← Chapters

အခန်း (၂၄၂)

Vol. 17 Ch. 242

အခန်း (၂၄၂)

Vol. 17 Ch. 242

"ဘာပြောလိုက်တယ်...ဆရာလင်းက တိုက်ကွမ်ဒို တစ်ခါမှ မသင်ဖူးဘူး..."

လူတိုင်း တည်ညိမ်စွာ ထိုင်မနေနိုင်တော့ချေ။

သူတို့ တွေးထားသည်မှာတော့ ဆရာလင်းမှာ တိုက်ကွမ်ဒိုအကြောင်း တီးမိခေါက်မိတော့ ရှိလိမ့်မညါလို့ ထင်ထားခဲ့ကြ၏။ သို့သော်လည်း တစ်ခါမှ မသင်ယူဖူးသူ ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားကြချေ။

ဒီကျောင်းက ဘာတွေ ‌ဖြစ်နေတာလဲဟ..ဘာမှ မတတ်တဲ့ကောင်တွေကို နည်းပြခန့်နေတယ်တဲ့လား...

"မင်းတို့ ငါ့ရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေကြမယ်ဆိုတာ နားလည်တယ်...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး

"အဲ့တာကြောင့် ဒီမလာခင် တိုက်ကွမ်ဒိုအကြောင်းန ည်းနည်းပါးပါးတော့ လေ့လာထားတယ်..အဲ့တာကြောင့် မင်းတို့ကို နည်းပြပေးဖို့ကတော့ လုံး၀ ပြဿနာ မရှိဘူး..."

"ဆရာလင်း..ခင်များ လာနောက်နေတာလား..."၀မ်ဟောင်ယွီ ပြောလိုက်ပြီး "မလာခင်လေး နည်းနည်းပါးပါး ကြည့်ပြီးတော့ ကျုပ်တို့ကို လာသင်ပေးမယ်ပေါ့..."

"ဘာလို့လဲ..မရဘူးလား..."လင်းရီ ပြောလိုက်ပြီး "ဒါက ပရော်ဖက်ရှင်နယ် တိုက်ကွမ်ဒို ကလပ်လည်း မဟုတ်...ဒီတိုင်း စိတ်ကြိုက်ဘာသာတွေထဲက ကျောင်းတွင်း ကလပ်သေးလေး တစ်ခုပဲကို..ဒီလောက် သင်ပေးရင်တောင် တော်ရောပေါ့..မဟုတ်ဘူးလား...."

လင်းရီ၏ စကားလုံးများက ကြမ်ပြင်တွက် ထိုင်နေကြသည့် လူများကို ကျွတ်စီညံသွားစေသည်။

သာမန် ကျောင်းသားများကတော့ အဆင်ပြေ၏။ မည်သိူ့မျှ မခံစားရချေ။ သို့သော်လည်း ချိန်ထျန်းပေါ်တို့ကဲ့သို့ တိုက်ကွမ်ဒိုအပေါ် အရူးအမူး စွဲလမ်းသူများကတော့ လင်းရီ၏ စကားလုံးကို လုံး၀ လက်မခံနိုင်ကြချေ။

"ဆရာလင်း..ခင်များက ကျုပ်တို့ရဲ့ တိုက်ကွမ်ဒို ကလပ်ကို အထင်သေးနေတယ်ပေါ့...""ချိန်ထျန်ပေါ် အံကြိတ်၍ မေးလိုက်၏။

"အဲ့လိုပဲလေ.."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ဒီထက်မြင့်သွားရင်တော့ ငါလည်း မသင်နိုင်ဘူးလို့ ပပြောထားပြီးသား မဟုတ်လား..မင်းတို့လို ဘွဲ့မရသေးတဲ့ ကျောင်းသားတွေကို သင်ဖို့ရာကတော့ ငှက်ပျောသီး အခွံ့နွှာစားရသလောက်ပဲ..."

"အိုက်စ်...တီချယ်လင်းက အရမ်း လွှမ်းမိုးနိုင်တာပဲနော်..."

ကျိန်းရာ၀န် မျက်လုံးတလက်ဖြင့်ဖြင့် ပြောလိုက်လေသည်။

"ကောင်မ နှာပဲ ထမနေနဲ့ဦး..ဟိုက နင့်ဘဲနဲ့ ဆော်တော့မှာ..."

သူ့ကောင်မလေး လင်းရီ အပေါ် ထိုမျှ ဖြစ်ပျက်နေသည်ကို မြင်တော့ ချိန်ထျန်ပေါ် မျက်နှာ အရုပ်ဆိုးသွားခဲ့ပြီး "ဆရာလင်း..ခင်များက ကျုပ်တို့ကို သင်ပြပေးဖို့ရာ ပြဿနာမရှိဘူးလို့ ပြောထားတယ်နော်..အဲ့တာဆို ကျုပ်နဲ့ လူတိုင်းရှေ့မှာ လက်ရည်ချင်း ယှဉ်ရဲလား..."

"မဖြစ်နိုင်တာ...ချိန်ထျန်းပေါ်က ဆရာလင်းကို စိန်ခေါ်နေပြီတဲ့လား...ဒါကြီးက..အနိုင်ကျင့်နေတာ မဟုတ်လားကွ.."

"သူက ခါးပတ် အနီရောင် ရထားပြီးသားလေ...ဆရာလင်းက တိုက်ကွမ်ဒို တစ်ခါမှတောင် မသင်ဖူးဘူး..အဲ့တာကိုတောင်မှ စိန်ခေါ်နေတယ်ဆိုတော့ လူကြီးက ကလေးကို အနိုင်ကျင့်နေသလိုပဲပေါ့ကွ..."

"ဟျောင့်တွေ..ဒါကြီးက မဖြစ်သင့်ဘူး ထင်တာပဲ..."

"မပူနဲ့..ဆရာလင်းကလည်း အဲ့လောက် မအပါဘူး..သူ ချိန်ထျန်းပေါ်ကို မနိုင်ဘူးဆိုတာ သိလောက်တယ်..သေချာပေါက် ဆင်ခြေတစ်ခုရှာပြီး ငြင်းလွှတ်မှာပဲ..."

"အင်း...ငါလည်း အဲ့တိုင်းပဲ ထင်တယ်..ရှုံးမယ်မှန်း သိလျက်နဲ့ လက်ခံလိုက်မယ်ဆိုရင်တော့ ရူးရင်ရူး ..မရူးရင် စိတ်ကျန်းမာရေး ပြဿနာတော့ ရှိနေလောက်ပြီ...."

နှစ်ဖက်လုံးမှ သ-တ်ကြ ပုတ်ကြတော့မည့် အခြေနေကိုလည်းမြင်တော့ ပွဲကြည့်နေသည့် ချိန်ကျန်းရဲ့မှ ပြုံးလိုက်သည်။

ဆရာလင်းက သတ္တိတော့ကောင်းတယ်..ဒါပေမယ့် ဦးနှောက်ကျ မရှိဘူး..

ငါးစာ လာဟပ်ဖို့ လှည့်ကွက်တောင် သိပ်မသုံးလိုက်ရဘူး...

ဟင်း....အဲ့လောက်ပိန်းနေပြန်တော့လည်း ပျင်းဖို့ ကောင်းသွားပြီ...

"ဆရာလင်း...ခင်များလည်း ချိန်ထျန်းပေါ်ရဲ့ ခါးပတ်ကို မြင်ပြီးရောပေါ့...ပြီးတော့ သူက အတော်လေး စရိုက်ဆန်တယ်..ကိုယ့်ကိုယ်ကို သူ့အဆင့်ရောက်အောင် နိမ့်ချ မနေပါနဲ့ဗျာ...."

ဇာတ်အိမ်မှာ သူမျှော်လင့်ထားသည့်အတိုင်း အသွင်ပေါ်လာပြီး ဖြစ်သော်လည်း သူ့ဘက်မှ တစ်ခုခု ၀င်ပြောပေးသင့်၏။ ထိုအခါမှသာ သူ၏ ဆရာဟူသော ပုံရိပ်နှင့် ညီညွှတ်ပေလိမ့်မည်။

လင်းရီကို ဖျောင်းဖျပြီးနောက် ချိန်ကျန်းရဲ့ ချိန်ထျန်းပေါ်ကို ခက်ထန်စွာ ကြည့်လိုက်ပြီး "‌ချိန်ထျန်းပေါ် ..မင်းဘာတွေ ဖြစ်နေတာလဲကွ..အကြီးကို အကြီးလို ရိုသေရကောင်းမှန်း မသိဘူးလား..မင်းလည်း ဆရာဘင်းရဲ့ အခြေနေကို သိသားနဲ့..အဲ့တာတောင်မှ ဆရာလင်းနဲ့ ယှဉ်ဖိုက်ချင်နေသေးတယ်ပေါ့..မင်းပိုက်ဆံတွေ သောက်ရေး ပေါနေတာလား..တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်သူက ဆေးဖိုးဝါးခ ပေးမှာလဲတဲ့..."

"ကျွန်တော် မှားမှန်း သိပါတယ်..ဆရာလင်းက အုပ်ကြီးနဲ့ မကင်းဘူးဆိုတာ မေ့သွားတယ်.."ချိန်ထျန်းပေါ် နာခေါင်း ရှုံ့လိုက်ပြီး "တကယ်လို့ တစ်ခုခုသာ ဖြစ်သွားလို့ကတော့ ကျုပ် လျော်လို့ နိုင်မှာတောင် မဟုတ်ဘူး..."

၎င်းကိုကြားတော့လင်ူရီမှာ ကျောင်းအုပ်ကြီးကြောင့် နည်းပြ ဖြစ်လာခြင်းကို အမှတ်ရသွားကြ၏။

အင်း..အဲ့လိုသာဆိုလို့ကတော့ လျော်ကြေးပေးရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်လောက်ဘူး..

အခန့်မသင့်ရင် ချိန်ထျန်းပေါ် ကျောင်းပါ ထုတ်ခံ ရလောက်တယ်...

"မင်းငါနဲ့ လက်ရည်စမ်းချက်တာ သေချာလား..."လင်းရီ ပေါ့ပါးစွာ‌ မေးမြန်းလိုက်၏။

"မသေချာဘူး.."ချိန်ထျန်းပေါ် ပခုံးတစ်ချက် တွန့်‌လိုက်ပြီး "ကျုပ်က ဘာမှ မရှိတဲ့ သောက်ငမွဲလေ..ခင်များကို အဆက်အသွယ်တွေ ဘာတွေလည်း ရှိတာ မဟုတ်ဘူး...ဒီတော့ လျော်ကြေးလည်းမတတ်နိုင်ဘူး..."

ထိုအချိန်တွင် ချိန်ကျန်းရဲ့ ရှေ့တက်လာခဲ့ပြီး သူတော်ကောင်းယောင်ဆောင်၍ "ဆရာလင်း ချိန်ထျန်းပေါ်က ခါးပါတ်နီနဲ့နော်..ဒါပေမယ့် ဆရာလင်းကျတော့ ခုမှ တိုက်ကွမ်ဒိုမှာ စလုံးရေ စနေတဲ့လူ...တိုက်ကွမ်ဒိုရဲ့ စည်းမျဉ်းတွေအရ စိန်ခေါ်လာရင် တစ်ဖက်လူက ငြင်းပိုင်ခွင့် အပြည့်ရှိတယ်...ပြီးတော့ ဆရာတစ်ယောက်လည်းဖြစ်တော့ ငြင်းသာက ပုံမှန်ပဲလေ..ဘာမှ ရှက်စရာ မရှိဘူး..."

"ငြင်းမယ်လို့ ဘယ်သူပြောလဲ.."လင်းရီ ပြောလိုက်ပြီး "ကျုပ်က နည်းနည်းပါးပါးပဲ လေ့လာထားတယ်ဆိုပေမယ့် ဒီလို ဇောင်းကြွနေတဲ့ ကောင်တွေကို ကိုင်တွယ်ဖို့တော့ လုံလောက်တာထက်တောင် ‌ပိုနေသေးတယ်..."

"ဆရာလင်း..ဘာလို့လဲဗျ..ကျွန်တော့် အကြံကို လက်မခံချင်တာ...သိက္ခာမာနထက် သွားမကျိုးဖို့က ပိုအရေးကြီးတယ်နော..."

"အဲ့တာကြောင့် စိတ်လိုက်မာန်ပါတွေ မလုပ်စမ်းပါနဲ့ဗျာ..ပြီးတော့ ချိန်ထျန်းပေါ်ဆိုတာကလည်း ခင်များရဲ့ တပည့်...ကိုယ့်တပည့်ဆီမှာ အဲ့လိုရှုံးသွားရင် ဘယ်လောက်ရှက်ဖို့ ကောင်းလိုက်မလဲ..ဒီတော့ အကြောင်းပြချက် တစ်ခုရှာပြီး‌သာ ငြင်းလိုက်စမ်းပါဗျာ...."

"ဟိုကောင်..မင်းလည်း မျက်နှာကို မချနဲ့...မရာလင်းရဲ့ မျက်နှာသာ တစ်ခုခု ဖြစ်သွားရင် မင်းတော့ စကတ်တွေ အအုပ်ခံပြီး ဂန့်နေဦးမယ်..."

"အင်း ကျွန်တော် မေ့နေတာ..ဆရာလင်းက ကျောင်းသူအုပ်စုကြီးရဲ့ အိုင်ဒေါတီချယ်ကြီးလေ.သူ့မျက်နှာသာ ထိခိုက်သွားလို့ကတော့ ကျုပ် ကျောင်းထဲကနေ အသက်ရှင်လျက် ထွက်သွားလို့တောင် ရပါ့မလားပဲ.."

"ဟင်း ..ခေါင်းကိုက်ဖို့ ကောင်းလိုက်တာ..."

"ကျုပ်တို့လို ဘော်ဒီတောင့်တောင့်နဲ့ ယောက်ျားဆန်တဲ့ သူတွေ ကိုကျ ကြိုက်တဲ့သူ မရှိဘူးတဲ့လား..."

"အဲ့တာကြောင့် ညင်သာပါလို့ ပြောနေရတာပေါ့ကွ..."

"အိုကေ..နားလည်ပြီ..."

"ခင်များ ဘေးအသာဖယ်နေ...."လင်းရီ ပြောလိုက်ပြီး ချိန်ထျန်းပေါ်ကို ကြည့်၍ "အဆင်သင့်ဖြစ်ပြီဆိုရင် စလို့ရပြီ..."

၎င်းကိုကြားတော့ ချိန်ထျန်းပေါ် လင်းရီကို ကြာ့်လိုက်ပြီး "ဆရာလင်းပဲပြောတာနော်..ကျုပ် အရင်စတော့မယ်...."

"အိုကေ...စ..."

ရုတ်ချည်းဆိုသလို ချိန်ထျန်းပေါ်၏ အမူအရာမှာလေးနက်သွားပြီး ချိန်ထျန်ပေါ် သူ၏ ခြေထောက်ထံသို့ အားစုဆောင်းလိုက်ပြီး လင်းရီထံသို့ တဟုန်ထိုး ပြေးသွားလိုက်၏။

မည်သို့ပင်ဆိုစေ ခါးပတ်အနီ ပိုင်ရှင်ဖြစ်သောကြောင့် သူ၏ လှုပ်ရှားမှုများမှာ သာမန်လူတို့၏ မျက်လုံးထဲတွင်တော့ အတော်လေး ကြည့်လို့ကောင်းနေချေသည်။

ချိန်ကျန်းရဲ့ကတော့ တိတ်တဆိတ် ခေါင်းညိမ့်၍ အသိအမှတ်ပြုလိုက်သည်။

'ခွန်အားကော အလျက်ကော ပြီးတော့ တိုက်တဲ့ ရှုထောင့်အနေအထားကကော လုံး၀ ပြောစရာမရှိဘုး..ကြည့်ရတာ ဒီရက်တွေမှာ တစ်ချိန်လုံး လေ့ကျင့်နေတယ်တူတယ်..ဆရာလင်းတော့ ဒီအကွက်ကိုမြင်ပြီး အတော်လေးရှိန်နေလောက်ပြီ...'

ကလပ်ထဲရှိ မိန်းကလေးများကတော့ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိကြပြီး အလွန်အမင်း စိုးရိမ်နေကြ၏။

ချိန်ထျန်းပေါ်မှာ သူမတို့ ကလပ်တွက် ဒုတိယ ခွန်အားအကြီးဆုံး အဖွဲ့၀င်တစ်ဦးဖြစ်သည်။ ထို့ပြင် ယခုတစ်ခေါက် သူ၏ ခွန်အား အပြည့်ကိုလည်း အသုံးပြူထားဟန်ပင်။

သူမတို့ လင်းရီ ထိုအကွက်ကို ကာနိုင်ပါ့မလားဟု တွေးရင်း စိုးရိမ်နေကြ၏။

အခြားသူများနှင့် မတူညီစွာ လင်းရီ မျက်လုံးထဲတွင်တော့ ချိန်ထျန်းပေါ်၏ အကွက်မှာ အပြစ်အနာအဆာများနှင့် ပြည့်နှက်လို့နေ၏။ ဘယ်နေရာကြည့် ကြည့် ဟာကွက်ကြီးများသာ။

ထိုအချိန်တွင် ချိန်ထျန်းပေါ် လင်းရီနှင့် သုံးမီတာ အကွာအဝေးသို့ ရောက်နေပြီး လေပေါ်သို့ ခုန်တက်၍ အားဖြင့် ‌တဇောင်းခုတ်ချလိုက်လိုက်သည်။

လင်းရီ ခေါင်းအသာ ရမ်းမိလိုက်သည်။

သူဒီနေ့တော့ ရေတွင်းထဲက ဖားသူငယ်မှန်းသိအောင် ပညာပြပေးရတော့မည်။

လင်းရီ နောက်သို့ ပေါ့ပါးစွာ တစ်လှမ်းဆုတ်လိုက်ပြီး ကိုယ်ကို လှပစွာ တစ်ခြမ်းစောင်း၍ ချိန်ထျန်းပေါ်၏ နံရိုးများကို အပိုင်ကန်ထည့်လိုက်သည်။

အား....

ချိန်ထျန်းပေါ် ကျယ်လောင်စွာအော်၍ ကြမ်းပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားပြီး လုံး၀ ပြန်မထနိုင်တော့ချေ။

All Chapters