← Chapters

Rothschild

Vol. 7 Ch. 105

Rothschild

Vol. 7 Ch. 105

အခန်း (၁၀၅) Rothschild

ဟန်ရှောင်းသည် သူ့ပိုက်ဆံအိတ်ထဲရှိ များပြားလှစွာသော ငွေများကို စိတ်ရှိသလို သုံးစွဲနိုင်သည်။ သူသည် ဖေဘီယန်ကုမ္ပဏီမှ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းအသစ်တစ်သုတ်ကို ဝယ်ယူခဲ့သည်။

တစ်ရက်အတွင်း သူ့အလုပ်တိုးတက်ခြင်းမှ ကျွမ်းကျင်မှုကို အသုံးပြု၍ ဟန်ရှောင်းသည် သူ၏စက်ပစ္စည်းအားလုံးကို အဆင့်မြှင့်တင်ပြီး ပစ္စည်းအသစ်များအတွက် ဒီဇိုင်းပုံစံများကို ပြုလုပ်ခဲ့သည်။

လျပ်စစ်သံလိုက်လျပ်ပြေးဖိနပ်သည် သတ္တုဘွတ်ဖိနပ်တစ်ရံနှင့် ဆင်တူ၏။ ခြေဖဝါးများတွင် မျက်နှာပြင်ပွတ်တိုက်မှုကို လျှော့ချရန် လျှပ်စစ်သံလိုက်စက်ကွင်းကို အသုံးပြုနိုင်သည့် အထူးကိရိယာတစ်ခု ပါရှိသည်။ ဘွတ်ဖိနပ်အတွင်းရှိ စွမ်းအင်မြင့်ဘက်ထရီမှ အသုံးပြုရန်စွမ်းအင်ကို ထုတ်လွှတ်ပေးသည်။ အသုံးပြုသူသည် ကားနှင့် ယှဉ်နိုင်သည့် အလွန်မြင့်မားသော အရှိန်ဖြင့် ရေခဲစကိတ်စီးသကဲ့သို့ မည်သည့် မျက်နှာပြင်တွင်မဆို လျှောဆင်းနိုင်ပြီး ဖြတ်သန်းနိုင်သည်။ ဘတ်ထရီသည် အမြင့်ဆုံး ပါဝါအသုံးပြုချိန်တွင် ဘွတ်ဖိနပ်များအတွက် လုံလောက်သော စွမ်းအင်ကို မိနစ်နှစ်ဆယ်ကြာ ပေးစွမ်းနိုင်သည်။

ထို့နောက် ဟန်ရှောင်းသည် ဘွတ်ဖိနပ်ကို ငွေရောင်နှင့် အနက်ရောင် အစင်းကြောင်းများဖြင့် ခြယ်သကာ စတိုင်ကျအောင် ပြုလုပ်လိုက်သည်။ ထို့အပြင် သူသည် လေ၀င်လေထွက်ကောင်းသော ချည်ထိုးခြင်း၊ ပျော့ပျောင်းသောကူရှင်တစ်ခုနှင့် ဘွတ်ဖိနပ်များအတွက် အပြင်ပိုင်းသားရေကို အဆင်ပြေအောင် ထည့်သွင်းလိုက်သည်။ ယခု ဘွတ်ဖိနပ်တွေက နေ့တိုင်းဝတ်ဆင်ရန် အဆင်ပြေသွား၏။ တိုက်ပွဲများတွင်သာ ပြောင်းလဲဝတ်ဆင်ရန် မလိုအပ်တော့ပေ။

မကြာမီ၊ Rothschilds၏ ကိုယ်စားလှယ်က သူနှင့်လာရောက်တွေ့ဆုံသည်။

ဗစ်တိုးရီးယားဟိုတယ်တွင် Alphonsus က VIP ခန်းတွင် ထိုင်နေ၏။ ဧည့်သည်ရောက်လာတာကို စောင့်ရင်း လက်နှစ်ဖက်ကို ဒူးပေါ်တင်ထား၏။

တံခါးဖွင့်ပြီး ဟန်ရှောင်း ဝင်လာချိန်တွင် Alphonsus က ထကာ သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ ယောကျာ်းဆန်ပြီး သံလိုက်ဓါတ်ပါသော လေသံဖြင့် "ငါက Rothschild မိသားစုထဲက Alphonsus ပါ။ ငါ မင်းနဲ့ ကိစ္စတချို့ ဆွေးနွေးချင်တယ်"

ဟန်ရှောင်းက လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူ ခဏလောက် လှုပ်ခါနေချိန်မှာ သူ့လက်မနဲ့ လက်ညိုးကြား နေရာကို တင်းတင်းကြပ်ကြပ် လာဖိနေသော Alphonsus ရဲ့ လက်မကို ခံစားလိုက်ရသည်။ ဤကဲ့သို့ လက်ဆွဲနှုတ်ဆက်ခြင်းမျိုးသည် အာဏာပိုင်တစ်ဦးအတွက် ထုံးစံဖြစ်ပြီး အများအားဖြင့် အခြားသူတစ်ဦးကို လွှမ်းမိုးချုပ်ကိုင်ရန် အသုံးပြုကြသည်။ ဤလက်ဆွဲနှုတ်ဆက်ခြင်းမျိုးသည် သူ့အဘိုးကလည်း လုပ်ခဲ့ဖူး၍ ဟန်ရှောင်းအတွက် အလွယ်တကူ မှတ်မိနေ၏။

နိယာမသည် ရိုးရှင်း၏ - နှာဘူးကျသူများသည် မိန်းကလေးနှင့် လက်ဆွဲနှုတ်ဆက်သောအခါ သူမ၏လက်ကို အသာအယာ ကုတ်ခြစ်လိုက်သကဲ့သို့၊ မတူညီသောအဆင့်အတန်း၊ အလုပ် သို့မဟုတ် စရိုက်လက္ခဏာတစ်ခုခု ရှိသူတစ်ဦးသည် မတူညီသောအလေ့အထရှိမည်ဖြစ်သည်။ သူ့အထက်လူကြီးထံမှ မျက်နှာသာရလိုသော လက်အောက်ငယ်သားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားသူ အမျိုးသား၊ သူစိမ်းတစ်ယောက်နှင့်တွေ့ဆုံသည့်သူ သို့မဟုတ် အချင်းချင်း တိုက်ခိုက်နေကြသည့် အဆင့်အတန်းမြင့်သော လူနှစ်ဦး စသည်တို့အပေါ် မူတည်ပြီး လက်ဆွဲနှုတ်ဆက်ခြင်းမှာ အလွန်ကွာခြားသည်။

Alphonsus သည် ရိုးရိုးသံတမန်တစ်ဦးမဟုတ်ကြောင်း ထင်ရှား၏။ ဟန်ရှောင်းသည် Rothschild မိသားစုနှင့် တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။

နှစ်ယောက်စလုံး ထိုင်နေကြစဉ် Alphonsus က “နှင်းဆီစစ်သွေးကြွအတွက် တာဝန်က သုံးနှစ်နီးပါး စာရင်းမှာ ပါဝင်ခဲ့ပြီးတော့ လုပ်ကြံသတ်ဖြတ်သူ အများကြီး စိတ်ပျက်ဖို့ကောင်းလောက်အောင် ကျရှုံးခဲ့ကြတယ်။ မစ္စတာဘလက်က တစ်ယောက်တည်းနဲ့ အောင်မြင်ခဲ့တာဆိုတော့ အတော်ကို အံ့သြဖို့ကောင်းတာပဲ။"

“ကျွန်တော့်ကို မြှောက်ပြီး ပြောနေပါပြီ။ ဒါက ပုံမှန်စစ်ဆင်ရေးတစ်ခုပါပဲ၊ ချီးကျူးစရာမရှိပါဘူး။”

ဒါပေမယ့် မင်းလေသံသည် နှိမ့်ချတဲ့ပုံ လုံးဝမရှိဘူးလေ၊ Alphonsus တိတ်တဆိတ် တွေးလိုက်သည်။

နှစ်ယောက်သား စကားအနည်းငယ်ပြောကြပြီး ဟန်ရှောင်းသည် လိုရင်းသို့ တိုက်ရိုက်သွားလိုက်သည်။ “ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ဖောက်သည်နှင့် လုပ်ကြံသတ်ဖြတ်သူကြား အကန့်အသတ်ပဲ။ တာဝန်လည်း ပြီးသွားပြီဆိုတော့ ကျွန်တော်တို့ နောက်ထပ် ဆက်သွယ်ဖို့ မလိုတော့ဘူး။ မင်းက တခြားအရာအတွက် ငါ့ဆီလာတာ ရှင်းနေတာပဲ။"

"မင်းမှန်တယ်။ ငါ မင်းကို မေးခွန်းနည်းနည်း မေးချင်လို့။" Alphonsus ခေါင်းညိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ရှေ့သို့ ကိုင်းညွတ်သွားပြီး တင်းမာသည့် အရိပ်အမြွက်ကို ဖန်တီးလိုက်သည်။ သူက ဟန်ရှောင်းကို စိုက်ကြည့်ပြီး "ဆိုမာ သဲကန္တာရထဲက စွန့်ပစ်ထားတဲ့ အခြေစိုက်စခန်းကို ရောက်ခဲ့တာလား။"

Alphonsus သည် ဟန်ရှောင်း၏ အမူအရာနှင့် မျက်လုံးများကို စဉ်ဆက်မပြတ် စောင့်ကြည့်နေသည်။ သူ တုံ့ဆိုင်းနေတဲ့ အရိပ်အမြွက်ပြရင် ဟန်ရှောင်းလိမ်နေတယ်ဆိုတာကို သူချက်ချင်းသိလိမ့်မယ်။ Rothschild မိသားစုသည် စခန်းမှ ရရှိလာသော ဒိုင်ယာရီမှ သုတေသနပရောဂျက်ကို သိရှိခဲ့ပြီး သူတို့သည် ၎င်းကို အလွန်တန်ဖိုးထားခဲ့သည်။ Felonia သွေးရည်ကြည်ကို ရနိုင်လျှင် ၎င်းမှ ထူးခြားသော ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။

သူ့အံ့သြသွားသည်က ဟန်ရှောင်းသည် အဝါရောင်သွေးရည်ကြည် ပြွန်တစ်ခုကိုထုတ်ပြီး စားပွဲပေါ် တိုက်ရိုက်တင်လိုက်တယ်။

“မင်းရဲ့ စျေးနှုန်းကိုပြော” လို့ သူက ပုံမှန်အတိုင်းသာ ပြောလိုက်၏။

Alphonsus အံ့အားသင့်သွားသည် - ဟန်ရှောင်းသည် ဤမျှပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

“ဒီပစ္စည်းက ကျွန်တော့်အတွက် အသုံးမဝင်ဘူး။ မင်းလိုချင်တယ်ဆိုရင် ဝယ်ယူနိုင်တယ်။"

Alphonsus သည် သွေးရည်ကြည်ကို တစ်ချက်ကြည့်လိုက်သည်။ Rothschild မိသားစုကို လှည့်စားရဲတဲ့သူတွေအားလုံး အကုန်သေကုန်ပြီဖြစ်သောကြောင့် ဟန်ရှောင်းက သူ့ကို လိမ်မှာ မစိုးရိမ်ပေ။

"မင်းဘယ်လောက်လိုချင်လဲ?"

"မင်းရဲ့ ရိုးသားမှုပေါ်မှာပဲ မူတည်တယ်" ဟန်ရှောင်း ပြုံးပြီး တွေးရခက်အောင် ကြည့်နေသည်။

ဒီသဘောထားက Alphonsus ကို ခေါင်းကိုက်စေ၏။ ဟန်ရှောင်းသည် သွေးရည်ကြည်၏တန်ဖိုးကို မသိဟု သူမျှော်လင့်ထားသော်လည်း၊ သူ၏အပြုအမူအပေါ်အခြေခံလျှင် ထိုသို့ မဖြစ်နိုင်ပေ။ အချိန်အတော်ကြာ ချီတုံချတုံဖြစ်နေပြီး ရိုးသားသောကမ်းလှမ်းမှုတစ်ခုပြုလုပ်လိုက်သည်။ ပစ္စည်း၏ရှားပါးမှုနှင့် နှိုင်းယှဥ်သော် မြင့်မားသော စျေးနှုန်းတော့မဟုတ်ပေ။

"တစ်သန်း။"

စေ့စပ်ညှိနှိုင်းသူတိုင်းသည် အမြဲတမ်း ဈေးအနိမ့်မှ စတင်တတ်သည်။ သူတို့အားလုံးသည် ယဉ်ကျေးသော လူကြီးလူကောင်းများဖြစ်သောကြောင့် သတ်ဖြတ်လုယက်ခြင်းကဲ့သို့သော အရာမျိုးမရှိပေ။ ထို့ကြောင့်၊ Alphonsus သည် ၎င်းကို ငွေကြေးကို အကြီးအကျယ်သုံးစွဲရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဟန်ရှောင်းသည် သူ့နှုတ်ခမ်းများကို ဖြည်းညှင်းစွာ မလှုပ်ရှားမီ Alphonsus ကို ခဏလောက် စိုက်ကြည့်နေသည်။ “ဒီဈေး… မင်း ရိုးသားမှု လုံးဝမပြဘူး”

Alphonsus သည် သူ၏ စေ့စပ်ညှိနှိုင်းရေး စကားကို ပြင်ဆင်တော့မည် ဖြစ်သည်။

"ကျွန်တော်လက်ခံတယ်။"

“ဒီသွေးရည်ကြည်က နှစ်ဒါဇင်အနည်းငယ်ကြာအောင် သိမ်းထားခဲ့တာဆိုတော့ အလုပ်လုပ်နေသေးသလားတောင် မသိဘူး။ ဒါဆို တန်ဖိုးက အရမ်းလျော့သွားမှာနော်၊ ငါ ..."

"နေပါဦး။ ဒီစျေးနှုန်းကို မင်းသဘောတူတယ်" Alphonsus အံ့သြသွားပုံပေါ်သည်။

ဟန်ရှောင်းသည် သွေးရည်ကြည်ကို Alphonsus ဆီသို့ တွန်းတင်လိုက်ပြီး ပြုံးလိုက်သည်။ "ဒါက မိတ်ဆွေဖွဲ့ဖို့အတွက်ပါ။"

Alphonsus သည် ၎င်းကို ငွေကြေးကို အကြီးအကျယ်သုံးစွဲရန် မူလက စီစဉ်ထားသောကြောင့် ဟန်ရှောင်းကို သဘောကျစပြုလာသည်။

သူက သွေးရည်ကြည်ကို သိမ်းလိုက်ပြီး သူ့ကိုယ်သူ ပြန်သတိရသွားတယ်။ “ငွေတွေကို မင်းအကောင့်ထဲ အမြန်ဆုံး လွှဲပြောင်းပေးမယ်။ ဒါ့အပြင်၊ မင်းက Rothschild နဲ့ ခင်မင်ရင်းနှီးမှု ရရုံမကဘူး၊ ငါနဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိသွားပြီ။"

_________________________________

သင်သည် စခန်းအသစ်တစ်ခုနှင့် ဂုဏ်သတင်းကို ဖွင့်လိုက်ပါပြီ။

Rothschild မိသားစုနှင့် ဂုဏ်သတင်းသည် အမှတ် ၁,၈၀၀ တိုးလာပါသည်။

Rothschild မိသားစု - ရင်းနှီးခြင်း (၁,၈၀၀/၃,၀၀၀)

————————————————————————

ဟန်ရှောင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ငွေကြေးအချို့ကို စွန့်လွှတ်ခြင်းဖြင့် Rothschild မိသားစုနှင့် ဂုဏ်သတင်းအမှတ်များရရှိခြင်းသည် သူ့အတွက် အလွန်ကောင်းမွန်သော အပေးအယူတစ်ခု ဖြစ်သည်။ သူက အခြားနေရာများမှ ငွေအမြဲရှာနိုင်သော်လည်း စခန်းအသစ်တစ်ခုကို ဖွင့်ရန်အခွင့်အရေးသည် တစ်ခဏသာ ဖြစ်သည်။

အချို့သော မိသားစုလုပ်ငန်းစုများနှင့် ကော်ပိုရေးရှင်းများသည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သည်။ စစ်ကြီးဖြင့် နှစ်ခြင်းခံရပြီးနောက်၊ အချို့သောမိသားစုများ ကွယ်ပျောက်သွားကြသော်လည်း၊ အချို့သောမိသားစုများသည် ပို၍နက်ရှိုင်းစွာ အမြစ်တွယ်လာသည်။ သူတို့၏ သြဇာလွှမ်းမိုးမှုသည် စစ်တပ်၊ နိုင်ငံရေး၊ စီးပွားရေးနှင့် မာဖီးယားဂိုဏ်းများအပါအဝင် တိုင်းပြည်၏ ကဏ္ဍပေါင်းစုံသို့ ရောက်ရှိသွားနိုင်၏။ Rothschild သည် ထိုကဲ့သို့သော မိသားစုများထဲမှ တစ်ခုဖြစ်ပြီး ဟန်ရှောင်းသည် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ကို သိထားသည်။ ကစားသမားများအတွက်၊ ဤသည်မှာ ပံ့ပိုးမှုအမျိုးအစား စခန်းတစ်ခုဖြစ်သည်။ သူတို့သည် ထိုစခန်းများမှ ရှားပါးပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်သည်။

Rothschilds များသည် အနက်ရောင်ကွန်ယက်အဖွဲ့အစည်း၏ မဟာမိတ်များထဲမှ တစ်ခုဖြစ်ပြီး၊ သူသည် အဖွဲ့အစည်းအတွင်းတွင် သူတို့ကို ကျောထောက်နောက်ခံအဖြစ် အသုံးပြုနိုင်သည်။ ထိုအရာက သူ့အား အကျိုးကျေးဇူးများ ပိုမိုရရှိစေမည်ဖြစ်သည်။

မျိုးဗီဇရောစပ်ဆေးမပါရင် Felonia သွေးရည်ကြည်က သူ့အတွက် အကျိုးကျေးဇူးတွေ မပေးနိုင်ပေ။ ထို့ကြောင့် အမြတ်နည်းနည်းနဲ့ ရောင်းလိုက်တာ ပိုကောင်း၏။ ဘာပဲဖြစ်ဖြစ်၊ သူသည် သွေးရည်ကြည်၏ နောက်ဆုံးပြွန်တစ်ခုကို ကိုင်ထားသေးသည်။

သူ့အကောင့်ထဲတွင် နောက်ထပ်ဒေါ်လာတစ်သန်းနဲ့ သူ့ရဲ့လက်ရှိငွေစာရင်းက ဒေါ်လာခြောက်သန်းအထိ ရှိလာသည်။ ၎င်းတို့သည် ၎င်း၏အကောင့်တွင် ဂဏန်းများသာဖြစ်နိုင်သော်လည်း၊ ခြုံငုံကြည့်လျှင် ဗားရှင်း ၁.၀ ရှိ အဆင့် ၃၀ ကစားသမားများသည် ဒေါ်လာနှစ်သောင်းထက် ပိုရှိပါက ချမ်းသာသည်ဟု ယူဆကြသည်။ ဒေါ်လာတစ်သန်းအထက်ဆိုလျှင် အလွန်ကြီးမားသော ကိန်းဂဏန်းအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး၊ ဂိုဏ်းကြီးများတွင်သာ ထိုကဲ့သို့သောငွေများရှိသည်။

အပေးအယူပြီးနောက်တွင် လေထုသည် ပိုမိုသဟဇာတဖြစ်လာသည်။

"Felonia ဆိုတာ အတိအကျက ဘာလဲ" ဟန်ရှောင်းက စပ်စုလိုက်သည်။

ဤကဲ့သို့ ရိုးရှင်းသော သွေးရည်ကြည်ကို မတူညီသော အုပ်စုများစွာက မျက်စိကျစေသည့်အချက်ကို သူ အံ့ဩမိနေသည်။

Alphonsus သည် ပျော်ရွှင်သော ခံစားချက်ဖြင့် ရှိနေသောကြောင့် သူက “ဆိုမာ သဲကန္တာရမှာ ရှေးခေတ်စစ်ပွဲတွေနဲ့ ရောထွေးနေသော နိုင်ငံတစ်ခု ရှိတယ်။ သူတို့က Felonia ပရောဂျက်လို့ခေါ်တဲ့ သုတေသနပရောဂျက် အကြီးကြီးတစ်ခုကို စတင်ခဲ့ကြတယ်။ နိုင်ငံရဲ့ ဒဏ္ဍာရီပုံပြင်က နာမည်ကိုယူထားပြီး၊ အဲဒီပရောဂျက်မှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်အသီးသီးမှာ သုတေသနပြုလုပ်ဖို့အတွက် စစ်အခြေစိုက်စခန်းများစွာ တည်ဆောက်ခြင်းစီမံကိန်းဆိုတာ ပါတယ်။ ဒီသွေးရည်ကြည်က သူတို့ရဲ့ သုတေသနလမ်းညွှန်ချက်တွေထဲက တစ်ခုပဲ။”

“ဒီလိုဖြစ်လာတာကိုး။ မှော်ဆန်တဲ့ အပျက်အစီးတွေ ရှိတယ်လို့ တကယ်ပဲ ထင်ခဲ့တာ။” ဟန်ရှောင်သည် နောက်ဆုံးတွင် အလုံးစုံကို နားလည်သွားသည်။

Alphonsus ရယ်မောလိုက်သည်။ “ဒီကမ္ဘာမှာ မှော်ပညာဆိုတာ မရှိပါဘူး။ မင်း အတွေးလွန်နေတာလား။"

ဟန်ရှောင်းက ရယ်ပြီး သူ့မေးစေ့ကို ထိလိုက်တယ်။ ရေပင်လယ်ဂြိုလ်မှာ မှော်ပညာတစ်ခုမှ မရှိသင့်ပေမယ့် ဘာကြောင့် ဒီအကြောင်းကို ထူးထူးဆန်းဆန်း ခံစားနေရတာလဲ။

...

မြေကြီးအောက်၊ နက်ရှိုင်းသော အနက်ရောင် တွင်းကြီးတစ်ခုတွင်၊ သဲနုများသည် ကျောက်ဆောင်များကြားမှ ရံဖန်ရံခါ ကျဆင်းသွားကြသည်။

တစ်စုံတစ်ယောက် ရှူရှိုက်နေသကဲ့သို့ ဂူအတွင်း မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော လေပြင်းများ ပဲ့တင်ထပ်သွားသည်။ နောက်ခံတွင် မိုးခြိမ်းသံကဲ့သို့ အသံများကို ဝိုးတဝါး ကြားနေရသည်။

ရုတ်တရက် အမှောင်ထဲတွင် ဘဲဥပုံသဏ္ဍာန် မီးလုံးကြီး ခြောက်လုံး ထွန်းညှိလာသည်။ ၎င်းတို့သည် ရွှေအိုရောင်ရှိပြီး သပ်ရပ်ပြီး အချိုးကျသော အတန်းနှစ်တန်း ခွဲခြားထားသည်။ ထိုအရာကို ကြည့်လိုက်လျှင် မီးလုံးတစ်ခုစီ၏ အချင်းဝက်သည် ဆယ်မီတာကျော်ရှိသည်။

'မီးလုံးကြီး' သည် မှိတ်တုတ်မှိတ်တုတ်ဖြင့် လျှင်မြ

န်စွာ လင်းလက်လာသည်။ မျက်လုံးများ မျက်တောင်ခတ်လိုက်သကဲ့သို့ပင်။

မျက်စိများ။

အခန်း (၁၀၅) ပြီး၏။

လင်းဆက်

+++++

All Chapters