← Chapters

ရွေးချယ်မှု

Vol. 13 Ch. 172

ရွေးချယ်မှု

Vol. 13 Ch. 172

ကျင်းစီရင်စု၏ မြောက်ပိုင်းဒေသ၊ ယဲ့ဒေသနှင့် ယွမ်ဝူဒေသတို့၏ နယ်စပ်ရှိ လူသူကင်းမဲ့သော တောင်တန်းတချို့၌ အဝါရောင်ဝတ်စုံဖြင့် လူများစွာ ရပ်နေကြသည်။ သူတို့၏ ဝတ်ရုံများက လေနှင့်အတူ တဖျတ်ဖျတ် လွင့်နေ၏။ သူတို့၏ အသက်အရွယ်က မျိုးစုံပင်။ တချို့က အသက်ကြီးကာ တခေါင်းလုံး ဆံပင်ဖြူများဖြင့် အိုမင်းနေပြီ။ သက်တမ်းကုန်ခါနီး ဖြစ်နေပြီ။ တချို့ကမူ လူငယ်များပင်။ သူတို့အားလုံးက ငြိမ်သက်စွာ တန်းစီ၍ ရပ်နေကြ၏။

ရှေ့ဆုံးမှ သူသည် အဘိုးအိုတစ်ယောက်ပင်။ သူက လက်နောက်ပစ်လျက် ကောင်းကင်ထက်သို့ မလှုပ်မယှက် ကြည့်နေကာ အတွေးထဲ နစ်မြောနေပုံ ရသည်။ သူ့နောက်၌ အမျိုးသားလေးယောက်နှင့် အမျိုးသမီးတစ်ယောက်တို့မှာ လေးစားသည့် ဟန်ပန်ဖြင့် ရှိနေကြသည်။ ထိုလေးယောက်ထဲ၌ ဟန်လိကို အဝါရောင်တောင်ကြားသို့ ခေါ်လာခဲ့သော အကြီးအကဲဝမ်လည်း ပါ၏။ ခုလက်ရှိ၌ သူ၏ အမူအရာမှာ လေးနက်နေသည်။

သည်ငါးယောက်၏ နောက်၌ အဝါရောင်ဝတ်စုံဖြင့် တပည့်များက ရှေ့မှ တတန်း၊ နောက်မှ တတန်းစီ စီကာ ရပ်နေ၏။ သူတို့၏ အမူအရာဟန်ပန်များမှာ မတူကြပေ။ တချို့က စိတ်ပူနေ၏။ တချို့က စိတ်အေးပုံ ရသည်။ ကြိတ်၍ ပြုံးနေကာ သူတို့၏ စိတ်ရင်းအမှန်ကို မပြသသူများလည်း ရှိကြ၏။

နောက်ဆုံးတန်း၏ အဆုံး၌ အသားအ‌ရေ ညိုညိုနှင့် ပုံမှန်ရုပ်သွင်သာ ရှိသော လူငယ်တစ်ယောက် ရှိနေသည်။ သူက ခေါင်းငုံ့ထားလျက် သူ့ခြေထောက်ကိုသာ ကြည့်နေ၏။ သူက သူ့အကြည့်ကို နည်းနည်းလေးမျှ မခွာဝံ့သည့်အလား။ သူသည် ရှိုးတိုးရှန့်တန့် ဖြစ်နေပုံ ရသည်။

သို့သော် ထိုသာမန်သာ ဖြစ်သော လူငယ်လေးက စိတ်ထဲ၌ မကျေမချမ်းဖြင့် ကြိတ်၍ ကျိန်ဆဲနေသည်ကိုမူ မည်သူကမျှ မသိကြပေ။

ထိုလူငယ်လေးမှာ ဟန်လိပင်။ အဝါရောင်ဝတ်စုံများနှင့် ဿည်လူများမှာ အဝါရောင်မေပယ်တောင်ကြား၏ တပည့်များဖြစ်၏။ သွေးနှင့်မီး ခြုံလွှမ်းသော စမ်းသပ်ကွင်းသို့ ပါဝင်မည့် တပည့်များပင်။

ဟန်လိက ဒီသေနိုင်ချေများသော နေရာသို့ ဝင်ရောက်ရာ၌ ပါဝင်မည်ဟု နောက်ဆုံး၌ လုံးလုံးလျာလျာ ဆုံးဖြတ်ချက် ချခဲ့တော့၏။ အခြေခံတည်ဆောက်ခြင်းဆေးလုံးနှစ်လုံး ကိစ္စမှာ သူ့အတွက် ဟာသလိုသာ ဖြစ်ခဲ့ပေ၏။

သည့်အရင် တလတုန်းက ဟန်လိက ဒီဆေးလုံးကို မည်သို့မည်ပုံ သောက်သုံးရမည့်အကြောင်း ဝူဖန်ထံမှ သိခဲ့ပြီးနောက် သူသည် ကြီးစွာ တုန်လှုပ်ခဲ့ရပေ၏။

အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်သုံးမည့်သူများက သုံးလလုံးလုံး တသီးတခြား နေထိုင်ရမည် ဖြစ်၏။ အပြင်သို့ ပြန်မထွက်လာခင် သည်ဆေး၏ စွမ်းအားအားလုံးကို ပြောင်စင်အောင် အသုံးပြုနိုင်ရမည်။ မဟုတ်ပါက ဆေး၏ စွမ်းအားသည် ပြန့်ကြဲကာ အကျိုးအာနိသင် များစွာ လျော့ကျသွားလိမ့်မည်။ သို့ဖြစ်၍ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်အောင်မြင်မြင် ရောက်သည် ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ ဒီဆေးလုံးကို သောက်ပါက လများစွာ အချိန်ပေးဖို့ လိုသည်။

ထိုမျှသော အချိန်ကာလက ဟန်လိကို ကြီးစွာ စိတ်ဓာတ်ကျသွားစေခဲ့၏။ စိတ်ပျက်သွားစေခဲ့၏။

သူ၏ မူလအစီအစဉ်မှာ အခြေခံတည်ဆောက်ခြင်းဆေးလုံးနှစ်လုံးကို အရင် သောက်မည်။ ထို့နောက်တွင်မျှ သွေးနှင့်မီးခြုံလွှမ်းသော စမ်းသပ်ကွင်သို့ ဝင်ပါမည်၊ မပါမည်ကို စောင့်ကြည့်မည်။ အကယ်၍ ဆေးလုံးနှစ်လုံး သောက်ပြီးနောက် သူ၏ ကံက ကောင်းခဲ့ကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ခဲ့လျှင် သူ့အနေဖြင့် ထိုသို့ အန္တရာယ်များလှသော တားမြစ်နေရာထံ သွားဖို့ လိုတော့မည် မဟုတ်ပေ။ တကယ်တော့ သည်တားမြစ်နေရာမှာ လေးယောက်တွင် တစ်ယောက်သာ အသက်ရှင်နိုင်နှုန်း ရှိသည် မဟုတ်လား။ ဤသည်မှာ အတော်လေး ထိတ်လန့်ဖွယ်ပင်။

ဆေးလုံး သောက်ပြီးနောက် သူက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်ခဲ့ပါက စွန့်စား၍ ဒီတားမြစ်နေရာထံ ဝင်ရောက်မည်။ အခြေခံတည်ဆောက်ခြင်း ဆေးလုံးနှစ်လုံးဖြင့် သူ့အတွက် အဆင့်တက်ဖို့ မလုံလောက်ပါက သူက သုံးလုံး၊လေးလုံး သို့မဟုတ် သည့်ထက်ပို၍ သန့်စင်မည်ဟု စီစဉ်ထားခဲ့သည်။ သူက သူ့ပါရမီမှာ ကင်းမဲ့လွန်းသည်ကို သိ၏။ သို့ဖြစ်၍ အခြေခံတည်ဆောက်ခြင်းဆေးလုံးများစွာ သောက်ပြီးမှသာ သူ့အနေဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်မှာ သေချာသလောက် ရှိပေသည်။

သို့သော် သူက ဒီဆေးလုံးကို သောက်ပြီး သုံးလလောက် သီးခြားတံခါးပိတ်နေရမည်ဟူသော အချက်က ရှိနေသည့်အတွက်ကြောင့် သူ၏ မူလအစီအစဉ်ကို စွန့်ပယ်ရတော့သည်။ ထိုအခါ သူ မလိုချင်သော ကသိကအောက် အခြေအနေနှင့် ကြုံရလေသည်။

အခုအခါ သူက သူ့ထံ၌ ရှိပြီးသား အခြေခံတည်ဆောက်ခြင်းဆေးလုံး နှစ်လုံးကို သောက်၍ တားမြစ်ဧရိယာထံ ဝင်ရောက်ခြင်းကို စွန့်ပစ်မည်လား။ သို့မဟုတ် သည်ဆေးနှစ်လုံးကို ယာယီဘေးဖယ်ထား၍ သည်တားမြစ်ဧရိယာထဲ ဝင်ပြီးနောက်မှ သောက်သုံးမည်လားကို ရွေးချယ်ရတော့သည်။ သူ့အတွက် နှစ်ခုလုံးကို လုပ်၍ မရတော့ပေ။

ထိုကိစ္စကို လဝက်လောက် စဉ်းစားပြီးနောက် ဟန်လိက သူ၏ စုတ်ပြတ်သပ်နေသော ပါရမီနှင့် ပတ်သတ်၍ ခံစားမိ၏။ သူက ဒီဆေးလုံးနှစ်လုံးလုံးကို သောက်ခဲ့လျှင်ပင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်မည့် သူ့အတွက် အခွင့်အရေးမှာ အတော်လေး နည်းပါးနေဆဲပင်။ ထို့ကြောင့် သူက သွေးနှင့်မီး ခြုံလွှမ်းသော စမ်းသပ်ကွင်းသို့ သွားဖို့ကို လက်မလွှတ်နိုင်တော့ပေ။

တကယ်တော့ ဟန်လိက ဒီသွေးနှင့်မီး ခြုံလွှမ်းသော စမ်းသပ်ကွင်းကို နောက်ငါးနှစ်ထိ ထပ်စောင့်ပြီးမှ ပါဝင်ဖို့ မစဉ်းစားမိတာ မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်ခြင်းက ကျရှုံးခဲ့လျှင်ပင် သူ၏ ထာဝရနွေဦးပညာရပ်သည် အထွတ်အထိပ်သို့ ရောက်နေမှာ သေချာသည်။ ထိုအခါ သူ့အတွက် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ပိုရှိလာပေမည်။

သို့သော် ဟန်လိက ထိုသို့ တွေးပြီး သိပ်မကြာခင်မှာ အဝါရောင်မေပယ်တောင်ကြား၏ ထိပ်ပိုင်းအလွှာများက ယွဲ့ဒေသ၏ ကျင့်ကြံခြင်းလောကတခုလုံးကို တုန်လှုပ်သွားစေသော ကြေငြာချက်တခုကို ထုတ်ပြန်ခဲ့ပေသည်။ ထိုသတင်းက ဟန်လိ၏ အနှီအတွေးစိတ်ကူးကို လုံးလုံး ပျောက်သွားစေခဲ့၏။

ထိုကြေငြာချက်၏ အသေးစိတ်မှာ သွေးနှင့်မီးခြုံလွှမ်းသော တားမြစ်ဧရိယာကို ခုတကြိမ် ဖွင့်လှစ်ပြီး နောင်ငါးနှစ်တွင် ထပ်မံ ဖွင့်လှစ်မည်။ ယင်းနောက်တွင် နှစ်ပေါင်းခြောက်ဆယ် ယာယီ ချိပ်ပိတ်ထားမည် ဟူ၍ပင်။ ထိုအချိန်အတွင်း ဂိုဏ်းကြီးများက အတူပူးပေါင်း၍ ဒီတားမြစ်ဧရိယာထဲ ဝင်ရောက်၍ ဆေးပင်များ စုဆောင်းခြင်းကို တားမြစ်ထားကြမည်။

တားမြစ်ဧရိယာကို ယာယီချိပ်ပိတ်ထားခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတော့ မဟုတ်ပေ။ နှစ်သုံးလေးရာ ကြာတိုင်း မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းက ထိုသို့ ပြုလုပ်လေ့ ရှိ၏။ အကြောင်းမှာ တားမြစ်ဧရိယာကို မကြာခဏ ဖွင့်ပါက အတွင်းရှိ စိတ်ဝိညာဉ်ချီသည် ပမာဏများစွာ စိမ့်ထွက်ကုန်မည် ဖြစ်၏။ ထိုအခါ သည်ဧရိယာတွင်း၌ ပေါက်ရောက်သော စိတ်ဝိညာဉ်ဆေးပင်များ၏ ကြီးထွားမှုနှင့် အရေအတွက်ကို ထိခိုက်ပေလိမ့်မည်။ သည်ယာယီချိပ်ပိတ်မှုက စိတ်ဝိညာဉ်ချီများကို ပုံမှန်အဆင့်တိုင်း ပြန်ရစေရန်အတွက်သာ ဖြစ်၏။

သို့ပေမည့် ဂိုဏ်းကြီးများက တားမြစ်ဧရိယာ၏ ဆေးပင်များသည် တစ်နှစ်ထက်တစ်နှစ် ပို၍ ကျဲပါးလာကာ ရှာတွေ့ဖို့ ခက်ခဲလာသည်ကို သိကြ၏။ အထူးသဖြင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးများ သန့်စင်ရာ၌ လိုအပ်သော စိတ်ဝိညာဉ်ဆေးပင်များသည် ရှားပါးကုန်ခြင်းပင်။

ကျင့်ကြံခြင်းဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ ဗဟုသုတ ကြွယ်သော ကျွမ်းကျင်သူအချို့၏ ထင်ကြေးအရ တားမြစ်ဧရိယာအတွင်း၌ စိတ်ဝိညာဉ်ဆေးပင်များကို ပုံမှန်အတိုင်း ရှိချင်ပါက ဒီဧရိယာကို ထောင်စုနှစ်တစ်ခုကြာ ချိပ်ပိတ်ထားဖို့ လိုမည် ဟူ၍ပင်။ တကယ်တော့ စိတ်ဝိညာဉ်ဆေးပင်များ၏ ကြီးထွားမှုက တစ်ရက်၊နှစ်ရက်ဖြင့် ပြီးမြောက်သည့် ကိစ္စ မဟုတ်ချေ။

တားမြစ်ဧရိယာအတွင်း၌ အခြေအနေများက ထိုသို့ ကြုံနေရသော်လည်း မည်သူကမျှ ဒီထင်ကြေးကို အတည်ပြုနိုင်စွမ်း မရှိသလို ငြင်းဆန်နိုင်စွမ်းလည်း မရှိပေ။ သို့သော် မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ခေါင်းဆောင်များက ထိုကဲ့သို့ နာကျင်ရသော ဆုံးဖြတ်ချက်မျိုးကိုလည်း ချမှတ်နိုင်စွမ်း မရှိ ဖြစ်ရ၏။

အခြေခံတည်ဆောက်ခြင်းဆေးလုံးများ၏ အရေအတွက်က သူတို့ ဂိုဏ်းများ၏ အောင်မြင်မှု၊ ကျရှုံးမှုနှင့် ဆက်နွှယ်နေသည် မဟုတ်လား။

သည်ဆေးလုံးများ ပြတ်လပ်မှုကို နှစ်ငါးဆယ်၊ နှစ်ခြောက်ဆယ်လောက် ကြုံရလျှင်ပင် ဂိုဏ်းကြီးများသည် အပေါ်ယံသာ ထိခိုက်ရမည် ဖြစ်၏။ သို့သော် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းတစ်ထောင်လောက် အခြေခံတည်ဆောက်ခြင်းဆေးလုံးများ မရှိပါက ဂိုဏ်းကြီးခုနစ်ဂိုဏ်းသာမက ယွဲ့ဒေသ၏ ကျင့်ကြံခြင်းလောကတခုလုံးပါ သေရေးရှင်ရေး ပြဿနာနှင့် တည့်တည့်ကြုံရပေလိမ့်မည်။

တကယ်တော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ကင်းမဲ့သော ဒေသကို ကျင့်ကြံခြင်းလောကဟု မည်သို့ ခေါ်နိုင်ပါအုံးမည်နည်း။ ထိုသို့သာ ဖြစ်လာပါက ယွဲ့ဒေသ၏ ကျင့်ကြံခြင်းဂိုဏ်းများ၊ လေလွင့်ကျင့်ကြံသူများသည် ရှင်သန်ရပ်တည်ဖို့အတွက် တခြားနေရာများကို ထွက်ခွာကြလိမ့်မည်။ ထိုအချိန်ကျလျှင် ဂိုဏ်းကြီးခုနစ်ဂိုဏ်းသည်ပင် ချွင်းချက် မဟုတ်တော့ပေ။

သို့ဖြစ်၍ သူတို့က တားမြစ်ဧရိယာကို မကြာခဏ ဖွင့်လှစ်ခြင်းသည် ကြက်ဥ ဥပေးနေသော ကြက်ကို သတ်ပစ်ခြင်းနှင့် တူသည်ဟု သိသော်လည်း မည်သို့မျှ မတတ်နိုင် ဖြစ်ရ၏။

သူတို့သည် တားမြစ်ဧရိယာ၌ စိတ်ဝိညာဉ်ဆေးပင်များ အမှန်တကယ် မျိုးတုန်း မပျောက်ကွယ်သွားခင် ယင်းကဲ့သို့ စိတ်ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နိုင်သော တခြားနေရာတခုကို အစားထိုးနိုင်ဖို့သာ မျှော်လင့်ဖို့ ရှိတော့သည်။

သို့ဖြစ်၍ ဂိုဏ်းကြီးများ၏ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ၊ စဦးစိတ်ဝိညာဉ်အဆင့် ထူးကဲသူများသည်ပင် သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများ ကျရှုံးခြင်းကနေ ကာကွယ်ဖို့အတွက် နောက်ထပ် အဖြေတခု ရရန် သို့မဟုတ် တခြား စိတ်ဝိညာဉ်ဆေးပင်ရင်းမြစ်များ ရရန် ရှာဖွေနေကြ၏။

ပုံမှန်ဆို ဟန်လိက ဒီသတင်းများကို မသိနိုင်ပေ။ သို့သော် သည်သတင်းကို သူ ကြားမိသည့်အခါ သူ့အနေဖြင့် နောက်ငါးနှစ်ကြာမျှ တားမြစ်ဧရိယာသို့ ဝင်ဖို့ စောင့်မနေဝံ့တော့ပေ။

ဉာဏ်တုံးသူများသည်ပင် နောင်ငါးနှစ်ကြာလျှင် ဖွင့်လှစ်မည့် တားမြစ်ဧရိယာ စမ်းသပ်ကွင်း၌ သွေးမုန်တိုင်းထန်မှာကို သိနိုင်၏။ တားမြစ်ဧရိယာ မချိတ်ပိတ်ခင် နောက်ဆုံး တခေါက်ဖြစ်၍ မဟာဂိုဏ်းကြီးများက သူတို့၏ ထိပ်တန်းတပည့်များကို ဆေးပင်များစွာ ရဖို့အတွက် အတင်းအကြပ် စေခိုင်းမည်မှာ သေချာသည်။ ဟန်လိသာ အခုတကြိမ် သွေးနှင့်မီးခြုံလွှမ်းသော စမ်းသပ်ကွင်းသို့ မဝင်ရောက်ခဲ့ပါက သူ့ကိုယ်သူ ပျက်စီးစေမည့် အရာကို ယူဆောင်မိသလို ဖြစ်ပေလိမ့်မည်။

သည်ကြေငြာချက်ကြောင့် ခုလာမည့် တားမြစ်ဧရိယာတွင်း ဝင်ရောက်ခြင်းမှာလည်း တိုက်ပွဲများ ပိုဖြစ်နိုင်သည်၊ ဒုက္ခပိုများနိုင်သည်မှာ မှန်သည်။ သို့သော် နောက်ငါးနှစ်ကြာတွင် ဖွင့်လှစ်မည့် စမ်းသပ်ကွင်းက ပို၍ သွေးလွှမ်းမည်မှာ သေချာပေ၏။

သို့ဖြစ်၍ သူက နောင်ငါးနှစ်ကြာတွင် ဝင်ရောက်မည်ဟူသော စိတ်ကူးကို တွေးပင် မတွေးတော့ပေ။

ထိုသို့ဖြင့် ဟန်လိက အခုတကြိမ် ဆေးပင်များ စုဆောင်းမည့် အုပ်စု၌ ပါဝင်ဖို့ စာရင်းပေးခဲ့၏။ သူ့အသက်ကို ရင်း၍ စွန့်စားရတော့မည်။ သူ မထင်မှတ်သည်မှာ အကြီးအကဲဝမ်ကို တွေ့လိုက်ရခြင်းပင်။ ထို့အတွက် ဟန်လိမှာ အံ့အားသင့်မိသွား၏။ အကြီးအကဲဝမ်ကမူ ဟန်လိကို မြင်သည့်အခါ၌ ပို၍ပင် အံ့အားသင့်သွားသေးသည်။

တဖက်၌ သည်တပည့်အသစ်က သွေးနှင့်မီးခြုံလွှမ်းသော စမ်းသပ်ကွင်းသို့ ဝင်ရောက်ရာ၌ ပါဝင်မည့်အပေါ် အံ့အားသင့်တာ ဖြစ်၏။ နောက်တဖက်၌ ဟန်လိ၏ ကျင့်ကြံမှုအဆင့် တိုးတက်မှုကို သူ မယုံကြည်နိုင်လုနီးနီး ဖြစ်မိတာပင်။ ဟန်လိ၏ ပါရမီဖြင့် သူက ဒီမျှ အချိန်တိုအတွင်း အဆင့်ကိုးကနေ အဆင့်ဆယ့်တစ်ထိ မည်သို့မည်ပုံ တိုးတက်လာခဲ့ရသနည်း။ ဤသည်မှာ တုန်လှုပ်ဖွယ်ပင်။

ဟန်လိက အရည်အသွေးရှိ ထူးချွန်သော တပည့် တစ်ယောက် ဖြစ်နေပါက ဤသည်မှာ မထူးခြားပေ။ သို့ပေမည့် သူက ဟန်လိ၏ စိတ်ဝိညာဉ်ရင်းမြစ်အတုကို ကိုယ်တိုင်စမ်းသပ်ကာ သိရှိခဲ့သူ မဟုတ်လား။ ဟန်လိက ခုလောက်မြန်မြန် အဘယ်ပုံအဘယ်နည်းဖြင့် ကျင့်ကြံနိုင်ခဲ့ရသနည်း။

ဟန်လိ၏ စိတ်ဝိညာဉ်ရင်းမြစ်အရ သူသည် ဂိုဏ်းသို့ ဝင်လာခဲ့တုန်းတည်းက ချီစုဆောင်းခြင်းအဆင့်ကိုး ဖြစ်နေသည်ကပင် သာမန်ထက် ထူးကဲနေခဲ့ပြီး ဖြစ်၏။

အကြီးအကဲတစ်ယောက်က မှော်စွမ်းအား လွှဲပြောင်ပေးခြင်း၊ စိတ်ဝိညာဉ်ဆေးပင်အချို့ကို မကြာမကြာ သုံးစွဲခြင်းတို့ဖြင့် တစုံတစ်ယောက်က ခုလောက်ထိ အောင်မြင်မှုကို ရနိုင်စွမ်းတော့ ရှိ၏။ သို့သော် သူ့ရှေ့တွင် ရပ်နေသော ဟန်လိ၏ ကျင့်ကြံမှုအဆင့် အခြေခံမှာ အဆင့်ဆယ့်တစ် ဖြစ်နေသည်။ သည့်အတွက် သူသည် မတုန်လှုပ်၊ မအံ့ဩမိဘဲ မနေနိုင် ဖြစ်ရသည်။

အကြီးအကဲဝမ်က သံသယရှိနေသည် ဖြစ်၍ ယဉ်ကျေးမနေတော့ဘဲ ဟန်လိကို ဘေးသို့ ဆွဲခေါ်ကာ သူ၏ပါရမီရင်းမြစ်ကို ထပ်မံ စစ်ဆေးကြည့်ပြန်သည်။ ရလဒ်မှာ အရင်ကကဲ့သို့ပင်။ ဆင့်ကဲ စိတ်ဝိညာဉ်ရင်းမြစ် ဖြစ်လာသည့် အရိပ်အယောင် လုံးလုံး ရှိမနေပေ။

ဤသည်က အကြီးအကဲဝမ်ကို စဉ်းစား၍မရ ဖြစ်သွားစေ၏။

All Chapters