← Chapters

အပိုင်း(၅၂၉)

Vol. 36 Ch. 529

အပိုင်း(၅၂၉)

Vol. 36 Ch. 529

“မင်း..မင်းဘယ်သူလဲ”

ကန်းထျန်းက ရှစ်ဖုန့်အား စိုးရိမ်လေးနက်စွာစိုက်ကြည့်ပြီး  သိချင်စိတ်ပြင်းပြသော မျက်နှာထားဖြင့် လေးလံသောအသံတစ်ခုနှင့်အတူ မေးလိုက်သည်။

“ဒီသခင်လေး ပြောရင်တောင်

ဒီသခင်လေး ဘယ်သူဆိုတာကို ခင်ဗျားတို့မသိဘူး”

ရှစ်ဖုန့်ပြန်ဖြေလိုက်သည်။ ကျားဖြူက လူသုံးယောက်ထံသို့ဦးတည်

နေခြင်းအားလုံးဝရပ်ခြင်းမရှိချေ။ထို့နောက်  ကန်းချမ်းကြေးစားအဖွဲ့မှလူသုံးယောက်က လှုပ်ရှားလိုက်ပြီးထွက်ပြေးရန်ပြင်

ဆင်လိုက်သည်။ သို့သော် ထိုအခိန်တွင် လွန်စွာကြီးမားသော အဖြူရောင်လက်ဝါးပုံရိပ်ကြီးတစ်ခုက  သူတို့အထက်၌ပေါ်လာပြီး သူတို့သုံးဦးအားလွှမ်းခြုံသွားသည်။

အဖြူရောင်လက်ဖဝါးပုံရိပ်က ဆန်းကြယ်ပြီးအေးစက်သော အရှိန်အဝါကိုထုတ်လွှတ်နေ၏။

ထို့နောက်ချက်ချင်း  ရှစ်ဖုန့်၏ ကိုယ်မှ ပြင်းထန်သောသွေးနီရောင်မီးတောက်တစ်ခု  ရုတ်ခြည်းထွက်ပေါ်လာသည်။

မကြာခင်တွင် သွေးနီရောင်မီးတောက်တို့က  လူသုံးဦး၏ရှေ့မှနေ၍ ဝန်းရံသွားပြီး ကြီးမားသောစက်ဝိုင်းတစ်ခုအ

နေဖြင့်လောင်ကျွမ်းနေကာ လူသုံးယောက်အား သွေးနီရောင်မီးတောက်စက်ဝိုင်း

အလယ်၌ပိတ်ထားသည်။

သူတို့အထက်ရှိ အဖြူရောင်လက်ဖဝါးပုံရိပ်နှင့်  သူတို့ပတ်လည်ရှိ  သွေးနီရောင်မီးတောက်စက်ဝိုင်းက သူတို့၏လမ်းကြောင်းအားလုံး

ဝပိတ်ဆို့ထားသည်။ ကန်းချမ်းကြေးစားအဖွဲ့မှလူ

သုံးယောက်မှာလှောင်အိမ်ထဲ၌

ပိတ်မိခံရသလိုဖြစ်နေ၏။

“ဒီ..ဒီမီးတောက်. ဒီမီးတောက်က ထိုက်ခက်ကိုသေတဲ့အထိလောင်

ကျွမ်းစေတဲ့မီးတောက်ပဲ”

မီးတောက်စက်ဝိုင်းအတွင်းမှ ဝမ်ရှန့်အလန့်တကြားပြောလိုက်သည်။

ဝမ်ရှန့် ၏ စကားအားကြားပြီးနောက်  ကျန်းထျန်းကသူ၏ခေါင်းအားမော့လိုက်ပြီး လေထဲ၌လွင်မျောရပ်တည်နေသော အဖြူရောင်လက်ဖဝါးပုံရိပ်အား မော့ကြည့်လိုက်သည်။  လက်ဖဝါးပုံရိပ်နှင့် သူတို့အားဝန်းရံထားသည့်သွေး

နီရောင်မီးတောက်များမှနှိုင်း

ယှဉ်ဖော်ပြ၍မရနိုင်သော စွမ်းအားအား ကန်းထျန်း အာရုံခံမိပြီးဖြစ်သည်။

ထို့နောက်ကန်းထျန်းသူ၏ အကြည့်အားရုတ်သိမ်းလိုက်ပြီး သွေးနီရောင်မီးတောက်များ

အားဖြတ်ကျော်၍ မီးတော်တို့အပြင်ဘက်၌ရှိနေသော  ရှစ်ဖုန့်အားကြည့်လိုက်သည်။ သူကအော်ပြောလိုက်၏။

“မင်း..မင်းဘာလိုချင်လို့လဲ”

“ဘုရား.ဘုရားရေ..သူ..သူ ခေါင်းဆောင် ဦးလေးဝမ်ရှန့်နဲ့ဦးလေးယွဲ့ချင်တို့ကို ဘယ်လိုတောင်…”

ရှောင်းယီဟုခေါ်သောကောင်မလေးမှာ ရုတ်တရက်ပြောင်းလဲသွားသော အဖြစ်အပျက်များအား မြင်တွေ့လိုက်ရသည်။ယခုမှသာ ဘာကြောင့် ခေါင်းဆောင်ဖြစ်သူနှင့်လက်ထောက်

ခေါင်းဆောင်နှစ်ဦးတို့  အစောက သူတို့၏ မျက်နှာများထက်လွန်စွာ တုန်လှုပ်အံ့အားသင့်မှုတို့ဖြစ်ပေါ်လာရသလဲဆိုသည်ကိုသူမသဘောပေါက်သွားသည်။

သူတကယ်ပဲကြယ်ငါးပွင့်သူတော်စင်နယ်ပယ် ခေါင်းဆောင်၊ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ် ဦးလေးယွဲ့ချင် နှင့် ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်  ဦးလေးဝမ်ရှန့်တို့အားမီးတောက်အတွင်းပိတ်လှောင်ထားလေသည်။

သူတို့သုံးဦး၏အထက်၌ပေါ်လာသော ဧရာမအဖြူရောင်လက်ဖဝါးပုံရိပ်ကြီးကို ရှောင်းယီလည်းခံစားနိုင်သည်ဖြစ်သည်။ လက်ဖဝါးပုံရိပ်မှစွမ်းအားက  သူမလုံးဝခုခံရပ်တည်နိုင်သောအရာမဟုတ်ပေ။ ဤလက်ဖဝါးပုံရိပ်အားရင်ဆိုင်ရင်း ကူကယ်ရာမဲ့မှုအာရုံက သူမ၏တစ်ကိုယ်လုံး၌မြင့်တက်လာသည်။ ဤစွမ်းအားကခေါင်းဆောင်နှင့်နှိုင်း

ယှဉ်လိုက်လျှင် များစွာများစွာ ပို၍အားကောင်းသည်ဖြစ်သည်။

ဤသည်က တကယ်ပဲ ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ဦး၏  စွမ်းအားလော။

အသိအသာကြီးကိုမဖြစ်နိုင်ပေ။

သူကသူ၏ စွမ်းအားကိုတစ်ချိန်လုံးတစ်ကယ်ကြီးဖုံးကွယ်ထားခြင်းဖြစ်သည်။သူမအစောပိုင်းကသူ့အားတကယ်စိုးရိမ်ခဲ့သည်ဖြစ်သည်။

ဤအရာအားတွေးမိသောအခါတွင်  ကောင်မလေးက အလျှင်အမြန်ရှစ်ဖုန့်အားအော်ပြောလိုက်သ်ည်။

“ရှင်. ရှင်ကအရမ်းစွမ်းအားကြီးတာပဲ..ဒါပေမဲ့ ရှင်ကအားနည်းတဲ့ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်ကျင့်ကြံသူအဖြစ်ဟန်ဆောင်နေသေးတယ်”

“အားနည်းဟန်ဆောင်တယ်တဲ့လား”

ရှောင်းယီ၏ စကားအားကြားလိုက်ရသောအခါတွင်  ရှစ်ဖုန့်ကသူမဘက်သို့ မျက်နှာလှည့်လိုက်ပြီး မေးလိုက်သည်။

“ဒီသခင်လေးက

အားနည်းဟန်ဆောင်လို့လား . မင်းတို့ကသာဒီသခင်လေးရဲ့ အစစ်အမှန်ခွန်အားကိုမြင်နိုင်

ဖို့အရမ်းအားနည်းနေတာ”

“ဒါ..ဒါက….”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက်  ကောင်မလေးပြောစရာစကား

ပျောက်သွားသည်။ သူပြောသည်ကမှန်ပုံရ၏။ သူကသူမတို့အား လုံးဝ အားနည်းဟန်မဆောင်ခဲ့ချေ။

ဤလူများကသာ သူ၏ အမှန်တကယ်စွမ်းအားအားဖြတ်မြင်ရန်အတွက်လုံလောက်အောင် သန်မာမှုမရှိကြခြင်းသာဖြစ်သည်။သူ့အတွက်မူ ၎င်း သူမတို့နှင့်တွေ့စဉ်ကတည်းက  သူကအမြဲတမ်း မာနကြီး ပြီးကြီးစိုးခဲ့သည်ဖြစ်သည်။  သူကအမြဲတမ်းသန်မာနေပြီး ဘယ်သောအခါကမှအားနည်း

ဟန်မဆောင်ခဲ့ပေ။

ထို့နောက်ကောင်မလေးက အလျှင်မြန်သူမနှုတ်ခမ်းအားဖွင့်ဟ၍ ရှစ်ဖုန့်ကိုတောင်းပန်လိုက်သည်။

“ကျွန်မရှင့်ကိုတောင်းပန်ပါတယ်. ခေါင်းဆောင် .ဦးလေးဝမ်ရှန့်နဲ့ ဦးလေး ယွဲ့ချင်တို့ကိုနာကျင်အောင်မလုပ်ပါနဲ့”

“ဒီသခင်‌လေးသူတို့ကို မနာကျင်စေဖို့တောင်းဆိုတာလား..”

ကောင်မလေး၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏နှုတ်ခမ်းကတွန့်ကွေးသွားပြီး အေးစက်သောအပြုံး

တစ်ခုထပ်မံပေါ်လာသည်။

“ဒီသခင်လေးကမင်းတို့ ကန်းချမ်းကြေးစားအဖွဲ့ကို

ဂရုမစိုက်ဘူး. . အဲ့ပုရွက်ဆိတ်တွေ ဒီသခင်လေးကိုစော်ကားခဲ့ပေမဲ့

ဒီသခင်လေး ဘာမှအလေးအနက်မထားခဲ့ဘူး.

မင်းတို့အရှက်တကွဲအကျိုးနည်းမခံစားရအောင်လို့ဒီသခင်လေးက ထိုက်အ

ကောင်ကိုတောင် ကူပြီးသတ်ပေးခဲ့သေးတယ်”

“မင်းတို့ထွက်သွားတော့ ဒီသခင်လေး ထိုက်အကောင်ကိုသတ်တာကိုတာဝန်ယူတယ် ထိုက်မိသားစုကိုလာရှာခိုင်းလိုက်လို့ပြောခဲ့တယ်.. ဒါပေမဲ့ ဒီလူတွေက အဆုံးသတ်မှာဒီသခင်လေးကို ပစ်မှတ်ထားတုံးပဲ.. ဒီသခင်လေးကိုသူတို့ဖမ်းပြီးတော့ ထိုက်မိသားစုဆီကမျက်နှာသာရဖို့ ခေါ်သွားပေးချင်ကြတယ်”

“ဒါပေမဲ့ ရှင်ကအရမ်းအစွမ်းထက်တာ

လို့ကျွန်မတို့မှမသိတာ”

ကောင်မလေးကပြန်ဖြေသည်.

ရှောင်းယီ၏စကားအားကြားပြီးနောက်  ရှစ်ဖုန့်၏မျက်နှာထက်ရှိအပြုံးက ပို၍ပြန့်ကားလာသည်။သူကပြောလိုက်သည်။

“ဒီသခင်လေး  အရမ်းအစွမ်းထက်တာကိုမင်း

တို့ကမသိဘူးလား. မင်းတို့ကဒီသခင်လေးကိုဖမ်း ချင်တာမလား. ..အကယ်၍များဒီသခင်လေးသာ တကယ်ကြီးကြယ်တစ်ပွင့်

အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်နေခဲ့ရင် သူတို့ကဒီသခင်လေးကိုဖမ်း

ပြီးတော့ထိုက်မိသားစုဆီပို့မှာပဲ. အဲ့နောက် ဒီသခင်လေး ရဲ့ကံကြမ္မာက

သေသွားရင်တောင် သက်သာရာရတာမျိုးဖြစ်လိမ့်မယ်”

“ကျ..ကျွန်မအဲ့လိုမဆိုလိုပါဘူး. ကျွန်မအဲလိုပြောချင်တာမဟုတ်ပါဘူး.”

ရှောင်းယီကအလျှင်အမြန်ရှင်းပြသည်။

“ကျ..ကျွန်မ.ကျွန်မဆိုလိုတာက..”

ကောင်မလေးမှာရှစ်ဖုန့် ၏ရှေ့၌အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။ သူမဘာပြောရမည်မှန်းမသိချေ။

သူကအမြဲတမ်းကျိုးကြောင်း

ဆီလျော်မှုရှိခဲ့ပုံရသည်။ အကယ်၍ သူသာတကယ်ကြယ်တစ်ပွင့်

အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်ခဲ့လျှင်  ထိုက်ခက်အားသူသတ်ပစ်ခဲ့ခြင်းကြောင့် ထိုက်မိသားစုကသူ့အား

လွယ်လင့်တကူလွှတ်ပေးလိမ့်မည်မဟုတ်ပေ။

ထို့နောက်ကောင်မလေးမှာ ရှစ်ဖုန့်ပြောသည်အားကြားလိုက်ရသည်။

“မင်းအတွက်.ဒီသခင်လေး

သူတို့သုံးယောက်ကိုမသတ်ဘူး”

“ရှင်တကယ်ပြောတာနော်”

ရှစ်ဖုန့်က သူတို့သုံးဦးအားမသတ်ဟူ

သည့်စကားကိုကြားရသောအခါတွင်  ရှောင်းယီ၏မျက်လုံးတို့လက်ခနဲဖြစ်သွားသည်။သူမ၏တစ်ကိုယ်လုံးပေါ့သွား

သလိုခံစားရ၏။သူမက ပျော်ရွှင်စွာဖြင့်မေးလိုက်သည်။

“ဒီသခင်လေးက မသတ်ဘူးလို့ပြောရင်မသတ်ဘူးပဲ. ဒီသခင်လေးက ပြောတဲ့စကားအတိုင်းလုပ်တဲ့သူ. ဒါပေမဲ့..”

ဤနေရာအရောက်တွင်ရှစ်ဖုန့်၏

အသံကရုတ်တရပ်ရပ်တန့်သွားသည်။

ရှောင်းယီကရှစ်ဖုန့်၏ စကားအားနားထောင်နေသည်။

သို့သော် ရှစ်ဖုန့်က ရုတ်တရက် “ဒါပေမဲ့” အရောက်၌ရပ်လိုက်၏။ ကောင်းမလးကမျက်နှာကရုတ်ခြည်း စိုးရိမ်မှုအဖြစ်ပြောင်းသွားသည်။ သူမကမေးလိုက်၏။

“ဒါပေမဲ့ ဘာဖြစ်လဲ”

ကောင်မလေး၌ဆိုးရွားသာ

စိတ်လေးထင့်မှုခပ်ယဲ့ယဲ့ရှိနေသည်။

ထို့နောက်ရှစ်ဖုန့်ကပြောသည်။

“သူတို့သုံးယောက်က ဒီသခင်လေးကိုစော်ကားခဲ့တယ်. သူတို့တွေဒီသခင်လေး

ကိုဒူးထောက်ပြီးတော့တောင်းပန်ရမယ်.. သူတို့တွေ မနက်ဖြန်မိုးလင်းတဲ့အထိဒူး

ထောက်ထားပါစေ. ဒီသခင်လေးသူတို့ကိုစောင့်ကြည့်ဖို့ အဖြူလေးကို လွှတ်ထားမယ်”

“ဝေါင်း”

ရှစ်ဖုန့်က သွေးနီရောင်မီးတောက်တို့ဝန်းရံနေသော လူသုံးယောက်အားကြည့်၍ အေးစက်စွာပြောလိုက်သည်။

“မနက်ဖြန်မနက်မတိုင်ခင်သူတို့ထရင်  ဒီသခင်လေး မင်းတို့ ကြေးစားအဖွဲ့က အားလုံးကိုသတ်ပစ်မယ်”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း

ရှောင်းယီက အလျှင်အမြန်ပြောလိုက်သည်။

“ရှင်.ဘယ်လိုဖြစ်ပြီးတော့ဒီလိုလုပ်နိုင်ရတာလဲ”

“လုံးဝမလုပ်ဘူး”

ဤအချိန်တွင်ကန်းထျန်း၏ အားမာန်ပါသောအသံက  သွေးနီရောင်မီးတောက်တို့ထံ

မှထွက်ပေါ်လာသည်။

“စစ်သည်တစ်ဦးကအသတ်ခံနိုင်တယ် အရှက်တော့အကွဲမခံနိုင်ဘူး…

မင်းငါတို့ကိုဒူးထောက်စေချင်ရင် သတ်မှပဲရမယ်”

“ခေါင်းဆောင်.ခေါင်းဆောင်”

ကန်းထျန်း၏ စကားတို့အားကြားရသောအခါတွင်  ရှောင်းယီကစိုးရိမ်မှုအပြည့်မျက်

နှာဖြင့်ကြည့်လိုက်သည်။ ခေါင်းဆောင်၏ စရိုက်အပေါ်သူမနားလည်ထားမှုအရ  သူကဲ့သို့သန်မာသည်လူတစ်ယော်ကား ဒူးထောက်စေခြင်းမှာသေသည်

ထက်ဆိုးသောအရာဖြစ်သည်။

ကန်းထျန်း၏ဘေး

တစ်ဖက်ဆီ၌ရှိနေကြသော ဝမ်ရှန့်နှင့် ယွဲ့ချင်တို့မှာ  တစ်ခုခုပြောချင်ပုံရသော်လည်း

ရပ်လိုက်ကြသည်။ အဆုံးသတ်၌  အလယ်၌ရပ်နေသည့်ကန်း

ထျန်းကိုသာကြည့်၍ဘာမှမပြောတော့ပေ။

“ကောင်းပြီ…အားလုံးသေလို့ရပြီ”

ရှစ်ဖုန့်ကကန်းထျန်း၏စကား

အားကြားလိုက်ရသောအခါတွင် ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

၎င်းတို့အားသူသတ်မည်ဟု

ပြောသောအခါတွင် သူ၏ အမူအယာက သူ့အနေဖြင့်ပုရွတ်ဆိတ်တစ်ကောင်

အားသတ်ဖြတ်နေသည်နှင့်ဘာမှ

ကွာခြားခြင်းမရှိချေ။

ထို့နောက်အတွေးတစ်ချက်ဖြင့်  ကန်းချမ်းကြေးစားအဖွဲ့ဝင်သုံး

ယောက်အထက်လေထဲ၌လွင့်

မျောရပ်တည်နေသော အဖြူရောင်လက်ဖဝါးပုံရိပ်အား   အနည်းငယ်တုန်ယင်အောင်လုပ်လိုက်သည်။

“နေအုံး.နေပါအုံး”

အဖြူရောင်လက်ဖဝါးပုံရိပ်

လှုပ်ရှားသောအခါတွင်သွေးနီ

ရောင်မီးတောက်တို့အတွင်းမှာ မာန်ပါသောအော်သံတစ်ခုထပ်မ

ံထွက်လာပြန်သည်။ ဤအသံမှာ ကန်းထျန်းဆီမှာထပ်မံလာခြင်းဖြစ်သည်။

“အိုး”

ရှစ်ဖုန့် “အိုး” ဟုခပ်တိုးတိုးရေရွတ်လိုက်သည်။ထို့နောက်သူ့အထက်ရှိအနည်းငယ်တုန်ယင်နေသော

အဖြူရောင်လက်ဖဝါးပုံရိပ်အား  ရုတ်ခြည်းလှုပ်ရှားမှုကိုရပ်တန့်စေလိုက်၏။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters