အပိုင်း(၅၃၀)
Vol. 36 Ch. 530
လေထဲ၌လွင့်မျောနေသော အဖြူရောင်လက်ဖဝါးပုံရိပ်ကြီးက လှုပ်ရှားလာသောအခါတွင် ကန်းချမ်းကြေးစားအဖွဲ့ခေါင်း
ဆောင်ဖြစ်သူ ကန်းထျန်း၏ မာန်ပါသောအသံထွက်ပေါ်လာ၏။
သူ၏အသံ၌ အလောသုံးဆယ်ဖြစ်မှုတို့ဖြင့်ပြည့်နှက်
နေကာပြောလိုက်သည်။
“နေအုံး.နေပါအုံး”
သက်ဆင်းလာတော့မည့်အဖြူရောင်
လက်ဖဝါးရိပ်ကြီးမှာ ရုတ်တရပ်ရပ်တန့်သွားသည်။ ဤအချိန်တွင် ကန်းထျန်းက မော်ကြည့်လိုက်ပြီး သူ၏ ပြတ်သားသောမျက်နှာထက်၌ မျက်လုံးများအားဖြည်းညှင်းစွာပိတ်လိုက်သည်။ သူက အလွန်လက်သင့်မခံနိုင်ဘဲ စိတ်မချမ်းမြေ့သည့် အမူအယာတစ်ခုအားလှစ်ဟာပြရင်းနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ငါဒူးထောက်မယ်”
“အာ”
ကန်းထျန်း၏စကားအားကြား
လိုက်ရပြီးနောက်ရှောင်းယီမှာလွန်စွာ တုန်လှုပ်အံ့အားသင့်သွားပြီးရုတ်တရက် အလန့်တကြားအော်လိုက်သည်။ သူမ၏နှလုံးသားထဲ ကန်းချမ်းကြေးစားအဖွဲ့တစ်ခုလုံး၏နှလုံးသားထဲ၌ အမြဲတမ်း ဦးညွှတ်ဖို့ထက် သံမိဏိလှံတစ်ချောင်းလိုမားမား
သာရပ်တည်လိုသောသူ၏မြင်ရသော သူက တကယ်ကြီးဒူးထောက်နေသည်ဖြစ်၏။
“ဒါက”
ကောင်မလေး၏နှလုံးသားက သေးငယ်သွားသည်။ ဤမြင်ကွင်းအား မြင်ရပြီးနောက်ယင်းအားလက်သင့်ခံနိုင်ရန်
သူမခက်ခဲနေသည်။သူမ၏နှလုံးသားထဲ၌ ခေါင်းဆောင်ဖြစ်သူမှာ အရှက်ကွဲ အညံ့ခံရခြင်းထက်သေခြင်းကိုသာ ပိုလိုလားသောလူစားမျိုးဖြစ်၏။ သို့သော်ယခုအခါတွင် ထိုသို့သောလူက အသက်ရှင်သန်နိုင်ရေးအတွက် ဒူးထောက်ဖို့ဆန္ဒရှိနေသည်။
ဤသည်ကားသူမစိတ်ထဲမှခေါင်းဆောင်ဖြစ်သူဟုတ်ပါ၏လော။ ယင်းက ခေါင်းဆောင်၏ နှစ်ပေါင်းများစွာကွဲကွာနေခဲ့သော
အမြွှာညီအကိုများဖြစ်နေသည်လော။
ရှောင်းယီ၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှု ၊ မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
ကန်းထျန်းဒူးထောက်လိုက်ပြီးနောက် အခြားသော လက်ထောက်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဝမ်ရှန့်နှင့် ယွဲ့ချင်တို့ကလည်း သူတို့၏ဒူးများအားကွေးညွှတ်ပြီး ဒူးထောက်ချလိုက်သည်။
ကန်းချမ်းကြေးစားအဖွဲ့၏ စွမ်းအားအကြီးဆုံးနှင့်အသန်မာဆုံးသော အဖွဲ့ဝင်သုံးဦးမှာ သူတို့၏အသက်အတွက် ရှစ်ဖုန့်၏ရှေ့ သွေးနီရောင်မီးတောက်စက်ဝိုင်းအ
တွင်း၌ဒူးထောက်နေသည်။
“ဦးလေးဝမ်ရှန့်…ဦးလေးယွဲ့ချင် ..ဦးလေးတို့လည်း……..ဟူး…”
ကောင်မလေးကသက်ပြင်းချလိုက်သည်။
“ကောင်းတယ်.. ခင်ဗျားတို့ဒူးထောက်တယ်ဆိုမှတော့ မနက်ဖြန်မနက်ခင်းရောက်တဲ့အထိ
ဒူးထောက်ရင် ဒီသခင်လေး ခင်ဗျားတို့အသက်ကို ချမ်းသာပေးမယ်.. အကယ်၍များခင်ဗျားတို့သုံးယောက်
ဒီသခင်လေးရဲ့ဆန္ဒကိုဆန့်ကျင်ရဲရင် ခင်ဗျားတို့ကန်းချမ်းကြေးစားအဖွဲ့တစ်ခုလုံး ဒီကမ္ဘာပေါ်မှာအသက်ဆက်ရှင်ဖို့ဘာအကြောင်းပြချက်မှမရှိတော့ဘူး..”
ရှစ်ဖုန့်က သွေးနီရောင်မီးတောက်စက်ဝိုင်း
အတွင်းမှလူသုံးယောက်အားအေးစက်
သောအပြုံးတစ်ခုဖြင့်ကြည့်၍ ပြောလိုက်သည်။
ထို့နေက်မကြာခင် ရှစ်ဖုန့်၏အတွေးတစ်ချက်လှုပ်ရှားလိုက်ပြီး ၎င်းတို့သုံးယောက်အထက်၌လွှမ်းမိုးထားသော အဖြူရောင်လက်ဖဝါးပုံရိပ်ကြီးက ရုတ်ခြည်းပျောက်ကွယ်သွားသည်။ ၎င်းတို့သုံးဦးအားဝန်းရံထားသည့် သွေးနီရောင်မီးတောက်တို့ကလည်း ရှစ်ဖုန့်ထံပြန်လည်လှိမ့်ဝင်လာပြီး ရှစ်ဖုန့်ကိုယ်အတွင်းလျှင်မြန်စွာစုပ်ယူခံလိုက်ရသည်။
ထို့နောက် ရှစ်ဖုန့်က အဖြူလေးအားပြောလိုက်သည်။
“အဖြူလေး. ဒီညဒီမှာနားပြီးတော့ ဒီလူတွေကိုစောင့်ကြည့်ဖို့ဒီသခင်လေးကို
ကူညီပေး”
“ဝေါင်း.ဝေါင်း”
အဖြူလေးကပြန်တုန့်ပြန်သည့်အနေဖြင့်ဟိန်းလိုက်သည်။တစ်ချိန်တည်းတွင် ၎င်းက ကြမ်းကြုတ်ခက်ထန်ပြီးရန်လိုသော အမူအယာအားမြေပြင်ပေါ်၌ စိတ်မချမ်းမြေ့သောမျက်နှာများ
ဖြင့်ဒူးထောက်နေကြသောလူသုံးဦးထံသို့ လှစ်ဟာပြသလိုက်သည်။
ထို့နောက်ရှစ်ဖုန့်၏ ကိုယ်က လှုပ်ရှားသွားပြီး အဖြူလေး၏ကိုယ်ပေါ်မှဆင်းလိုက်သည်။ ထို့နောက်ရှောင်းယီဟုခေါ်သည့်ကောင်မလေးအားကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကောင်မလေး . မင်းဒီသခင်လေးနဲ့အတူတူလိုက်ခဲ့ . ဒီသခင်လေးမင်းကိုဒီညပွဲပြမယ်..ထိုက်ကလန်ကသာ အညံ့ခံဖို့ငြင်းဆန်ရင် ဒီသခင်လေး သူတို့က ရှင်းယောင်မြို့က ဒီညပျောက်ကွယ်သွားအောင်လုပ်ပြမယ်”
“အာ.ရှင်ဘာကိုဆိုလိုတာလဲ”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ရှစ်ဖုန့်စကားများ၏နောက်ကွယ်မှ အဓိပ္ပါယ်အားနားလည်သော ကောင်မလေးက အံ့အားသင့်စွာ ပြောလိုက်လေသည်။
“ဟုတ်တယ်..ဒီသခင်လေး ထိုက်ကလန်ကိုအခုပဲသွားမှာ”
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။
ဤအချိန်တွင် ကောင်မလေးသည်သာမကဘဲ မြေပြင်ပေါ်၌ဒူးထောက်နေကြသောလူသုံး
ယောက်ပါ တစ်ဦးကိုတစ်ဦး အလွန်အံ့အားသင့်သော မျက်နှာများဖြင့်ကြည့်လိုက်ကြသည်။
ဤပုဂ္ဂိုလ်ကမည်သူနည်း။ ထိုက်ကလန်အားရှင်းယောင်မြို့မှပျောက်ကွယ်သွားအောင်လုပ်မည်ဟု သူဘယ်လိုတောင်ပြောရဲပါသနည်း။
ထိုထက်ပိုသည်ကားဤလူငယ်အနေဖြင့်နောက်နေပုံလုံးဝမပေါ်ချေ။ ယင်းမှာသူက ရှင်းယောင်မြို့ရှိဒုတိယအင်အားအကြီးမားဆုံးကလန်တစ်ခုဖြစ်သော ထိုက်ကလန်အား သူ၏မျက်လုံးထဲ၌လုံးဝမထည့်ထားသည့်ပုံဖြစ်သည်။
ဤကဲ့သို့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဖြင့် ထိုကဲ့သို့သောစကားလုံးများအား ပြောနိုင်စွမ်းရှိလောက်အောင်သူက
မည်မျှစွမ်းအားကြီးမားပါသနည်း။
ယခင်ကသာဆိုလျှင် ဤပုဂ္ဂိလ်အား ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေသည့် ရေတွင်းအောက်ခြေမှဖားသူငယ်ဟု
သူတို့လှောင်ပြောင်ကြလိမ့်မည်ဖြစ်သည်။ သို့သော် သူသည်သူ့ကိုယ်သူ အထင်ဇွတ်ကြီးနေသောသူဟုတ်ပါ၏လော။
အစာပိုင်းက ဤလူအားရေတွင်းအောက်မှဖားသူငယ်ဟုပြောခဲ့ပြီးနားလည်မှုလွဲခဲ့မိသည်။ သို့သော်ယခုအခါ၌ ဤလူ၏ရှေ့မှောက်တွင် ဤလူအားဘာခုခံခြင်းမှမပြုလုပ်နိုင်ဘဲ သူတို့၏အသက်များအတွက်တောင်းပန်သည့်အနေဖြင့်ဒူးထောက်နေကြရသည်ဖြစ်သည်။ ယခင်သူတို့ပြောခဲ့သည့်စကားလုံးများကသူတို့အားပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်ဖြစ်၏။
ထို့နောက် ရှစ်ဖုန့်၏ပုံရိပ်လှုပ်ရှားသွားပြီး ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။ဤအချိန်တွင်တောအုပ်အတွင်းခဏမျှကြန့်ကြာခဲ့ပြီးနောက် နေဝင်ဆည်းဆာချိန်ဖြစ်လုနီးပါးဖြစ်
နေခဲ့သောကောင်းကင်မှာ ဖြည်းဖြည်းချင်းညဘက်သို့
ပြောင်းလဲလာသည်။
ညကောင်းကင်ယံထက်သို့ရှစ်ဖုန့်
ရောက်ပြီးနောက် သူက လေထဲ၌ခဏရပ်တန့်လိုက်သည်။
ထို့နောက် ရှောင်းယီက ရှစ်ဖုန့်၏နောက်သို့ရောက်ရှိလာ၏။
“ရှင်..ရှင်ကဘယ်သူလဲ”
ဤအချိန်တွင်ရှစ်ဖုန့်၏နောက်မှ ကောင်မလေး၏အသံထွက်ပေါ်လာသည်။
ကောင်မလေး၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က လှည့်လိုက်ပြီး သူမအားကြည့်လိုက်သည်။
“ဒီသခင်လေးက အရှေ့ပိုင်းဒေသကြီးထဲက အရမ်းသေးငယ်တဲ့အင်ပါယာလေးဖြစ်တဲ့ ယွင်လိုင်အင်ပါယာလို့ခေါ်တဲ့
နေရာကနေလာတာ”
“ယွင်လိုင်အင်ပါယာဟုတ်လား”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် ကောင်မလေးက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်.
“ကျွန်မတစ်ခါမှမကြားဖူးဘူး”
“မင်းကြားဖူးတာမကြားဖူးတာက ကိစ္စမရှိဘူး.. အဲ့တာကအရမ်းသေးငယ်တဲ့
နိုင်ငံလေးတစ်ခုပဲ. . သွားစို့..ထိုက်မိသားစုက စောင့်နေတာတော်တော်ကြာလောက်ပြီ”
ဤသို့ပြောပြီးနောက် ရှစ်ဖုန့်ကလှည့်လိုက်ပြီး ရှင်းယောင်မြို့ရှိရာသို့ မျက်နှာမူလိုက်သည်။သူ၏ပုံရိပ်က
လှုပ်ရှားသွားပြီဂ အကွာအဝေးတစ်ခု၌ရှိနေသော မြို့ဆီသို့ပျံသန်းသွားလိုက်သည်။
“ဘာလဲ.ငါသူ့နောက်ကို လိုက်သင့်လား မလိုက်သင့်ဘူးလား”
ညကောင်းကင်ယံထဲရှိ မလှမ်းမကမ်းမှပုံရိပ်အားကြည့်ရင်း
ကောင်မလေးက ခေါင်းငုံ့လိုက်ပြီးနောက် အောက်ဘက်ရှိတောအုပ်အားကြည့်လိုက်သည်။ ချီတုံချီချဖြစ်နေသောအမူအယာက သူမ၏မျက်နှာထက်၌ပေါ်လာ၏။ ခဏမျှတုန့်ဆိုင်းပြီးနောက် ကောင်မလေး၏ကိုယ်က လှုပ်ရှားသွားပြီး နောက်ဆုံး၌ထိုပုံရိပ်နောက်သို့လိုက်လိုက်သည်။
“ဟူး”
သူတို့အထက်မှထိုလူထွက်ခွာသွား
သည်အား အာရုံခံမိပြီးနောက် ကန်းထျန်းကသက်ပြင်းချလိုက်သည်။ အစက သူတို့ဤလူအားဖမ်းရန်လာခဲ့သော်လည်းအဆုံးသတ်၌သူတို့သာဤလူ၏စွမ်းအားအောက်တွင် အတင်းအကျပ်ဒူးထောက်ခဲ့ရသည်။
“အကိုကြီး..ကျုပ်…”
ကန်းထျန်း၏ဘေး၌ရှိနေသော ဝမ်ရှန့်က ကန်းထျန်း၏သက်ပြင်းချသံအား
ကြားပြီးနောက် ၎င်းအားလိပ်ပြာမလုံသောအမူအ
ယာဖြင့်ကြည့်လိုက်သည်။ထို့အပြင် ရှစ်ဖုန့်အားဖမ်းဆီးပြီး ထိုက်မိသားစုထံခေါ်သွားမည့်အကြံ
ကသူ၏အကြံဖြစ်သည်။
“ဟူ..ဒီလိုဖြစ်ပြီးနေပြီ.. ဘာမှထပ်ပြီးမပြောနဲ့တော့”
ကန်းထျန်းက လက်ဝေ့ယမ်းလိုက်ပြီး ဝမ်ရှန့်အား ဆက်ပြောခြင်းမှတားဆီးလိုက်သည်။
“အနည်းဆုံးတော့ ကျုပ်တို့အားလုံးအသက်ရှင်သေးတာပဲလေ”
ဤအချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် အခြားလက်ထောက်ခေါင်းဆောင်ဖြစ်သူ ယွဲ့ချင်က နောက်ဆုံးတွင်စကားပြောလာသည်။
“ယွဲ့ချင်ပြောတာမှန်တယ်..အနည်းဆုံးငါတို့အားလုံးအသက်ရှင်သေးတယ်”
ကန်းထျန်းက အသံတိုးဖြင့်ပြောလိုက်၏။
“ဝေါင်း”
ဤအချိန်တွင် သူတို့အားစောင့်ကြည့်နေသော အဖြူလေးက ဤလူများ အသံတိုးတိုးဖြင့် ဆွေးနွေးမှုကိုမြင်တွေ့လိုက်သည်။၎င်းက အလျှင်အမြန်ခက်ထန်သောအမူအယာ
အားပြသပြီး ၎င်းတို့အားထပ်မံဟိန်းဟောက်လိုက်သည်။
ရှင်းယောင်မြို့အနောက်ဘက်၌များ
ပြားသောမြင့်မားသည့်အဆောက်အဦးများဖြင့်ဆက်သွယ်ထားသည့် အိမ်တော်တစ်ခုရှိသည်။ဤအချိန်တွင်အိမ်တော်အတွင်းရှိအဆောက်အဦးများမှာ
ငလျှင်တစ်ခုလှုပ်ခတ်သကဲ့သို့လှုပ်ခါနေ၏။
ဤအိမ်တော်မှာ ရှင်းယောင်မြို့ရှိ ဒုတိယ အင်အားအကြီးမားဆုံးမိသားစုဖြစ်သော ထိုက်မိသားနှင့်ဆက်နွယ်သောအိမ်တော်ဖြစ်
သည်။တုန်ခါမှုက ထိုက်မိသားစု အိမ်တော်ဗဟိုမှလာခြင်းဖြစ်၏။ တုန်ခါမှုနောက်လိုက်ပါ၍ ဒေါသတကြီးကြိမ်းဝါးသံတစ်ခုက
လေထဲ၌ပဲ့တင်ထပ်လာသည်။
ထိုက်မိသားစုအိမ်တော်နှင့်နီးကပ်သူများ
မှာယင်းက ထိုက်မိသားစုခေါင်းဆောင်ဖြစ်သူထိုက်စမ်၏ ဒေါသတကြီးကြုံးဝါးသံဖြစ်သည်ကို
ပြောနိုင်သည်ဖြစ်သည်။ကြိမ်းဝါးသံအားကြားသူများက ထိုက်မိသား၌တစ်စုံတစ်ခုကြီးကြီး
မားမားဖြစ်နေသည်ကိုသိကြ၏။
ထိုက်မိသားစု၌ တကယ့်ကို တစ်စုံတစ်ခုကြီးကြီးမားမားဖြစ်နေ
သည်ဖြစ်သည်။ ယင်းမှာ ကောလဟာများအရ ထိုက်မိသားစု၏ဒုတိယသား ဖြစ်သူ ထိုက်စမ်၏သား ထိုက်ခက်တစ်ယောက်အသတ်ခံ
လိုက်ရခြင်းပင်ဖြစ်၏။
ဆက်ရန်……
ဘာသာပြန်သူ-ARISE