍ မဖြန့်ကျက်မိခဲ့ပါက ၎င်းကို ခံစားမိနိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်က ဟန်လိကို လန့်လည်းလန့်သွားစေသလို ဒေါသလည်း ထွက်သွားစေ၏။

ဟန်လိက များများစားစား တွေးမနေတော့၊ သူ့ခန္ဓာကိုယ်ပေါ် အဆောင်ဖြင့် ထိပုတ်လိုက်၏။ တချိန်တည်းမှာ သူ့ထံ ကြိုးတချောင်း ပျံသန်းဝင်လာကာ သူ့အား ထွေးပတ်၏။ ၎င်းကို အပြာရောင်အလင်းက အချိန်မီ ဟန့်တား ကြားဖြတ်လိုက်နိုင်သည်။

“စီနီယာအစ်ကိုလု…” တချိန်တည်းမှာ ဟန်လိက မာန်သွင်းကာ အော်ဟစ်လိုက်၏။ သို့ပေမည့် စီနီယာအစ်ကိုလု ဆိုသူမှာ သူ၏ အလစ်တိုက်ခိုက်မှု မအောင်မြင် ဖြစ်သွားသည်ကို မြင်သည့်အခါ အံ့အားသင့်သွား၏။ ဟန်လိမှာလည်း ထိုသူ၏ ဉာဏ်များလှသော လှည့်ကွက်ထဲ ကျလုနီးနီး ဖြစ်သွားသည့်အတွက်ကြောင့် မင်သက်ကာ ဒေါသ ထွက်မိ၏။

“ကောင်းတယ်…ကောင်းတယ်။ မင်းက တော်တော်လေး လျင်သားပဲ။ ကြည့်ရတာ မင်းလည်း ပေါ့သေးသေးတော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ မိတ်ဆွေလေး…မင်းရှိနေတာကို ငါ သိတာ ကြာနေခဲ့ပြီ။ မင်းဟာမင်း ထွက်လာပြီး ဒီစီနီယာအစ်ကိုလုနဲ့ စကားလေး ဘာလေး ပြောသင့်တယ် မထင်ဘူးလား…”

အစ်ကိုလုက ထိုသို့သော စကားများကို အေးတိအေးစက် ဆိုရင်း ဟန်လိ ပုန်းနေသော နေရာထံ စိုက်ကြည့်နေသည်။ သူက ဟန်လိ၏ အရိပ်အယောင်ကို အစောပိုင်းတည်းက သိရှိခဲ့ပုံပင်။

All Chapters