← Chapters

တိုက်ပွဲ

Vol. 7 Ch. 100

တိုက်ပွဲ

Vol. 7 Ch. 100

အခန်း (၁၀၀) တိုက်ပွဲ

ဟန်ရှောင်းက လှည့်ပြီး စတင်၍ နောက်ပြန်ဆုတ်သည်။ သူက လုအိုချင်းကို အနီးကပ်နိုင်ဖို့ ကြိုးစားရင်း အဆိပ်ပြင်းကျည်ဆန်များဖြင့် ထပ်ခါထပ်ခါ ပစ်ခတ်နေသည်။

လုအိုချင်း က သူမ၏လက်ကိုမြောက်ပြီး ခန္ဓာကိုယ်ရှေ့တွင် စွမ်းအင်ဒိုင်းတစ်ခု ဖော်ထုတ်ထားသည်။ ဒိုင်းက ကျည်ဆံများကို ကာကွယ်ထားပြီး၊ ဒိုင်းနှင့် ကျည်ဆံ ထိခိုက်မိကြသည့်အချိန်တွင် အဖြူရောင်အလင်းများ ဖြစ်ပေါ်နေသည်။

'ခံစစ်အမျိုးအစား' စူပါလူသားများသည် စနိုက်ပါကို တန်ပြန်နိုင်သည့် စွမ်းရည်များ ပိုင်ဆိုင်ကြသည်။ သို့သော်၊ အဆိပ်ပြင်းကျည်ဆံမှ ထုတ်လွှတ်သည့် အဆိပ်ငွေ့များသည် လုအိုချင်း၏ သွေးအမှတ်ကို လျော့ကျစေသည်။ ထို့အပြင်၊ စွမ်းအင်ဒိုင်းပေါ်တွင် ထိခိုက်သည့်အရှိန်သည်လည်း လုအိုချင်း၏ ခန္ဓာကိုယ်အပေါ်တွင် သက်ရောက်မှုရှိပြီး သွေးလျော့စေသည်။ သို့သော်ငြားလည်း၊ ၉၅%‌ လျှော့ချခံရပြီးနောက် သက်ရောက်မှုက အလွန်နည်းပါးလှ၏။

လုအိုချင်း သည် သူမ၏ ကိုယ်တွင်းမှ ဒေါသများကို ခံစားရနေသည်။ ရေပန်းတစ်ခုမှ လျှံကျလာသော ရေများကဲ့သို့ သူမစိတ်ထဲမှ လူသတ်သမားသည် ထွက်ပေါ်လာသည်။

ဟန်ရှောင်းက ၁၃ချက်မြောက် ပစ်ခတ်ပြီးနောက်၊ လုအိုချင်းက သူ့အနား ရောက်ရှိလာသည်။ ပစ်ချက်များအားလုံးက လုအိုချင်းကို သွေးအမှတ် ၁၀၀ခန့် လျော့ကျသွားစေသည်။

အကယ်၍ စူပါလူစားများသည် အထူးခုခံရေးစွမ်းအား မပိုင်ဆိုင်ထားလျှင်၊ တိုက်ခိုက်မှုကြောင့် အလွယ်တကူ ထိခိုက်သွားနိုင်သည်။ လုအိုချင်း ပိုင်ဆိုင်ထားသော အားစက်ဝန်းက တိုက်ခိုက်ရေးနှင့် ခုခံရေး နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သော စွမ်းရည်ရှိနေ၏။ သို့သော် သံလိုက်ချပ်ဝတ်နှင့် ရင်ဆိုင်ရသောအခါ လုအိုချင်း၏ ခန္ဓာကိုယ်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားနိုင်သည်။

သူတို့စတင်တိုက်ခိုက်သည်နှင့် လုအိုချင်းက သူမခန္ဓာကိုယ်၏ အားနည်းချက်ကို သတိပြုမိသွားသည်။

ဟန်ရှောင်းက ရုတ်တရက် သူ၏ ပြန်သိမ်းနိုင်တဲ့ဓါးကို ဆွဲထုတ်လိုက်သည်။ သူက ညာလက်တွင် ဓါးကို ကိုင်ဆွဲပြီး ဘယ်လက်တွင် ယန္တရားလက်ကို တပ်ဆင်ထားသည်။ လုအိုချင်းကို ထိပ်တိုက်ရင်ဆိုင်ဖို့ သူက ကြောက်ရွံ့မနေပေ။ လုအိုချင်းက သူမ၏ ခွန်အားအားလုံးကို စုစည်းပြီး ဟန်ရှောင်း၏ ခေါင်းကို ရိုက်ခွဲရန် အာရုံစိုက်နေသည်။ သို့သော်လည်း၊ ဟန်ရှောင်းက ထူထဲသောသံမဏိချပ်ဝတ်ကို ဝတ်ဆင်ထားကြောင်း သတိထားမိသွားသည်။

ထိုအချိန်တွင်၊ ဟန်ရှောင်း၏ ကျုံ့ဆန့်နိုင်သော ချပ်ဝတ်က ခေါင်းအထိ ဆန့်ထွက်လာပြီး၊ မျက်နှာနှင့် ဦးခေါင်းကို ကာကွယ်ပေးထားသည်။ ဟန်ရှောင်းက ခေါင်းကို နောက်သို့ အနည်းငယ်တိမ်းလိုက်ပြီး ချပ်ဝတ်၏ အကူအညီကြောင့် လုအိုချင်း၏ တိုက်ခိုက်မှုမှ တုန်ခါမှုကို ခံနိုင်သွား၏။ ဟန်ရှောင်းက သူ၏ ဓါးနှင့် ယန္တရားလက်ကို အသုံးပြုကာ လုအိုချင်း၏ စွမ်းအင်ဒိုင်းကို အဆက်မပြတ် ထိုးဖောက်နေသည်။ တိုက်ပွဲမှာ ပြင်းထန်လှ၏။ အဖြူရောင်အလင်းဆက်များက ထိခိုက်မှုတိုင်းတွင် ထွက်ပေါ်နေတော့သည်။

အဆင့် ၄၀ရှိသည့် ဖန်ခွမ်းသည် အနီးကပ်တိုက်ပွဲတွင် ဟန်ရှောင်းကို အနိုင်ရရန် အတော်ပင် ပြဿနာများခဲ့၏။ ထို့ကြောင့်၊ လုအိုချင်း၏ တိုက်ခိုက်မှုစွမ်းအားမှာ ဟန်ရှောင်းအတွက် စိတ်ပူစရာမရှိပေ။

ထိုအစား၊ 'ခံစစ်အမျိုးအစား' စူပါလူသားတစ်ယောက်အနေဖြင့် သူမပိုင်ဆိုင်ထားသည့် စွမ်းရည်မှာ ဟန်ရှောင်းကို ပို၍ခြိမ်းခြောက်နေသည်။ လုအိုချင်းက ပစ်မှတ်ကို ရှုထောင့်ပေါင်းစုံမှ တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် ဟန်ရှောင်း၏ တိုက်ခိုက်မှုအရှိန်အဟုန်မှာ မကြာခဏဆိုသလိုပင် သူမ၏တိုက်ခိုက်မှုကြောင့် နှောင့်ယှက်ခံနေရသည်။

"စွမ်းအားတွန်းကန်ခြင်း"

ဟန်ရှောင်းသည် သူ၏ဒူးတွင် မမြင်ရသော သက်ရောက်မှုတစ်ခုကို ခံစားလိုက်ရသည်။

လုအိုချင်း က ထိုအခွင့်အရေးကိုယူကာ နောက်ဆုတ်သွားပြီး နေရာလွတ် ဖန်တီးလိုက်သည်။ သူမ၏ ရင်ဘတ်ထဲတွင် မွန်းကြပ်နေပြီး သူမ၏ အဆုတ်မှာ ပူလောင်နေ၏။ ပြင်းထန်လှသော တိုက်ပွဲဝင်ပုံစံက သူမ၏ ခန္ဓာကိုယ်အတွက် ထိခိုက်မှု ဖြစ်စေသည်။ သူမ၏ သက်လုံမှာလည်း လျော့ကျနေ၏။ စူပါလူသားစွမ်းရည်များသည် မကြာခဏဆိုသလို စွမ်းအင်အများအပြားသုံးစွဲရန် လိုအပ်သည်။ သူမ၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် လုအိုချင်းက သူမ၏ သက်လုံများကို သုံးစွဲခဲ့ရသည်။ သူမက အလွန်တရာ မောပန်းနေပြီး ဟန်ရှောင်းကို မယုံကြည်နိုင်ဟန်ဖြင့် အံ့အားသင့်စွာ ကြည့်နေသည်။

ဒီစနိုက်ပါက ဘယ်လိုလုပ် ဒီလောက်သန်မာတာလဲ။ သူက ‘တိုက်ခိုက်သူ’ တစ်ယောက်ထက်တောင် ပိုပြီးကောင်းကောင်း တိုက်ခိုက်နိုင်သေးတယ်။

ဒုတ် ဒုတ် ဒုတ်

နှင်းဆီစစ်သွေးကြွ ကျန်ရစ်သူများသည် နောက်ဆုံးတွင် ဟန်ရှောင်းဆီသို့ ချဉ်းကပ်လာကြသည်။ ချက်ချင်းပင် သူ့ကို စုပြုံပစ်ခတ်ကြ၏။ ဟန်ရှောင်းက ပြန်လည်တုန့်ပြန်ပြီး Berserk Eagles ဖြင့် အပြင်းအထန် ပြန်လည်ပစ်ခတ်ရာ စစ်သွေးကြွများ အလဲလဲအပြိုပြို ဖြစ်ကုန်ကြသည်။

ဆုလီတစ်ယောက်တည်းသာ ဟန်ရှောင်း၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သည်။ သူမက သွက်လက်ပြီး မြန်ဆန်၏။ ‘တိုက်ခိုက်သူ’တစ်ယောက်၏ ဟန်ပန်မျိုးလည်းရှိသည်။ သူမသည် ထူးခြားသော လက်အိတ်တစ်စုံကိုလည်း ဝတ်ဆင်ထားသေးသည်။ ထိုလက်အိတ်ပေါ်တွင် ဆားကစ်ပြားအနည်းငယ်ပါရှိပြီး အပြာရောင်တောက်ပနေသည်။ ဟန်ရှောင်းမှာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

ယန္တရားပိုင်းဆိုင်ရာတိုက်ခိုက်သူ (Mechanical pugilist)

ဆုလီက အရှိန်ပြင်းပြင်းဖြင့် ချဉ်းကပ်လာသည်။ သူမက လက်ဖြင့် ဟန်ရှောင်းကို တွန်းလိုက်သည်။ သူမ တွန်းလိုက်သည့်ပုံစံက အားနည်းပြီး ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း ဟန်ရှောင်းက သူ့အာရုံများအားလုံးကို ဆုလီဝတ်ဆင်ထားသည့် လက်အိတ်ထံ အာရုံစိုက်ထားသည်။ ဆုလီ၏ ခြိမ်းခြောက်မှုအဆင့်သည် တိုးတက်လာပြီး ဟန်ရှောင်းသည် ခန္ဓာကိုယ်ကိုလှည့်ကာ ဆုလီ၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ရသည်။ ဆုလီနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် ဉာဏ်နည်းရာကျ၏။ ဟန်ရှောင်းက သူ၏ ပစ္စတိုမှ ပစ်အားဖြင့် ဆုလီကို ဖိနှိပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း၊ လုအိုချင်းက ရှေ့တက်လာပြီး သူမ၏ စွမ်းအင်ဒိုင်းဖြင့် ကျည်ဆံများကို တွန်းကန်လိုက်၏။

သုံးယောက်လုံးမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြသည်။ ဆုလီဝတ်ဆင်ထားသော လက်အိတ်တစ်စုံက ဟန်ရှောင်း၏ စွမ်းအားကို ဖိနှိပ်နိုင်၏။ ဟန်ရှောင်းမှာ သူတို့ကို မည်သို့ ပြန်လည်တိုက်ခိုက်ရမလဲမသိ ဖြစ်နေသည်။ မိန်းကလေးနှစ်ယောက်သည်လည်း ထိုအရာကို သတိပြုမိပြီး တိုက်ပွဲတွင် အပေါ်စီးရရှိရန် အခွင့်အရေးကို အသုံးချနေသည်။ အခြေအနေက တဖြည်းဖြည်းနှင့် ဟန်ရှောင်းအတွက် ဆိုးရွားလာတော့သည်။

ငါသာ တစ်ခုခု အနစ်နာခံပြီး မလုပ်ရင် သူတို့နှစ်ယောက်လုံးကို သတ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။

ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ဟန်ရှောင်းက ဆုလီထံသို့ ရုတ်တရက် ချဉ်းကပ်သွားပြီး၊ သူ၏ ခန္ဓာကိုယ်ဖြင့် သူမ၏ လက်အိတ်ပေါ်သို့ ဖိလိုက်သည်။ ရုတ်ချည်း တိုက်ခိုက်မှုက ဆုလီကို တုန်လှုပ်သွားစေသည်။ လက်အိတ်များက ဟန်ရှောင်း၏ ချပ်ဝတ်ကို ထိနေသည်။ မထိန်းချုပ်နိုင်သော လျပ်စီးကြောင်းက ပူလောင်သော ချပ်ဝတ်ကို ဖြတ်သန်းစီးဆင်းသွားသည်။

ချပ်ဝတ်၏ ခိုင်ခံ့မှုမှာ အဆပေါင်းများစွာ ထိုးကျသွားသည်။ အမှတ် ၁၀၀ခန့် လျော့နည်းသွားခြင်းဖြစ်သည်။ အမှန်တော့၊ ချပ်ဝတ်၏ ခိုင်ခံ့မှုသည် ဤမျှလောက် လျော့ကျသွားခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ဟန်ရှောင်းသည် ရင်ဘတ်တွင် အပူလောင်သလို ခံစားလိုက်ရသည်။ မြင့်မားသော အပူချိန်က ချပ်ဝတ်၏ သတ်မှတ်ချက်ကို ကျော်လွန်သွားပြီး အပူက သူ့ကိုယ်ကို လောင်ကျွမ်းစေသည်။ ဟန်ရှောင်းမှာ ဂိမ်းမျက်နှာပြင်တွင်ပေါ်လာသည့် စာများကိုဖတ်ရန် အချိန်မရှိပေ။ သူက လေကို ခုတ်ပိုင်းနိုင်သည့် ဓါးချက်ကို အသုံးပြုကာ ဆုလီ၏ရင်ဘတ်ကို ထိုးချလိုက်သည်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပင်။

ဆုလီ၏ မျက်လုံးများမှာ အံ့ဩမှုဖြင့် ပြူးကျယ်သွားသည်။ ဟန်ရှောင်းက Berserk Eagles ဖြင့် သူမ၏ နဖူးကိုဖိလိုက်ပြီး အသားကုန် ပစ်ခတ်လိုက်သည်။ ချပ်ဝတ်တန်ဆာမရှိသော ယန္တရားပညာရှင်သည် အလွန်ထိခိုက်လွယ်၏။

ဘုန်း ဘုန်း ဘုန်း

“ရန်သူကို သတ်ပစ်” လုအိုချင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဟန်ရှောင်းက ဆုလီနှင့် အလုပ်ရှုပ်နေစဉ် နောက်ဘက်မှ တိုက်ခိုက်လိုက်သည်။

ဟန်ရှောင်း၏ ကျောရိုးတစ်လျောက် စူးရှသောနာကျင်မှု ပေါ်လာသည်။ သူ၏ကျောမှာ ကွဲထွက်သွားသလို ခံစားလိုက်ရသည်။ ဟန်ရှောင်းက နာကျင်မှုကို အံကြိတ်ခံကာ ရှေ့သို့ တိုးထွက်သွားသည်။ ထို့နောက် ပြန်လှည့်ပြီး နောက်ဆုံးကျန်နေသည့် ကျည်ဆံများဖြင့် ပစ်ခတ်လိုက်သည်။ ဟန်ရှောင်းက လုအိုချင်း၏ ခြေထောက်ကို ပစ်မှတ်ထားနေ၏။

လုအိုချင်းသည် ဟန်ရှောင်းကို တိုက်ခိုက်ရန် သက်လုံကို အလွန်အကျွံသုံးစွဲထားသည်။ သူမ၏ နောက်ဆုံးလက်ကျန် စွမ်းအားများဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်ရာ ကျည်ဆံများကို ကာကွယ်ဖို့ စွမ်းအင်ဒိုင်းကို အသုံးပြုရန်ပင် စွမ်းအင်မကျန်တော့ပေ။ ကျည်ဆံတစ်တောင့်က သူမ၏ ဒူးခေါင်းကို ဖောက်ထွင်းသွားသည်။

လုအိုချင်း၏ အမူအရာ ပြောင်းလဲသွားသည်။ သူမက စနိုက်ပါတစ်ယောက်ဖြင့် ရင်ဆိုင်နေရမှန်း နားလည်ထားပြီး လှုပ်ရှားမှုကောင်းစွာ မပြုလုပ်နိုင်သည်က သေစေနိုင်သော အကျိုးသက်ရောက်မှု ဖြစ်စေသည်။ ထိတ်လန့်တုန်လှုပ်နေသည့် အခြေအနေတွင်၊ သူမ၏ စွမ်းအင်အားလုံးကို အသုံးပြု၍ ဟန်ရှောင်းကို နောက်ဆုံးထိုးနှက်ချက်တစ်ခု ပေးလိုသည်။

သူမက ဟန်ရှောင်း၏ ခြေထောက်များကို ဖောက်ခွဲပစ်ပြီး လှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားအောင် ကြိုးစားနေသည်။

ဟန်ရှောင်းက သူ၏တိုက်ခိုက်မှု အောင်မြင်သွားသည်နှင့် သူတို့နှစ်ယောက်ဆီကနေ အမြန်ဆုတ်ခွာသွားသည်။ စွမ်းအင်ဒိုင်း ပြိုကျသွားသည်နှင့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး သူယခင်ရှိခဲ့သော နေရာတွင် ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။

လုအိုချင်း စိတ်ဓါတ်ကျသွားသည်။ သူမ၏ ခြေထောက်က ကျိုးနေပြီး၊ အခုတော့ ဟန်ရှောင်း၏ တိုက်ခိုက်မှုများအတွက် အကာအကွယ်မဲ့နေသည်။ ဟန်ရှောင်းက အဝေးမှသာ ပစ်ခတ်နေပြီး သူမလုပ်နိုင်သည်မှာ ကျည်ဆံများကို အားထုတ်၍ ဖယ်ရှားနေရသည်။ သူမ၏ စွမ်းအင်များမှာ လုံးလုံးလျားလျား ကုန်ဆုံးခါနီး ဖြစ်နေပြီး၊ စိတ်ဓါတ်ကျမှုများသာ ကြီးစိုးလာတော့သည်။

သေစမ်း၊ ငါတော့ ပြီးသွားပြီ။

ဘုန်း ဘုန်း ဘုန်း

ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားသော ဟန်ရှောင်းသည် တည်ငြိမ်သော အမြင့်တစ်နေရာတွင် သူ၏ ရိုင်ဖယ်သေနတ်ဖြင့် ပစ်ချလိုက်ပြီး လုအိုချင်း ၏ စွမ်းအင်အားလုံးကို ကုန်ခမ်းသွားစေသည်။ နောက်ဆုံးတွင် ကျည်ဆန်က သူမခေါင်းကို ထိုးဖောက်သွား၏။ သူမ မျက်လုံးထဲတွင် ဒေါသနှင့် မလိုလားမှုများဖြင့် ပြိုလဲသွားတော့သည်။

_____________________

သင် လုအိုချင်း (အဆင့် ၃၀) ကို သတ်ဖြတ်ခဲ့ပါသည်။

အတွေ့အကြုံအမှတ် ၁၂,၀၀၀ ရရှိပါသည်။

ဟန်ရှောင်းက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ သူ့အာရုံများ ဖြေလျော့နိုင်သွားသည်။ ပူလောင်မှုဝေဒနာအတွက် ညည်းတွားနေချိန် မရှိပေ။ သူချက်ချင်းပင် ဆုလီ၏ ခန္ဓာကိုယ်ဆီသို့ သွားပြီး သူ့လက်ထဲမှ အနက်ရောင် လက်အိတ်တစ်စုံကို ထုတ်ယူလိုက်သည်။

_____________________

သင် [အပူလှိုင်းလျပ်စစ် လက်အိတ်] ၂ခု ရရှိပါသည်။

——————————————————————

ဤလက်အိတ်၏ လုပ်ဆောင်ချက်က ဟန်ရှောင်း မသင်ယူရသေးသော [အခြေခံအပူပြောင်းလဲခြင်း] သီအိုရီကို အခြေခံထားသည်။ လက်အိတ်အတွင်းတွင် အပူပြောင်းလဲမှုအတွက် သေးငယ်သော လျပ်စီးကြောင်းများ ပါရှိသည်။ လက်အိတ်များကို စွမ်းအားသုံးရန် လျှပ်စစ်ပမာဏများစွာ လိုအပ်သောကြောင့် လက်အိတ်များ၏ စွမ်းအားအရင်းအမြစ်သည် မြင့်မားသောဗို့အားရှိသည့် ဘက်ထရီ ဖြစ်သည်။ လက်အိတ်များသည် ကြီးမားသော စွမ်းအားရှိပြီး သတ္တုများကို ဆတိုးဖြင့် ထိခိုက်ပျက်စီးစေနိုင်သည်။

ဟန်ရှောင်းသည် အနာဂတ်တွင် သူ့ကိုယ်ပိုင်အသုံးပြုရန်အတွက် လက်အိတ်ကို သိမ်းဆည်းထားသည်။ ထိုအကြောင်းကို ပြောရလျှင် ဆုလီသည် ယန္တရားပညာရှင် အမျိုးအစားမှ သူ၏ ပထမဆုံး ရန်သူဖြစ်သည်။ သူ၏ ကိရိယာများကို ယန္တရားပညာရှင်များအား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ခြင်းလည်းဖြစ်သည်။

‘ယန္တရားပိုင်းဆိုင်ရာတိုက်ခိုက်သူ’များသည် အနီးကပ်တိုက်ခိုက်ရေးစက်ပစ္စည်း အမျိုးအစားတစ်ခု သို့မဟုတ် အမျိုးအစားအနည်းငယ်ကို အသုံးပြုကြသည်။ သူတို့၏ စက်များတွင် အထူးပြုလုပ်ချက်များနှင့် စွမ်းရည်များကို ထည့်သွင်းနိုင်ကြ၏။ ဆုလီ၏ တိုက်ခိုက်ရေးပုံစံအရ သူမ၏ စက်ကိရိယာများ၏ စွမ်းဆောင်နိုင်မှုအပေါ်သာ အားကိုးအားထားပြုရသည့် အောက်ခြေအဆင့်မှ ‘ယန္တရားပိုင်းဆိုင်ရာတိုက်ခိုက်သူ’တစ်ဦးဖြစ်သည်ဟု ဟန်ရှောင်းက ကောက်ချက်ချနိုင်သည်။

အချို့သော ‘ယန္တရားပိုင်းဆိုင်ရာတိုက်ခိုက်သူ’များသည် အထူးစွမ်းရည်ရှိသော လက်နက်များကိုလည်း ပိုင်ဆိုင်ထားကြသည်။ သူတို့သာ ကြိုတင်လိုအပ်ချက်နှင့် ကိုက်ညီသည်နှင့် ထိုကဲ့သို့သော လက်နက်များကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။ အဘိုးကြီးလူ ဖန်တီးခဲ့သော ဒီဇိုင်းပုံစံ ၄ခုမှ တစ်ခုသည် ပင်ကိုယ်စွမ်းရည်ရှိသော စက်တစ်ခုဖြစ်သည်။

{TL Note: အပိုင်း ၂၃မှာ ပြောပြထားတဲ့ အစောပိုင်းအဆင့် နတ်ဘုရားကိရိယာ၏ ဒီဇိုင်းပုံစံ}

မစ်ရှင်ပြီးဆုံးသွားသည့်နောက် ဆုလာဘ်တွေ စုဆောင်းဖို့ အချိန်ရောက်လာ၏။

ဟန်ရှောင်း၏စိတ်ထဲတွင် Felonia ၏ ပုံရိပ်သည် ရုတ်တရက် ပေါ်လာပြီး ပြန်မသွားမီ Felonia ကို အနီးကပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဟန်ရှောင်းသည် EMP စက်ကို ပိတ်လိုက်သည်။ သူ့ယာဉ်၏ ပျက်စီးနေသော အစိတ်အပိုင်းများကို အကြမ်းဖျင်း စစ်ဆေးပြီး ပြုပြင်ရန် ဆယ့်ငါးမိနစ်ခန့် ကြာမည်ဟု ခန့်မှန်းလိုက်၏။ ချက်ခြင်းပင် ပြုပြင်ခြင်းလုပ်ငန်းကို စတင်တော့သည်။

အခုလေးတင် Felonia အနီးမှာ လှည့်လည်သွားလာနေတဲ့ သူတွေရှိနေတယ်။ သူတို့ဘယ်လိုလုပ်နေလဲ သိချင်သား၊ ဟန်ရှောင်းက သူ့ဖာသာ တွေးနေမိသည်။

...

လွန်ခဲ့သော နာရီဝက်က…

Felonia သို့ ဝင်ပေါက်သည် ချောက်ကမ်းပါးထဲရှိ အက်ကွဲကြောင်းဖြစ်နေသည်။ လှည့်လည်သွားလာသူများသည် ချောက်ကမ်းပါးမှ ကုတ်ကတ်ဆင်းကာ အက်ကွဲကြောင်းသို့ ရောက်နိုင်သွားသည်။ အက်ကွဲကြောင်းတွင် မှောင်မဲနေသော်လည်း တစ်နေရာသို့ ဦးတည်သွားသော လမ်းကြောင်းတစ်ခု ရှိနေပုံရသည်။

လှည့်လည်သွားလာသူ လူငယ်တစ်ဦးသည် သူ၏ ဓာတ်မီးကိုဖွင့်ကာ လမ်းကြားထဲသို့ ထွန်းကြည့်လိုက်၏။ သူတို့မျက်စိရှေ့ရှိ မြင်ကွင်းက အားလုံးကို ထိတ်လန့်သွားစေသည်။ သူတို့ ပါးစပ်က မယုံကြည်နိုင်ဘဲ အဟောင်းသားဖြစ်သွားပြီး အံသြသွားကြသည်။

“ဒါ… ဒါက…”

အခန်း (၁၀၀) ပြီး၏။

လင်းဆက်

+++++

All Chapters