အပိုင်း(၅၃၃)
Vol. 36 Ch. 533
“ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်… ကောလဟာလတွေအရ အဲ့တာကို ထိုက်မိသားစုရဲ့ဘိုးဘေးက ဖန်တီးခဲ့တာတဲ့.ထိုက်မိသားစုဘိုး
ဘေးကထိုက်လုံလို့ခေါ်ပြီးတော့ အဲ့တာကိုသူ့နမည်ပေးခဲ့တာ.. နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် ထိုက်မိသားစု မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ဆီ
လက်ဆင့်ကမ်းလာခဲ့တာ”
ထိုက်စမ်အပါအဝင် ထိုက်မိသားစုဝင်အယောက်သုံးဆယ်တို့က စတင်၍ လက်သင်္ကေတဆီးလ်တို့ကို ပုံဖော်ကြသည်။သူတို့၏လက်သင်္ကေတ
များက အဆက်မပြတ်ပြောင်းလဲနေပြီး သူတို့ြ၏ရှေ့၌လက်ချောင်းတို့၏အရိပ်
များပင်ဖြစ်ပေါ်နေ၏။
ထိုက်မိသားစုဝင်များက လက်သင်္ကဆီးလ်တို့အားပုံဖော်
နေသကဲ့သို့ အား ကောင်းသောမမြင်နိုင်သည့်စွမ်း
အင်တစ်ခုက ရှစ်ဖုန့်၏အထက်ညကောင်းကင်ယံထဲ
တွင်ပေါ်လာသည်။ ထို့နောက် ကြီးမားပြီး ဝိုးတိုးဝါးတားဖြစ်နေသော အရိပ်တစ်ခုက မမြင်နိုင်သောစွမ်းအားအထက်၌ပေါ်လာ၏။
၎င်းကအောက်တွင်ရှိနေသော ရှစ်ဖုန့်နှင့် ရှောင်းယီတို့အားလွှမ်းခြုံသွားသည်။
ရှစ်ဖုန့်က သူ့အထက်ရှိစွမ်းအင်အား
အာရုံခံမိပြီး သူ၏ ခေါင်းကိုမော့၍ ကြီးမားသော မှုန်းဝါးဝါးအရိပ်ကြီးအားကြည့်လိုက်သည်။ သို့သော် ဤအချိန်တွင် ဧရာမမှုန်ဝါးဝါးအရိပ်ကြီးက ရုတ်တရက်ထိုးဆင်းလာပြီး ရှစ်ဖုန့်နှင့်ရှောင်းယီတို့အား လွှမ်းခြုံလိုက်၏။
“ငါ့.ငါ့ကိုယ်က ..ငါလှုပ်လို့မရတော့ဘူး”
မှုန်ဝါးဝါးအရိပ်အတွင်း၌ရှိနေသောရှောင်းယီက အလန့်တကြားအော်လိုက်သည်။ထို့နောက် သူမ၏အကြည့်တို့အား ဘေး၌ရှိနေသော ရှစ်ဖုန့်ထံသို့ပြောင်းလိုက်သည်။
သို့သော် ရှစ်ဖုန့်သည်လည်းမှုန်ဝါးဝါးအရိပ်အ
တွင်း၌ရှိနေသည်ကိုသူမမြင်ရသော်လည်း ယခင်ကနှင့်ဘာမှကွာခြားချက်မှမရှိသည်ကိုတွေ့ရ၏။
“ရှင်…ရှင်ဘာမှမခံစားရဘူးလား. ကျွန်မကိုယ်က လှုပ်မရဘူး”
ဘာကိုမှသတိထားမိခြင်းမရှိသကဲ့သို့ရှစ်ဖုန့်၏ အမူအယာက ပြောင်းလဲခြင်းမရှိသည်ကိုတွေ့
ရသောအခါတွင် ရှောင်းယီကမေးလိုက်သည်။
“ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်
ကိုအခုရပ်လိုက်ကြ”
ရှစ်ဖုန့်ဘာမှမပြောခင်အရင် ထိုက်မိသားစုခေါင်းဆောင်ထိုက်စမ်က သူ၏လက်သင်္ကေတဆီးလ်တို့အား
ရပ်တန့်လိုက်ပြီး သူ့နောက်တွင်ရှိနေသော ထိုက်မိသားစု အဖွဲ့ဝင်များအား လက်ဝေ့ယမ်းပြလိုက်သည်။
အမိန့်အားလက်ခံရရှိပြီးနောက် ထိုက်မိသားစုအဖွဲ့ဝင်များက သူတို့၏လက်သင်္ကေတဆီးလ်များအား ရပ်တန့်လိုက်ကြသည်။
ဤအချိန်တွင် ထိုက်စမ်၏အကြည့်တို့က အရိပ်တို့ဝန်းရံနေသော ရှစ်ဖုန့်ပေါ်သို့စူးစိုက်ထားပြီး ပြောလိုက်သည်။
“သူတောင်းစားလေး”
ထို့နောက်ထိုက်စမ်၏ ပုံရိပ်က ဖျက်ခနဲလှုပ်ရှားသွား၏။ မျက်စိတစ်မှိတ်အတွင်း သူလည်းမှုန်းဝါးဝါးအရိပ်အတွင်းသို့ဝင်ရောက်လိုက်ပြီး ရှစ်ဖုန့်ရှေ့၌ပေါ်လာသည်။
ရှစ်ဖုန့်အားကြည့်ရင်း ထိုက်စမ်အံကိုကြိတ်၍ ပြောလိုက်သည်။
“သူတောင်းစားလေး. ငါ့သားခက်အားကိုမင်းသတ်တုံးက လက်ရှိအခြေနေကိုရောက်မယ်လို့တွေးခဲ့လား
.မင်းအတွက်နောက်ဖြစ်လာမှာတွေ
ကိုစဉ်းစားခဲ့လား… မင်းကိုငါ့သားခက်အာထက်အဆ
တစ်ထောင်လောက်နာကျင်အောင်
ငါလုပ်ပြမယ်”
ခက်ထန်နေသောထိုက်စမ်အား ရင်ဆိုင်ရင်း ရှစ်ဖုန့်က တည်ငြိမ်နေဆဲဖြစ်သည်။ သူကအေးအေးလူလူပင်ပြောလိုက်၏။
“လူအများအကြီးက ဒီသခင်လေးကိုတူညီတဲ့အကြောင်း
အရာကိုပဲပြောခဲ့ကြပေမဲ့ အဆုံးသတ်ကြသူတို့အားလုံးသေသွားကြတယ်.. အဘိုးကြီး ခင်ဗျားလည်းချွင်းချက်မရှိဘူး”
“သူတောင်းစားလေး. မင်းသေရတော့မှာကို ငါ့အရှေ့မှာ အဓိပ္ပါယ်မရှိတာတွေလာပြောနေတယ်လား. ငါမင်းကိုမေးပါရစေ…ခက်အာနဲ့မင်း
နဲ့အာဃာတတွေများရှိလို့လား.
မင်းဘာလို့အရမ်းရက်စက်ရတာလဲ. ဘာလို့လဲ”
ထိုက်စမ်မှာ ရှစ်ဖုန့်အားခက်ထန်စွာပြောဆိုနေရင်း ကြမ်းကြုတ်သောအမူအယာအား
လှစ်ဟာပြထားသည်။ အထူးသဖြင့်နောက်ဆုံးစကားများ
အားပြောသောအခါတွင် ရှစ်ဖုန့်အားခုန်အုပ်ကာ ကိုက်သတ်ပစ်ချင်နေသည့် ခွေးရူးတစ်ကောင်းကဲ့သို့ဖြစ်နေ၏။
ထိုက်စမ်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က အေးအေးဆေးဆေးပင်ပြောလိုက်သည်။
“ခင်ဗျားရဲ့ အသုံးမကျတဲ့သားအကြောင်းကို ပြောနေတာလား…ဒီသခင်လေးက
သူ့ကိုစိတ်ပျက်ဖို့ကောင်းတယ်လို့ထင်
တာကြောင့် ထွက်သွားဖို့ပြောခဲ့တယ်. သူကထွက်မသွားရုံတင်မကဘူး. ဒီသခင်လေးရဲ့နတ်ဆိုးသားရဲကိုပါ
တိုက်ခိုက်တယ်လေ. သူကအရမ်းသူ့ကိုယ်သူသွေးနထင်
ရောက်နေတော့ ဒီသခင်လေးကမီးတောက်တစ်ခုကို ထုတ်လွှတ်ပြီးသေတဲ့အထိမီးရှို့ပစ်လိုက်တာ”
သူ၏စကားအဆုံး၌ရှစ်ဖုန့်ကခပ်
ယဲ့ယဲ့ပြုံးလိုက်သည်။
“မင်း. ငါ့ရဲ့အဖိုးတန်ခက်အာကို ဒီအတိုင်းသတ်ပစ်လိုက်တာပေါ့.. မင်း..သောက်ကောင်.. သူတောင်းစားလေး. သောက်ချီးပဲ…သောက်လခွီးပဲ…”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ထိုက်စမ်ဒေါသအိုးပေါက်ကွဲသွားသည်။
“အား”
ထိုက်စမ်ထပ်မံဒေါသတကြီးကြုံးဝါးလိုက်၏။ သူ၏ ညာလက်အားဆန့်ထုတ်၍ ရှစ်ဖုန့်၏မျက်နှာအားဖြတ်ရိုက်လိုက်သည်။
“အား.မဟုတ်ဘူး”
ရှစ်ဖုန့်က အေးအေးဆေးဆေးပင်ဖြစ်သည်။ သို့သော် သူ့ဘေး၌ရှိသော ရှောင်းယီကထိုက်စမ်ရှစ်ဖုန့်၏မျက်နှာ
အားဖြတ်ရိုက်လိုက်သည်ကိုတွေ့
ရသောအခါတွင် အလန့်တကြားအော်လိုက်ကာသူမ
၏မျက်နှာလေးအားလွှဲဖယ်လိုက်သည်။
ထို့သောက်ထိုက်စမ်၏ လက်က ရှစ်ဖုန်နားသို့ရောက်တော့မည့်အချိန်တွင် ရှစ်ဖုန့်၏ဘယ်လက်ကလှုပ်ရှားသွားပြီး ထိုက်စမ်၏လက်အားဖမ်းဆုပ်လိုက်သည်။
“မင်း. မင်းဘယ်လိုတောင်. မဖြစ်နိုင်တာ.. ဒါကမဖြစ်နိုင်ဘူး. ထိုက်မိသားစုဘိုးဘေးရဲ့ထိုက်လုံအ
စီအရင်ဖိနှိပ်မှုအောက်မှာ မင်းဘယ်လိုဖြစ်ပြီးတော့လှုပ်လို့ရနေ
သေးတာလဲ..မဖြစ်နိုင်ဘူး”
သူ၏ညာလက်က ရှစ်ဖုန့်ဘယ်လက်၏ ဆုပ်ကိုင်ခြင်းခံလိုက်ရသည်ကိုတွေ့
ရသောအခါတွင် ထိုက်စမ်၏ အမူအယာကပြောင်းလဲသွားသည်။ သူ က ထိတ်လန့်မှုမယုံကြည်နိုင်မှုတို့ဖြစ်နေ၏။
“ဒါက ..ဘယ်လိုဖြစ်နိုင်မှာလဲ. ဘယ်လိုဖြစ်ပြီး ထိုက်မိသားစုရဲ့ထိုက်လုံအစီအရင်အောက်မှာ သူလှုပ်ရှားလို့ရနေသေးတာလဲ”
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”
ထိုက်စမ်တစ်ယောက်သာ တုန်လှုပ်အံ့အားသင့်နေခြင်းမဟုတ်ပေ။မလှမ်းမကမ်း၌ရှိနေသော ထိုက်မိသားစုအဖွဲ့ဝင်များပင် ထိုက်လုံအစီအရင်အောက်၌ရှစ်ဖုန့်လှုပ်ရှားနိုင်သည်အားမြင်တွေ့လိုက်ရသောအခါ တုန်လှုပ်အံ့အားသင့်သွားကြသည်။
ရှစ်ဖုန့်ကထိုက်စမ်အား အေးစက်စွာကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
“ဟမ့်… ဒီလိုမျိုးအမှိုက်သရိုက် အစီအရင်က ဒီသခင်လေးကိုပိတ်ထားနိုင်တယ်ဆိုရင် ဒီသခင်လေးကျင့်ကြံခဲ့သမျှက အလဟဿမို့လိုပဲနေမှာ.. အဘိုးကြီးခင်ဗျားက ဒီသခင်လေးကို ပါးရိုက်ချင်တာလား”
“ဖြန်း”
ညအမှောင်ထဲ၌နောက်ထပ်ကြွပ်ဆပ်သော အသံတစ်ခုကထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ညာလက်က ထိုက်စမ်၏ အိုမင်းသော မျက်နှာပေါ်သို့ ဖြတ်ရိုက်လိုက်၏။ ရှစ်ဖုန့်၏ပါးရိုက်ချက်ကြောင့် ထိုက်စမ်၏ ရှေ့သွားနှစ်ချောင်းပါ ပါးစပ်ထဲမှကျွတ်ထွက်သွားသည်။
“မင်း..အား..ငါ့ကိုပါးရိုက်ရဲတယ်လား. မင်းဘယ်လိုတောင်လုပ်ရဲတာလဲ.အား.. ငရဲကိုသွားလိုက်စမ်း”
ထိုက်စမ်၏တစ်ကိုယ်လုံးက ပို၍ ပို၍ ကြမ်းတမ်းခက်ထန်လာသည်။ သို့သော် သူ၏အမူအယာကရုတ်ခြည်း
ပြောင်းလဲသွားသည်။
“ငါ့..ငါ့ရဲ့စွမ်းအား… ငါ့ရဲ့ဒန်တန်”
ရုတ်တရက်သူသိလိုက်ခြင်းမရှိပါဘဲ သူ၏ဒန်တန် ပျက်ဆီးသွားသည်ကို ထိုက်စမ် သဘောပေါက်လိုက်သည်။
သူ၏ဒန်တန်ပျက်ဆီးသွားသောအခါတွင် ထိုက်စမ်၏ မူလစွမ်းအင်တို့ကလုံးဝခမ်းခြောက်သွား၏။ သူကယခုအခါတွင် ဒုက္ခိတတစ်ဦးနှင့်ခြားနားခြင်းမရှိတော့ချေ။
“မဟုတ်ဘူး..ငါ့ရဲ့ဒန်တန်. ငါ့ရဲဒန်တန်. မင်းငါ့ရဲ့ဒန်တန်ကိုဖျက်ဆီးပစ်လိုက်တယ်”
ထိုက်စမ်မှာ ရူးသွပ်သွားသောလူတစ်ယောက်ကဲ့
သို့ဖြစ်နေသည်။
ထိုက်မိသားစု၏ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်တစ်ဦးအနေဖြင့် သူ၏ဒန်တန်ပျက်ဆီးသွားပြီး ဒုက္ခိတတစ်ယောက်ဖြစ်လာရခြင်း
ကိုသူမည်သို့လက်သင့်ခံနိုင်ပါမည်နည်း။ မည်သည့်သိုင်းပညာရှင်မဆို ဒန်တန်ပျက်ဆီးသွားခြင်းက သေခြင်းထက်ပင်ဆိုးရွားသောအရာ
တစ်ခုဖြစ်သည်။
“ခင်ဗျားရှာတွေ့သွားပြီလား”
ရှစ်ဖုန့်က ဘယ်လက်ကထိုက်စမ်၏ညာလက်အားကိုင်ထားဆဲဖြစ်သည်။ ထိုက်စမ်က ဒုက္ခိတတစ်ယောက်ဖြစ်သွားခြင်းကြောင့် သူ့၌လေထုကိုချိုးဖျက်နိုင်သောစွမ်း
အားတို့ရှိမနေတော့ပေ။ ရှစ်ဖုန့်က သူ့အားပြုတ်မကျစေရန် ကိုင်ထား၏။
ရှစ်ဖုန့်က ပေါ့ပေါ့ပါးပါးရယ်မောလိုက်ပြီးပြောလိုက်သည်။
“ ခင်ဗျားပဲ ဒီသခင်လေးရဲ့ ဒန်တန်ကိုဖျက်ဆီးပြီးတော့
ဒီသခင်လေးကို သေတဲ့အထိနှိပ်စက်ချင်တာမဟုတ်ဘူးလား ..ခင်ဗျားအတွက်ကံဆိုးချင်တော့
ဒီသခင်လေး အကြိုက်နှစ်သက်ဆုံးအရာက ဒီသခင်လေးအပေါ်အခြားသူတစ်
ယောက်ကလုပ်ချင်နေတဲ့အရာကို အဲ့လူအပေါ်မှာ ပြန်ပြီး လုပ်ရတာပဲ..အခု ခင်ဗျားရဲ့အသုံးမကျတဲ့သား သေသွားရတဲ့အရသာကို ခင်ဗျားကိုမြည်းစမ်းခွင့်ပေးမယ်”
ရှစ်ဖုန့်စကားပြောရင်း ထိက်စမ်အားကိုင်ထားသည့်သူ၏
ဘယ်လက်မှရုတ်တရက်အေးစက်ပြီးသော သွေးနီရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထိုက်စမ်၏လက်တစ်ဖက်လုံးလျှင်မြန်စွာမီးကူးသွားပြီး လက်မောင်းတစ်လျှောက်မှတစ်ဆင့် တစ်ကိုယ်လုံးဆီသို့ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း ထိုက်စမ်၏ တစ်ကိုယ်လုံးကယခင်သူ၏သားဖြစ်သူ ထိုက်ခက်မသေဆုံးခင်ကကဲ့သို့ သွေးနီရောင်မီးတောက်လူသားအဖြစ် ပြောင်းသွားသည်။
“အား..အား…အား..အား..အား..အား”
သွေးနီရောင်မီးတောက်ပုံရိပ်မှ ထိုက်စမ်၏ စိတ်မချမ်းမြေ့ဖွယ် နာကျင်စွာဖြင့် ငိုကြွေးအော်ဟစ်သံတို့ က တိတ်ဆိတ်သောညကောင်းကင်ယံ၌ပဲ့တင်ထပ်လာသည်။
“မိသားစု..မိသားစုခေါင်းဆောင်”
“အဖေ..အဖေ”
“ထိုက်စမ်”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE