← Chapters

သိပ္ပံပညာအပေါ် ယုံကြည်သက်ဝင်မှု

Vol. 7 Ch. 101

သိပ္ပံပညာအပေါ် ယုံကြည်သက်ဝင်မှု

Vol. 7 Ch. 101

အခန်း (၁၀၁) သိပ္ပံပညာအပေါ် ယုံကြည်သက်ဝင်မှု

သူ၏ယာဉ်ကို ပြင်ဆင်နေရင်း ဟန်ရှောင်းသည် ပြီးခဲ့သည့်တိုက်ပွဲ၌ ပေါ်လာခဲ့သည့် သူ၏ အားနည်းချက်များကို ပြန်လည်ဆင်ခြင်နေသည်။

သူ၏ လတ်တလော တိုက်ခိုက်ရေးပုံစံမှာ စနိုက်ပါစွမ်းရည်ပေါ်တွင် အကြီးအကျယ် မှီခိုနေ၏။ သူသုံးနိုင်သည့် အကောင်းဆုံး နည်းဗျူဟာမှာ ရန်သူကို ဆွဲဆောင်ဖို့ သူ၏ပစ်ချက်များကို အသုံးချခြင်းသာ။ သို့သော်လည်း၊ သူ၏ ‌လှုပ်ရှားမှု အမြန်နှုန်းမှာ စံနှုန်းတစ်ခုကို မရောက်သေးပေ။ သူ့အမြန်နှုန်းတိုးစေမည့် ပစ္စည်းကိရိယာတစ်ချို့ကို ထုတ်လုပ်ချင်နေသည်။

ယန္တရားခြေထောက်က အကြံဉာဏ်ကောင်းတစ်ခု ဖြစ်ပုံရသည်။ သို့သော်လည်း ထိုအ‌ရာက ကြီးမားလေးလံသည်ဟု ဟန်ရှောင်းခံစားနေရသည်။ ဟန်ရှောင်းသည် ပို၍ ပေါ့ပါးသွက်လက်သော ကိရိယာတစ်ချို့ ဖန်တီးရန် အသိပညာနှင့် အတွေ့အကြုံများလည်း ရှိထားသည်။

ဟန်ရှောင်းက သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်စေရန် ကြိုးစားနေဆဲဖြစ်သည်။ သူက သူ၏ အားနည်းချက်များကို လျော့ပါးသွားစေရန် လုံလောက်သော ပစ်ခတ်အား ပံပိုးပေးနိုင်သည့် စက်ရုပ်စစ်တပ်ကြီးတစ်ခု တည်ဆောက်ချင်နေ၏။

စက်အစိတ်အပိုင်းတွေသည် ယန္တရားပညာရှင် အမျိုးအစားအဖို့ လွယ်လွယ်ကူကူ ရရှိနိုင်သောကြောင့်၊ လိုအပ်နေသော အစိတ်အပိုင်းများအတွက် ကုန်ကြမ်းပစ္စည်းများရှာဖွေပြီး အစားထိုးနိုင်သည်။

ယာဉ်ကို ပြင်ဆင်ပြီးနောက်၊ ဟန်ရှောင်းသည် ရေဒါက ညွှန်ပြသည့် လမ်းကြောင်းအတိုင်း Felonia ဝင်ပေါက်သို့ ပြန်မောင်းလာသည်။ ထိုအချိန်တွင်၊ ဂူပေါက်၏အစွန်၌ ခြေရာများ‌ ပျောက်ဆုံးသွားသည်ကို တွေ့လိုက်ရသည်။ ခဏမျှ စဉ်းစားပြီးနောက်၊ လှည့်လည်သွားလာသူအဖွဲ့သည် ဂူထဲသို့ ဝင်ရောက်သွားကြောင်း ခန့်မှန်းမိသည်။

အကယ်၍ ဟန်ရှောင်းသာ သာမန်လူတစ်ယောက်ဆိုပါက၊ အထဲတွင်ရှိသော တန်ဖိုးရှိသည့်အရာများကို အခြားသူများ ယူသွားမည်ကို စိုးရိမ်နေပေလိမ့်မည်။ သို့သော်လည်း ဟန်ရှောင်းတွင် သူများနှင့်မတူသော တွေးတောသည့် ပုံစံရှိ၏။ မသိထားသော နယ်မြေတစ်ခုကို အခြားသူများအား အရင်ရှာဖွေစေခြင်းက သူ့အတွက် အကျိုးရှိစေမည်ဟု သူခံစားရသည်။

ဟန်ရှောင်းက ချောက်ကမ်းပါး၏ အစွန်တွင် မတ်တပ်ရပ်နေသည်။ အောက်ငုံ့ကြည့်ရာ ကျောက်တုံးနှင့် ကမ်းပါးများ အလွှာလွှာ အထပ်ထပ်ရှိသည်ကို တွေ့ရသည်။ နေရောင်နှင့် အမှောင်ထုကြားတွင်၊ သံချေးတက်နေသော သတ္တုကြိုးများ အောက်သို့သွယ်တန်းနေသည်ကို ဟန်ရှောင်းမြင်နေရငည်။

ချောက်ကမ်းပါးများတွင် ကျော်တုံးများ တူးဖော်ထားသည့် လက္ခဏာများရှိ‌နေသည်။ လေထဲမှာ အနံ့တစ်ခုရှိ၏... သံချေးနံ့။ ဒီနေရာကို ငါအရင်က မစူးစမ်းဖူးဘူး၊ အခုပဲ ဆင်းသွားသင့်တယ်။

ဟန်ရှောင်းသည် သူ၏ ပစ္စည်းအားလုံးကို ကိုင်လိုက်ပြီး သူ့ပါးစပ်ထဲတွင် ဓါတ်မီးကို ကိုက်ထားလိုက်သည်။

ချောက်ကမ်းပါးကို ကုတ်တွယ်ဆင်းလာရင်း ဓါတ်မီးကို အောက်ဖက်ကို ထိုးထားလိုက်တယ်။

အောက်ခြေနားသို့ နီးကပ်လာသောအခါ နေရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကျောက်ဆောင်များ၏ ကွေးညွှတ်နေသော အနားသတ်များကို သူ ခံစားနိုင်သည်။

နေရောင်ခြည်သည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ကို အမှောင်ထု ဖုံးလွှမ်းသွားသည်။ တစ်ခုတည်းသောအလင်းအရင်းအမြစ်မှာ လက်နှိပ်ဓါတ်မီးဖြစ်သည်။ ချောက်ချားဖွယ်ဖြစ်သောလေထုသည် ဟန်ရှောင်းကို ထိတ်လန့်စေ၏။ သူ့နှလုံးဆီသို့ စိမ့်ဝင်နေသော အရိုးများထဲက အေးစက်မှုကို ခံစားနိုင်သည်။ သူ့ရင်ထဲက တုန်လှုပ်ချောက်ချားမှုကို သက်သာစေဖို့အတွက် မြန်မြန်ခုန်နေတဲ့ သူ့နှလုံးကို နှေးကွေးသွားအောင် အရှိန်လျှော့ချင်နေသည်။

သုံးမိနစ်ခန့် ဆင်းလာပြီးနောက် သူ၏ ဓါတ်မီးမှ အလင်းရောင်သည် မြေပြင်သို့ ထိမှန်သွားသည်။ ချောက်၏အောက်ခြေတွင် ဖုန်ထူသောသတ္တုကြမ်းခင်းတစ်ခုရှိသည်။ သံလမ်းများတွင် ပင့်ကူအိမ်များ ထူထပ်စွာရှိပြီး ထိုနေရာသည် အချိန်အတော်ကြာ မစူးစမ်းရသေးပုံရသည်။

ဟန်ရှောင်းက မြေပြင်ပေါ် ဘုတ်ခနဲ ဆင်းလိုက်သည်။ မှောင်မဲနေသော ပတ်ဝန်းကျင်တွင် အသံက ကျောချမ်းပြီး ထိတ်လန့်ဖွယ်ကောင်းနေ၏။

ပတ်ဝန်းကျင်သည် ကျယ်ပြန့်ပြီး ရှင်းလင်းနေ၏။ ဓါတ်မီးမှ အလင်းရောင်သည် အမှောင်ပင်လယ်ထဲတွင် အထီးကျန်ကျွန်းတစ်ခုကဲ့သို့ ထင်ရသည်။ အမှောင်ထဲမှာ အသံများ ရော‌ထွေးနေပြီး သူမြေပေါ်သို့ ဆင်းလိုက်တဲ့အသံနဲ့ ဆင်တူနေသည်။ အဲဒါက ဟန်ရှောင်း၏ အာရုံကို ဖမ်းစားသွားသည်။

သူ့ဓါတ်မီးဖြင့် နေရာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ပြီး ဟန်ရှောင်းသည် စစ်အခြေစိုက်စခန်းနှင့် ပုံစံတူသော သတ္တုစင်္ကြံတစ်ခုတွင် ရောက်ရှိနေကြောင်း သိရှိသွားသည်။ နေရာတိုင်းတွင် RC အဆောက်အဦများ ရှိနေပြီး နံရံများတွင်လည်း သံချေးများ ဖုံးအုပ်နေသည်။ နံရံများပေါ်တွင် ထူးဆန်းသော ပိုးကောင်အချို့ လှုပ်ရှားနေပုံရသည်။

မြေပြင်ပေါ်ရှိ သတ္တုကြမ်းခင်းသည်လည်း ဖုန်မှုန့်များဖြင့် ဖုံးကွယ်နေ၏။ အမှောင်ထဲသို့ တိုးဝင်သွားသော ခြေရာလတ်လတ်ဆတ်ဆတ်များကို မြင်တွေ့နိုင်သည်။ ခြေရာများသည် သူ့ရှေ မကြာမီကမှ ရောက်ရှိလာသော လှည့်လည်သွားလာသူများ ဖြစ်ကြလိမ့်မည်။

သတ္တုကြမ်းပြင်အောက်တွင် နောက်ထပ်အခန်းများနှင့် နေရာလွတ်များ ရှိကောင်းရှိနိုင်သည်။

ဟန်ရှောင်းသည် သူ၏ ဓါတ်မီးအလင်းရောင်ဖြင့် ခြေထောက်ကို ထိုးကြည့်လိုက်သည်။ သူ့အောက်တွင် ရှိနေတာများကို မြင်လိုက်ရသည်။

အခေါင်းပေါက်ဖြစ်နေသော သတ္တုကြမ်းခင်း၏ အောက်တွင်၊ မရေမတွက်နိုင်သော အနီရောင် မီးလုံးများ ပြည့်ကျပ်စွာ ရှိနေပြီး အင်းဆက်များ၏ မျက်လုံးများဟု ထင်ရသည်။

သောက်ကျိုးနဲဟ။

ဟန်ရှော‌င်းသည် သူ့ခေါင်းထဲတွင် တင်းမာမှုကို ခံစားလိုက်ရသည်။ သူသည် ဓါတ်မီးကို ချက်ချင်းမီးမှိန်လိုက်ကာ အောက်ခြေအလွှာကို တားမြစ်ကဏ္ဍအဖြစ် အမှတ်အသားပြုလိုက်သည်။

ထိုအရာကို စိတ်ထဲတွင် ထည့်ထားပြီး၊ ဟန်ရှောင်းသည် လှည့်လည်သွားလာသူများ၏ ခြေရာအတိုင်း ရှေ့သို့ ဂရုတစိုက် လိုက်သွားသည်။ ရံဖန်ရံခါ မြည်လာသော တွားသွားပိုးမွှားများ၏ အသံမှအပ လုံးဝတိတ်ဆိတ်‌နေသည်။ သို့သော် ထိုအသံများကို တစ်ခုချင်းခွဲခြားရန် ကြိုးစားပါက ပျောက်ကွယ်သွားမည်ဖြစ်သည်။ အလွန်ကြောက်စရာကောင်းပြီး ဟန်ရှောင်းသည် ထိန်းချုပ်ရခက်လောက်အောင် တုန်လှုပ်သွားခဲ့သည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် လမ်းဆုံတစ်ခု ပေါ်လာသည်။ လှည့်လည်သွားလာသူများ၏ ခြေရာများသည် ညာဘက်လမ်းဆီသို့ ဦးတည်သွားကြသည်။

ဟန်ရှောင်းက ဘယ်ဘက်လမ်းကို ရွေးရမလဲဟု ဝေခွဲရခက်နေစဉ် ညာဘက်လမ်းမှ ခြေသံများ ကြားလိုက်ရသည်။ လူများ ဆောက်တည်ရာမရဘဲ ပြေးထွက်လာကြသည်ကို တွေ့လိုက်ရ၏။

ဟန်ရှောင်းက ချက်ချင်းပင် ဘေးဘက်သို့ ကပ်လိုက်သည်။ ဓါတ်မီးကို ပိတ်လိုက်ပြီး ဖေဘီယန်ကုမ္ပဏီက ပံ့‌ပိုးထားသည့် ညကြည့်မျက်မှန်ကို တပ်လိုက်၏။

ပြေး၊ မြန်မြန်ပြေး...

မွန်းစတားကြီး

ဗျာများနေသော ခရီးသွားများသည် သတ္တဝါကြီးတစ်ကောင်လက်မှ လွတ်မြောက်လာသကဲ့သို့ လမ်းဆုံသို့ ပြေးထွက်လာကြသည်။ သူတို့၏ အဝတ်အစားများတွင် သွေးများပေကျံနေ၏။ ထို့ပြင် အဖွဲ့ဝင်အရေအတွက်လည်း လျော့ကျနေသည်။

ဒီလူတွေ ဘာတွေ့လို့ ထွက်ပြေးလာကြတာလဲ။ ဟန်ရှောင်း ပဟေဠိဖြစ်နေသည်။

ရုတ်တရက်၊ လမ်းကြောင်းမှ သားရဲကောင်၏ မာန်ဖီသံတစ်ခုကို ထွက်ပေါ်လာသည်။ ဟိန်းဟောက်သံမှာ စူးရှပြီး

နက်နဲလှသည်။ ထိုအသံကို သူကြားလိုက်သည်နှင့် တပြိုင်နက် ဟန်ရှောင်းသည် သူ့သွေးခုန်နှုန်း ပြင်းထန်လာသည်ကို ခံစားလိုက်ရပြီး စိတ်မသက်မသာ ခံစားမှုတစ်ခု သူ့နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။

ဒါက အဆင့်မြင့် သားရဲကောင်ရဲ့ ခြိမ်းခြောက်မှုပဲ။ သေချာပေါက် အဆင့် ၄၀ အထက်မှာရှိတယ်။

ခရီးသွားများမှာ ကြောက်လန့်နေကြသည်။ သူတို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးသည့် အရာတစ်ခုကို တွေ့ခဲ့ရသလိုပင်။ သူတို့၏ ခြေလက်များကို သုံးပြီး ကယောင်ချောက်ချားဖြင့် နောက်ပြန်တက်နေကြသည်။

သို့သော်လည်း၊ သားရဲကောင်က အမှောင်ထဲမှ ထွက်မလာခဲ့ပေ။ ခရီးသွားများ မြေပြင်ပေါ် လဲကျသွားကြသည်။ သူတို့ သားရဲကောင်၏လက်မှ လွတ်မြောက်သွားကြ၍ စိတ်သက်သာရာ ရသွားကြသည်။

သားရဲကောင်၏ ခြေသံများလည်း မကြားရပေ။

"ဂျိုအယ်ကတော့ အစားခံလိုက်ရပြီ..."

"ဒီနေရာက အရမ်းကြောက်ဖို့ကောင်းတယ်။"

ခရီးသွားများမှာ တစ်ကိုယ်လုံး တုန်လှုပ်နေကြပြီး ထိတ်လန့်မှုက သူတို့၏ မျက်နှာပေါ်တွင် အထင်းသားပေါ်နေ၏။ သူတို့၏ အင်အားများအကုန်လုံး စုပ်ယူခံလိုက်ရသလိုပင်။ "ဒီနေရာက Feloniaမဟုတ်ဘူး။ ငါတို့ရှာနေတဲ့အရာက ဒီမှာရှာတွေ့မှာ မဟုတ်ဘူး။ ဒီက ထွက်သွားပြီး တကယ့်အပျက်အစီးကို သွားရှာရအောင်။"

ဒဏ္ဍာရီအရ၊ မှော်အပျက်အစီးများသည် လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးရိုးဆန်သည်ဟု ယူဆကြသည်။ မရေမတွက်နိုင်သော ထွင်းထုမှုများရှိခဲ့သည်ဟု ယူဆရသည်။ အပျက်အစီးများသည် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော မြို့တစ်မြို့လည်းဖြစ်သည်။ သို့သော်၊ ၎င်းတို့သည် လူလုပ်သတ္တု စခန်းထဲ၌ ရှိနေသည်။ နံရံများပေါ်တွင် ရှေးခေတ်နိုင်ငံတော်၏ လက်ရုံးတံဆိပ်နှင့်တူသော သင်္ကေတများရှိသည်။ ထိုနေရာသည် ရှေးခေတ် ဘုရင့်နိုင်ငံတော်၏ လျှို့ဝှက်စစ်ရေးဌာန ဖြစ်ကောင်းဖြစ်နိုင်သည်။

ခရီးသွားများ ငြိမ်သက်သွားကြသည်။ ဘုရားဖူးလူငယ်တစ်ဦးက “ဒီနေရာက တကယ်ပဲ ငါတို့ရှာဖွေနေတဲ့ Felonia ဖြစ်နိုင်တယ်။ ငါတို့ရဲ့ အရင်နိုင်ငံက Felonia အပျက်အစီးများကို တွေ့ရှိခဲ့ပြီး အပျက်အစီး‌တွေရဲ့ တန်ဖိုးကို လေ့လာဖို့အတွက် အဆောက်အအုံတစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။"

ကန္တာရ၏ ရတနာသည် Felonia ၏ ဒဏ္ဍာရီတွင် ဖော်ပြထားသောရတနာ ဖြစ်သည်။ ရတနာကို ပိုင်ဆိုင်ထားသရွေ့ ဆိုမာသဲကန္တာရကို ထိန်းချုပ်နိုင်လိမ့်မည်။

အိုမင်းနေသော ခရီးသွားများသည် ခေါင်းယမ်းကာ ခါးသီးစွာ ရယ်မောရင်း “မဖြစ်နိုင်ဘူး။ ရှေးခေတ်နိုင်ငံတော်မှာ ရတနာတွေရှိနေရင် အစိုးရ ဘာကြောင့် ပျက်ဆီးသွားရတာလဲ”

"ဒါ ငါတို့ရှာနေတဲ့ နေရာမဟုတ်ဘူး။ Felonia အပျက်အစီး အစစ်အမှန်က သဲကန္တာရရဲ့ တစ်နေရာမှာ ဖုံးကွယ်နေတုန်းပဲ ရှိလိမ့်မယ်။

ခရီးသွားအဘိုးကြီးက ယုံကြည်စွာနှင့် အခိုင်အမာ ပြောလိုက်သည်။

ခရီးသွားများသည် တစ်ယောက်နှင့်တစ်ယောက် ဖေးမပြီး ထွက်သွားကြတော့သည်။

ဟန်ရှောင်းသည် သူတို့ပြောဆိုနေမှုများကို ကြားပြီးနောက် သူသည်လည်း ဇဝေဇဝါဖြစ်နေ၏။ သူသိထားသလောက်ဆိုလျှင် ရေပင်လယ်ဂြိုလ်၌ မှော်စွမ်းရည်ရှိသော ပစ္စည်းများ မရှိပေ။ သဲကန္တာရ၏ ရတနာဟု ခေါ်နေကြသည့်အရာမှာ ခေတ်ရှေ့ပြေးလက်နက်တစ်ချို့ ဖြစ်နိုင်သည်။

သို့သော် လူတို့သည် သူတို့နားမလည်သော အဖြစ်အပျက်များကို မကြာခဏ ပိုတွေးနေတတ်ကြသည်။ ထို့ကြောင့် သူတို့သည် လက်တွေ့မကျသော ဇာတ်လမ်းများကို ဖန်တီးကြသည်။ ထို့အပြင်၊ သူတို့၏ လက်တွေ့မကျသော စိတ်ကူးများသည် အမှန်တကယ် လက်တွေ့ဖြစ်ကြောင်းကို အလွန်ခိုင်မာစွာ ယုံကြည်ကြသည်။ ဟန်ရှောင်းသည် သူ့အိမ် ရေကြီးချိန်တွင် ထွက်မပြေးခဲ့သော အမျိုးသားတစ်ဦး၏ ဇာတ်လမ်းကို တွေးနေမိသည်။ ထိုသူက ထွက်ပြေးမည့်အစား ဘုရားသခင်က သူ့အတွက် Noahလှေကြီး လွှတ်လိုက်ဖို့ကို သူ့အိမ်ခေါင်မိုးပေါ်တွင် စောင့်နေခဲ့သည်။

သူသည် ခရီးသွားများက Felonia ကို မှော်ပညာနှင့် ချိတ်ဆက်ခြင်းအတွက် အဘယ်ကြောင့် အလျှော့မပေးနိုင်သည်ကို နားမလည်နိုင် ဖြစ်နေသည်။။ သို့သော်၊ ဒါက အခြားလျှို့ဝှက်မစ်ရှင်အတွက် အရိပ်အမြွက်သာ မဟုတ်ပါက သူ့ကိစ္စ မဟုတ်ပေ...

ဟန်ရှောင်း အတွေးလွန်ရာမှ သတိပြန်ဝင်လာ၏။ ခရီးသွားများ ထွက်သွားပြီးနောက် ပုန်းအောင်းနေရာမှ ပြန်ထွက်လာသည်။ သူသည်လည်း မည်သည့်လမ်းကြောင်းကို ရွေးချယ်ရမှန်း မသေချာဘဲဖြစ်နေသည်။

လမ်းညာဘက်မှာ မွန်းစတားတစ်ကောင်ရှိနေတယ်လို့ ခရီးသွားတွေက ပြောခဲ့သည်။ သို့သော် လက်ဝဲဘက်ရှိ လမ်းကြောင်းသည် လူမသိသေးသော နယ်မြေဖြစ်ပြီး ပို၍ အန္တရာယ်ရှိနိုင်သည်။ သူဘယ်လိုဆုံးဖြတ်ရမလဲ။

ငါ့ရဲ့ အတွေ့အကြုံအရဆိုရင်၊ ဒီခရီးသွားတွေက ငါ့ကို ထောင်ချောက်ထဲ မြှူဆွယ်ဖို့ ငါးစာတွေ။ ညာဘက်မှာ မွန်းစတားတစ်ကောင်ရှိတယ်ဆိုတာ အရိပ်အမြွက်ပြကြတယ်။ သူတို့စကားတွေမှာ အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်ခုရှိတယ်။ ပထမအချက်က သူတို့မှန်တယ်။ ဒုတိယအချက်က ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်ဘက်လမ်းသို့ ပို့နေတာ ဖြစ်တယ်။

ဟန်ရှောင်းသည် သွားများကို တင်းတင်းကြပ်ကြပ် ကြိတ်ကာ ညာဘက်လမ်းကို လျှောက်ရန် ရွေးချယ်လိုက်သည်။ ဘာမှမသိရခြင်းကသည် မွန်းစတားထက် ပိုကြောက်စရာကောင်းသည်။ ထို့နောက်တွင် သူသည် ဆင်းလာစဉ်အတွင်း မြင်ခဲ့သော ပိုးမွှားများနှင့် သူတို့၏ နီရဲနေသော မျက်လုံးများကို သတိရလိုက်သည်။ ထိုကြောက်စရာကောင်းသော တွားသွားကောင်များထဲသို့ သူတိုးဝင်မိသွားလျှင် သူ့အရေပြားများ စုတ်ပြတ်ထွက်သွားအောင် အကိုက်ခံရမည်ဖြစ်သည်။

ဟန်ရှောင်းသည် အပူလှိုင်းလျှပ်စစ်လက်အိတ်ကို ၀တ်ထားသည်။ ဓါတ်မီး မသုံး‌တော့ပေ။ သူ့မှာ ညဘက်မျက်မှန်ကို တပ်ဆင်ထား၏။ ညာဘက်က လမ်းကြောင်းထဲကို ဝင်သွားသောအခါ၊ သူ့အမြင်အာရုံတွင် စိမ်းညို့မည်းမှောင်နေ၏။ ရှေ့လမ်းကို သဲသဲကွဲကွဲ မမြင်နိုင်ပေ။

မြေပြင်ပေါ်တွင် ပုံမှန်မဟုတ် ကြီးမားသော ခြေရာများရှိသည်။ ခြေရာများသည် မွန်းစတား၏လက်ရာဖြစ်သည်။ လူသားများကဲ့သို့ပင် မွန်းစတားသည် ခြေထောက်နှစ်ဖက်နှင့် ခြေတစ်ဖက်စီတွင် ခြေချောင်းငါးချောင်း ရှိသည်။ မွန်းစတားကြီးသည် အမြင့်သုံးမီတာခန့်ရှိမည်ဟု ခန့်မှန်းရသည်။

ဟန်ရှောင်း ခဏကြာ လမ်းလျှောက်လာရင်း တံခါးကျယ်ကျယ်ပွင့်နေသော အခန်းတစ်ခု တွေ့လိုက်ရသည်။ မွန်းစတား၏ခြေရာများသည် ထိုနေရာတွင် ရပ်သွားသည်။

ဟန်ရှောင်းသည် တံခါးနားသို့ အသာတိုးကပ်လိုက်သည်။ အသားပုပ်ကဲ့သို့ ရွံရှာဖွယ် အနံ့အသက်ကို ရှူမိသွားသည်။ ထို့ပြင် သွေးနံ့သင်းသင်းလေးလည်း ရှိနေ၏။

သူက ခေါင်းကိုမော့ပြီး အခန်းတွင်းကို လှမ်းကြည့်လိုက်သည်။

ကြေးခေါင်းလောင်းလို ကြီးမားသော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်။ သူသည် မွန်းစတားနှင့် မီတာဝက်သာ ကွာဝေး‌တော့သည်။

ဟန်ရှောင်းမှာ ထိတ်လန့်တုန်လှုပ်သွားလေသည်။

အခန်း (၁၀၁) ပြီး၏။

လင်းဆက်

+++++

All Chapters