အပိုင်း(၅၃၁)
Vol. 36 Ch. 531
“အား..အား.”
ထိုက်စမ်၏ကြမ်းကြုတ်သောအသံက ထိုက်မိသားစုမှထွက်ပေါ်လာသည်။
“ငါ့အမိန့်ကိုဖြန့်လိုက်စမ်း ထိုက်မိသားစုကအားလံးကိုစုစည်းကြ သတ်. ကန်းချမ်းကြေးစားအဖွဲ့ကအကုန်လုံးကိုသတ်ပစ်စမ်း.. လူသတ်သမားကိုဖမ်းပြီးတော့ သူ့ကိုအရေခွံစုတ်ပစ်. အရွတ်တွေကိုဆွဲထုတ်ပစ် ခြေတွေလက်တွေကိုချိုးပစ်ပြီးတော့ ငါ့သားခက်အာအတွက်လက်စားချေစမ်း..
သူ့ကိုရေနှစ်ပြီးတော့ ဘယ်တော့မှပြန်ပြီးဝင်စားခွင့်တောင်မပြုနဲ့ အား…”
ထိုက်မိသားစု၏ ထိုက်စမ်မှာ အသက်ငါးဆယ်ဝန်းကျင်၌သာရှိသေးသည်။ သူက တန်ဖိုးကြီးဝတ်ရုံအားဝတ်ဆင်ထားပြီး သူ၏မျက်နှာထက်၌ ဒေါသတို့ဖြင့်ပြည့်နှက်နေ၏။သူကပေါက်
ကွဲလုနီးပါးဖြစ်သည့် မီးတောင်တစ်လုံးကဲ့သို့ဖြစ်နေသည်။ ခန်းမအတွင်းရပ်နေပြီး ထိုက်မိသားစုအဖွဲ့ဝင်များအားကြိမ်းမောင်းနေသည်။သူ၏အသွင်အပြင်အားကြည့်၍ အကယ်၍သူ့သားအားသတ်သွားသည့်လူသတ်သမားကသာ သူ၏ရှေ့၌ရပ်နေခဲ့လျှင် ထိုလူပေါ်သို့ခုန်အုပ်ပြီး အပိုင်းပိုင်းဆုတ်ဖြဲပစ်မိလိမ့်မည်ဖြစ်သည်။
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
ထိုက်စမ်၏အော်သံအောက်တွင် ခန်းမအတွင်းပြိုင်တူထွက်လာသော
အသံများဖြင့်ပြည့်နှက်နေသည်။ ထိုက်မိသားစု ခေါင်းဆောင်က ခက်ထန်စွာအမိန့်တစ်ခုကိုပေးခဲ့သည်။ ယခုသူ၏ အမိန့်အား မည်သူကငြင်းဆန်ရဲပါမည်နည်း။
ထိုက်မိသားစု၌သားနှစ်ဦးရှိသော်လည်း ခေါင်းဆောင်က သူ၏ဒုတိယသားဖြစ်သူထိုက်ခက်အား တုန်နေအောင်အချစ်ဆုံးဖြစ်သည်ကို ထိုက်မိသားစုဝင်အားလုံးသိကြသည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော်ထိုက်ခက်မှာ ထိုက်စမ်အချစ်ဆုံးမိန်းမဖြစ်သူ၏သားဖြစ်သောကြောင့်ဖြစ်သည်။အမျိုးသမီးဖြစ်သူက
မီးဖွားရင်ဆုံးပါးသွားခဲ့ကာ ထိုက်ခက်လေးကိုချန်ရစ်ထားခဲ့သည်။ သူမမသေဆုံးခင် ထိုက်စမ်၏လက်အား တင်းနေအောင်ကိုင်၍ သူတို့၏သားဖြစ်သူအား ဂရုစိုက်ရန်မှာခဲ့၏။
သို့သော်ယခုအခါ၌ သူတို့၏သားဖြစ်သူ အသတ်ခံရလိမ့်မည်ဟု လုံးဝမျှော်လင့်ထားခဲ့ခြင်းမရှိချေ။
“အဖေ”
ထိုက်မိသားစု၏ ပင်မခန်းမအတွင်းသို့ အသက်သုံးဆယ်အရွယ်ရှိသော ယောက်ျားပီသည့်အသွင်ရှိသည့် လူတစ်ယောက်ထိုက်စမ်ထံသို့လျှောက်လာပြီး သူ၏လက်နှစ်ဖက်အာဆုပ်၍ အသံတိုးဖြင့်ပြောလိုက်သည်။
ဤလူက ထိုက်စမ်၏အကြီးဆုံးသားဖြစ်သူ ထိုက်ရှန့်ဖြစ်သည်။
ထို့နောက်ထိုက်ရှန့်က ထိုက်စမ်အားထပ်ပြောလိုက်သည်။
“အဖေ. အဖေ့ရဲ့သားက ကန်းချမ်းကြေးစားအဖွဲ့ဆီသွားပြီးတော့ ကြေးစားအဖွဲ့ကလူအားလုံးကိုသတ်ပစ်ပြီး ကျွန်တော့်ညီကိုသတ်သွားတဲ့လူသတ်သမား ကိုဖမ်းဆီးချင်ပါတယ်”
ထိုက်ရှန့်စကားပြောနေချိန်တွင် ညီဖြစ်သူသေဆုံးသွားရခြင်းကြောင့်ဖြစ်သည့် နာကြည်းမှုနှင့်ဒေါသထွက်မှုအမူအယာတို့အားလှစ်ဟာပြထားသည်။ တစ်ချိန်တည်းမှာပင် သူ့၌စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေ၏။
ထိုက်စမ်၏သားတစ်ယောက်အနေနှင့် ထိုက်ခက်သေဆုံးခြင်းကြောင့် ဖြစ်ပေါ်သည့် သူ့ဖခင်၏ဒေါသတရားကိုသူသိသည်ဖြစ်သည်။ထို့ကြောင့်လည်း ဤကဲ့သို့အမူအယာအား သူ့ဖခင်ကိုပြသထားခြင်းဖြစ်သည်။
သူ့အနေဖြင့် မှန်ကန်သောအခြေအနေတစ်ခုအား
ကိုင်တွယ်ရလိမ့်မည်ဖြစ်သည်။
သူကထိုက်မိသားစု၏အကြီးဆုံးသားဖြစ်ပြီးသူ၏သိုင်းပါရမီက ထိုက်ခက်ထက်များစွာသာလွန်သော်လည်း သူ့ဖခင်အတွက်သူ၏အရေးပါမှုနှင့် သူ့ဖခင်၏နှလုံးသားထဲ၌ထိုက်ခက်သာရှိသည်ကိုသူသိသည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုက်ခက်ကထိုမိန်းမမှမွေးခဲ့သော
သားဖြစ်သောကြောင့်ဖြစ်သည်။
အကယ်၍ ထိုက်ခက်အစားသူသာသေဆုံးသွား
ခဲ့လျှင်သူ့ဖခင်ကသူ့အတွက်အရမ်းဒေါသထွက်မည်လားဆိုသည်ကိုသူသိချင်မိသည်။
ထိုက်ခက်သေဆုံးသွားခြင်းကြောင့် ထိုက်စမ်၌ ထိုက်ရှန်တစ်ယောက်သာသားအဖြစ်
ကျန်ရစ်သည်ဖြစ်သည်။ထိုက်မိသားစု၏ အနာဂတ်ခေါင်းဆောင်နေရာက ထိုက်ရှန်နှင့်သာ သက်ဆိုင်တော့မည်ဖြစ်၏။
“မင်း.ဂရိုစိုက်ပါ”
ထိုက်စမ်က ထိုက်ရှန့်အားကြည့်၍ အသံနက်ဖြင့်ပြောလိုက်သည်။ သူပြောပြီးနောက်ထပ်မံထပ်ပေါင်း
ပြောလိုက်သည်။
“ငါထိုက်စမ် ဘာမျိုးဆက်မှ မရှိတော့တာကိုမလိုချင်ဘူး”
“အဖေ စိတ်မပူပါနဲ့ အဖေ့ကိုစိတ်မပျက်စေရပါဘူး”
ထိုက်ရှန့်ထပ်မံအော်ပြောလိုက်သည်။ ထို့နောက် သူကလှည့်လိုက်ပြီး ထွက်ခွာရန်ပြင်လိုက်၏။
သို့သော် ဤအချိန်တွင်သာယာသောအသံတစ်ခုက ထိုက်မိသားစုအတွင်းရိုက်ခတ်ထွက်
ပေါ်လာသည်။
“ထိုက်မိသားစုရဲ့ ခေါင်းဆောင် ဒီသခင်လေးကိုထွက်လာတွေ့စမ်း”
“ထိုက်မိသားစုရဲ့ ခေါင်းဆောင် ဒီသခင်လေးကိုထွက်လာတွေ့စမ်း”
“ထိုက်မိသားစုရဲ့ ခေါင်းဆောင် ဒီသခင်လေးကိုထွက်လာတွေ့စမ်း”
“ဘယ်ကောင်လဲကွ. ရဲတင်းလိုက်တာ”
အသံအားကြားပြီးနောက် ထိုက်မိသားစုအတွင်းမှလူများစွာက ဒေါသတကြီးအော်ပြောလိုက်သည်။ ထွက်ခွာဖို့ပြင်နေသောထိုက်ရှန့်ပင် သူ၏လမ်းမှရပ်တန့်လိုက်၏။ သူ၏မျက်နှာထက်၌ဒေါသ
တို့ဖြင့်ပြည့်နှက်နေသည်။
တစ်စုံတစ်ယောက်က ထိုက်မိသားစုအားပေါ်တင်ရန်စနေသည်။ သူတို့က ထိုက်မိသားစုအားလုံးဝမျက်
လုံးထဲထည့်ထားခြင်းမရှိချေ။
“ရဲတင်းလိုက်တာ”
ခန်းမအတွင်းထိုက်စမ်၏ကြိမ်းဝါးသံက မိုးချုန်းသံကဲ့သို့ထွက်ပေါ်လာသည်။
ဤအချိန်တွင် ထိုက်စမ်မှာ ဒေါသအိုးပေါက်ကွဲလုနီးပါးဖြစ်နေ
သည့်ကြမ်းကြုတ်သည့်သားရဲတစ်ကောင်
ကဲ့သို့ဖြစ်နေသည်။သူ၏မျက်နှာထက်တွင် အာဃာတတို့ဖြင့်ပြည့်နှက်နေ၏။
ထို့နောက်ထိုက်စမ်၏ကိုယ်ကလှုပ်ရှားသွားပြီး အပေါ်သို့ထိုးတက်လိုက်ကာ ထိုက်စမ်လမ်း၌ပိတ်ထားသော ခေါင်မိုးမှာပျက်ဆီးသွားသည်။ ဘန်းဟူသောအသံနှင့်အတူ ထိုက်စမ်၏ ကိုယ်ကခေါင်မိုးအားထိုးခွင်းဖြတ်သန်းသွား၏။ ထိုက်စမ်ဆက်လက်ထိုးတက်ပြီးညကောင်းကင်ယံထဲသို့ရောက်ရှိသွားသည်။
ထိုက်စမ်ထွက်သွားပြီးနောက် ထိုက်ရှန့်က ခေါင်မိုးမှအပေါက်ကြီးဖြတ်သန်း၍ ညကောင်းကင်ယံထဲသို့ကြည့်လိုက်သည်။ ထို့နောက် သူလှုပ်ရှားလိုက်ပြီး ထိုက်စမ်နောက်သို့လိုက်လိုက်သည်။
ထိုက်စမ်နှင့်ထိုက်ရှန့်တို့ထွက်သွားပြီးနောက် ခန်းမအတွင်းမှလူများကလည်း ၎င်းတို့နောက်လိုက်၍ ညကောင်းကင်ယံထဲဦးတည်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ထိုက်မိသားစု၏ကျင့်ကြံမှုနိမ့်ပါးသော
သူအချို့နှင့် အစေခံအချို့သာခန်းမအတွင်း၌ကျန်ရစ်ခဲ့သည်။
ခြင်္သေ့တစ်ကောင်ကဲ့သို့ခက်ထန်နေသော ထိုက်စမ်မှာ ထိုက်မိသားစုဆီသို့လာကာရန်စရဲ့
သည့်သူအား ဆုတ်ဖြဲပစ်ချင်သည်မှလွဲဘာမှရှိမနေချေ။ သူ၏အချစ်ဆုံးသားဖြစ်သူအသတ်ခံရချိန်တွင် တစ်စုံတစ်ယောက်ကထိုက်မိသားစုဆီသို့လာပြီး လွန်စွာရဲတင်းရဲနေသည်။
ဖြည်းဖြည်းချင်းညကောင်းကင်ယံထဲ၌ဝင့်ကြွားစွာရပ်နေသည့် အနက်ရောင်ပုံရိပ်တစ်ခုအားထိုက်စမ်မြင်တွေ့လိုက်ရသည်။ ပုံရိပ်၏ဘေး၌ မိန်းမငယ်တစ်ဦးရှိနေ၏။
“ဝေါင်း”
ထိုက်မိသားစုအထက်ညကောင်းကင်ယံ
ထဲ၌ဝင့်ကြားစွာရပ်နေသည့် လူနှစ်ယောက်အားကြည့်၍ ထိုက်စမ်က ရူးသွပ်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ခက်ထန်စွာ ဟိန်းလိုက်သည်။ ထိုက်စမ်၏ ရှေ့၌ရှိနေသောလေထုက ရေလှိုင်းများကဲ့သို့ အရှိန်အဟုန်ဖြင့်တွန့်လိမ်သွားပြီး ရှေ့တွင်ရှိနေသော လူနှစ်ယောက်ထံသို့ သိမ်းကျုံဦးတည်သွားသည်။
၎င်းမှာထိုက်မိသားစု၏ အန္တိမပညာရပ်ဖြစ်သော ခြင်္သေ့ဟိန်းသံဖြစ်သည်။ ထိုက်မိသားစုဘိုးဘေးကနတ်ဆိုးသားရဲတောင်တန်းသို့ဝင်ရောင်စဉ် ခြင်္သေ့ဟိန်းသံတစ်ခုနှင့်ပက်ပင်းတိုးမိပြီး ဤပညာရပ်အားနားလည်သဘော
ပေါက်ဆင်ခြင်နိုင်ခဲ့သည်ဟုပြောကြ၏။
ထိုက်စမ်က ၎င်းတို့အားမြင်မြင်ခြင်း ထိုက်မိသားစု၏အန္တိမပညာရပ်အားလူနှစ်ယောက်အပေါ်သို့အသုံးပြုလိုက်သည်။ထိုက်စမ်မှလုံးဝဒေါသအားပေါက်ကွဲလိုက်ပုံပေါ်သည်။
“အား.ဒီစွမ်းအားက”
ရှစ်ဖုန့်၏ဘေး၌ရှိနေသောရှောင်းယီက သူ့ရှေ့ရှိလေထုအတွင်းမှ သိပ်သည်းသောလှိုင်းတွန့်များအား
မြင်လိုက်ရသည်။ ၎င်းတို့က ရေလှိုင်းလုံးများကဲ့သို့သူတို့ထံတ
လိပ်လိပ်ဦးတည်လာ၏။ သူမ၏ အမူအယာကသိသိသာသာကိုပြောင်း
လဲသွားသည်။
ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်ထိုက်စမ်က စွမ်းအားကြီးဟိန်းသံအားထုတ်ဖော်ခဲ့ပြီး ၎င်းက ဤကောင်မလေးခုခံနိုင်သောအရာမဟုတ်ပေ။ သူမ၌ပြန်တိုက်ရဲသော နှလုံးသားပင်ရှိမနေချေ။
“မကြောက်ပါနဲ့ . ဒီသခင်လေးရှိတယ်”
ရှစ်ဖုန့်ကတည်ငြိမ်စွာရှိနေဆဲဖြစ်ပြီးရှောင်းယီကိုပြောလိုက်သည်။ ထို့နောက်သူ၏လက်ချောင်းအား
တောက်လိုက်ပြီး အဖြူရောင်စွမ်းအင်တစ်ခုကရှစ်ဖုန့်
၏လက်ချောင်းထိပ်မှသူတို့ထံသို့ဦးတည်လာနေသောအသံလှိုင်းများဆီသို့ရွှတ်ခနဲဦး
တည်ထွက်သွားသည်။
အဖြူအောင်စွမ်းအင်၏ခမ်းနားမှုအောက်တွင် သမုဒ္ဒရာရေလှိုင်းကဲ့သို့ပြင်းထန်
သည့်အသံလှိုင်းတို့မှာ ရုတ်ခြည်းတစ်လွှာချင်းအစိတ်စိတ်အမွှာမွှာပြိုကွဲသွားသည်။ အဖြူရောင်စွမ်းအင် ဖြတ်သွားသည့်နေရာတိုင်းတွင် တုန်ခါနေသောဟင်းလင်းပြင်မှာ ထိုက်စမ်ရှေ့သို့စွမ်းအားရောက်ရှိသည်အထိရုတ်ခြည်းငြိမ်ကျသွားသည်။
“ဒီစွမ်းအား”
ဒေါသပေါက်ကွဲနေသောထိုက်စမ်မှာ စွမ်းအင်က သူ၏ဟိန်းသံအားချိုးဖျက်ပြီး သူ့ထံသို့ဦးတည်လာနေသည်
ကိုမြင်လိုက်ရသည်။ စွမ်းအင်၌ပါဝင်သည့်စွမ်းအားအား
အာရုံခံမိသောအခါတွင် သူ၏မျက်နှာကသိသိသာသာ
ကိုပြောင်းလဲသွား၏။
“ထိုက်မိသားစုလက်သီး ထိုက်နဂါးမုန်တိုင်း”
ရုတ်တရက်ထိုက်စမ်ကျယ်လောင်စွာ
ကြုံးဝါးလိုက်ပြီး သူထံသို့ပျံသန်းဦးတည်လာနေသည့် အဖြူရောင်စွမ်းအင်ထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်၏။
ရုတ်ခြည်းထိုက်စမ်၏ လက်သီးက အဖြူရောင်စွမ်းအင်၌ပစ်ဆောင့်သွားသည်။ ရုတ်ခြည်း ပြင်းထန်သောဟာရီကိန်းတစ်ခုက ထိုက်စပ်၏လက်သီး၌ဖြစ်ပေါ်လာကာ ဟာရီကိန်းမုန်တိုင်းတစ်ခုအဖြစ်ပြောင်း
လဲသွားပြီး ၎င်းစွမ်းအင်အားဖျက်ဆီးလိုက်သည်။
အလွန်လျှင်မြန်စွာနှင့် ညကောင်းကင်ယံထဲရှိပြင်းထန်သော ဟာရီကိန်းကပျောက်ကွယ်သွားပြီး ညကောင်းကင်ယံကထပ်မံတိတ
်ဆိတ်လာသည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE