အပိုင်း(၅၃၂)
Vol. 36 Ch. 532
ထိုက်စမ်၏ လက်သီးချက်မှဖန်တီးလိုက်သာ
ဟာရီကိန်းက အဖြူရောင်စွမ်းအင်အား အပိုင်းပိုင်း လုပ်ပစ်လိုက်သည်။ ပဋိပက္ခဖြစ်ပြီးနောက် ထိုက်စမ် ဖြည်းဖြည်းချင်းတည်ငြိမ်သွားပြီး သူ့ရှေ့၌ရှိသောလူနှစ်ယောက်အား တည်ငြိမ်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။ အနက်ရောင်ဝတ်ရုံနှင့်လူငယ်အား တွေ့ရသောအခါတွင် ဤပုဂ္ဂိုလ်က ရိုးရှင်းမှုမရှိသည်ကို ထိုက်စမ်သဘောပေါက်လိုက်သည်။
သိပ်မဝေးသောနေရာ၌ရှိနေသည့် ထိုက်စမ်အား မျက်နှာချင်းဆိုင်ရင် ရှစ်ဖုန့်၏ပုံစံက တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏လက်တို့အားနောက်၌ပစ်ထားပြီး သူကထိုက်စမ်အားကြည့်၍ပြောလိုက်သည်။
“ခင်ဗျားက ထိုက်မိသားစုခေါင်းဆောင်ဖြစ်မယ်ထင်တယ်. ဘာလဲ သားတစ်ယောက်ဆုံးရှုံးသွားရတာနဲ့ပဲ ခင်ဗျားရဲ့အသုံးမကျတဲ့သားအတွက်နဲ့ထိုက်ကလန်တစ်ခုလုံးကို မြေမြှုပ်ပစ်တော့မလို့လား”
“မင်း”
လူငယ်အားကြည့်နေရင်း ၎င်း၏စကားများအားကြားလိုက်ရ
သောအခါတွင် ထိုက်စမ်က လက်ညှိုးငေါက်ငေါက်ထိုး၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။ ထို့နောက်မကြာခင် ထိုက်စမ်တုန့်ပြန်လိုက်၏။ သူ၏လက်အောက်ငယ်သားများ
သတင်းပေးပို့မှုအရထိုလူငယ်က ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်၌သာရှိပြီး အဆင့်ခုနှစ် သူတော်စင်နယ်ပယ်ကျားဖြူ
တစ်ကောင်အားပိုင်ဆိုင်ထားသည်ဟူ
သည့်အချက်မှလွဲ၍ သူ့ရှေ့၌ရှိနေသော သူကသူ့သားအားသတ်ခဲ့သောသူ၏ အခြားသောအသွင်အပြင်လက္ခဏာများအားလုံးနှင့် တူညီမှုရှိသည်ဖြစ်သည်။
ရှစ်ဖုန့်အားကြည့်၍ ထိုက်စမ်အေးစက်စွာပြောလိုက်သည်။
“မင်းပဲ.ငါ့သားခက်အာကိုသတ်ခဲ့တာ
မင်းမလား “
ဤအချိန်တွင် ထိုက်စမ်၏လက်တို့က ရှစ်ဖုန့်အားထိုးညွှန်ထားပြီး သူ၏စိတ်ခံစားချက်များကြောင့်တုန်ယင်နေ၏။
“ဟုတ်တယ်.ခင်ဗျားရဲ့အသုံးမကျတဲ့သားကို ဒီသခင်လေးတကယ်ပဲသတ်ခဲ့တာ”
ထိုက်စမ်၏စိတ်လှုပ်ရှားနေသော
မေးခွန်းများအား ရင်ဆိုင်ရင်းရှစ်ဖုန့်မှာ တည်ငြိမ်သောအမူယာမပျက်ဘဲ ပြန်လည်ဖြေကြားလိုက်သည်။
သူ၏သားဖြစ်သူအားသတ်ခဲ့သောကိစ္စက ၎င်းအတွက် ကြက်လေးတစ်ကောင်အား
သတ်သည်နှင့်မခြားဖြစ်နေ၏။
“မင်း.မင်း..တကယ်မင်းပဲပေါ့..အား…”
လူငယ်ကဝန်ခံသည်အားတွေ့ရပြီး
သူ၏သားဖြတ်သူကိုသတ်ခဲ့သူအား
သူ၏ရှေ့၌မြင်လိုက်ရသောအခါတွင်ထိုက်စမ်
ကောင်းကင်ထဲ၌အော်ဟစ်လိုက်သည်။
“ဒီည ..ငါမင်းကို အရင်ဆုံးဒုက္ခိတဖြစ်အောင်လုပ်မယ်.
.ပြီးရင်မင်းကိုသေဖို့အတွက်တောင်းပန်လာတဲ့အထိ ဖြည်းဖြည်းချင်းနှိပ်စက်ပစ်မယ်”
ထိုက်စမ်ကအော်ပြောနေသကဲ့သို့ ပုံရိပ်တစ်ခုကထိုက်စမ်ထံရွှတ်ကနဲဦး
တည်လာပြီး သူ၏ဘေးသို့ရုတ်ခြည်းရောက်ရှိလာသည်။၎င်းက ထိုက်စမ်၏အကြီးဆုံးသားဖြစ်သူ ထိုက်ရှန့်ဖြစ်သည်။
ထိုက်ရှန့်မှာ ထိုက်စမ်နှင့်ရှစ်ဖုန့်တို့ကြားက တိုက်ခိုက်မှုအားမမြင်တွေ့လိုက်ရသော်လည်း ရှစ်ဖုန့်ကထိုက်ခက်အားသတ်ခဲ့သည်ကိုဝန်ခံပြီးထိုက်စမ်တစ်ယောက်ခက်ထန်မှုတို့ဖြစ်နေသည်ကိုကြားခဲ့ရသည်ဖြစ်သည်။
ထိုက်ရှန့်၏မျက်လုံးထဲ၌ ရှစ်ဖုန့်၏အသွင်အပြင်နှင့်လက္ခဏာများက ထိုက်ခက်အားသတ်ခဲ့သူနှင့်
တစ်ထေရာတည်းတူသည်ဖြစ်သည်။ သူက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်ဖြစ်၏။ အထူးသဖြင့် ကျင့်ကြံမှုအရဆိုလျှင် သူတို့က အဆင့်ခုနှစ်သူတော်စင်နယ်ပယ်
ကျားဖြူအတွက်တူညီသော
ကျွမ်းကျင်သူများဖြစ်ကြသည်။
“သူခိုးကောင်.မင်းငါ့ညီကိုသတ်ခဲ့တယ်.ငါမင်းကိုမင်းဒန်တန်ကိုအရင်ဖျက်ဆီးပစ်မယ်. ပြီးရင်ငါမင်းခြေတွေလက်တွေကိုချိုးပစ်မယ်”
ထိုက်ရှန့်၏မျက်နှာထက်၌ ဒေါသူပုန်ထမှုတို့ဖြင့်ပြည့်နှက်နေသည်။ သူရှစ်ဖုန့်အား စိမ်းစိမ်းဝါးဝါးကြည့်၍ထပ်မံ
အော်ပြောလိုက်သည်။ ထို့နောက်သူလှုပ်ရှားလိုက်၏။
သို့သော်ထိုက်ရှန့်၏ပုံရိပ်လှုပ်ရှားပြီး ရှစ်ဖုန့်ထံသို့ဦးတည်ကာနီးတွင် ကြီးမားသောလက်ကြီးတစ်ဖက်ကရုတ်တရက်သူ့ဘေးမှဆန့်ထွက်လာပြီး ထိုက်ရှန့်၏ကျောဘက်မှကော်လံအား ဆွဲ၍ဆုပ်ကိုင်လိုက်သည်။
ထိုက်ရှန့်စိတ်ရှုပ်ထွေးစွာဖြင့် လှည့လိုက်ပြီး ဘေးသို့ကြည့်လိုက်သည်။ သူ၏လက်ဆန့်ထုတ်ကာ သူကျောမှကော်လံစအားဆုပ်ကိုင်လိုက်သူက သူ၏ဖခင်ဖြစ်သူ ထိုက်စမ်ဖြစ်သည်။
ထို့နောက်နောက်ထပ်လက်ကြီးတစ်ဖက်က သူ၏မျက်နှာထံသို့လာနေသည်ကို ထိုက်ရှန့်တွေ့လိုက်ရသည်။
“ဖြန်း”
ကြွပ်ဆပ်သောအသံတစ်ခုက တိတ်ဆိတ်သောညကောင်းကင်ယံထက်၌ ထွက်ပေါ်လာ၏။
ထိုက်စမ်ကထိုက်ရှန့်အားပြင်း
ထန်စွာပါးရိုက်လိုက်ခြင်းဖြစ်သည်။
သူ့ဖခင်၏ပါးရိုက်မှုကြောင့်ထိုက်ရှန့်လုံးဝကြက်သေသေသွားသည်။ ထိုက်ခက်သေဆုံးပြီး သူ၏ရန်သူအားတွေ့လိုက်ရခြင်းကြောင့်ဤအဘိုးကြီးအနေဖြင့် လုံးဝစိတ်လွတ်သွားခြင်းများဖြစ်နိုင်မည်လော။
“အသုံးမကျတဲ့သား”
“အဖေ”
ထိုက်ရှန့်အား ပါးရိုက်ပြီးနောက် ထိုက်စမ်က ထိုက်ရှန့်၏နဖူးအားလက်ညှိုးထိုး၍ ဒေါသတကြီးအော်ပြောလိုက်သည်။
ထိုက်ရှန်မှာမူ သူ၏အတွေးထဲ၌စိတ်လွတ်သွား
သည်ဟုထင်နေသော အ ဘိုးကြီးအား စိတ်ရှုပ်ထွေးစွာကြည့်နေသည်။
“ဘာမျိုးဆက်မှမရှိတော့ဘဲနဲ့မင်းကသေချင်နေတာလား”
ထိုက်စမ်က ဆက်လက်ဒေါသတကြီးပြောသည်။
ထိုက်ရှန့်မှာမျက်နှာထက်၌စိတ်ရှုပ်
ထွေးမှုတို့ရှိနေဆဲဖြစ်သည်။ ဤအဘိုးကြီးဘာကြောင့်ယခုကဲ့သို့လုပ်ရသည်အားသူမစဉ်းစားတတ်ဖြစ်နေသည်။
“အရူးကောင်”
ထိုက်ရှန့်ဤကဲ့သို့ဆက်လက်ပြုမူနေသည်အားတွေ့ရသောအခါတွင် ထိုက်စမ်က
ဒေါသတကြီး ကြိမ်းဝါးလိုက်ပြီး ထိုက်ရှန့်၏မျက်နှာအားနောက်ထပ်
တစ်ကြိမ်ပြင်းထန်သောဖြတ်ရိုက်ချက်အား
မိတ်ဆက်ပေးလိုက်သည်။
“ဖြန်း”
ကြွပ်ဆပ်သောအသံက နောက်ထပ်တစ်ကြိမ်ညကောင်းကင်ယံ၌ပဲ့တင်ထပ်လာပြန်သည်။
“ငါ့မှာဘာ လို့ရူးမိုက်တဲ့သားတစ်ယောက်ရှိနေရတာလဲ.. . ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်. .သူကတကယ်ပဲကြယ်တစ်ပွင့်အင်
ပါယာနယ်ပယ်လို့မင်းထင်နေတာလား. .သူသာတကယ်ကြယ်တစ်ပွင့်အင်
ပါယာနယ်ပယ်ဆိုရင် ငါတို့ထိုက်မိသားစုဆီလာပြီး
တော့ဘယ်လိုတောင်အရမ်းမတော်မတရားတွေလာပြုမူရဲရတာလဲ..မင်းရဲ့ဦးနှောက်က တံခါးကြားမှများညှက်သွားတာလား”
ထိုက်စမ်က ထိုက်ရှန့်အား ဒေါသတကြီးအော်ပြောလိုက်သည်။
ထိုက်စမ်၏ကြိမ်းမောင်းမှုအောက်တွင် ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်
တစ်ယောက်ရူးသွပ်နေသည်မဟုတ်လျှင် ထိုက်မိသားစုအား မတော်မတရားတွေလာလုပ်ရဲခြင်းရှိလိမ့်မည်မဟုတ်သည်ကိုသူသဘောပေါက်လိုက်သည်။
ထိုက်ရှန့်က မလှမ်းမကမ်း၌ရှိနေသည့် အနက်ရောင်ပုံရိပ်အားကြည့်လိုက်ပြီး သူ၏ခေါင်းအားလှည့်ကာ ထိုက်စမ်ကိုပြောလိုက်သည်။
“အဖေ..ကျွန်တော်…”
“ဒီနေရာကထွက်သွား..ငါတောင်မှသူ့ကိုမယှဉ်နိုင်လောက်ဘူး”
ထိုက်စမ်အော်ပြောလိုက်သည်။
“အာ.အဖေတောင်..”
ထိုက်ရှန့်၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူ့ဖခင်ထိုက်စမ်က ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်ဖြစ်ပြီး သူသည်ပင်လူငယ်အားယှဉ်နိုင်ခြင်းမရှိပေ။ ထိုသို့ဆိုလျှင် ကြယ်လေးပွင့်သူတော်စင်နယ်ပယ်ဖြစ်သော
သူက…
“ဟုတ်ကဲ့အဖေ..”
ထိုက်ရှန့်ကထိုက်စမ်အားလေး
လေးစားစားပြန်ဖြေလိုက်သည်။ ထိုက်စမ်ကသူ၏လက်အားလွှတ်
ပေးလိုက်ပြီးထိုက်ရှန့်ကလေးလေးစားစား
ပြန်ဆုတ်ခွာသွားသည်။
ထိုက်ရှန့်ပြန်ဆုတ်ခွာရင်းအကွာအဝေးတစ်ခုရှိအနက်ရောင်ပုံရိပ်အားကြည့်လိုက်၏။ အကယ်၍အဘိုးကြီးသာသူ့အားပြန်ဆွဲမထားခဲ့လျှင်သူ့အနေဖြင့်…
ဤအချိန်တွင်ထိုက်မိသားစုမှလူသုံးဆယ်ကျော်က ညကောင်းကင်ယံထက်၌ရောက်ရှိနေသည်။ ဤလူများကြားထဲတွင်အများစုက ဘိုးဘေးနယ်ပယ်ကျင့်ကြံသူများဖြစ်ကြသည်။ သို့သော် သူတော်စင်နယ်ပယ်ကျင့်ကြံသူအ
ဘိုးကြီးငါးယောက်နှင့်သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်တို့ရှိနေသည်။
ကျင့်ကြံမှုအမြင့်ဆုံးသူက ဆံပင်ဖြူများနှင့်အဘိုးအိုဖြစ်သည်။ သူ၏မျက်နှာထက်၌အချိန်တိုက်စားမှုလက္ခဏာတို့ရှိနေ၏။ သူကထိုက်မိသားစု၏ နာယကကြီး ထိုက်စွေ့ဖြစ်သည်။ သူ၏ကျင့်ကြံမှုကထိုက်ရှန့်ကဲ့သို့
တူညီသည့်ကြယ်ခြောက်ပွင့်သူ
တော်စင်နယ်ပယ်ဖြစ်သည်။
အခြားအဘိုးအိုလေးယောက်က ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်များဖြစ်ကြပြီး သက်လတ်ပို်ငးအရွယ်လူနှစ်ယောက်က ကြယ်လေးပွင့်သူတော်စင်နယ်ပယ်ဖြစ်သည်။
ထိုက်မိသားစုကရှင်းယောင်မြို့တွင်တကယ့်မိသားစုကြီးတစ်ခုဖြစ်၏။မိသားစုခေါင်းဆောင်ထိုက်စမ်အပါအဝင် သူတော်စင်နယ်ပယ်ကိုးဦးရှိနေ၏။ဤအဆင့်က နိမ့်ပါးခြင်းရှိမနေပေ။
သို့သော်ရှစ်ဖုန့်၏ကျင့်ကြံမှုကကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်ဖြစ်နေသည်ကိုတွေ့ရသောအခါတွင် သူတို့ကထိုက်ရှန့်ကဲ့သို့မရူး
မိုက်ကြချေ။
ဤလူငယ်က ထိုက်မိသားစုဆီသို့မိန်းမငယ်လေး
တစ်ဦးကိုသာခေါ်လာရဲသည်ဖြစ်သည်။ သူတို့မြင်တွေ့ရသည်က သူ၏တကယ့်ကျင့်ကြံမှုနယ်ပယ်မဟုတ်ပေ။
သို့သော်ယင်းက ဆယ့်ခြောက်ဆယ့်ခုနှစ်အရွယ်သာ
ရှိသောဤလူငယ်အနေဖြင့် သူတို့ထက်ကျင့်ကြံမှုပိုမြင့်မားနေသည်ကိုသက်သေပြနေသည်ဖြစ်သည်။
ထိုက်ရှန့်ပြန်ဆုတ်ပြီးနောက်
ထိုက်စမ်၏အကြည့်တို့အား ရှေ့ရှိအနက်ရောင်ပုံရိပ်ပေါ်သို့စူးစိုက်
လိုက်သည်။ ထို့နောက်သူကအော်ပြောလိုက်၏။
“ထိုက်မိသားစုရဲ့ ထိုက်လောသတ်ဖြတ်ခြင်းအစီအရင်
ကိုပြင်ဆင်ကြ..ဒီလူငယ်ကိုဖျက်ဆီးပစ်”
ထိုက်စမ်အသံပျောက်သွားသည့်အခိုက်အတန့်၌ သူ့နောက်ရှိထိုက်မိသားစုအဖွဲ့ဝင်များက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
“ဟုတ်ကဲ့”
ထို့နောက်ထိုက်စမ်နှင့်သူ့နောက်ရှိထိုက်မိသားစု အဖွဲ့ဝင်များက သူတို့အနေဖြင့်သူတော်စင်နယ်ပယ်၊
ဘိုးဘေးနယ်ပယ် ၊အင်ပါယာနယ်ပယ်ဟူ၍သတ်မှတ်
နေခြင်းမရှိဘဲအားလုံးကလက်သင်္ကေတ
ဆီးလ်များကိုပုံဖော်လိုက်ကြသည်။
“အိုး”
သူ့ရှေ့ရှိထိုက်မိသားစုအဖွဲ့ဝင်များ
အားကြည့်၍ ရှစ်ဖုန့်၏နှုတ်ခမ်းကအေးစက်သော
အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားသည်။ သူကပြောလိုက်သည်။
“ဒါက အသုံးမကျတဲ့သားတစ်ယောက်အတွက်နဲ့ထိုက်မိသားစုကဒီသခင်လေးကို ဆန့်ကျင်ပုန်ကန်ကြမယ်ဆိုတဲ့အဓိပ္ပါယ်မလား.. မင်းတို့ကပုန်ကန်ချင်ကြမှတော့..ဒါဆိုရင် မင်းတို့ထိုက်မိသားစု ဒီညမှတည်ရှိနေစရာမလိုတော့ဘူး”
ရှစ်ဖုန့်၏ ကြင်လင်သောအသံက ညကောင်းကင်ယံထက်၌ထပ်မံ
ထွက်ပေါ်လာသည်။
သူ၏အသံ၌အေးစက်မှုတို့ရောနှောပါဝင်နေ၏။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE