← Chapters

အခန်း (၂၄၁)

Vol. 17 Ch. 241

အခန်း (၂၄၁)

Vol. 17 Ch. 241

"အာ.....နင် အဲ့လိုကြီးတော့ မပြောနဲ့လေ ..."

ရှောင်ထျန် ပြောလိုက်ပြီး

"ငါတော့ အဆင်ပြေတယ် ထင်တာပဲ..ဘာပဲပြောပြော နှစ်ပွဲနိုင်တယ်လေ.."

"အဆင်ပြေတယ်...."လင်းရီ ဆွံ့အသွားပြီး "မင်းကြီးတော်ကြီးကို အဆင်ပြေတာလား.."

"အေးပါ ..အေးပါ..ဟုတ်ပါပြီ..ငါ့အမှားပါနော်..."ရှောင်ထျန် အပြုံးလေးဖြင့် ပြောလိုက်၏။

လင်းရီ သူမကို နောက်တစ်‌ခါ တွဲခေါ်မဆော့တော့မှာက်ု လည်း ပူပန်နေရသည်။

"မင်းဘာမင်း ဆက်ဆော့နေလိုက်တော့..ငါ အတန်းသွားတော့မယ်...

"အွန်း...ငါနင့်ကို နောက်ကျ နေ့လည်စာ ယူခဲ့ပေးမယ်နော်"

လင်းရီ ရူံးခန်းထဲမှ ထွက်လာခဲ့ပြီးနောက် အားကစားးရုံသို့ လာခဲ့လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ဒုတိယထပ်သို့ ဦးတည်လိုက်သည်။

"ဆရာလင်းက ဟိုရဲ့ လက်ချာတန်းအပြင် တခြားအတန်းတွေကော သင်သေးတယ်ပေါ့...."

ဘောင်းဘီ အကြပ် ၀တ်ဆင်ထားသည့် ကောင်မလေး တစ်ယောက်မှ မေးလိုက်၏။

"အင်း...ဘက်စကက်ဘောနဲ့ တိုက်ကွမ်ဒိုလည်း သင်သေးတယ်လေ.."

"ဝိုး....ဆရာလင်းကတော့ အံ့မခန်းပဲနော်...ဘက်စကက်ဘောနဲ့ တိုက်ကွမ်ဒို နှစ်မျိုးစလုံး တတ်တယ်ဆိုတော့...."

"ဆရာလင်း...ကွန်မတို့ ခုနေ ဘက်စကက်ဘောနဲ့ တိုက်ကွမ်ဒို အတန်းဆီ ပြောင်းမယ်ဆိုရင်ကော မှီသေးလားဟင်..."

"အာ....နှစ်၀က်တောင် ကျော်နေပြီဆိုတော့ လဲလို့ မရတော့ဘူးထင်တယ်..."

"အဲ့တာဆို အေရိုးဗစ် လာသင်ပါလား..."

"မရဘူးလေ..ကျောင်းအချိန်ဇယား အရဆိုရင် အေရိုးဗစ်က တခြား ဆရာတွေ သင်မှာ...ငါလည်း ယူလို့မရဘူး.."

လင်းရီ သူ၏ နာရီကို ကြည့်လိုက်ပြီး "အတန်းတောင် စတော့မယ်...မင်းတို့လည်း လျှောက် သဝေထိုး မနေကြနဲ့ဦး ..အတန်း သွားကြတော့ ...."

"ဟုတ်.....ဆရာလင်းလည်း အလုပ်တွေ တအား လုပ်မနေနဲ့ဦး..တော်ကြာ ကျန်းမာရေး ထိခိုက်နေဦးမယ်...."

"အေးအေး...."

ထိုကျောင်းသူလေးများကို အဝေးသိူ့ စေလွှတ်ပြီးနောက် လင်းရီ တိုက်ကွမ်ဒို အခန်းသို့ ရောက်လာခဲ့သည်။

အခန်းထဲသို့ ရောက်လျင်ရောက်ချင်း ဘေး စင်၌ ဆုတံဆိပ်များ တန်းစီ ခင်းကျင်းထားသည်ကို တွေ့လိုက်ရ‌၏။

တစ်ခုဆိုလျင် ပြည်နယ်အဆင့် တိုက်ကွမ်ဒို ချန်ပီယံ ဆုဖလားပင်။

ယင်း ဆုတံဆိပ်များက လင်းရီကို အတော်လေး အံ့အားသင့်သွားစေသည်။ ယခုလို သာမန်ကျောင်းလေး တစ်ကျောင်းမှာ တိုက်ကွမ်ဒို၌ ထိုမျှ ထူးချွန်နေလိမ့်မည်လို့ ထင်မထားခဲ့ချေ။

"အိုးမိုင်ဂေါ့ဒ်...ဟိုမှာ ..ဟိုမှာ တီချယ်လင်း..."

လင်းရီ တံခါး၀၌ ရပ်နေသည်ကို မြင် တော့ဆံပင်အရှည်နှင့် ကောင်မလေးမှာ စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်၏။

ထိုမိန်းကလေး၏ အမည်ကတော့ ကျိန်းရာ၀မ်ပင်။ သူမ၏ ကောင်လေး ၊ ထျန်းပေါ်ချိန်မှာ တိုက်ကွမ်ဒိုအသင်း၏ အဓိက အဖွဲ့၀င်တစ်ဦးဖြစ်ပြီး နည်းပြဆရာနှင့်လည်း ပတ်သက်မှုကောင်းများ ရှိသောကြောင့် သူမလည်း တိုက်ကွမ်ဒို အသင်းထဲသို့ ၀င်ရောက်ထားခြင်းပင်။

ယခု နှစ်၀က် စာမေးပွဲ ပြီးဆုံးလျင်တော့ သူမ အသင်း၀င်ထား သောကြောင့် အလကားအမှတ်အများကြီး ရရှိပေလိမ့်မည်။

"ရှောင်၀န် ..နင် အသံလေး ဘာလေး တိုးပါဦးဟဲ့...နင့်ကောင်လေးက ရှေ့မှာ ရှိနေတာလည်း မေ့မနေနဲ့ဦးလေ..."ရာ၀န်၏ အခန်းဖော် သူငယ်ချင်းမှ ပြောလိုက်လေသည်။

"အင်းပါ..ငါလည်း နည်းနည်း စိတ်လှုပ်ရှားသွားလို့ မထိန်းနိုင် ဖြစ်သွားတာ..."ကျိန်းရာ၀န်၏ နှုတ်ခမ်းလေးများမှာ နှင်းဆီသဖွယ် ပွင့်ဟနေပြီး အံ့ဩလွန်းသောကြောင့် ပါးစပ်ပင် မစေ့နိုင်တော့ချေ။

"ငါ တီချယ်လင်းရဲ့ လက်ချာတန်းကို သွားတုန်းက ရှေ့တန်းမှာ ထိုင်ခုံ မရလို့ အမြဲ စိတ်ညစ်နေတာ.ဒီနေ့တော့ တိုက်ကွမ်ဒို အသင်းကို လာလိမ့်မယ်လို့တောင် ထင်မထားဘူး..အရမ်းပျော်တာပဲ..."

နောက်ဘက်တွင် တီးတိုးတီးတိုး အသံများကို ကြားမိတော့ ရှေ့တန်းရှိ ဆံပင်အတိုနှင့် ကောင်လေးမှာ ကျိန်းရာ၀န်ကို အကြည့်စူးစူး တစ်ချက် လှမ်းပေးလိုက်၏။

သူမ ကောင်လေး မျက်နှာ မလှသည်ကို မြင်တော့ ကျိန်းရာ၀န်လည်း စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး ဘာမျှ ဖြစ်‌မနေသည့် အသွင် ဆောင်လိုက်လေသည်။

"အစ်ကိုပေါ်...ကြည့်ရသလောက်တော့ ဆရာချိန်ရဲ့ အတန်းက်ု အဲ့ကောင် ယူသွားတာသေချာနေပြီ...."

"ကျောင်းက ဘာတွေ လုပ်နေတာလဲကွာ...ဒီလို ကောင်မျိုးကိုမှ တိုက်ကွမ်ဒိုနည်းပြ လာလုပ်ခိုင်းရတယ်လို့..."

"သားကြီး ငါ့အထင်တော့ မင်းကောင်မလေးကို အရင်ထိန်းတာ ကောင်းမယ် ထင်တယ်နော...မဟုတ်ရင် သူများနောက် ကောက်ကောက်ပါအောင် လိုက်သွားနေဦးမယ်..."

တိုက်ကွမ်ဒို အသင်းသား တစ်ဦးမှ ပြောလိုက်၏။

"လစ်စမ်းပါစေ..အဲ့ကောင် ရုပ်ကိုလည်း ကြည့်လိုက်ဦး..အပြင်ပိုင်းသာ သန်မာ မလိုလိုနဲ့ တကယ့် အတွင်းပိုင်းကျတော့ သေချာပေါက် အားနည်းမှာပဲ..ငါနဲ့ ဘယ်လိုလုပ် လာယှဉ်လို့ရမှာ.."ချိန်ထျန်းပေါ် အထင်မြင်သေးစွာဖြင့် ပြောလိုက်ပြီး "ငါသူ့ကို တစ်ချက်ထဲနဲ့ အပျောက်ကန်ပြမယ် ဆိုရင် ယုံမှာလား..."

"ယုံပါတယ်ကွာ...မင်းက အသင်းထဲမှာ ခါးပတ်အနီရောင် ရထားတဲ့ အဓိက အဖွဲ့၀င်လေ..ဆရာချိန်က လွဲရင် ဘယ်သူကများ မင်းခြေကန်ချက်တွေကို တောင့်ခံနိုင်တဲ့လူ ရှိလို့လဲ..."

လင်းရီကတော့ ထိုကောင်တွေ ဆွေးနွေးနေကြသည်ကို ကြားနေရသော်လည်း မသိကျေးကျွန်ပြုကာ ဆရာချိန်အလာက်ု စောင့်နေလိုက်၏။ ထိုအခါမှသာ သူ အတန်းကို လက်လွှဲယူနိုင်ပေမည်။

တစ်ချိန်တည်းတွင် ချိန်ကျန်းရဲ့ နှင့် အသားညိုညို ကောင်လေးတစ်ဦး အားကစားခန်းမသို့ လာရင်း ရောက်ခါနီးနေပြီဖြစ်သည်။

ထိုကောင်လေး၏ နာမည်ကတော့ ၀မ်ဟောင်ယွီဖြစ်ပြီး ကျောင်း တိုက်ကွမ်ဒို အသင်း၏ ထိပ်တန်းဖိုက်တာ တစ်ဦးလည်းဖြစ်၏။ ချိန်ထျန်းပေါ်ထက် ခြေစွမ်းထက်သူဖြစ်ပြီး ခါးပတ်နက်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။

"ဆရာချိန်..ဘာတွေ ဖြစ်နေတာလဲ..ဘာလို့ ဆရာအသစ်တစ်ယောက်က ‌ဒီရောက်နေတာ...."

၀မ်ဟောင်ယွီ လင်းရီ အတန်းယူမည့် သတင်းကို ကြားမိတော့ မေးလိုက်၏။

"သူက ကျောင်းအုပ်ကြီးနဲ့ အဆက်အသွယ်ရှိတယ်လေ..အဲ့တာ့ ငါနဲ့ ဆရာစွန်းရဲ့ အတန်းတွေကို ယူသွားတာ..ပိုက်ဆံ ပိုရအောင်လို့ပေါ့..."

"နောက်နေတာလား...တိုက်ကွမ်ဒိုက ဒီလောက်ထိ နည်းစနစ်ကျကျ လေ့ကျင့်ရတဲ့ ကစားနည်းကို သူက ယူချင်နေတယ်တဲ့...လောဘကြီးပြီး ပိုက်ဆံ လိုချင်တယ်ဆိုရင်တောင်မှ ဘယ်သူမှ သူ့လိုတော့ လုပ်မှာ မဟုတ်လောက်ဘူး..."

"သူ့အထင် အားကစားက ဘာမှ အရေးမပါဘူး..အသာလေးဖောရှောရိုက်လိုက်ရင်အဆင်ပြေတယ်လို့ တွေးနေလား မသိဘူး..အဲ့တာကြောင့်လည်း ဒီလို လုပ်ရဲတဲ့ သတ္တိတွေ ‌ရှိနေတာပေါ့..."

"သောက်ရေးမပါတာတွေ..."၀မ်ဟောင်ယွီ ကျိန်ဆဲလိုက်ပြီး "သူက ကျွန်တော်တို့ရဲ့ တိုက်ကွမ်ဒိုကလပ်ကို အထင်သေးနေတယ်ဆိုတာ အသေအချာပဲ..."

"စိတ်လျှော့ပါဦးဟ..."ချိန်းကျန်းရဲ့ ပြောလိုက်ပြီး "ငါမင်းကို ဒီနေ့ ခေါ်ခဲ့တယ်ဆိုတာကလည်း ဒီအကြောင်း ပြောဖို့ပဲ...,"

"အဆရာချိန်မှာ အဲ့ကောင်ကို မောင်းထုတ်ဖို့ အကြံ ရှိလို့လား..."

ချိန်ကျန်းရဲ့ ခေါင်းညိမ့်လိုက်ပြီး "ငါ နည်းလမ်းတစ်ခု စဉ်းစားထားတယ်...အတန်းစပြီဆိုတာနဲ့ မင်းက အားလုံးရှေ့မှာ ခွန်အားပြပြီးတော့ သူ့ကို တပ်ဆုတ်သွားအောင် လုပ်လိုက်... "

"အေးဆေးပါ..ကျွန်တော့်တာ၀န်ထားလိုက်..."

နှစ်ယောက်သား စကားတပြောပြောဖြင့် တိုက်ကွမ်ဒိုကလပ်၏ ၀င်ပေါက်သို့ ရောက်လာချဲ့လသည်။

၀မ်ဟောင်ယွီ သူ့အသင်းသားများထံသို့ မသွားမီ လင်းရီကို အထင်သေးမှုများ ပြည့်နှက်နေသည့် အကြည့်တစ်ချက် ပေးလိုက်၏။

ချိန်ကျန်းရဲ့ကတော့ ပုံမှန် လမ်းလျှောက်လာပြီး လင်းရီကို ယဥ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။

"ဆရာလင်း..."

"ဆရာချိန်..."

လင်းရီကို နှုတ်ဆက်ပြီးနောက် ချိန်ကျန်းရဲ့ သူ့တပည့်များဘက်သို့ လှည့်ကာ "မင်းတို့ အားလုံးလည်း သတင်းတွေ ကြားထားလိမ့်မယ်လို့ ငါထင်တယ်..ဒီနေ့ကစပြီးတော့ ငါက တိုက်ကွမ်ဒိုကလပ်ရဲ့ နည်းပြမဟုတ်တော့ဘူး...ဆရာလင်းကပဲ တာ၀န်ယူသွားလိမ့်မယ်..ကဲ..အားလုံးပဲ ဆရာလင်းကို လက်ခုပ်တီးပြီး ကြိုဆိုကြရအောင်..."

တိုက်ကွမ်ဒို ကလပ်၌ မိန်းကလေး ဦးရေ သိပ်မများသော်လည်း အားတက်သရော လက်ခုပ်တီးနေကြသောကြောင့် လက်ခုပ်သံမှာ ညံသွားလေသည်။

ယောက်ျားလေးများကတော့ တီးတယ်ဆိုရုံလောက်သာ။

"ဆရာလင်း..ကျွန်တော် ဒီစာသင်နှစ် စကတည်းက တိုက်ကွမ်ဒိုကလပ်အတွက် သင်ကြားရေး အစီအစဉ်တွေ ရေးဆွဲပြီးသား..ဆရာလင်း အဲ့ဒီ အတိုင်း လုပ်ချင်လည်း ရတယ်နော်..."

ချိန်ကျန်းရဲ့ သင်ရိုး စာအုပ်ကို လင်းရီ ထံကမ်းပေးလိုက်ပြီး လင်းရီလည်း လက်ခံလိုက်၏။

"ကောင်းပြီလေ ဆရာချိန်ရဲ့ သင်ရိုးအတိုင်း သွားတာပေါ့..မဟုတ်ရင် ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မယ်..."

လင်းရီ သင်ရိုးစာအုပ်ကို လှန်လော ကြည့်လိုက်ပြီး "ဆာရာချိန်ရဲ့ သင်ရိုးအရဆိုရင် ငါတို့ ဒီနေ့ တစ်ယောက်ချင်း လက်ရည်ယှဉ်ကြမယ်..အဲ့မတိုင်ခင်တော့ သွေးပူလေ့ကျင့်ခန်း အရင်လုပ်ကြတာပေါ့.."

သင်ရိုးရှိနေသောကြောင့် လင်းရီလည်း အများကြီး သက်သာသွားခဲ့၏။ မဟုတ်ပါက သူ မည်သိူ့ သင်ရမလဲဆိုတာကို ခေါင်းခဲ နေရပေလိမ့်မည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သွေးပူလေ့ကျင့်ခန်းမှာ ပြီးဆုံးသွားခဲ့၏။

"နောက်.... ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ၀မ်ဟောင်ယွီနဲ့ ချိန်ထျန်းပေါ် ရှေ့ထွက်လာပြီး သရုပ်ပြပေးရမယ်..."

လင်းရီမှ ချိန်ထျန်းပေါ်နှင့် ၀မ်ဟောင်ယွီတို့ကို ခေါ်သံ ကြားလိုက်ရသောအခါ ကြမ်းပြင်ပေါ်၌ ထိုင်နေကြသူများအားလုံး လက်ခုပ်သံ အကျယ်ကြီး တီးလိုက်ကြ၏။

"နှစ်ယောက်စလုံးက‌ ဆရာကြီးတွေကြီးပဲ..သူတို့ သရုပ်ပြပေးမယ်ဆိုတော့ ကြည့်ရတာ ရှယ်မိုက်ပြီပေါ့.."

"ငါတော့ ၀မ်ဟောင်ကို ပိုပြီး သဘောကျတယ်..သူ့ ကြွက်သားကြီးတွေကို ကြည့်စမ်းပါဦး ..မှီခိုချင်စရာကြီးဟယ်..."

"ဘာမှီခိုချင်စရာကြီးတုန်း..နင်ကောင်လေး ရှာ‌မယ်ဆိုရင်လည်း ဆရာလင်း နီးနီးလောက် ခန့်ညားတဲ့ သူမျိုးသာ ရှာစမ်းပါ...."

၀မ်ဟောင်ယွီ မတ်တပ်ရပ်ပြီးနောက် မျက်မှောင်ကုပ်၍ "ဆရာလင်းကို ကျောင်းအုပ်ကြီး ကိုယ်တိုင်ကတောင် ခေါ်သင်ခိုင်းရတယ်ဆိုတော့ တော်တော်လေး စကေးကောင်းမှာပဲပေါ့..ခါးပတ်နက် ဘယ်အဆင့် ရောက်ပြီလဲဆိုတာ သိပါရစေ..."

"ငါလား..တိုက်ကွမ်ဒို တစ်ခါမှ မသင်ဖူးဘူး...ဒီတော့ ခါးပတ်လည်း မရှိဘူး..."

လင်းရီ ပြောလိုက်၏။

All Chapters