← Chapters

ထိုးသုတ်ခြင်း

Vol. 7 Ch. 97

ထိုးသုတ်ခြင်း

Vol. 7 Ch. 97

အခန်း (၉၇) ထိုးသုတ်ခြင်း

အန်တိုနီယိုသည် ကားပေါ်မှ ဆင်းကာ ဟန်ရှောင်းအနားတွင် ရပ်လိုက်ပြီး ပေါက်ကွဲမှုကို စောင့်ကြည့်နေသည်။ သူသည် ဆေးပြင်းလိပ်ကို မီးညှိကာ တစ်ချက်ရှိုက်လိုက်ပြီးဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ဒီလို ရှုခင်းလှလှတွေကို ငါ မတွေ့ရတာ ကြာပြီ။ ရုံးခန်းထဲမှာ အချိန်အတော်ကြာ ထိုင်ပြီးမှ ပေါက်ကွဲမှုတွေက ဘယ်လိုပုံစံဆိုတာ မေ့သလောက် ဖြစ်သွားပြီ။”

“ရှေ့ဆက်ပြီး ရှုခင်းတွေကို ခံစားလိုက်ပါ။”

ပင်ပန်းနွမ်းနယ်မှုအချို့ကို သက်သာစေရန် ဟန်ရှောင်းသည် လည်ပင်းကိုဆန့်လိုက်သည်။

မီးတောက်တွေက တဖြည်းဖြည်း လျော့ကျလာ၏။ အန်တိုနီယို နှင့် ဟန်ရှောင်းတို့သည် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာကို သတိထားပြီး ချဉ်းကပ်လာကြသည်။ မီးလောင်နေသော ခန္ဓာကိုယ်မှ အနံ့အသက်များနှင့် အဆိပ်ငွေ့များ ရောနှော၍ ဖန်တီးထားသော ညှော်နံ့သည် သူတို့ဆီသို့ ရောက်ရှိလာသည်။

သေစမ်း။ အဆိပ်ငွေ့တွေ ကျန်နေသေးတာကို မေ့သွားတယ်။

ဟန်ရှောင်းသည် ၎င်း၏ ဂိမ်းမျက်နှာပြင်ပေါ်မှ သွေးအမှတ်များ ကျဆင်းသွားသည်ကို ကြည့်ရင်း အံသြသွားသည်။ သူသည် ထိုနေရာမှ ဆုတ်ခွာရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ အဆိပ်ဓာတ်ငွေ့များ လွင့်ပါးသွားပြီးမှသာ စစ်မြေပြင်ကို ရှင်းလင်းရန် ပြန်လာနိုင်သည်။

“အား…” စစ်မြေပြင်တွင် တိုးညှင်းသော ညည်းညူသံကို ကြားလိုက်ရသည်။ ထိုသူမှာ Code 3 ဖြစ်ပြီး၊ သေခါနီးဆဲဆဲ ဖြစ်နေသည်။ ပေါက်ကွဲမှုကြောင့် သူ၏ ခြေလက်လေးချောင်း ပျက်စီးသွားကာ သူ၏ ခန္ဓာကိုယ်တွင် အနီနှင့် အနက်ရောင် မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ သူ ခေါင်းကို ခက်ခက်ခဲခဲ မြှောက်လိုက်ပြီး ဟန်ရှောင်း၏ သေမင်းတမန်ကဲ့သို့ အကြည့်ကို ကြည့်လိုက်သည်။

"မင်း...ဘာလို့လဲ..."

ဟန်ရှောင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့စကားမဆုံးခင်မှာ Berserk Eagle ဖြင့် ပစ်ချလိုက်သည်။

လူကောင်းများသည် သူတို့၏စကားဖြင့် စစ်ပွဲများကို အနိုင်ယူနိုင်ပြီး၊ လူဆိုးများသည် စကားအလွန်အကျွံပြောသောကြောင့် အမြဲရှုံးကာ သေဆုံးတတ်သည်။ အရင်တုန်းက အလားတူ သင်ခန်းစာတွေ မရေမတွက်နိုင်အောင် ကြုံခဲ့ရ၏။ ဟန်ရှောင်းက Code 3 ကို စကား‌ပြာကြည့်ချင်ပေမယ့် သူက လူကောင်းအမျိုးအစားနဲ့ မသက်ဆိုင်ဘူးလို့ ယုံကြည်တဲ့အတွက် စကားမပြောဘဲ Code 3 ကို သတ်ပစ်လိုက်သည်။

ဒီသတ်ဖြတ်မှုက ငါ့ကို အတွေ့အကြုံအမှတ်တွေ အများကြီးပေးတာပဲဟ။ Code 3... ဒါက ဘယ်လို ဆိုးဝါးလိုက်တဲ့ နာမည်လဲ။

ဟန်ရှောင်းသည် ရန်သူ၏အမည်ကို စော်ကားရင်း သူ့ဟ ဂိမ်းမျက်နှာပြင်ကို ကြည့်လိုက်သည်။

နေပါဦး။ ငါ့ရဲ့သတ်ဖြတ်စာရင်းထဲက ရန်သူတစ်ယောက် ပျောက်ဆုံးနေပုံရတယ်။

ဟန်ရှောင်း၏ မျက်လုံးများ လင်းလက်သွားပြီး သူ့ပတ်ဝန်းကျင်ကို ချက်ချင်း စူးစမ်းကြည့်သည်။ မီတာနှစ်ဆယ်အကွာ မြေပြင်ကို ရုတ်တရက် ပစ်ခတ်လိုက်သည် ။

သဲ‌သောင်ပြင်အောက်မှ အရိပ်တစ်ခု ခုန်ထွက်လာတယ် - မြေခွေးတစ္ဆေပင်။ သူမသည် လျင်မြန်စွာ ခုန်အုပ်ပြီး သူမ၏ ဓားမြှောင်ကို အနီးဆုံးလူဖြစ်သော အန်တိုနီယိုဆီသို့ အမြန်ထိုးလိုက်သည်။

သူမ၏ 'တိုက်ခိုက်သူ' လေ့ကျင့်မှုသည် သူမကို ရိုးရှင်းသော မြေအောက်ဥမင်လိုဏ်ခေါင်းနည်းပညာများကို သင်ကြားပေးခဲ့သည်။ သူမသည် မပေါက်ကွဲမီ သဲထဲ၌ ဥမင်လှိုဏ်ခေါင်းတူးကာ ပြင်းထန်သော ပေါက်ကွဲမှုမှ လွတ်မြောက်ခဲ့သည်။ ရန်သူအားလုံး ပျောက်ကွယ်သွားသည်အထိ သူမ ပုန်းအောင်းရန် ရည်ရွယ်ထားသော်လည်း သူမကို ဟန်ရှောင်းက သတိထားမိသွားသောကြောင့် သူမအသက်အတွက် တိုက်ပွဲဝင်ရတော့သည်။

နေရောင်ခြည်က ဓားမြှောင်၏ မျက်နှာပြင်ပေါ်တွင် ရောင်ပြန်ဟပ်ကာ အေးစက်စက် အလင်းတန်းများ ထွက်ပေါ်လာသည်။ အန်တိုနီယို၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ကြီးမားသော လက်မောင်းများကို မြေခွေးတစ္ဆေ ဆီသို့ လျင်မြန်စွာ ဆောင့်တွန်းလိုက်သည်။ သူ၏ လက်ဖဝါးများသည် ဝက်ဝံများကဲ့သို့ ကြီးမားလှသည်။

မြေခွေးတစ္ဆေ သည် သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကြောင့် လွယ်ကူစွာ တိမ်းရှောင်နိုင်သွားသည်။ သူမသည် အန်တိုနီယို၏ နောက်ကျောမှ လှည့်ပတ်ကာ သူမ၏ ဓားမြှောင်ကို သူ့နှလုံးသားဆီသို့ ဓားဖြင့်ထိုးလိုက်သည်။ ရုတ်တရက် သူမ၏ မျက်လုံးများရှေ့တွင် အမှောင်ရိပ်တစ်ခု တိုးဝင်လာပြီး ဝက်ဝံကဲ့သို့သော လက်ဖဝါးကြီးတစ်ခုက သူမ၏ ဦးခေါင်းကို လှမ်းကိုင်လိုက်သည်။ လက်ဖဝါးသည် အလွန်ကြီးမားသဖြင့် ဦးခေါင်းခွံတစ်ခုလုံးကို ဖုံးအုပ်ထားလုနီးပါးဖြစ်နေသည်။

အန်တိုနီယိုက သူမကို သံလုံးပစ်လိုက်သလို ဆယ်မီတာကျော်အကွာကို ပစ်ထုတ်လိုက်သည်။ ပြင်းထန်သော အင်အားကြောင့် မြေပြင်ပေါ်တွင် သူမပတ်ပတ်လည်၌ လှိုင်းလုံးများကဲ့သို့ ဖြစ်သွားစေသည်။ ပစ်ထုတ်မှုကြောင့် သူမ ဒဏ်ရာ ပြင်းထန်စွာ ရသွား၏။ သို့သော် သူမ သွားများကို တင်းတင်းကျပ်ကျပ် ကြိတ်ကာ အန်တိုနီယိုဘက်သို့ ခုန်ဝင်သွားပြန်သည်။ ဟန်ရှောင်းသည်လည်း ဘေးမှကြည့်နေ၍ ထွက်ပြေးရန်ကြိုးစားပါက စနိုက်ပါဖြင့် ပစ်ခံရမည်ဖြစ်သည်။ ဆက်လက်တိုက်ပွဲဝင်ရန်မှတစ်ပါး သူမမှာ ရွေးချယ်စရာမရှိပေ။

ဘန်း ဘန်း ဘန်း

အန်တိုနီယိုက ပြန်လည်တိုက်ခိုက်မည်အပြုတွင် ဟန်ရှောင်းသည် ပစ္စတိုနှစ်လက်ဖြင့် ပစ်ခတ်လိုက်သောအခါ သူမမှာ ဇကာပေါက်ဖြစ်သွားတော့သည်။

[သင်သည် မြေခွေးတစ္ဆေ (အဆင့် ၂၉) ကိုသတ်လိုက်ပါသည်။ အတွေ့အကြုံအမှတ် ၉,၄၀၀ ရရှိပါသည်။]

အယ်... သူမရဲ့ အဆင့်က တော်တော်မြင့်တယ်။ ဘာကြောင့် ဒီလောက် အားနည်းတာလဲ။ ဟန်ရှောင်းသည် တိုက်ပွဲအချက်အလက်ကို ကြည့်ပြီး အကြောင်းပြချက်ကို သဘောပေါက်လိုက်သည်။ မြေခွေးတစ္ဆေ၏ အဓိကအလုပ်မှာ အဆင့် ၈ သာဖြစ်ပြီး ကျန်အဆင့်များသည် အများအားဖြင့် အသုံးမဝင်သော သူမ၏ ဒုတိယအလုပ်များဖြစ်သည်။

“မင်း ငါ့ရဲ့ သံချေးတက်နေတဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အခွင့်အရေး ပေးသင့်တယ်” အန်တိုနီယို ညည်းတွားသည်။

“ခန္ဓာကိုယ်က ပူနေတုန်းပဲ။ လေ့ကျင့်ခန်းတစ်ခုခုအတွက် သုံးလို့ရပါ‌သေးတယ်။" ဟန်ရှောင်းက ခပ်တည်တည်ပင် နှာခေါင်းကို ကိုင်ရင်း ပြောလိုက်သည်။

"မင်းက တကယ် အရူးပဲ။"

အဆိပ်ဓာတ်ငွေ့များ ပြန့်ကျဲသွားသောအခါ၊ ဟန်ရှောင်းသည် ၎င်း၏ EMP စက်ကို ပြန်လည်ရယူရန် ပေါက်ကွဲသည့်နေရာသို့ ဝင်ရောက်သွားသည်။

ဟန်ရှောင်းသည် Code 3 က သူ့ဘယ်မှာရှိနေသည်ကို သိနေမှန်း သတိမထားမိသော်လည်း တစ်ချိန်တည်းတွင် အစီအစဉ်များစွာကို ပြုလုပ်ခဲ့သည်။ သူသည် ထိုညတွင် ထောင်ချောက် တစ်ခုတည်းမဟုတ်ဘဲ ထောင်ချောက်လေးခုကို ဆင်ထားခဲ့ပြီး တစ်ခုနှင့်တစ်ခုမှာ သူသွားလာမည့် လမ်းကြောင်း၏ မတူညီသော နေရာများတွင် ရှိနေသည်။ ရန်သူက သူ့ကိုလိုက်နိုင်ရင် အနည်းဆုံး ထောင်ချောက်တစ်ခုထဲကို ရောက်သွားလိမ့်မယ်။

မင်းငါ့ကိုလိုက်ဖမ်းရဲသရွေ့ မင်းကိုငါသတ်ပစ်မယ်။

...

သူ၏ EMP စက် ကို ပြန်သိမ်းပြီးနောက် ဟန်ရှောင်းသည် အလောင်းများမှ ပစ္စည်းကို စတင်ရှာဖွေခဲ့သည်။ သေနတ်နှင့် ခဲယမ်းမီးကျောက် အများအပြားကို ရှာဖွေတွေ့ရှိခဲ့ပြီး ငွေအမြောက်အမြားဖြင့် ပြန်လည်ရောင်းချနိုင်‌ပေသည်။ သို့သော် သူ၏ အကြီးမားဆုံး ဆုလာဘ်မှာ ပြုပြင်ထားသော တိုက်ပွဲယာဉ် - Thorns ဖြစ်သည်။ ၎င်း၏ အတွင်းပိုင်း အီလက်ထရွန်နစ် အစိတ်အပိုင်းများကို ပြုပြင်ပြီးနောက် ၎င်းကို အသုံးပြုနိုင်သည်။

နောက်တစ်ခုက၊ အကူအညီတစ်ခု ချေးငှားဖို့ အချိန်ရောက်ပြီ။

...

"မြေခွေးတစ္ဆေ က အဆက်အသွယ် ပြတ်သွားတယ်"

၎င်းတို့တွင် ခြုံခိုတိုက်ခိုက်သူ သုံးဦးနှင့် ပိုကောင်းသော သတင်းအချက်အလက်များ ရှိသော်လည်း ရန်သူ၏ ထောင်ချောက်ထဲသို့ ကျသွားသည်။

လုအိုချင်း၏ စိတ်နှလုံးမှာ လေးလံနေသည်။ သူမသည် အဖွဲ့နှစ်ဖွဲ့နှင့် ပြုပြင်ထားသော တိုက်ပွဲယာဉ် Thorns ကို ဆုံးရှုံးလိုက်ရသည်။ ယခုအခါ အခြေစိုက်စခန်းသည် မည်သည့်ကာကွယ်ရေးမျှမရှိတော့ဘဲ ပျက်ပြယ်သွားခဲ့ပြီး နောက်ထပ် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ခဲ့သည်။

သူမ၏ လျှို့ဝှက်စပွန်ဆာကို ထပ်မံဆက်သွယ်ပြီး အခြေအနေကို ရှင်းပြလိုက်သည်။

“မင်းတို့ အရင်ပြန်ဆုတ်ကြ” ထိုလူက ဖုန်းဖြင့် ဖြည်းညှင်းစွာပြောသည်။

"... နားလည်ပါပြီ။"

ဖုန်းချပြီးနောက် လုအိုချင်းသည် သူမ၏တပ်များကို စုစည်းလိုက်ပြီး အခြေစိုက်စခန်းကို စွန့်ပစ်ကာ ခေတ္တပြန်ဆုတ်ဖို့ ပြင်ဆင်ရန်အတွက် အဖိုးတန်ပစ္စည်းများအားလုံးကို ကားများပေါ်သို့တင်ရန် ချက်ချင်းစီစဉ်တော့သည်။ နှင်းဆီစစ်သွေးကြွသည် ဤကဲ့သို့ ပြင်းထန်သော အကျပ်အတည်းကို ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ ၎င်းတို့လုပ်ဆောင်ရန် လိုအပ်သည်မှာ ၎င်းတို့၏လျှို့ဝှက်စပွန်ဆာသည် နောက်ထပ်ဝန်ထမ်းများကို မစေလွှတ်မီ ရက်အနည်းငယ်ခန့် အခြားတစ်နေရာ၌ ခိုလှုံနေထိုင်ရန်ဖြစ်သည်။ ထိုအချိန်ပြီးနောက် သူတို့သည် ခိုင်မာသောခြေကုပ်တစ်ခုကို ထပ်မံရရှိလာမည်ဖြစ်သည်။

သို့သော် ပစ္စည်းများ တစ်ဝက်မျှသာ တင်ရသေးချိန်တွင် စခန်းတွင်း၌ ကျယ်လောင်သော အချက်ပေးသံကို ကြားလိုက်ရသည်

"ရန်သူ‌တွေ တိုက်ခိုက်နေပြီ!"

ကင်းသမားသည် တတ်နိုင်သမျှ ကျယ်လောင်စွာ အော်နေ၏။ လုအိုချင်းအံ့သြသွားသည်။ သူမသည် ကင်းစခန်းပေါ်သို့ အလျင်အမြန်တက်ကာ အဝေးကို မျှော်ကြည့်ရာ သဲလှိုင်းလုံးကြီး နီးကပ်လာသည်ကို သူမြင်လိုက်ရသည်။ ၎င်းသည် ကူတုန်၏ မော်တော်ကားတန်းကြီး ကြောက်မက်ဖွယ်‌ကောင်းစွာ ချဉ်းကပ်လာသည်။

"သေစမ်း။ သူတို့ဒီကိုရောက်တာ မြန်လိုက်တာ!”

နှင်းဆီစစ်သွေးကြွသည် ကြီးစွာသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသောကြောင့် သူတို့သည် ဤအချိန်အခါတွင် အခြားသော အင်အားကြီးအဖွဲ့များ၏ သားကောင်အဖြစ် ကျရောက်ခဲ့ရပြီး ကူတုန်များသည် အဓိကဖြစ်သည်။ အခြေစိုက်စခန်းကို ဖျက်သိမ်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အခြားအုပ်စုများထံမှ ရန်လိုမှုကို ရှောင်ရှားရန်ဖြစ်သည်။ သို့သော် ကူတန်များသည် လျင်မြန်လွန်းသည်။ တစ်စုံတစ်ယောက်သည် ၎င်းတို့အား သတင်းပေးလိုက်ခြင်းဖြစ်မည်။

လုအိုချင်း ဒေါသထွက်သွားသည်။ ထိုကူတိုနီယန် ကြေးစားစစ်သားများသည် ရှေ့တန်းမှ အခြေစိုက်စခန်းကို တိုက်ခိုက်နေကြသည်။ အကယ်၍ သူတို့၏ယာဉ်များဖြင့် ထိုးဖောက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့မည်ဆိုလျှင်၊ သူတို့အတွက် ပိုမိုအန္တရာယ်များစေမည့် လိုက်လံဖမ်းဆီး‌သော တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။

သူတို့ အကျပ်ရိုက်သွားကြသည်!

"ဗိုလ်ကြီး၊ ငါတို့ အခု ဘာလုပ်သင့်လဲ"

“ပြန်တိုက်ကြရအောင်။ သူတို့ကို ပြင်းပြင်းထန်ထန် ပြန်တိုက်မယ်!” လုအိုချင်းက အလျှော့မပေးဘဲ ပြောလိုက်သည်။

စစ်သွေးကြွများသည် လက်ထဲမှ ပစ္စည်းများကို ပစ်ချကာ ၎င်းတို့၏ ကာကွယ်ရေး နေရာကို လျင်မြန်စွာ ပြန်လည် ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ကူတိုနီယန် မော်တော်ယာဉ်တန်းကို စက်သေနတ်များ၊ လောင်ချာများဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ သို့သော် ကြေးစားသမားများက မမှုဘဲ ပြန်လည်တိုက်ခိုက်ကြသည်။

နှစ်ဖက်ကြားတွင် ကျည်ဆံများ လှည့်ပတ်ပျံသန်းနေသည်ကိုသာ မြင်တွေ့ရသည်မှာ သေမင်းတို့ကြီးစိုးရာ နယ်မြေကဲ့သို့ ဖြစ်နေသည်။။

မရေမတွက်နိုင်သော ယမ်းတောင့်များသည် အဝါရောင်သဲထဲသို့ ပြုတ်ကျပြီး လက်ပစ်ဗုံးများကြောင့် မြေပြင်ပေါ်တွင် မည်းမှောင်နေသော သဲတောင်ပို့များကို ကျန်ရစ်ခဲ့ကာ လ၏မျက်နှာပြင်နှင့် ဆင်တူစေသည်။ နှင်းဆီစစ်သွေးကြွသည် အခြေစိုက်စခန်းတွင် ကောင်းမွန်သော ကာကွယ်ရေးများ ရှိသည်။ လူအင်အား မလုံမလောက်ဖြင့်ပင် တိုက်ခိုက်မှုကို ခုခံနိုင်ကြသည်။

အခြေစိုက်စခန်းရဲ့ နံရံလေးခုရဲ့နောက်မှာတော့ လုအိုချင်းဟာ စစ်သွေးကြွတွေကို မမောမပန်း အမိန့်ပေးနေသည်ကို တွေ့နိုင်၏။ ဆုလီက လမ်းလျှောက်လာပြီး သူ့နားထဲကို တိုးတိုးလေးပြောသည်။ “လူအင်အား မလုံလောက်တာကြောင့်၊ ငါတို့ရဲ့ ကာကွယ်ရေးစနစ်ရဲ့ လေးပုံတစ်ပုံဟာ ထိန်းချုပ်သူမဲ့သွားပြီ။ ပြီးတော့ ငါတို့က စခန်းထဲမှာ ပိတ်မိနေတာ‌ကြောင့် အခြားအဖွဲ့တွေ ထိုးဖောက်ဖို့ ဆုံးဖြတ်လိုက်ရင် အန္တရာယ်ကြီးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်။”

သူ့စကားအဆုံးသတ်ပြီးတာနဲ့ အဝေးက ကျယ်လောင်သော အင်ဂျင်သံကြီးကို ကြားလိုက်ရသည်။ လုအိုချင်းနှင့် ဆုလီနှစ်ယောက်လုံး နှလုံးသားများ တုန်လှုပ်သွားကြသည်။ ထိုထူးခြားသော အင်ဂျင်သံကို သူတို့ မှတ်မိကြသည်။

စစ်မြေပြင်တစ်ဖက်တွင် ဟန်ရှောင်းသည် ရက်စက်ကြမ်းကြုတ်သော Thornsကို မောင်းနှင်နေသည်။ ကားသည် ကြောက်မက်ဖွယ်ကောင်းသော ကျားတစ်ကောင်ကဲ့သို့ သဲကုန်းပေါ်မှ ခုန်ဆင်းကာ ကောင်းကင်ပေါ်မှ လှလှပပ ဝဲပျံလာသည်။ ပြုပြင်ထားသော အပြင်ပိုင်းသည် တောက်ပနေသော နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေ၏။

ယာဉ်သည် မြေပြင်ပေါ်သို့ ပြန်ကျလာသည်။ သဲများကို ပက်ထုတ်ကာ အခြေသိုက်စခန်းဆီသို့ ဒေါသတကြီး ချီတက်သွားခဲ့သည်။ လုံးဝ မရပ်တန့်နိုင်သည့် အလားပင်။

Thorns သည် နှင်းဆီစစ်သွေးကြွနှင့်သာ သက်ဆိုင်သည်မဟုတ်လော။

ကူတုန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ လက်အောက်ငယ်သားများအား ၎င်းတို့၏ နေရာများမှ ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ Thorns ကို မောင်းနှင်နေသူသည် ရန်သူဘက်ခြမ်းမှ ဖြစ်သည်ဟု သူထင်ကာ ယာဉ်၏ပစ်ခတ်နိုင်စွမ်းကို သူကောင်းကောင်းသိသည်။ ထို့ကြောင့် ရန်သူသည် ၎င်းတို့၏ တောင်ပံဘက်ခြမ်းမှ မဖျက်ဆီးမီတွင် သူ၏ ကာကွယ်ရေးကို ပြင်ဆင်လို၏။

နှင်းဆီစစ်သွေးကြွက သူ့ထက်တောင် ပိုစိတ်စောနေမှန်း သူမသိပေ။ သူတို့သည် Thorns၏ တကယ့်ပစ်ခတ်နိုင်စွမ်းနှင့် ပတ်သက်၍ ပို၍ပင် ရှင်းလင်းခဲ့သည်။

“သူ့ကို အမြန်ရပ်လိုက်။ စခန်းနားကို Thorns လာခွင့်ပြုလို့မရဘူး!” ဆူလီ အော်ဟစ်လိုက်သည်။

လုအိုချင်းသည် သူမ၏ နှလုံးသားထဲတွင် ငိုကြွေးနေခဲ့သည်။ Thorns သည် ၎င်းတို့၏ ဝှက်ဖဲများ ဖြစ်ခဲ့ဖူးပြီး ယခုအခါ ၎င်းကို သိမ်းယူကာ သူတို့ကို ပြန်တိုက်ခိုက်နေသည်။ တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ပင်။

ကိုယ့်ရဲ့ကောင်မလေးကို တခြားယောက်ျားတစ်ယောက်က လုယူသွားပြီး ကိုယ့်ရဲ့ကောင်မလေး…ရည်းစားဟောင်းကို… ရှေ့မှာ လာကြွားနေသလိုပင်။ ထိုသို့သော အရှက်ကွဲခြင်းကို မည်သူမဆို မည်သို့ခံနိုင်ရည်ရှိမည်နည်း။

လုအိုချင်းသည် ထိုကဲ့သို့သောလုပ်ရပ်မျိုးကို ဘယ်သောအခါမှ သည်းမခံနိုင်ပေ။

သူမသည် လူသတ်သမားကို လွန်စွာမုန်းတီးကာ သူ့ကို အမှုန့်ကြိတ်ပစ်ချင်စိတ်ပေါက်သွားသည်။

အခန်း (၉၇) ပြီး၏။

လင်းဆက်

+++++

All Chapters