← Chapters

အနက်ရောင်ဖိနပ်တစုံ

Vol. 14 Ch. 190

အနက်ရောင်ဖိနပ်တစုံ

Vol. 14 Ch. 190

ဖန်းယွဲ့ မူလ ရပ်နေသော နေရာတွင် ဖိနပ်တစ်စုံကလွဲ၍ မြေပေါ်ပေါ်မှာ ဘာမျှ ရှိမနေသောကြောင့်ပင်။ ဟန်လိ၏ စိတ်ကူးထဲရှိ သိုလှောင်အိတ်များ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရေပေ။

ဟန်လိသည် ဂနာမငြိမ်ဖြစ်ကာ မီးခဲဖင်ခု ထိုင်ထားသကဲ့သို့ ရှေ့သို့ အလျင်အမြန် ပြေးလာသည်။ သူက ဖန်းယွဲ့ ပျောက်သွားသော နေရာတဝိုက်ကို အသည်းအသန် ရှာကြည့်သည်။ သို့သော် သိုလှောင်အိတ်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ပေ။

“ကောင်းကင်လျှပ်စီးကလေးရဲ့ စွမ်းအားက ဒီလောက်ထိ ပြင်းထန်သွားတာလား။ အဲ့လူနဲ့အတူ သိုလှောင်အိတ်တွေပါ ပြာဖြစ်သွားခဲ့တာပဲ…”

ဟန်လိက သူ့ဝန်းကျင်ကို ထပ်မံ ရှာကြည့်သေးသည်။ သို့သော် တဖြည်းဖြည်း သူက စိတ်ပျက်စရာ အဖြေကိုသာ ရလာ၏။

သက်ပြင်းအခါခါ ကျ၍ ဟန်လိက တခြားနေရာများကိုပါ လိုက်ရှာကြည့်သေးသည်။ သို့သော် ရလဒ်က အတူတူသာ။ သို့ပေမည့် သူက လမျက်နှာဖုံးဂိုဏ်းမှ ချမ်းသာသော အမျိုးသမီး၏ ကြေးမုံငယ်နှင့် သလင်းလုံးတို့ကိုမူ အရယူနိုင်ခဲ့သည်။ ထို့အပြင် ဖန်းယွဲ့၏ ဓားငယ်ရတနာအဆောင်မှာလည်း ပိုင်ရှင်သေဆုံးသွားခဲ့ပြီ ဖြစ်၍ သူက ၎င်းကို ရယူနိုင်ခဲ့သည်။

ဟန်လိက သူ ရရှိခဲ့သော ဒီမှော်ပစ္စည်းသုံးမျိုးကို မြင်သည့်အခါ သူ၏ ကောင်းကင်လျှပ်စီးကလေးငယ်၊ အဆင့်မြင့် မှော်ပစ္စည်းများ ဖြစ်သော ငွေချိတ်ကောက်၊ မိုးပြာကြိုးတို့အကြောင်း၊ ကောင်းကင်လျှပ်စီးကလေးငယ်၏ ဖျက်စီးခြင်းခံခဲ့ရ၍ သူ လက်လွှတ်လိုက်ရသော သိုလှောင်အိတ်များအကြောင်း တွေးကာ ကောင်းကင်ထက်သို့ မော့ကြည့်နေမိသည်။

သို့ပေမည့် သည်ပြင်းထန်သော တိုက်ပွဲတွင် အားကောင်းလှသော ဖန်းယွဲ့ကို အနိုင်ရခဲ့သူမှာ သူသာ ဖြစ်သည်။

ဟန်လိသည် သူ့အတွက် အကျိုးအမြတ် ရခဲ့လား၊ ဆုံးရှုံးမှု ကြုံခဲ့ရလားကို မသိတော့ပါ။ သူက သူ့ကိုယ်သူသာ လှောင်မိတော့၏။

သူက ဖန်းယွဲ့အကြောင်းတွေးမိချိန်၌ ထိုသူ ကျန်ခဲ့သော ဖိနပ်တစုံထံ အကြည့်ရောက်သွား၏။ သူက ခေါင်းခါယမ်းမိသည်။ ထို့နောက် သူ့ဘယ်လက်ကို ပင့်မြှောက်ကာ လက်သီးဆုပ်ခန့် မီးလုံးနှစ်လုံးကို ယင်းဖိနပ်တစုံထံ စေလွှတ်သည်။ သူက တခြားသူများက ဒီဖိနပ်တွင် ပြတ်ကျန်ခဲ့သော ခြေထောက်တစုံကို ရှာမတွေ့အောင် အစဖျောက်ပစ်ရမည်။

မီးတောက်များက ယင်းတို့ကို ခြုံလွှမ်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း အနက်ရောင်ဖိနပ်တစုံကလွဲ၍ အရာအားလုံးမှာ ပြာဖြစ်သွားသည်။

ဟန်လိက ကျေနပ်စွာ ခေါင်းညိတ်ကာ တဖက်သို့ လှည့်၍ ထွက်သွားရန် စဉ်းစားသည်။ ဖ

“ဖိနပ်။ ဒါက ထူးဆန်းလိုက်တာ…”

“သာမန်ဖိနပ်တွေက ငါ့မီးလုံးတွေကြောင့် မလောင်းကျွမ်းဘဲ ဘယ်နေပါ့မလဲ…”

ဟန်လိက ထွက်သွားရန် ခြေလှမ်းပြင်ပြီးမှ သူ့အမှားကိုသူ ချက်ခြင်း မြင်၏။ တဖက်သို့ ပြန်လှည့်ကြည့်သည်။ သူက သာမန်ဟု ထင်ရသော ဖိနိပ်ထံ အကြည့်ရောက်သွား၏။ သူ့ဟန်အမူအရာမှာ တမျိုးတမည် ဖြစ်သွားသည်။

အသေအချာ ဂရုစိုက်၍ ကြည့်သည့်အခါ ဟန်လိက ဒိဖိနှိပ်များမှာ လောင်ကျွမ်းမခံရရုံသာမက မီးကျွမ်းသည့် အရိပ်အယောင်ပင် ရှိမနေတာကို လှမ်းမြင်သည်။ ယင်းဖိနပ်ထံမှ စိတ်ဝိညာဉ်လှိုင်းဂယက် ရေးတေးတေး ထုတ်လွှတ်နေသေး၏။

“မှော်ပစ္စည်းလား…”

ဟန်လိက အကြောင်သားဖြင့် မေးမိလိုက်သည်။

သူ ခဏ စဉ်းစား၏။ ထို့နောက် သည်ဖိနပ်များထံ ခြေလှမ်းသွားကာ ခေါင်းငုံ့၍ ၎င်းတို့ကို ကောက်ယူသည်။

“ပေါ့ပါးတယ်။ နူးညံ့တယ်။ ဒါပေမဲ့ အကြမ်းခံလွန်းတယ်။ ဒါက အဝတ် ဒါမှမဟုတ် ပိုးချည်နဲ့ ရက်လုပ်ထားတဲ့ ဖိနပ်တွေတော့ မဖြစ်နိုင်လောက်ဘူး။ သားရဲ တစ်ကောင်ကောင်ရဲ့ အရေပြားနဲ့ ပြုလုပ်ထားတာ ဖြစ်မယ်…”

ဟန်လိက သည်ဖိနပ်ကို ခဏ ပွတ်သပ်ကြည့်ကာ ဤသို့ ကောက်ချက်ချသည်။

ဖိနပ်အနားတွင် ရှိနေသည့်အတွက်ကြောင့် ဟန်လိက ၎င်းတို့ထံမှ စိတ်ဝိညာဉ်ချီ ထုတ်လွှတ်နေတာကို ခံစားမိရသည်။

ယင်းဖိနပ်မှာ မှော်ပစ္စည်း ဖြစ်တာ သေချာပြီ ဖြစ်၏။ ထို့အပြင် ယင်းသည် နတ်ဆိုးသားရဲ တစ်ကောင်၏ အရေပြားကနေ ရက်လုပ် ဖန်တီးထားသောာ မှော်ပစ္စည်း ဖြစ်၏။

သည်သားရေဖိနပ်ကို မြင်သည့်အခါ ဟန်လိက တခုခုကို တွေးမိသွားသည်။ သူက သူ့ အဝတ်ဖိနပ်ကို စိတ်မရှည်လက်မရှည် အမြန်ချွတ်ကာ ၎င်းကို ဝတ်ကြည့်သည်။

ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်လှ၏။ ဤသည်မှာ ဟန်လိ ဒီဖိနပ်နှစ်ဖက်ကို စွပ်ကြည့်ချိန်၌ ပထမဆုံး ဖြစ်ပေါ်မိသော အတွေးပင်။

သူက ယင်းဖိနပ်ကို ဝတ်ကြည့်ပြီးနောက် သေချာ စူးစမ်းနေသည်။ သာမန်မဟုတ်တာ ဘာမျှ မတွေ့ရသေးပါ။ မျက်မှောင်ကြုတ်သွားလျက် ဟန်လိက ခြေတလှမ်း လှမ်းကြည့်သည်။

ဝှစ်။ ဟန်လိ၏ ခန္ဓာကိုယ်က ရုတ်တရက် ဖြတ်ခနဲ ဖြစ်သွားကာ သုံးမီတာအကွာတွင် သူ ရုတ်တရက် ပြန်ပေါ်လာ၏။ သူက ငှက်မွှေးတောင်အလား ပေါ့ပါးလွန်းနေ၏။

“ နန်းတွင်းပျံသန်းခြင်း ပညာရပ်။ မဟုတ်သေးဘူး။ ဒါက အဲ့ပညာရပ်ထက် အများကြီး ပိုမြန်တယ်…” ဟန်လိက ထိုသို့ အံ့အားတသင့် တွေမိသည်။

သူက ဖန်းယွဲ့၏ လှုပ်ရှားမှုများ အင်မတန် မြန်ဆန်ခဲ့ရသည့် နောက်ကွယ်မှ လျှိုဝှက်ချက်တစ်ခုကို နောက်ဆုံး၌ သိသွားခဲ့ပြီ။ သည်ဖိနပ်က ထူးခြားစွာ ရွှေ့လျားနိုင်ပြီး လျှပ်စီးအလား လျင်မြန်နိုင်စွမ်းကို ပေးစွမ်းနိုင်ပုံ ပေါ်သည်။

ထိုဖိနပ်များကို ဝတ်ထားကာ ဟန်လိက မြေပြင်ထက်သို့ ဖြည်းဖြည်းချင်း စလျှောက်ကြည့်သည်။ တဖြည်းဖြည်း သူက ဖိနပ်၏ လုပ်ဆောင်မှုနှင့် ကိုယ်တိုင် အသားပိုကျလာသည်။ သူက တဖြည်းဖြည်း ပိုမြန်လာသည်။ နောက်ဆုံး၌ တိမ်မီးခိုးခြေလှမ်း ပညာရပ်ကို အသုံးပြုထားသည့် အမြန်နှုန်းလောက်ထိကို မြန်လာခဲ့သည်။

သည့်အရင်တုန်းက ဟန်လိ၏ အမြန်ဆုံး လှုပ်ရှားမှုမှာ သူ့ခန္ဓာကိုယ်ကို ဝေဝါးစေနိုင်တာ ဖြစ်သည်။ ပုံရိပ်များကိုပါ ထင်ကျန်စေနိုင်စွမ်း ရှိခဲ့သည်။ အခု သည်ဖိနပ်ကို ဝတ်ပြီးနောက် ဟန်လိသည် ပိုမြန်လာသည်။ သူ လှုပ်ရှားသည့်အခါ ပုံရိပ်ယောင်များ အထပ်ထပ် ထင်ကျန်ခဲ့သည်။ သို့ပေမည့် ထိုပုံရိပ်ယောင်များသည် တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားချိန်၌ ဟန်လိက ယင်းတို့၏ ဗဟိုတွင် ရပ်နေလျက်သား ရှိလေ‌၏။

ဟန်လိက သူ့မူလနေရာတွင်သာ မလှုူပ်မယှက် ရပ်နေ၏။ သူက တခုခုကို စဉ်းစားနေသည့်အလား။ ထို့နောက် သူက အားပါးတရ ရယ်မောလေ၏။ ရယ်ရလွန်းသဖြင့် မျက်ရည်များပါ ထွက်လာသည့်အထိပင်။

အချိန်အတန်ကြာ ရယ်မောနေပြီးနောက် ဟန်လိက ခါးကိုင်း၏။ မိုးပြာရောင်အလင်း လှစ်ခနဲ လင်းလက်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးပြာရောင်လေအလား ပြောင်းလဲကာ သဲလွန်စမရှိ ပျောက်ကွယ်သွား၏။

ထိုအခိုက်တွင် ဒီနေရာတစ်ခုလုံးမှာ အလွန်အမင်း ငြိမ်သက်တိတ်ဆိတ် ကျန်ခဲ့သည်။ လေတိုးသံများကလွဲ၍ မည်သည့်အသံဗလံကိုမျှ မကြားရလေပေ။

ရုတ်တရက် တဝုန်းဝုန်းအသံများ မြည်ဟိန်းထွက်လာသည်။ အနီးအနားရှိ သစ်ပင်များရှိ သစ်ကိုင်းများသည် ထူးခြားသောအနေအထားဖြင့် ကျိုးပျက်သည်။ ထိုကျိုးပြတ်မှုမှာ သေသပ်ချောမွေ့သည်။ သို့ပေမည့် မြင်ကွင်း၌ လူသူတစ်ဦးတလေကိုမျှ မမြင်ရပေ။

သစ်ပင်များရှိ သစ်ကိုင်းများ ပျက်စီးနှုန်းက မြန်သထက် မြန်လာသည်။ တအောင့်အကြာ၌ မီတာသုံးဆယ်အတွင်းရှိ သစ်ပင်အားလုံးမှာ အရွက်အကိုင်းကင်းမဲ့သော ငုတ်တိုများအဖြစ်သာ ကျန်ခဲ့လေသည်။

ထိုအချိန်၌ မိုးပြာရောင်အလင်း ထွေးခြုံထားသော ဟန်လိက ချွေးများစိုရွှဲလျက် ပေါ်လာသည်။ သို့ပေမည့် သူ့ မျက်နှာထင်တွင် အပြုံးခပ်ရေးရေး ရှိနေသည်။ သူက သူ့မျက်နှာထက်ရှိ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပါ။

တိမ်မီးခိုးခြေလှမ်း၊ သားရေမှော်ဖိနပ်တို့ကို နန်းတွင်းပညာရပ်နှင့်အတူ ပူးပေါင်း အသုံးပြုကြည့်သည့်အခါ ဟန်လိက သာမန်လူတစ်ယောက်၏ အမြင်အာရုံကနေ ယာယီချိုးဖျက်နိုင်သွားပုံ ရသည်။ သူက သဲလွန်စမရှိ ကိုယ်ပျောက်သွားသည့်အလား။

ဟန်လိ၏ ခန့်မှန်းမှကတော့ ကောင်းကင်မျက်လုံး ပညာရပ်ကို အစွမ်းကုန် အသုံးပြုထားသော ကျွမ်းကျင်သော ကျင့်ကြံသူတစ်ယောက်သည်ပင် သူ့ကို ရိပ်ခနဲ ရိပ်ခနဲသာ မြင်နိုင်လိမ့်မည် ဟူ၍ပင်။ သူတို့သာ အကာအကွယ်မန္တာန်ကို အသုံးမပြုထားခဲ့ပကါ ဟန်လိက ကြီးစွာချိန်းခြောက်မှု ဖြစ်လာနိုင်သည်။

ခုလက်ရှိ၌ ဟန်လိသည် မီတာသုံးဆယ်အကွာလောက်အတွင်း လူတစ်ယောက်ရှိနေပါက ထိုသူ့ထံ အသက်တရှိုက်စာ အချိန်အတွင်း ရောက်အောင်သွားနိုင်ပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် သည်အမြန်နှုန်းက လူသားခန္ဓာကိုယ်၏ အကန့်အသတ်ကို ကျော်လွန်နေသည်။ သို့ဖြစ်၍ ဟန်လိက ဒီလောက်အမြန်နှုန်းကို အချိန်တိုသာ ထိန်းထားနိုင်သည်။ အချိန်အများကြီး ကြာသွားပါက သူ့ခန္ဓာကိုယ်မှာ ပျက်စီးသွားရနိုင်သည်။ တကယ်တော့ မြန်ဆန်လွန်းသော လှုပ်ရှားမှုများက ဟန်လိ၏ ခန္ဓာကိုယ်အပေါ် ကြီးစွာ ဝန်ပိစေ၏။

သို့ပေမည့် သည်အချိန်တိုက သူ့အနေဖြင့် ရန်သူတစ်ယောက်ကို အကြိမ်ကြိမ် သတ်ပစ်နိုင်ဖို့ လုံလောက်ပေသည်။ အကယ်၍ သူက ချိန်းခြောက်နိုင်သော မှော်ပစ္စည်းတစ်ခုကိုပါ အသုံးပြုထားပါက သူ၏စွမ်းအားသည် အဆများစွာ တိုးတက်သွားပေလိမ့်မည်။

ဟန်လိက ခေါင်းငုံ့၍ သက်ပြင်းချကာ သူ့ခြေထောက်ရှိ သားရေဖိနပ်ကို အချိန်အတန်ကြာ သေချာ ကြည့်နေသည်။ သူက ထိုဖိနပ်သည် သူနှင့် အလွန်သင့်တော်သည်ဟု ခံစားမိသည်။ တစုံတစ်ယောက်က ရတနာအဆောင်တစ်ခုခုနှင့် ဒီဖိနပ်ကို လာလဲလှယ်မည် ဆိုလျှင်ပင် သူ့အနေဖြင့် စဉ်းပင်စဉ်းစားမည် မဟုတ်ပါ။

သူ၏ ယုံကြည်မှု တိုးတက်လာခြင်းနှင့်အတူ ဟန်လိက ဘေးဘီဝဲယာသို့ စိတ်လှုပ်တရှားဖြင့် လှမ်းကြည့်ရှုသည်။

သူက အဝါရောင်ဝတ်စုံနှင့်အမျိုးသမီး၏ အလောင်းကို မြင်သည်။ သူက မသိမသာ သက်ပြင်းချကာ မီးလုံးကို အသုံးပြု၍ တွင်းတစ်ခု ဖန်တီးသည်။ ထို့နောက် သူ၏ ဂိုဏ်းတူ ဒီစီနီယာအမအလောင်းကို မြှုပ်ပေးလိုက်သည်။ ဤသည်မှာ ဟန်လိက သူ တတ်နိုင်တာ သူ လုပ်ပေးခဲ့တာ ဖြစ်ပေသည်။

ကိစ္စပြီးသည့်နောက် ဟန်လိ၏ပုံရိပ်က ဖြတ်ခနဲ တောအုပ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။ သူသည် ခုလက်ရှိ၌ ဗဟိုဧရိယာထံ အလျင်အမြန် ဦးတည်နေသည်။

သို့ပေမည့် ပထမနေ့၏ သတ်ဖြတ်ပွဲကြီး ပြီးသည့်နောက် ဂိုဏ်းအသီးသီး၏ တပည့်ပေါင်း ခုနစ်ဆယ်လောက်သာ ကျန်တော့သည်ကိုမူ သူ မသိပေ။ တားမြစ်ဧရိယာထဲ စဝင်လာခဲ့သော လူအရေအတွက်၏ တဝက်ပင် မကျန်တော့ပေ။ ထိုထဲမှ အများစုသည် ဂိုဏ်းအသီးသီး၏ ထိပ်တန်းတပည့်များ ဖြစ်ကြသည်။ သူတို့က တားမြစ်ဧရိယာ အနီးအနားသို့ ရောက်နေပြီး ဒုတိယနေ့၏ သတ်ဖြတ်ပွဲအတွက် ပြင်ဆင်ကာ ပျင်းရိပျင်းတွဲ စောင့်နေကြသည်။

သူတို့က အားနည်းသူအားလုံးမှာ တစ်ယောက်ပြီးတစ်ယောက် အသုတ်သင်ခံရပြီး ဖြစ်သည်ဟု ထင်မြင်သည်။

တကယ်တော့ ဟန်လိ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော မျှော်စင်ရဲတိုက်မှ ဖန်းယွဲ့၊ ဝတ်ရုံဖြူနှင့်အမျိုးသမီးတို့သည် ဒီသတ်ဖြတ်ပွဲတွင် ပါဝင်သူများထဲမှ ဖြစ်ခဲ့သည်။ သို့ပေမည့် ခုတော့ သူတို့သည် အသက်မဲ့နေပေပြီ။ ဒီလောကကနေ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်၏။

All Chapters