← Chapters

လှည့်လည်သွားလာသူများ

Vol. 7 Ch. 92

လှည့်လည်သွားလာသူများ

Vol. 7 Ch. 92

အခန်း (၉၂) လှည့်လည်သွားလာသူများ

"မင်းရဲ့ကုန်တင်လေယာဉ်ကို ငါသုံးရမယ်" ဟု ဟန်ရှောင်းက အန်တိုနီယိုကို ပြောသည်။ သူတို့သည် ဖေဘီယန် ကုမ္ပဏီ၏ အခြေစိုက်စခန်းတစ်ခုတွင် ရှိနေကြသည်။

အန်တိုနီယို အနည်းငယ် ထိတ်လန့်သွားသည်။

“ကျနော်တို့က စစ်ဘက်ကုန်တင်လေယာဉ်ကို အကြီးစား အရောင်းအဝယ်လုပ်ဖို့ပဲ သုံးတယ်။ သင်က အနက်ရွှေရောင် VIP ဆိုရင်တောင် သတ်မှတ်ထားတဲ့ အခကြေးငွေကို ပေးဆောင်ရမှာပါ” ဟု အန်တိုနီယိုက စကားထစ်နေသည်။

“ကောင်းပြီ၊ နားလည်ပြီ။”

“ကောင်းပြီလေ မင်းဘယ်နှစ်ယောက် သွားချင်တာလဲ။ ဘယ်တော့ ထွက်မှာလဲ"

“တစ်ယောက်တည်းပဲ။ ခုချက်ချင်း ထွက်မယ်။"

အန်တိုနီယို၏ ဝဝကစ်ကစ် မျက်နှာသည် ရေလှိုင်းများကဲ့သို့ တုန်ခါနေသည်။ ခဏလောက် ခေတ္တရပ်ပြီး နောက်ဆုံးမှာ ပြောလိုက်သည်။ “ဘယ်လိုတွေ ဖြုန်းတီးပစ်တာလဲ”

စစ်ဘက်ကုန်တင်လေယာဉ်သည် တစ်နေ့တာအချိန်အတွင်း ဦးတည်ရာသို့ ရောက်ရှိနိုင်သည်။ လေယာဉ်ပေါ်တွင် ရိုးရှင်းသော ဂိုဒေါင်တစ်ခုရှိပြီး ဟန်ရှောင်းသည် စက်ပစ္စည်းအသစ်များကို ဖန်တီးနိုင်ပြီး ခရီးစဉ်အတွင်း လေယာဉ်ပေါ်တွင် အတွေ့အကြုံအမှတ်များ ရရှိနိုင်သည်။

“လေယာဉ်နဲ့ ခရီးစရိတ်က ဒေါ်လာ ၅၀,၀၀၀ ပါ။ မင်းသေချာရဲ့လား။"

"လေယာဉ်ကို ဘယ်အချိန် တက်နိုင်မှာလဲ" ဟန်ရှောင်းသည် ဒေါ်လာတစ်သိန်းပါရှိသော သူ့လက်ဆွဲအိတ်ထဲမှ ငွေသားအမြောက်အများကို ထုတ်ယူလိုက်သည်။

"တစ်နာရီ။"

ဖေဘီယန် ကုမ္ပဏီသည် နံနက်ခင်းလေဟုန်စီးတီးတွင် ပြေးလမ်းရှည်တစ်စင်းကို ငှားရမ်းထားသည်။ ထိုနေရာတွင် သံလွင်စိမ်းရောင် ကုန်တင်လေယာဉ်ကြီးများ ရပ်နားထားသည်။ ဟန်ရှောင်းသည် သူ၏ အသုံးအဆောင်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအားလုံးကို ယူဆောင်ကာ လေယာဉ်ပေါ်တက်ခဲ့သည်။ မကြာမီ သူသည် တုန်ခါမှုကို ခံစားနိုင်သည်။ လေယာဉ်သည် အရှိန်မြှင့်လာပြီး တိမ်များပေါ်သို့ ပျံတက်သွားသည်။

လေယာဉ်ပျံတက်ပြီးနောက် ကောင်းကင်ပေါ်တွင် တည်ငြိမ်မှု ပြန်ရလာသောအခါ ဟန်ရှောင်းသည် သူ့၏ ‌ဖန်တီးမှုတွေကို စတင်နိုင်ခဲ့သည်။

...

အဆုံးမရှိသော သဲကန္တာရပေါ်တွင် ကျစ်ကျစ်တောက်ပူနေသော နေရောင်သည် စူးရှစွာ တောက်ပနေ၏။ အဝါရောင်သဲသည် လူ့ခန္ဓာကိုယ်အတွက် မခံနိုင်သော အပူချိန်ကို ပေးနေသည်။

လူနှစ်ဆယ်ရှိသည့် အဖွဲ့တစ်ဖွဲ့သည် သဲကန္တာရကို ဖြတ်လျှောက်နေကြသည်။

သူတို့သည် စုတ်ပြဲနေသော မီးခိုးရောင် ၀တ်စုံများကို ဝတ်ထားသည်။ သူတို့၏ ၀တ်ရုံများကို မည်မျှကြာအောင် မလျှော်ဖွတ်ခဲ့သည်ကို ဘုရားသခင်သာ သိလိမ့်မည်။ သူတို့၏ ၀တ်ရုံများသည် ချွေးများဖြင့် ရွှဲနစ်နေပြီး ရွံရှာဖွယ် အနံ့အသက်များ ထွက်လာကာ စိုစွတ်နေသော ခန္ဓာကိုယ်တွင် ကပ်နေပါသည်။ သူတို့၏ နှုတ်ခမ်းများ ကွဲအက်ပြီး မျက်လုံးများမှာ ငိုက်စိုက်ကျနေသည်။ သူတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုများမှာ သူတို့မျက်နှာပေါ်ရှိ အကြည့်များတွင် အထင်အရှား ပေါ်နေသည်။ သူတို့သည် တုန်တုန်ယင်ယင် ရွေ့လျားနေပြီး အချိန်မရွေး ပြိုလဲသွားနိုင်သလိုပင်။ သူတို့ယူလာသော မြင်းတွေကလည်း ဖျားနာပြီး ပိန်ကပ်‌နေပုံရ၏။

ဆိုမာ သဲကန္တာရတွင် တစ်ချိန်က အိုအေစစ်တစ်ခု ရှိခဲ့ဖူးသည်။ တိုင်းပြည်က ချမ်းသာပြီး သူ၏ နိုင်ငံသားများသည် ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြသည်။ သို့သော်လည်း စစ်ကြီးပြီးသောအခါ တစ်ပြည်လုံး ပျက်စီးသွားသည်။ တိုက်ပွဲများကြောင့် အိုအေစစ်များ ပျက်စီးခဲ့ပြီး ပတ်ဝန်းကျင် သဲကန္တာရနှင့် ရောနှောသွားခဲ့သည်။ သဲကန္တာရထဲတွင် လမ်းလျှောက်နေသူများသည် ပျောက်ကွယ်သွားခဲ့သော နိုင်ငံ၏ နိုင်ငံသားများပင်။

ဆိုမာ သဲကန္တာရထဲမှာ နှစ်ပေါင်း တစ်သန်းကျော် သက်တမ်းရှိတဲ့ အပျက်အစီးတွေ ဝှက်ထားခဲ့တယ်လို့ ရှေးလူမျိုးဟောင်းတွေရဲ့ ဒဏ္ဍာရီက ဆိုပါသည်။ အပျက်အစီးများအောက်တွင် သဲကန္တာရတစ်ခုလုံးကို ထိန်းချုပ်ရန် စွမ်းအားကို ဆုပ်ကိုင်ထားသည့် သိုဝှက်ထားသော ရတနာတစ်ခု ရှိနေသည်။

လွန်ခဲ့သောဆယ်စုနှစ်များအတွင်းက ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် သဲကန္တာရသည် ပုံမှန်မဟုတ်သော အပြောင်းအလဲများ ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ သဲသည် ရေကဲ့သို့ ပြုမူပြီး ရေဝဲအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုရေဝဲသည် သဲကန္တာရထဲတွင် တစ်စုံတစ်ယောက်က ထိန်းချုပ်ထားသလိုမျိုး ရွေ့လျားသွားသည်။ ထို့နောက် ခုနစ်ရက်ကြာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ တိုင်းပြည်ပျက်ဆီးခြင်းနှင့်အတူ တုန်လှုပ်ချောက်ချားစရာ မှတ်တမ်းများ ပျောက်ကွယ်သွားခဲ့သည်။ နိုင်ငံဟောင်းမှ နိုင်ငံသားအများအပြားက ရတနာသည် သူတို့နိုင်ငံကို ပြန်လည်ရှင်သန်စေနိုင်သည်ဟု ယုံကြည်ကြပြီး ယင်းကို ကာလရှည်ကြာစွာ ခက်ခက်ခဲခဲ ရှာဖွေခဲ့ကြသည်။

ဆိုမာ သဲကန္တာရ နယ်စပ်တလျှောက်တွင် လှုပ်ရှားသွားလာနေသော လှည့်လည်သွားလာသူများကို ဘုရားဖူးခရီးသွားများဟုလည်း ခေါ်ကြသည်။

ထိုအယောက်နှစ်ဆယ်အုပ်စုသည် ဘုရားဖူးခရီးသွားအဖွဲ့ နောက်ဆုံးအသုတ်ဖြစ်သည်။

“Felonia ရဲ့ အပျက်အစီးတွေ ၊ မှော်အစွမ်းတွေ ၊ သူတို့ တည်ရှိနေမှာ သေချာပါတယ်” ဘုရားဖူးခရီးသွားများထဲမှ အကြီးဆုံးဖြစ်သူက သူ့ကိုယ်သူ တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

...

နယ်နိမိတ်များကို ကာကွယ်ရန်အတွက် မော်တော်ယာဉ်များ သဲကန္တာရသို့ ပြန်သွားကြသည်။

"ဒိုရိုသီ! ဒီခရီးက ဘာမှမရပြန်ဘူးလား" နှင်းဆီစစ်သွေးကြွများ၏ ခေါင်းဆောင် လုအိုချင်းက မေးလိုက်သည်။

“ဒီတစ်ခါမှာတော့ E4၊ E5 နဲ့ D4 ကဏ္ဍတွေမှာ ရှာဖွေခဲ့ပါတယ်။ Felonia ရဲ့ ဘာလက္ခဏာမှ မရှိသေးပါဘူး” ဒိုရိုသီ က စိတ်ပျက်လက်ပျက်နဲ့ ပြန်ပြောသည်။ သူမသည် သန်မာသော လူမည်းအမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏ မျက်နှာသည် ကင်းခြေများကဲ့သို့ ရှည်လျားသော အမာရွတ်ဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ သူမ၏ တောင့်တင်းသန်မာသော လက်မောင်းများတွင် သူမ၏နက်မှောင်သောအသားအရေကြောင့် မြင်ရန်ခက်ခဲသော တက်တူးများရှိသည်။

နှင်းဆီစစ်သွေးကြွသည် အမျိုးသမီးအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော ကြေးစားစစ်သား အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သူတို့သည် ဆိုမာ သဲကန္တာရတွင် လှုပ်ရှားကြပြီး Felonia ကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြသည်။

အဖွဲ့အစည်းတွင် ညွှန်ကြားရေးမှူး နှစ်ဦး ရှိသည်။ မြေခွေးတစ္ဆေဟု ချစ်စနိုးခေါ်ကြသည့် အခြားညွှန်ကြားရေးမှူးမှာ သေးငယ်သော အဖြူရောင်အမျိုးသမီးဖြစ်ပြီး ထက်မြက်သော လုပ်ကြံသတ်ဖြတ်သူဖြစ်သည်။

“ဒီရှာဖွေမှုမှာ ကျွန်တော်တို့အဖွဲ့ဝင်တွေ ကူတိုနီယန်တွေနဲ့ ထိတွေ့ခဲ့ပါတယ်။ ဝမ်လီနဲ့ စက်စဲတို့ တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။”

ပြန်လာသော စစ်သွေးကြွအဖွဲ့ဝင်များအားလုံး ဒဏ်ရာကိုယ်စီ ရခဲ့ကြသည်။ သူတို့၏ ကျည်ကာအင်္ကျီများတွင် အပေါက်များစွာပါရှိပြီး အင်္ကျီများတွင်ပါရှိသည့် ကြွေပြားများလည်း ကွဲအက်သွားခဲ့သည်။

လုအိုချင်းက အေးစက်စက် အကြည့်တစ်ချက် ကြည့်ပြီး "နောက်ထပ် ရှာဖွေမှုမှာ ပိုသတိထားပါ။ ကူတိုနီယန်တွေက ငါတို့ကို ဖယ်ရှားပစ်ဖို့ အမြဲလိုလားနေတဲ့ Rothschild မိသားစုမှ ရန်ပုံငွေ ထောက်ပံ့ထားတယ်။"

ဆိုမာ သဲကန္တာရတွင် လှုပ်ရှားနေသော စစ်ဘက်အဖွဲ့များအားလုံးတွင် ၎င်းတို့၏ စပွန်ဆာများ ရှိသည်။ သူတို့အားလုံး Felonia ကိုရှာဖွေရန်တာဝန်ရှိသည်။ ထို့ကြောင့် မတူကွဲပြားသော အုပ်စုများကြား တိုက်ပွဲများသည် အလွန် အဖြစ်များ၏။ ကြေးစားစစ်သားအများစုသည် ၎င်းတို့၏လက်ထဲတွင် အနည်းဆုံး အသက်ဆယ်ချောင်းကျော် သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ သူတို့အားလုံးဟာ ရက်စက်ကြမ်းကြုတ်တဲ့ ပုဂ္ဂိုလ်တွေပင်။

...

ဟန်ရှောင်းသည် လေယာဉ်ပေါ်တွင် လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရသည်။ ကြီးမားသော စွမ်းအားက သူ့ခန္ဓာကိုယ်ကို ထိုင်ခုံတွင် ဖိနှိပ်လိုက်သည်။ တဖြည်းဖြည်းနဲ့ သူ့ကို တွန်းအားပေးတဲ့ စွမ်းအားတွေ ပျောက်သွား၏။

“လေယာဉ်ဆင်းသက်ပါပြီ” လေယာဉ်မှူးက စပီကာများမှတစ်ဆင့် အော်ပြောသည်။

ဟန်ရှောင်းက သူ့လက်ဆွဲအိတ်ကို ချလိုက်ပြီး လေယာဉ်ပေါ်ကနေ ဆင်းလိုက်တာနဲ့ အပူလှိုင်းကို ခံစားလိုက်ရ၏။

ဆင်းသက်သည့်နေရာသည် သံဆူးကြိုးများဖြင့် ဝန်းရံထားသော ဂိုဒေါင်ဖြစ်သည်။ နယ်မြေအတွင်း ကင်းလှည့်နေသည့် ပြည်သူ့စစ်များစွာ ရှိသည်။ ဤနေရာသည် ဆိုမာသဲကန္တာရရှိ ဖေဘီယန် အဖွဲ့အစည်း၏ ဌာနခွဲဖြစ်သည်။ ဖေဘီယန် အဖွဲ့အစည်းသည် လုပ်ငန်းပိုမိုအဆင်ပြေစေရန်အတွက် နေရာတိုင်းတွင် ရုံးခွဲများရှိသည့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။

"ဆိုမာ သဲကန္တာရမှ ကြိုဆိုပါတယ်။" အန်တိုနီယို လေယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။ သူ၏ အဆီများသော ခန္ဓာကိုယ်ဝဝကြီးကို ရှပ်အင်္ကျီအဖြူသည် တင်းကျပ်စွာ ဆွဲညှစ်ထားသည်။ အသားအဆီတုံးများကို အင်္ကျီမဝတ်ထားသကဲ့သို့ ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။

"မင်းဘာလို့ လိုက်လာတာလဲ"

“ဟာဟား၊ ဆိုမာဌာနခွဲရဲ့ ခေါင်းဆောင်က မကြာသေးခင်က တိုက်ပွဲမှာ ကျဆုံးသွားတယ်။ ဒါကြောင့် အုပ်ချုပ်ရေးပိုင်းကို ဂရုစိုက်ဖို့ ဒီကို ရောက်လာတာ။ နောက်ပြီး ငါလည်း ခရီးမထွက်တာ တော်တော်ကြာနေပြီ။”

ဟန်ရှောင်း ခေါင်းညိတ်လိုက်သည်။ သူက ရှက်ရွံ့မနေဘဲ “ငါ ဒီမှာလှုပ်ရှားနေတဲ့ မတူညီတဲ့ စစ်ဘက်အုပ်စုတွေကို ညွှန်ပြတဲ့ မြေပုံတစ်ခုလိုတယ်။ နောက်ပြီး မင်းက ငါ့ကို ကန္တာရဂျစ်ကား ငှားပေးနိုင်မလား"

"စီစဉ်ပေးဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်မယ်။"

ဆိုမာ သဲကန္တာရသည် ကြီးမားသော ဧရိယာကို လွှမ်းခြုံထားသည်။ မအိပ်ဘဲ ဂျစ်ကားကို အဆက်မပြတ်မောင်းပြီး မှန်ကန်တဲ့လမ်းကြောင်းအတိုင်း သွားရင်တောင် သဲကန္တာရကိုဖြတ်ပြီး ခရီးသွားဖို့ အနည်းဆုံး ဆယ်ရက်လောက်တော့ လိုပါလိမ့်မည်။ သဲကန္တာရအတွင်း သွားလာရန် ခက်ခဲသောကြောင့် ဦးတည်ရာကို တိတိကျကျ ဖော်ပြရန် ရေဒါတစ်ခု လိုအပ်သည်မှာ သေချာပါသည်။ ထို့အပြင် ဒေသတွင်း၌ စစ်ဘက်ဆိုင်ရာအဖွဲ့များ အများအပြာလည်း လှုပ်ရှားနေသ။

ကျတ်တီးမြေပြင်တွင် မတူညီသောအင်အားစုများက တိုက်ပွဲဝင်နေကြသည်ကို နားမလည်နိုင်သောကြောင့် ဟန်ရှောင်းသည် စိတ်ရှုပ်ထွေးသွားသည်။

" Felonia ကိုရှာဖို့ "

"အဲဒါဘာလဲ?" ဟန်ရှောင်းက အရမ်းသိချင်နေသည်။ ထိုစကားနှင့်ပတ်သက်၍ သူ့တွင် အမှတ်ရစရာမရှိပါ။ ဒါက သူ၏ အတိတ်ဘဝတွင် အသက်မဝင်ခဲ့သော လျှို့ဝှက်မစ်ရှင်တစ်ခု ဖြစ်နိုင်သည်။

အန်တိုနီယိုက သမ်းလိုက်သည်။ "ငါလည်း အတူတူပဲ။ ဘာမှမသိဘူး။"

အန်တိုနီယိုသည် သူ့ထံမှ တစ်စုံတစ်ခုကို ဖုံးကွယ်ရန် ကြိုးစားနေကြောင်း ဟန်ရှောင်း သဘောပေါက်သွားသည်။ သူသည် မျက်ခုံးပင့်ကာ ပစ္စည်းများကို ကောက်ယူပြီး စကားထပ်မပြောဘဲ ဂျစ်ကားဆီသို့ လျှောက်သွားသည်။ နှင်းဆီစစ်သွေးကြွ၏ လှုပ်ရှားနယ်မြေများကို စစ်ဆေးရန် သူအဆင်သင့်ဖြစ်နေပြီ။

"ခရီးလမ်း ဖြောင့်ဖြူးသာယာပါစေ။" အန်တိုနီယိုက ဟန်ရှောင်းကို ပျင်းရိစွာ ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။

ဟန်ရှောင်းသည် ဆူးကြိုးများကြားရှိ ထွက်ပေါက်မှ ဂျစ်ကားကို သဲကန္တာရထဲသို့ မောင်းသွား‌တော့သည်။

…

ရေဒါပေါ်ရှိ အချက်အလက်များမှတစ်ဆင့် ဟန်ရှောင်းသည် နှင်းဆီစစ်သွေးကြွ သိမ်းပိုက်ထားသော ဧရိယာနှင့် အတော်အလှမ်းဝေးသော နေရာကို ရောက်ရှိနိုင်ခဲ့ပြီး အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို တယ်လီစကုပ်ဖြင့် ကြည့်ရှုနိုင်ခဲ့သည်။

နှင်းဆီစစ်သွေးကြွ၏ စခန်းကို အစောင့်အကြပ် ထူထပ်စွာ ချထားသည်။ နံရံများမှာ ကွန်ကရစ် နံရံများဖြစ်ပြီးနှင့် သံဆူးကြိုးများ ပါရှိသည်။ သတ္တုတံခါးသည် စခန်းသို့ တစ်ခုတည်းသော ဝင်ပေါက်နှင့် ထွက်ပေါက်ဖြစ်သည်။

စခန်းအတွင်းတွင် ကင်းစောင့်မျှော်စင်ကြီး တစ်ခုရှိသည်။ ကင်းစခန်းတွင် ညဘက်ဖွင့်မည့် ရှာဖွေရေးမီးကြီးကို တပ်ဆင်ထားပြီး ကင်းစောင့်စစ်သားသည် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေ၏။

ဟန်ရှောင်းသည် သဲထဲသို့ တိုးဝင်ပြီး မြေအောက် ဥမင်လိုဏ်ခေါင်းကို မတူးနိုင်လျှင် စခန်းကို ထိုးဖောက်စိမ့်ဝင်ရန် မဖြစ်နိုင်သလောက်ပင်။

ထို့အပြင် နှင်းဆီစစ်သွေးကြွတွင် အမျိုးသမီးများသာ ပါဝင်ပါသည်။ သူတို့မှာ ရင်သားကြီးတွေနဲ့ ဆူဖြိုးသောတင်ပါးများ ရှိကြသည်။ ဟန်ရှောင်းသည် အိုးကောင်းသော်လည်း ရင်သားတွေကို မညှစ်ထုတ်နိုင်ပေ။ သူ့ကိုယ်သူ အမျိုးသမီးအဖြစ် အသွင်ဆောင်နိုင်ရင်တောင်မှ သူ့ကို ရှာဖွေတွေ့ရှိဖို့ အလားအလာ များ၏။

သေချာပေါက် ကျရှုံးမည့် စိမ့်ဝင်ခြင်းပင်။

ဟန်ရှောင်းသည် ကင်းစခန်းရှိ လက်နက်များကို တစ်ချက်ကြည့်လိုက်သည်။ အခြေစိုက်စခန်းကို ဝန်းရံထားသည့် ခိုင်မာသော နံရံများအပြင် လက်ပစ်ဗုံး လောင်ချာများစွာနှင့် လေးလံသော စက်သေနတ် ဒါဇင်များစွာ ရှိခဲ့သည်။

အခြေစိုက်စခန်းကို ချေမှုန်းရာတွင်လည်း မအောင်မြင်နိုင်ပေ။

မစ်ရှင် အောင်မြင်ဖို့ တစ်ခုတည်းသော နည်းလမ်းက မြွေကို တွင်းထဲမှ ထွက်လာအောင် မြှူဆွယ်ဖို့ပဲ ကျန်တော့တယ်။ လာမယ့်တိုက်ပွဲတွေမှာ ထောင်ချောက်တွေ အသုံးပြုဖို့ လိုတယ်။ ပစ္စည်းအသစ်လေးတွေ ဖန်တီးဖို့လိုတယ်၊ ဟန်ရှောင်းက ထွက်သွားပြီး သူ့ဖာသာသူ တွေးနေသည်။

ဟန်ရှောင်းသည် ဖေဘီယန် ကုမ္ပဏီ၏ ဆိုမာ ဌာနချုပ်သို့ ပြန်လာ၏။ သူက အန်တိုနီယိုကို ဂိုဒေါင် သုံးလို့ရနိုင်လားလို့ မေးချင်‌နေသည်။

ဟန်ရှောင်းတွင် အလားအလာပွိုင့် ခုနစ်ခု ကျန်နေသေးသည်။ သူသည် [အခြေခံ လျပ်စစ် သံလိုက်ပညာ] ကို အဆင့် ၄နှင့် [အခြေခံ လေဟာပြင် ခံစားမှု]အဆင့် (၃) အထိ စုစုပေါင်းအမှတ် လေးမှတ်ဖြင့် မြှင့်တင်ခဲ့သည်။

_____________________

အရည်အချင်းပေါင်းစပ်ခြင်း ပြုလုပ်လိုပါသလား။

(အဆင့် ၄ [အခြေခံ လျပ်စစ် သံလိုက်ပညာ] + အဆင့် ၃ [အခြေခံ စွမ်းအင်သီအိုရီ]

+ အဆင့် ၃ [အခြေခံ လေဟာပြင် ခံစားမှု])

ဤပေါင်းစပ်ခြင်းက အတွေ့အကြုံအမှတ် ၁၅,၀၀၀ ကျသင့်ပါမည်။

အခန်း (၉၂) ပြီး၏။

လင်းဆက်

+++++

All Chapters