← Chapters

အကူအညီတောင်းခံခြင်း

Vol. 7 Ch. 94

အကူအညီတောင်းခံခြင်း

Vol. 7 Ch. 94

အခန်း (၉၄) အကူအညီတောင်းခံခြင်း

နှင်းဆီစစ်သွေးကြွများသည် ကျည်ဆန်များထွက်လာရာသို့ ဦးတည်ပြီး ဒယီးဒယိုင် ချီတက်သွားကြသည်။ အဆိပ်ဓာတ်ငွေ့များသည် ၎င်းတို့၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး ၎င်းတို့သည် အဆိပ်သင့်သွားခဲ့သည်မှာ သိသာနေသည်။ တိုက်ခိုက်သူတစ်ယောက်ဖြစ်သည့် ဒေါ်ရသီတစ်ဦးတည်းသာ အဆိပ်ကို ခံနိုင်ရည်ရှိသည်။ သူမက တပ်သားများကို ဦးဆောင်လာသည်။

ဟန်ရှောင်သည် [လွန်းဆံပုံစံ ဖောက်ထွင်းအားပြင်း ကျည်ဆန်] ကျည်ကပ်ကို တည်ငြိမ်စွာပြောင်းလိုက်သည်။ သူက စနိုက်ပါကို ပစ်ခတ်လိုက်ရာ သေနတ်သံတွေက တည်ငြိမ်သောသံစဉ်များအတိုင်း ထွက်ပေါ်လာသည်။ တစ်ချက်ပြီးတစ်ချက် စစ်သွေးကြွတွေကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ပစ်လိုက်တယ်။ ကျည်ကာအင်္ကျီများသည် ဖောက်ထွင်းအားကောင်းသောကျည်ဆန်များ၏ စွမ်းအားကို ခံနိုင်ရည်မရှိပေ။ ဟန်ရှောင်း၏ ကိုယ်ပိုင် အရည်အချင်းနှင့်အတူ ဟန်ရှောင်း ပစ်ခတ်လိုက်သော ပစ်ခတ်မှုသည် သီအိုရီအရ ပျက်စီးမှု အမှတ်ပေါင်း ၁၃၀ ခန့်ကို ထိခိုက်စေနိုင်သည်။ ထို့အပြင် သာမန်တပ်များသည် အဆင့်ငါးမှ အဆင့်ရှစ်အထိရှိသည်။ ၎င်းတို့သည် သွေးအမှတ် ၁၅၀ ခန့် ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အဆိပ်နှင့် မီးတောက်များကြောင့် ၎င်းတို့ကို တစ်ချက်တည်းနှင့် ပစ်သတ်ရန် လုံလောက်သည်။ တပ်ဖွဲ့ဝင်များကို သတ်ရန် ဒုတိယအကြိမ် ပစ်ခတ်မှုပင် မလိုအပ်ပေ။ ရန်သူကို ချေမှုန်းနိုင်သော စွမ်းဆောင်ရည်မှာ အထူးမြင့်မား‌နေသည်။

ဟန်ရှောင်းသည် ဒေါ်ရသီကို တိုက်ခိုက်ခြင်း၏ တစ်ဦးတည်းကျန်အောင် တမင်တကာ ဖန်တီးခဲ့သည်။ ပထမဦးစွာ၊ သူသည် ဒေါ်ရသီ၏ လက်ထောက်အားလုံးကို သတ်ခဲ့ပြီး၊ အားလုံးထဲတွင် အားအကောင်းဆုံးဖြစ်သော ဒေါ်ရသီနှင့် တိုက်ခိုက်ရန်သာကျန်တော့သည်။

ဟန်ရှောင်းသည် နောက်ဆုံးတွင် သာမန်စစ်သွေးကြွများကို သတ်ပြီးနောက်၊ ဒေါ်ရသီသည် နောက်ဆုံးတွင် သူနှင့် နီးကပ်လာသည်။ သူမသည် ပြုပြင်ထားသော စက်သေနတ်ကို မြှောက်လိုက်ပြီး သူ့ကို ဒေါသူပုန်ထကာ စတင်ပစ်ခတ်သည်။

ဟန်ရှောင်းက ရှောင်လိုက်ပြီး ကျည်ဆန်တွေက သဲသောင်ပြင်တွေကို ထိသွားသည်။ သဲတွေ လေထဲကို ဖြန်းခနဲ ထသွားတယ်။

ဒေါ်ရသီသည် တစ်ချိန်တည်းတွင် ပြေးလာပြီး သူမ၏ လက်နက်ဖြင့် သဲကြီးမဲကြီး ပစ်ခတ်သည်။ သူမ၏ ကျည်ကပ်မှ ကျည်ဆန်များ ကုန်သွားပြီးနောက် ဟန်ရှောင်းရှေ့သို့ ရောက်လာသည်။ သူမသည် ရက်စက်ကြမ်းကြုတ်သော လူသတ်သမားနှင့် တူနေ၏။

စနိုက်ပါသမားသည် ‘တိုက်ခိုက်သူ’နှင့် နီးကပ်လာပါက စနိုက်ပါသမား သေသွားနိုင်သည်။

ဒေါ်ရသီသည် အခြားရန်သူအချို့ကို လုပ်ခဲ့သလို ဟန်ရှောင်း၏ ဦးခေါင်းခွံကို အပိုင်းပိုင်းခွဲရန် မစောင့်နိုင်တော့ပေ။

"အမဲလိုက်-ကျားပုဆိန်!"

ဒေါ်ရသီသည် သူမ၏ ပုဆိန်ကို ကိုင်ဆောင်ကာ ဟန်ရှောင်း၏ ခေါင်းကို ခုတ်လိုက်သည်။ လေကိုခွင်း၍ ထွက်လာသော ပုဆိန်ခုတ်သံကို ကြားရသည်။ သူမ၏ တိုက်ခိုက်မှုသည် ဟန်ရှောင်း၏ ဦးနှောက်ကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားစေလောက်အောင် အစွမ်းထက်သည်ဟု သူမယုံကြည်‌နေ၏။

ဟန်ရှောင်းသည် တိုက်ခိုက်မှုကို ရှောင်လိုက်ပြီး နောက်သို့ ခြေလှမ်းသုံးလှမ်း လျှောချလိုက်သည်။ ဒေါ်ရသီ၏ တိုက်ခိုက်မှု လွဲချော်သွားသည်။

"Strafe!"

ဟန်ရှောင်းသည် Berserk Eagles ကို သူ့ခါးမှ ဆွဲထုတ်လိုက်သည်။ ဟန်ရှောင်း၏ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ဒေါ်ရသီ၏ ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော ကျည်ဆန်‌ပေါက်များ ချက်ချင်း ဖြစ်ပေါ်လာစေသည်။

ဒေါ်ရသီ နာကျင်စွာအော်လိုက်သည်။ သို့သော် သူမ၏မျက်လုံးများက မောက်မာသော အရိပ်အယောင်ကို ပေါ်လွင်နေဆဲပင်။ သူမနောက်ကျောမှ ပြောင်းချောသေနတ်တစ်လက်ကို ထုတ်ကာ ဟန်ရှောင်းကို ပစ်ခတ်လိုက်သည်။

“ပြောင်းချောကျည်ဆန်တွေက အနီးကပ်မှာ အသေအပျောက်အများဆုံးပဲ။ သေချာပေါက် မင်းက လူသေပဲ!"

ဒေါ်ရသီသည် ဟန်ရှောင်း သေလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း နောက်အခိုက်အတန့်မှာ သူမကို အံ့အားသင့်စေခဲ့သည်။

အကြေးခွံနှင့်တူသော ချပ်ဝတ်တန်ဆာသည် ဟန်ရှောင်း၏ ကိုယ်အပေါ်ပိုင်းကို ဖုံးအုပ်ထားပြီး ကျည်ဆန်များသည် ချပ်ဝတ်တန်ဆာမျက်နှာပြင်ကို ထိမှန်သွားကာ မီးပွားများထွက်ပေါ်လာသည်။ သူ၏ လက်ရှိကျွမ်းကျင်မှုဖြင့်၊ ဟန်ရှောင်းသည် ၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ဖုံးအုပ်ထားသည့် သံလိုက်ဖြင့်ထိန်းချုပ်နိုင်သော ချပ်ဝတ်တန်ဆာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

"ငါ့မှာ ချပ်ဝတ်တန်ဆာရှိတယ်၊ သောက်ရူးရဲ့."

ထို့နောက် ဟန်ရှောင်းသည် ဒေါရသီ၏ ကိုယ်ပေါ်သို့ ကျည်ဆံအကုန် ပစ်ချလိုက်သည်။ ဖန်ခွမ်း၏ အဆင့်သို့ရောက်သော ‘တိုက်ခိုက်သူ’တစ်ယောက်သည် သေသေချာချာ အာရုံစိုက်ထားမှသာ ကျည်ဆန်များ၏ ထိုးဖောက်ဝင်ရောက်မှုကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။

ဖန်ခွမ်းနှင့် နှိုင်းယှဉ်ပါက ဒေါ်ရသီသည် များစွာ အားနည်းနေပြီး စွမ်းရည်မြင့် ကျည်ဆန်များ၏ ထိုးဖောက်ဝင်ရောက်မှုကို သူမ ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ပေ။ ပါးစပ်မှ သွေးများ ထွက်ကျလာပြီး သူမ၏ သွေးရောင်လွှမ်း‌နေသော မျက်လုံးများက ဟန်ရှောင်းကို စူးစူးစိုက်စိုက်စိုက်ကြည့်နေသည်။ သူမသည် တစ်ခုခုပြောချင်သလို ညည်းတွားနေ၏။

ဘုန်း

ဟန်ရှောင်းက ဒေါ်ရသီ၏ ခေါင်းကို ပစ္စတိုဖြင့် ဖေါက်ခွဲလိုက်သည်။

_____________________

သင် ဒေါ်ရသီ (အဆင့် ၂၅) ကို သတ်ဖြတ်လိုက်ပါပြီ။

အတွေ့အကြုံအမှတ် ၇,၅၀၀ ရရှိပါသည်။

အစောပိုင်းအဆင့်များတွင် စနိုက်ပါများသည် ပြင်းထန်သော တာဝေးပစ်တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး ၎င်းတို့သည် အဝေးမှပစ်မှတ်များကို အဆင်ပြေစွာ တိုက်ခိုက်နိုင်ကြသည်။ သို့သော်လည်း စနိုက်ပါများကို ပြည်ထောင်စုကသာ လေ့ကျင့်ပေးကြသည်။ အဘယ်ကြောင့်ဆိုသော် စနိုက်ပါများကိုလေ့ကျင့်ရန် အလွန်စျေးကြီးသောကြောင့် ဖြစ်သည်။ အညံ့ဆုံး စနိုက်ပါသမားပင်လျှင် အနည်းဆုံး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀,၀၀၀ လိုအပ်ပေသည်။ စနိုက်ပါကျည်ဆန်များသည် ဈေးကြီးလှ၏။ ပစ်ချက်တိုင်းသည် ပိုက်ဆံများ တဖွဲဖွဲကုန်သွားခြင်းနှင့် တူညီနေသည်။

ထို့အပြင်၊ သာမန်စနိုက်ပါသမားများသည် သံလိုက်ဖြင့်ထိန်းချုပ်နိုင်သော ချပ်ဝတ်တန်ဆာကို မပိုင်ဆိုင်ထားပေ။ ထို့ကြောင့် ရန်သူများ သူတို့အနီးသို့ ချဉ်းကပ်လာသောအခါ အလွယ်တကူ သတ်ဖြတ်ခံကြရသည်။

ဟန်ရှောင်းသည် ဒေါ်ရသီ၏ အလောင်းကို ရှာဖွေခဲ့ရာ သူမ၏ သေနတ်ကို ပြုပြင်ထားသည်ကို တွေ့ရှိခဲ့သည်။ ပြုပြင်မွမ်းမံမှုများအရ နှင်းဆီစစ်သွေးကြွတွင် ကျွမ်းကျင်သော ယန္တရားပညာရှင်တစ်ယောက် ရှိပုံရသည်။

ဤရန်သူအုပ်စုကို သုတ်သင်ပြီးနောက် ဟန်ရှောင်းသည် အတွေ့အကြုံအမှတ် ၁၀,၀၀၀ အဆိပ်မီးတောက်မိုင်းမှ အဆုံးမဲ့ မီးတောက်များသည် မကြာမီ ရန်သူများကို ပိုမိုဆွဲဆောင်လာမည် ဖြစ်သည်။

ဟန်ရှောင်းသည် EMP စက်ကို ပြန်ယူကာ သူ့ဂျစ်ကားဆီသို့ ပြန်သွားပြီး တိုက်ပွဲမြေပြင်မှ အမြန်ထွက်ခွာသွားခဲ့သည်။

ဟန်ရှောင်းထွက်သွားပြီး ခဏအကြာတွင် ကူတုန်တပ်ဖွဲ့တစ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာသည်။ သူတို့မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တုန်လှုပ်သွားကြတယ်။

"သူတို့က နှင်းဆီစစ်သွေးကြွကပဲ။"

"ဘယ်သူက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်တာလဲ"

လုအိုချင်း ဦးဆောင်သော စစ်ကူများ ရောက်ရှိလာချိန်တွင် ကူတုန် တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးတော့မည်ဖြစ်သည်။ ၎င်းတို့၏ရဲဘော်များသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ကူတုန် တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏အလောင်းများပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ပစ်!"

အဖွဲ့နှစ်ဖွဲ့က ပဋိပက္ခဖြစ်ခဲ့တာ ကြာနေပြီဖြစ်၏။ သူတို့၏ရန်သူများကို မြင်သောအခါ နှင်းဆီစစ်သွေးကြွ သည် ချက်ချင်းပင် ဒေါသတကြီးဖြစ်ကာ စတင်ပစ်ခတ်ခဲ့သည်။ မည်သည့်ရှင်းလင်းချက်နှင့်မဆို တိုက်ပွဲကို တားဆီးရန်သည် အချည်းအနှီးပင် ဖြစ်နေသည်။

လုအိုချင်းသည် မဆိုင်းမတွ တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ကူတန်တပ်များသည် ၎င်းတို့ရင်ဆိုင်ရမည့်အခြေအနေကို သိရှိလာသောအခါ လက်တုံ့ပြန်ခဲ့သည်။ ချက်ချင်းပင်၊ ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ပွားပြီး သေနတ်သံများနှင့် ပေါက်ကွဲသံများသည် ညကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။

အခြားပြည်သူ့စစ်များလည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည်။ ကူတုန်တပ်ဖွဲ့များနှင့် နှင်းဆီစစ်သွေးကြွများကြား ဖြစ်ပွားနေသည့် တိုက်ပွဲကို မြင်သောအခါ အကျိုးအမြတ်တစ်ချို့ကို လိုချင်၍ တိုက်ပွဲတွင် ပါဝင်ခဲ့သည်။ လုံးဝကို ပရမ်းပတာ ဖြစ်သွား‌တော့သည်။

နေရာနှင့်အလှမ်းဝေးသော အခြေစိုက်စခန်းများရှိ ပြည်သူ့စစ်များပင် ရောက်ရှိလာပြီး အပျော်သဘောဖြင့် ဝင်ရောက်ဆင်နွှဲကြ၏။ တိုက်ပွဲ၏နောက်ကွယ်မှ အကြောင်းရင်းကိုပင် မသိရှိရသေးမီ ပိုမိုရှုပ်ထွေးမှုများ စတင်ကုန်သည်။

တိုက်ပွဲက ညတစ်ဝက်နီးပါးရှိပြီ။ သက်ဆိုင်ရာ ပြည်သူ့စစ်တွေ အားလုံး ထိခိုက်နစ်နာကုန်၏။ သူတို့ အခြေစိုက်စခန်းတွေဆီ ဆုတ်ခွာပြီး သူတို့ရဲ့ဆုံးရှုံးမှုတွေကို ရေတွက်ပါတော့သည်။ အခင်းဖြစ်ပွားရာသို့ နောက်ဆုံးမှ ရောက်ရှိလာသော ပြည်သူ့စစ်အနည်းငယ်သည် အဘယ်ကြောင့် တိုက်ပွဲဖြစ်မှန်းပင် မသိခဲ့ကြပေ။

နှင်းဆီစစ်သွေးကြွများသည် ၎င်းတို့၏ ရဲဘော်များ၏ အလောင်းနှစ်ဆယ်ကို ပြန်လည်ယူဆောင်လာခဲ့သည်။ ဤအလောင်းများတွင် စနိုက်ပါသမား၏ ကျည်ဆန်များဖြင့် ဖန်တီးထားသော ဒဏ်ရာများ ပြင်းထန်သည်။

“ကြည့်ရတာ ဒေါ်ရသီ နဲ့ တခြားသူတွေကို ကူတိုနီယန်တွေက ချုံခိုတိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့ကို စနိုက်ပါသမားက သတ်လိုက်တာ” မြေခွေးတစ္ဆေ က ပြောသည်။

တိုက်ခိုက်မှုနောက်ကွယ်က တရားခံအကြောင်း ပြင်းပြင်းထန်ထန် တွေးနေချိန်မှာတော့ လုအိုချင်း စိတ်ရှုပ်သွား၏။ သူတို့၏ရန်သူအားလုံးသည် ဆိုမာသဲကန္တာရမှဖြစ်ပြီး ပဋိပက္ခဖြစ်လျှင်ပင် ခြုံခိုတိုက်ခိုက်ခြင်းထက် တိုက်ရိုက်တိုက်ပွဲဖြစ်နိုင်ချေ ပိုများသည်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို သူမ ချက်ခြင်း တွေးမိတယ်။ Rothschild မိသားစုသည် ၎င်းတို့၏ ဦးခေါင်းပေါ်တွင် ဆုကြေးငွေကို ပထမဆုံး ပေးသောအခါတွင် တစ်ဦးတည်း လုပ်ကြံသတ်ဖြတ်သူ အများအပြားသည် စိန်ခေါ်မှုကို ရယူကာ သူတို့ကို သတ်ရန် ကြိုးစားခဲ့ကြသည်။

"နောက်ထပ် ဆုကြေးမုဆိုးတစ်ယောက်လား?" လုအိုချင်း မျက်မှောင်ကြုတ်လိုက်သည်။ နှင်းဆီစစ်သွေးကြွ ကို လုပ်ကြံသတ်ဖြတ်သူများ မချဉ်းကပ်သည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။

တစ်နှစ်အကြာတွင် နှင်းဆီစစ်သွေးကြွs များက လုပ်ကြံသတ်ဖြတ်သူများကို သင်ကြားပို့ချပေးခဲ့သော နာကျင်စရာသင်ခန်းစာကို ကမူးရှူးထိုးနိုင်သော ချာတိတ်အချို့ မေ့သွားပုံရသည်။

ဒေါ်ရသီသည် နာကျင်စွာသေဆုံးခြင်းကို ခံစားခဲ့ရသည်။ သူမ အနီးကပ် အသတ်ခံရသည်။ ယင်းက စနိုက်ပါသည် အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်အချို့ကို ပိုင်ဆိုင်ထားကြောင်း ဖော်ပြနေသည်။

မိန်းမချောလေးတစ်ယောက် ချဉ်းကပ်လာသည်။ သူမသည် ဆီစွန်းသောအင်္ကျီကို ၀တ်ထားပြီး “လူသတ်သမားရဲ့ ကားလမ်းကြောင်းကို တွေ့ခဲ့တယ်။ အရှေ့တောင်ဘက်သို့ ဦးတည်နေတယ်။ အဲဒီမှာ အခြေစိုက်တဲ့ သီးခြားစခန်း သုံးခုရှိပြီး အနီးဆုံးက ဖေဘီယန် အဖွဲ့အစည်းကပါ။”

“တော်တယ် ဆုလီ”

ဆုလီသည် နှင်းဆီစစ်သွေးကြွများ၏ ယန္တရားပညာရှင်ဖြစ်ပြီး သေနတ်များ၊ မော်တော်ကားများနှင့် ကာကွယ်ရေးပစ္စည်းကိရိယာများကို ထိန်းသိမ်းပြုပြင်မွမ်းမံရန် တာဝန်ယူခဲ့သည်။

“အဲဒီနေရာမှာ ပေါက်ကွဲမိုင်း အခွံတချို့ကို တွေ့ခဲ့ရပြီး အခင်းဖြစ်ပွားတာက ခြုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ ထင်ပါတယ်။ မိုင်း၏ အပြင်ဘက်ခွံတွေက ဖေဘီယန် အဖွဲ့နဲ့ သက်ဆိုင်နေတယ်။ လူသတ်သမားက ဖေဘီယန် အဖွဲ့၏စခန်းမှာ နေထိုင်နေဖွယ်ရှိတယ်။ ကျွန်တော် အသုံးပြုခဲ့တဲ့ မိုင်းကို စစ်ဆေးကြည့်တဲ့အခါ ဖောက်ခွဲရေးပစ္စည်း အမျိုးအစားသစ်တစ်ခုလို ဖြစ်နေတယ်။ ပေါက်ကွဲမှုမှာ ဓာတ်ငွေ့အများအပြား အသုံးပြုမှုလည်း ပါဝင်နေပါတယ်။”

လုအိုချင်းက မျက်စောင်းမှေးသွားသည်။ ဒီတစ်ကြိမ်မှာတော့ သူတို့ဟာ ခက်ခဲတဲ့ရန်သူနဲ့ တွေ့ခဲ့ကြပေမယ့် သူမက လက်စားချေဖို့ စိတ်ပိုင်းဖြတ်ထားပါသည်။ သူမသည် သူတို့၏လျှို့ဝှက်စပွန်ဆာထံသို့ ကုဒ်ဝှက်ထားသော ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုက်သည်။

"မစ္စတာ Sebastian၊ ငါတို့တပ်သားနှစ်ဆယ်ပါသောအဖွဲ့တစ်ဖွဲ့က အမည်မသိလူသတ်သမားရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရတယ်။

တစ်ဖက်မှ ကွဲအက်အက်နှင့် အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ဒါကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်။"

လုပ်ကြံသတ်ဖြတ်မှုတစ်ခု ပေါ်ပေါက်လာတိုင်း၊ နှင်းဆီစစ်သွေးကြွများ၏ နောက်ကွယ်မှ ပံ့ပိုးကူညီသူသည် တရားခံအား အပြစ်ပေးရန် အခြား 'ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူများ' ကို စေလွှတ်မည်ဖြစ်သည်။ ထို့ကြောင့် နှင်းဆီစစ်သွေးကြွ သည် ဆိုမာ သဲကန္တ

ာရတွင် လုပ်ကြံသတ်ဖြတ်သူ အများအပြားကို ချေမှုန်းနိုင်ခဲ့သည်။

အခန်း (၉၄) ပြီး၏။

လင်းဆက်

+++++

All Chapters