← Chapters

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ

Vol. 42 Ch. 587

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ

Vol. 42 Ch. 587

အသက်လတ် လူကြီးက အားလုံးကို တစ်ချက် ဝှေ့ကြည့်ကာ ဆက်ပြောလိုက်၏။

“အခု ဒီနေရာမှာ မတူ ကွဲပြားတဲ့ အင်အားစု ကိုးဆယ့် ရှစ်ခု ရောက်နေကြတယ်... ရွေးချယ်စရာတွေ အရောင်စုံ အသွေးစုံပဲ... ဒါပေမဲ့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေက အင်အားစုတွေရဲ့ စနစ် အကြောင်း၊ သတ်မှတ်ချက်တွေ အကြောင်း ငါ အရင်ဆုံး ရှင်းပြမယ်... မင်းတို့ အနေနဲ့ ဘယ်တစ်ခုကို ရွေးချယ်သင့်သလဲ ဆိုတာ ပိုပြီး နားလည်အောင်ပေါ့လေ”

“တကယ်လို့ ဒီအင်အားစုတွေထဲက တစ်ခုကိုမှ ပူးပေါင်းဖို့ ဆန္ဒမရှိဘူး ဆိုရင်တော့ မင်းတို့ လွတ်လပ်စွာ ငြင်းဆိုနိုင်တယ်... မင်းတို့ကို နယ်မြေသုံးခုထဲက တစ်နေရာကို ပို့ပေးမယ်... အဲဒီအခါ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို ကိုယ်တိုင် ရွက်လွှင့်ပြီး ကိုယ်နဲ့ အသင့်တော်ဆုံး အင်အားစုကို ရှာဖွေနိုင်တာပေါ့လေ”

စန်းလော့ယုက ဆက်လက်၍ ရှင်းပြလိုက်၏။ သူ၏ အဆိုအရဆိုလျှင် ဤနေရာရှိ အင်အားစုမျိုးကို သေမျိုးနှင့် တန်ခိုးရှင် ဟူ၍ အဆင့်နှစ်ခု ခွဲခြားထားသည်။ သေမျိုး အဆင့်တွင် ပါဝင်နေသော အင်အားစုများတွင် တရားဝင် အသိအမှတ်ပြုခံထားရသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ မရှိချေ။ သို့သော်လည်း တန်ခိုးရှင် အင်အားစုများတွင်တော့ ရှိ၏။

ထိုသတ်မှတ်မှုက အတော်လေး ရိုးရှင်းလှသော်လည်း သေမျိုး အဆင့်တွင် အဆင့်ခွဲများ ထပ်မံ ရှိပေသေးသည်။ ၎င်းတို့ကို အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတွင်လည်း အသုံးများသည့် သတ္တု တန်ဖိုးများ အလိုက် ကြေး၊ ငွေ၊ ရွှေ အဆင့်များဖြင့်ပင် သုံးသည်။

ကြေးအဆင့် ဆိုသည်မှာ အနည်းဆုံး အချိန်သခင် တစ်ယောက်ကို ပိုင်ဆိုင်ထားသည့် အင်အားစုများကို ဆိုလိုသည်။ သူတို့က အဆုံးမဲ့ ကောင်းကင်၏ အမျိုးမျိုးသော အင်အားစုများထဲတွင် အနိမ့်ကျဆုံး အဖြစ် သတ်မှတ်ခံထားရသည့် အင်အားစုများပင် ဖြစ်သည်။ အကယ်၍ အချိန်သခင် မရှိသည့် အင်အားစု တစ်ခုမှာ ကြယ်တာရာ သခင် တစ်ယောက်၏ ကျောထောက် နောက်ခံကို ပိုင်ဆိုင်ထားလျှင်လည်း တူညီစွာပင် ၎င်းတို့ကို ကြေးအဆင့်ဟု သတ်မှတ်သည်။

ငွေအဆင့် အင်အားစုများမှာ ကြယ်တာရာ အမြုတေ အဆင့်ကိုး ကြယ်တာရာ သခင်များကို ခေါင်းဆောင်များ အဖြစ် ပိုင်ဆိုင်ထားသည့် အင်အားစုများပင် ဖြစ်သည်။ ကြယ်တာရာ နယ်မြေထဲတွင် ထိုကဲ့သို့သော အင်အားစုများမှာ အများဆုံးပင် ဖြစ်သည်။ သူတို့က အခြေခံ ခိုင်မာကာ သမိုင်းကြောင်း စဉ်လာ ခိုင်ခံသည့် အင်အားစုများဟု ဆိုနိုင်ပေသည်။

ရွှေအဆင့်ကတော့ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသည့် အင်အားစုများပင် ဖြစ်သည်။ ထိုအဆင့်မှာ ကြယ်တာရာ အမြုတေ အဆင့်များ ရောက်ရှိနိုင်သည့် အမြင့်ဆုံး အဆင့် ဖြစ်ကာ တစ်ချို့ကလည်း လျှို့ဝှက် အာဏာရှင် အဆင့်တစ် အဖြစ် ရည်ညွှန်းကြသည်။ များသောအားဖြင့် ရွှေအဆင့် ဂိုဏ်းများမှာ သက်တမ်း တိုတတ်ကာ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ သေဆုံးသည်နှင့် ငွေ အဆင့်ကို ပြန်လည် ကျဆင်းသွားလေ့ ရှိကြသည်။

သို့သော်လည်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် သက်တမ်း ကြာရှည် တည်တံ့သည့် ရွှေအဆင့် အင်အားစုများလည်း ရှိကာ သူတို့မှာ တန်ခိုးရှင် အဆင့် အင်အားစုများထံမှ နောက်ခံနှင့် အသက်ကို ဆွဲဆန့်ရန် နည်းလမ်းများအား ရရှိထားကြသူများပင် ဖြစ်သည်။

တန်ခိုးရှင် အဆင့်ကတော့ ရိုးရှင်းပေသည်။ အဆင့် ခွဲခြားမှုမှ မရှိသလောက်ပင်။ အချို့ အင်အားစုများကို ဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်ပေါ် မူတည်၍ နှစ်မျိုးနှစ်စား ခွဲခြားကြသော်လည်း အများစုကတော့ ဘာခွဲခြားမှုမှ မရှိချေ။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ယေဘုယျအားဖြင့် အများစု အသိအမှတ် ပြုထားသည့် အင်အားစု အမျိုးအစား လေးမျိုး ရှိသည်။ ၎င်းတို့မှာ ကလန်၊ နန်းတော်၊ ဂိုဏ်းနှင့် အစည်းအရုံးတို့ပင် ဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီကို ကိုယ်ပိုင် လုပ်ဆောင်ချက်၊ လည်ပတ်ပုံတို့နှင့် ခွဲခြား သတ်မှတ်ထား၏။

ကလန် သို့မဟုတ် မျိုးနွယ်များမှာ သွေးရင်းသားရင်း ကန့်သတ်ချက်များ မလိုသော်လည်း အဓိက သွေးမျိုးဆက် တစ်ခုမှ အုပ်ချုပ်နေသည့် အင်အားစု အဖွဲ့များပင် ဖြစ်သည်။ သူတို့ကို အစွမ်းထက်မှု အဆင့်အလိုက် ဘိုးဘေးများ၊ ခေါင်းဆောင်များ၊ အကြီးအကဲများ... စသည်ဖြင့် အမျိုးမျိုး ခွဲခြားထားသည်။ ပုံစံနှင့် အသားအရောင် အားဖြင့် အမျိုးမျိုး ကွဲပြားကြသော်လည်း သူတို့၏ အသက်သွေးမှာ ထိုအင်အားစုကို ဖြစ်ပေါ် စေသဖြင့်ပ “ကလန် သို့မဟုတ် မျိုးနွယ်” ဟု အမည်ပေးထားခြင်း ဖြစ်သည်။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် တန်ခိုးရှင် အဆင့် ကလန်များကို နိုဘယ်နှင့် အင်ပါယာ အဆင့် ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ နိုဘယ်ကလန်များမှာ လျှို့ဝှက် အာဏာရှင် အဆင့်နှစ် ကျင့်ကြံသူများကို ပိုမိုင်ထားသည့် ကလန်များပင် ဖြစ်သည်။ အင်ပါယာ ကလန်များကိုမူ သာမန် သတ်မှတ်ချက်များနှင့် အဓိပ္ပာယ် ဖွင့်၍ မရချေ။ အဘယ်ကြောင့် ဆိုသော်လည် အင်ပါယာ ကလန် ဖြစ်ရန် အတွက် ကြယ်တာရာ နယ်မြေ၏ အသန်မာဆုံးသော ကျင့်ကြံသူကို လိုအပ်သောကြောင့်ပင်။ ထို့ကြောင့်ပင် အင်ပါယာ ကလန် အဆင့်မှာ ခေတ်တစ်ခေတ်၏ ကန့်သတ်ချက် အပေါ် မူတည်နေသည်။ တစ်နည်း ဆိုရသော် အင်ပါယာ ကလန်မှာ အသန်မာဆုံးသော ကလန်ပင် ဖြစ်သည်။

နန်းတော်များ...

ရိုးရိုးရှင်းရှင်း ပြောရလျှင် နန်းတော်များမှာ စီးပွားရေး လုပ်ငန်းများပင် ဖြစ်သည်။ သူတို့က စီးပွားရေး စည်းမျဉ်းများ ပေါ်တွင် အခြေခံ လည်ပတ်နေသည့် အင်အားစုများ ဖြစ်ကာ အဆက်အသွယ် ကောင်းများနှင့် အတူ အလွန်အမင်း ချမ်းသာ ကြွယ်ဝသည့် အင်အားစုများပင် ဖြစ်သည်။ တန်ခိုးရှင် အဆင့် နန်းတော်များကို ကလန်များလိုပင် နှစ်ခု ခွဲခြားထား၏။

ခရွန်နဲ့ ရွှေ အဆင့်တို့ပင်။

သို့သော်လည်း ထိုအဆင့်များမှာ သူတို့၏ ခွန်အားကို ကိုယ်စား မပြုပါချေ။ ရောက်နိုင်စွမ်းကိုသာ ကိုယ်စားပြု၏။

အကယ်၍ ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ ငါးရာခိုင်နှုန်းနှင့် အထက်ကို ဖြန့်ကျက်နိုင်စွမ်း ရှိလျှင် ၎င်းတို့ကို ခရွန် နန်းတော်များ ဟု ရည်ညွှန်းကြသည်။ ရွှေရောင် နန်းတော်များကတော့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ကိုးဆယ် ရာခိုင်နှုန်းကို ဖြန့်ကျက်ထားသည့် နန်းတော်များပင် ဖြစ်သည်။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ရွှေရောင် နန်းတော် နှစ်ခုနှင့် ခရွန် အဆင့် နန်းတော် လေးခုတို့သာ ရှိပေသည်။

ဂိုဏ်းများ...

ဂိုဏ်းများမှာ ပြိုင်စံရှား ကျင့်ကြံခြင်း နည်းလမ်းများ၊ စည်းမျဉ်းများနှင့် တည်ဆောက်ထားသည့် အဖွဲ့အစည်းများပင် ဖြစ်သည်။ သူတို့၏ တစ်သမတ်တည်းသော ရည်ရွယ်ချက်က အင်အားကို အဆုံးစွန်ထိ ဖြန့်ကျက်ရန် ဖြစ်ကာ အလွန်အမင်း ပြိုင်ဆိုင်မှု ပြင်းထန်ကြသည်။

တန်ခိုးရှင် အဆင့်ဂိုဏ်းများတွင် အဆင့် သတ်မှတ်ချက် မရှိချေ။ သူတို့ အားလုံးကို လောကဂိုဏ်းကြီးများ အဖြစ် တစ်ညီတစ်ညွှတ်တည်း သတ်မှတ်ထားသည်။ ဂိုဏ်းများမှာ မကြာခဏ ဆိုသလို အတွင်းပိုင်း ပြဿနာများကြောင့် ပြိုကွဲလေ့ ရှိသော်လည်း အင်အားစု လေးခုထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံး အင်အားစု အဖြစ် ရည်ညွှန်း ခံထားရသည်။

နောက်ဆုံး တစ်ခုကတော့ အစည်းအရုံးများပင် ဖြစ်သည်။ အရှင်းလင်းဆုံး ဖော်ပြရလျှင် အစည်းအရုံးများမှာ ပြိုင်စံရှား ကျွမ်းကျင်မှု တစ်ခုခုကို ပိုင်ဆိုင်ထားသည့် အင်အားစုများပင် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် သတ်ဖြတ် လုပ်ကြံသူ အစည်းအရုံးများ၊ အဂ္ဂိရတ် အစည်းအရုံးများ၊ အဆောင် အစည်းအရုံး၊ ပန်းပဲ အစည်းအရုံး စသည်ဖြင့် အစည်းအရုံးပေါင်း မြောက်များစွာ ရှိသည်။ ထာဝရ အသည်းအရုံးမှာ အဂ္ဂိရတ် အစည်းအရုံးများထဲမှ တစ်ခုပင် ဖြစ်ပေသည်။

အစည်းအရုံးများတွင် အဆင့် ခွဲခြား သတ်မှတ်မှု မရှိချေ။ အလွှာကြီး နှစ်ခု ဖြစ်သည့် သေမျိုးအဆင့်နှင့် တန်ခိုးရှင် အဆင့်တို့သာ ရှိပေသည်။

အားလုံးကို ရှင်းပြပြီးနောက် စန်းလော့ယုက ပြောလိုက်၏။

“ငါတို့ရဲ့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ သေမျိုး အဆင့်တွေ သိန်းနဲ့ချီ ရှိပေမဲ့ တန်ခိုးရှင် အဆင့် အင်အားစုကြီးကတော့ ဆယ့်ခြောက်ခုပဲ ရှိတယ်... နိုဘယ် ကလန် ရှစ်ခု၊ လောကဂိုဏ်းကြီး သုံးဂိုဏ်း၊ ရွှေရောင် နန်းတော် နှစ်ခု၊ တန်ခိုးရှင် အစည်းအရုံး နှစ်ခုနဲ့ အင်ပါယာ ကလန် တစ်ခုတို့ပဲ”

လူငယ်များမှာ ပိုမို၍ တက်ကြွလာခဲ့၏။ အကယ်၍ သူတို့သာ ထိုအင်အားစုကြီး ဆယ့်ခြောက်ခုထဲမှ တစ်ခုခုကို ပူးပေါင်းနိုင်ပါက...

သို့သော်လည်း စန်းယုလော့ထံမှ နောက်ထပ် ထွက်ပေါ်လာသည့် စကားက သူတို့ အားလုံး၏ မျှော်လင့်ချက် အားလုံးကို ရိုက်ချိုး သွားခဲ့၏။

“တန်ခိုးရှင် အဆင့် အင်အားစု ဆယ့်ခြောက်ခုထဲမှာ ထာဝရ အစည်းအရုံး တစ်ခုပဲ ဒီနေ့ ဒီနေရာကို ရောက်လာတယ်... ကျန်တာတွေ အားလုံးက ငွေအဆင့်နဲ့ ရွှေအဆင့် အင်အားစုတွေချည်းပဲ... မင်းတို့မှာ သူတို့နဲ့ ပူးပေါင်းဖို့ အရည်အချင်း ရှိမလား ကြည့်ရသေးတာပေါ့”

စန်းလော့ယု၏ စကားလုံးများက စုမေ့ကို အပြည့်အဝ နားလည် သွားစေခဲ့၏။ သူတို့တွင် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိသလို လွတ်လွတ်လပ်လပ် ငြင်းပယ်ခွင့် ရှိနေပေသည်။

သို့သော်လည်း လူငယ်များထဲမှ အချို့ကတော့ ထိပ်တန်း အင်အားစု များ ရောက်မလာသည့် အပေါ် စိတ်ပျက်မှုကို ခံစားနေရ၏။ ဤနေရာရှိ ကြေးအဆင့် ဂိုဏ်းများ ပင်လျှင် သူတို့ ကြယ်တာရာ နယ်မြေထက် အဆများစွာ သာလွန်နေသည် ဆိုသော်လည်း တောင်ထိပ်ကို မြင်ပြီးသူ တစ်ယောက်မှာ မည်ကဲ့သို့ တောင်လယ်တွင် ရပ်ချင်မည်နည်း။

“ဒီသောက်ကလေးတွေကိုကြည့်စမ်း... သူတို့က ငါတို့ကို နံစော်နဲ့ ဖားပြုတ်တွေလို့ ထင်နေတာလား... တကယ့် ချီးထုပ်တွေ”

ထိုလူငယ်များ၏ စိတ်ပျက်လက်ပျက် ဖြစ်နေပုံကို ကြည့်ကာ ကြမ်းတမ်းခက်ထန်သည့် အသံတစ်ခုမှာ စန်းလော့ယု၏ ဘေးမှ ထွက်ပေါ်လာခဲ့လေ၏။

***

All Chapters