အခန်း (၂၄၃)
Vol. 17 Ch. 243
"သူ..သူ တကယ်ကြီး ရှုံးသွားတယ်..."
လူတိုင်း ကြက်သေသေသွားကြ၏။
မည်သူကမျှ ချိန်ထျန်းပေါ် တစ်ချက်တည်းနဲ့ မှောက်သွားလိမ့်မည်လို့ မျှော်လင့်မထားကြ။
"ငါ့မျက်လုံးတွေကပဲ လှည့်စားနေတာလား..ချိန်ထျန်းပေါ်က တကယ်ကြီး ရှုံးသွားတယ်တဲ့လား..."
"သူက ငါတို့ကျောင်းက ဒုတိယအကြမ်းဆုံး ဖိုက်တာကြီးလေကွာ..အဲ့တာကို တစ်ချက်တည်းနဲ့ မှောက်သွားတယ်တဲ့လား...ဘာတွေ ဖြစ်နေတာလဲဟ..ကောင်မချောချောလေး တစ်ယောက်လောက် လာရှင်းပြကြဦး..."
"တီချယ်လင်းကတော့ လုံး၀ အမေးဇင်းပဲ...နည်းနည်း ပါးပါးပဲ လေ့လာထားပေလို့ပေါ့...သေချာများ သင်ထားလို့ကတော့ ချိန်ထျန်းပေါ် တစ်ခါတည်း အသက်ပျောက်သွားမလား မသိဘူး..."
ချိန်ကျန်းရဲ့ နှင့် ၀မ်ဟောင်ယွီတို့ အနည်းငယ် အမူအရာ ပြောင်းသွားခဲ့သည်။
ဒီလိုဖြစ်လာလိမ့်မည်လို့ ထင်တောင် ထင်မထားကြချေ။
တစ်ခါမှ မသင်ဖူးတဲ့လူက ဘယ်လိုလုပ်ပြီး ဒီလောက် စွမ်းနေတာလဲတဲ့...
ပြီးတော့ တိုက်ကွမ်ဒို ဆိုတာကလည်း စနစ်တကျ ကန်တတ်မှ အဲ့လို ချက်ကောင်းကို ထိမှာ..အားကြီးရုံနဲ့တင် မပြီးသေးဘူး..ဆရာလင်းက တစ်ခုခုတော့ တစ်ခုခုပဲ.
ချိန်ကျန်းရဲ့၏ အမိန့်ပေးမှုအောက်တွင် လူတိုင်း ချိန်ထျန်းပေါ်ကို ကြမ်းပြင်ပေါ်မှ ဆွဲထူလိုက်ကြ၏။
"ဆရာလင်း..ခင်များ ဒါ..နည်းနည်းလေးတော့ မလွန်လွန်းဘူးလား..."
ဟောင်ယွီ ပြောလိုက်သည်။
"လွန်တယ်..."လင်းရီ မေးလိုက်ပြီး "ဒါတောင် ငါလျှော့ထားတာ..."
"အဲ့လုဆိုရင်လည်း ကျုပ် ၀မ်ဟောင်ယွီက ဆရာလင်းနဲ့ ပညာချင်း ဖလှယ်ချင်ပါတယ်..."
ဟောင်ယွီ သူ၏ ခွန်အားနှင့် ပတ်သက်၍ ယုံကြည်ချက် အပြည့်ရှိသည်။
ချိန်ထျန်းပေါ် တိုက်စဉ် အခါတုန်းက ခွန်အားကို ထိန်ချန်ထားပြီး အားအင်အပြည့်နှင့် မတိုက်ခိုက်သောကြောင့် ယခုလို တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားသည်ဟု ယုံကြည်ထား၏။
ခါးပတ်နက်ပိုင်ရှင် ဖြစ်သည့် ၀မ်ဟောင်ယွီကတော့ ချိန်ထျန်းပေါ်ထက် သန်မာသည်မှာ သဘာ၀ပင်။ဆရာချိန်တောင်မှ သူ့ကို အနိုင်ရရန် အချိန်အကြာကြီး တိုက်ခိုက်ရ၏။
ထို့ကြောင့် ယခု အခွင့်အရေးကို အသုံးချ၍ သူ၏ ဒေါသများကို သွန်ချပစ်လိုက်တော့မည်။
"ငါနဲ့ လက်ရည်စမ်းချင်တယ်ဆိုတာ သေချာလြိ့လား..."
"ဘာလို့လဲ...ဆရာလင်းက မဝံ့ရဲဘူးလို့တော့ မပြောနဲ့..."၀မ်ဟောင်ယွီ ထေ့ငေါ့ပြောဆိုလိုက်ပြီး "ဆရာလင်းလည်းသိမှာပါ..ဒီကောင်က သူ့အားအကုန်မသုံးလို့ ဟာကွက် ပေါ်သွားပြီး အခွင့်ရေးယူခံလိုက်ရတာလေ.....ခု ကျွန်တော် ရိပ်မိသွားတော့ ကြောက်သွားပြီလား..."
"ရတယ်လေ..ဒီ နေ့ အစီစဉ်ကလည်း တစ်ယောက်ချင်း ယှဉ်ဖိုက်ပြီး သရုပ်ပြပေးရမှာဆိုတော့ မင်းကို အခွင့်ရေး ပေးလိုက်မယ်...."
ထိုအချိန်တွင် ချိန်ကျန်းရဲ့ ရောက်လာခဲ့ပြန်ပြီး အသံနိမ့်၍ "ဆရာလင်း..ကျွန်တော့် အထင်တော့ အချိန်မှီတုန်း နောက်ဆုတ်လိုက်တာ ကောင်းမယ်ထင်တယ်နော..."
"ဘာဆိုင်လို့ နောက်ဆုတ်ရမှာ..."
"ဆရာလင်းက တိုက်ကွမ်ဒိုတောင် မသင်ဖူးပဲနဲ့ ချိန်ထျန်းပေါ်ကို အလဲသိပ်နိုင်တယ် ဆိုတာကတောင် အတော်လေး ကံကောင်းနေပြီလို့ ပြောလို့ရတယ်..."
"ဒီ၀မ်ဟောင်ယွီကတော့ လုံး၀ကို မတူတဲ့ လယ်ဗယ်မှာနော်...ကျုပ်သူ့အကြောင်း ကောင်းကောင်းသိတယ်...,အဲ့တာကြောင့် ဆရာလင်းကို စေတနာနဲ့ သတိပေးနေရတာ"
ထို့နောက် ချိန်ကျန်းရဲ့ နံရံပေါ်ရီ ဆုဖလားကို ညွှန်ပြလိုက်ပြီး "အဲ့ဒီ ပြည်နယ်အဆင့် တုက်ကွမ်ဒို ချန်ပီယံဆုကလည်း ၀မ်ဟောင်ယွီ နိုင်ခဲ့တာလေ..ဒါကြောင့်မို့ လက်လျှော့လိုက်လို့ ..အချိန်မှီသေးတယ်...ဆရာလင်း တစ်ခုခု ဖြစ်သွားရင် လွယ်မှာမဟုတ်ဘူး.."
"မလိုပါဘူး..ကျေးဇူးပဲ..ဒီတိုင်း လက်ရည်စမ်းရုံ သပ်သပ်လေးပါ..."
လငရီ ပြောလိုက်ပြီး "ပြီးတော့ ကျုပ်က သူ့ဆရာလေ..တပည့်က ဆရာ့ အစွမ်းအစကို မယုံလို့ စိန်ခေါ်တာကို ကျုပ်က လက်မခံရင် နောက်ကျ ဒီအတန်းကို ဘယ်လို ဦးစီးရမှာလဲ..."
"ဆရာလင်းကတော့ တကယ့်ကို အာဂပါပဲဗျာ..အဲ့လိုဆိုလည်း မတားတော့ပါဘူးဗျ...."
၀မ်ဟောင်ယွီ အားမာန်အပြည်ဖြင့် အော်ဟစ်ပြီး လင်းရီထံသို့ ပြေး၀င်လာခဲ့၏။
လင်းရီနှင့် အလှမ်းသိပ်မဝေးသည့် နေရာသို့ ရောက်သောအခါ လေပေါ်သို့ ရုပ်ချည်းခုန်တက်လိုက်ပြီး နှစ်ချက်ဆင့်ကန်ချက် ပြုလုပ်ရန် ဟန်ပြင်လိုက်၏။
ထိုကန်ချက်များအားလုံးမှာလည်း လင်းရီ၏ မျက်နှာက်ုသာ ဦးတည်ထားလေသည်။
လင်းရီ၏ အမူအရာကတော့ ပြောင်းလဲခြင်းအလျဉ်းမရှိ။ ၀မ်ဟောင်ယွီ၏ ခြေချင်း၀တ်ကို ဆွဲ၍ ကိုယ်ကို ဘေးဘက်သို့ အသာလေးလှည့်ကာ အမှိုက်တစကဲ့သို့ ကောက်ပစ်လိုက်သည်။
ဘန်း..
၀မ်ဟောင်ယွီ ကြမ်းပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားပြီး မြေပြင်မှာ တုန်ဟီးသွားတော့၏။
"မ...မဖြစ်နိုင်တာ..တစ်ချက်တည်းတဲ့လား..."
"ငါ့ဖင်ကြီးကိုပဲ တစ်ချက်နေလိုက်လေ...."
၀မ်ဟောင်ယွီ ကျိန်ဆဲလိုက်ပြီး အားယူ၍ ကုန်းရုန်းထလိုက်၏။
"ထပ်လာမယ်...."
ထို့နောက် လင်းရီထံသို့ တစ်ဖန်ပြေး၀င်စွားပြန်သည်။
ချိန်ကျန်းရဲ့ကတော့ ဘေးမှ နေရင်း လင်းရီတို့ ပွဲစဉ်ကို အကဲဖြတ်ကြည့်နေ၏။
၀မ်ဟောင်ယွီ၏ အားသာချက်မှာ ခြေကန်ချက် မဟုတ်ပဲ လက်သီးအဖြောင့် ထိုးခြင်းအကွက်ပင်။
ရိုးရှင်းသည့် လှုပ်ရှားမှုလေးသာ ဖြစ်သော်လည်း အကြီးမားဆုံး လူသ-တ်ကွက်ကြီးဖြစ်၏။
ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးက အသက်ရှူချိန်တောင် ရလိုက်မည် မဟုတ်ချေ။ လင်းရီကို မဆိုထားဘိ။ သူပင် ထိုလက်သီးချက်ကို ကာကွယ်ရန် အင်အားအများကြီးအသုံးပြုရရ၏။
ချိန်ကျန်းရဲ့ မှန်းဆထားသကဲ့သို့ ၀မ်ဟောင်ယွီ သူ၏ အားအသာဆူံးဖြစ်သည့် လက်သီးအဖြောင့်ထိုးချက်ကို ထုတ်သုံးလိုက်သည်။
သို့သော်လည်း လူတိုင်း အံ့အားသင့်သွားစေသည်ကတော့ လင်းရီ ကိုယ်ကို ညာဘက်သို့ အနည်းငယ်တိမ်း၍ အသာလေး ရှောင်ပြသွားခြင်းကိုပင်။
ဒီလောက်မြန်တာကို ဘယ်လို ရှောင်လိုက်တာလဲဟ...
ထို့နောက် လင်းရီ ကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ၀မ်ဟောင်ယွီ၏ နံရိုးများရှိသည့် နေရာကို ဖုန်းကနဲ မြည်အောင် ကန်ထည့်လိုက်၏။
ဝှီး....ဘန်း...
အား.....
လည်ချောင်းကွဲမတတ် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
၀မ်ဟောင်ယွီ၏ အခြေနေကတော့ ချိန်ထျန်းပေါ်ထက်ပင် ဆိုးနေတော့၏။
သူ၏ မျက်နှာမှာလည်း သေမတတ် ဖြူလျော်နေပြီး အသက်မီးအိမ် ငြိမ်းသက်တော့မည့် အသွင် ဖြစ်နေလေသည်။
ထို့ပြင် မျက်လုံးများကလည်း မယုံကြည်နိုင်မှုတို့ဖြင့်ပြူးကျယ်နေသေး၏။
ကျောင်းအတွက် ပြည်နယ်အဆင့် ချန်ပီယံဖလားကို အရယူပေးနိုင်ခဲ့သော ၀မ်ဟာင်ယွီမှာ ယခု ကြမ်းပြင်ပေါ်၌ လဲလျောင်းနေရရှာသည်။ ပိုပြီး မယုံကြည်နိုင်ဖွယ်ကောင်းသည်က တိုက်ကွမ်ဒို တစ်ခါမျှ မသင်ဖူးသည့် လူထံမှ တစ်ချက်တည်းနှင့် အမှောက်သိပ်ခံလိုက်ရခြင်းပင်။
"ဆ...ဆရာလင်း...ခင်များ တိုက်ကွမ်ဒို မသင်ဖူးတာ ဟုတ်ကော ဟုတ်ရဲ့လား..."ကျန်းရဲ့ အသံတုန်ခါစွာဖြင့် မေးလိုက်၏။
"ဒါပေါ့..ကျုပ်က ဘာကိစ္စ လိမ်ရမှာ..."
၎င်းကိုကြားတော့ လူတိုင်း ထိခိုက်မှု တစ်သိန်းလောက် ရရှိသကဲ့သို့ ခံစားလိုက်ရ၏။
တိုက်ကွမ်ဒိုကို နည်းနည်းပါးပါးပဲ သိတဲ့လူက ဒီလောက်ပြောင်မြောက်တဲ့ နည်းစနစ်ကို တတ်ကျွမ်းနေတယ်တဲ့...
ဘယ်လိုတောင် ပြိုင်စံရှား ဂျီးနီးယပ်စ် လဲ...
လင်းရီ ခေါင်းငုံ့ပြီး ၀မ်ဟောင်ယွီကို အမူရာမဲ့စွာ ကြည့်လိုက်လေသည်။
"ဆရာချိန်..ဒီနှစ်ယောက်ရဲ့ စကေးတွေက သိပ်မကောင်းဘူး..ခင်များလာခဲ့ပါလား..ကျောင်းသားတွေ သေချာလေး ကြည့်လို့ရတာပေါ့..."
လင်းရီ၏ ဉာဏ်ရည်နှင့် ဆိုပါက သူ ချိန်ကျန်းရဲ့ ၏ စနက်ကို မရိပ်မိဘဲ မနေပေ။ သို့သော်လည်း အာရုံစိုက်ရမှာ ပျင်းလွန်းနေ၏။
"မ..မလုပ်ပါနဲ့ဗျာ...လက်ရည်စမ်းဖို့ မလိုတော့ပါဘူး...တကယ့်ကို မလိုတော့တာပါ...."
ကျန်းရဲ့ စိးရိမ်သောက ရောက်နေပြီး နောက်ကျောတွင် ချွေးအေးများရွှဲနေတော့၏။ သူ၏ စကေးများမှာလည်း ၀မ်ဟောင်ယွီနှင့် မတိမ်းမယိမ်းပင်။ ထို့ကြောင့် သူလည်း တစ်ချက်တည်းနှင့် မောက်မည့် အခွင့်ရေးများသည်ဟု ပြော၍ရ၏။
ထို့ကြောင့် သူ ပညာသားပါပါဖြင့် ငြင်းလိုက်လေသည်။ မဟုတ်ပါက ကျောင်းသားများရှေ့တွင် သူ၏ ပုံရိပ်မှာ အဖတ်ဆည်၍ ရတော့မည် မဟုတ်ချေ။
"အဲ့တာဆို ကျုပ်ကခု တိုက်ကွမ်ဒို တင်ပေးဖို့ အဆင့်မှီသွားပြီလား..."
"ဒါ...ဒါပေါ့..မှီတာပေါ့ဗျ...ဆရာလင်းထက် ပိုပြီးသင့်တော်မယ့်သူကို မရှိတော့တာ...."
"ပြီးတာပဲလေ."
နှစ်ယောက်သား စကားပြောနေကြတုန်း ကျောင်းသားများကြားထဲတွက်လည်း တီးတိုးဆွေးနွေးမှုများနှင့် ပွက်လောရိုက်နေတော့၏။
"ဆရာလင်းကတော့ လုံး၀ကို စံပြပဲ..ဆရာချိန်ကတောင် ကြောက်ရွံ့ရတယ်..."
"ငါခုလေးတင် သူတို့ နှစ်ယောက် လက်ရည်ဖလှယ်တာကို မှတ်တမ်းတင်ထားတယ်..ခနနေကျရင်း ကျောင်းဖိုရမ်မှာ တင်လိုက်တော့မယ် ဟီးဟီး..."
"နင်မြင်လိုက်လား..စောနတုန်းက တီချယ်လင်းရဲ့ ရှပ်အင်္ကျီလှပ်သွားတုန်းကလေ..ပေါင်မုန့်ကြီးတွေမှ အများကြီးပဲနော်...နောက်မှ စလိုးမိုးရှင်းနဲ့ သေချာလေးပြန်ကြည့်ဦးမယ်.."
"တီချယ်လင်းက ခုကစပြီးငါ့အိုင်ဒေါပဲ..သေတဲ့ထိ သူ့ကိုပဲ သစ္စာရှိသွားတော့မှာ..."ကျိန်းရာ၀န်မှ ပြောလိုက်သည်။
"ရာရာ..သူက နင့်ကောင်လေးကို ဆော်ထားတာမဟုတ်ဘူးလား..အမှန်ဆို နင်နဲ့ ရန်သူဖြစ်ရမှာလေ...,"
"အတန်းပြီးတာနဲ့ အဲ့ကောင်ကို ပြတ်ပြီလို့ ပြောလိုက်တော့မယ်..အလကား ကိုယ့်ကိုယ်ကို အထင်တွေ ဇွတ်ကြီးနေပြီးတော့ ဘာမှ မှီခိုလို့ရမယ့် ကောင် မဟုတ်ဘူး..ဆရာလင်းလို ပုံစံမျိုးကမှ အကောင်းဆုံးပဲ..."
"အင်း...ဒါပေမယ့် နင်ဘယ်တောမှ မရနိုင်တဲ့ လူစားမျိုးပေါ့..."
"ဘာဖြစ်လဲ..အေးစက်ပြီး အထီးကျန်တဲ့ ညတွေမှာ စိတ်ကူးယဉ်ဖို့ရရင် လုံလောက်ပြီမဟုတ်လား..."
"ဟင်း...နင်ကတော့ ဆေးမမှီတော့ဘူး..."
ချိန်ထျန်းပေါ်:"....."
သူရှုံးသွားလို့ နာကျင်နေပါတယ်ဆိုနေမှ စော်ကပစ်သွားတော့ စောက်သည်းက ကွဲရပြန်ဦးမယ်....
မိုးနတ်မင်းကြီး ခင်မျက မတရားတာပဲဗျ....
"ကဲ...အားလုံးတိတ်ကြတော့...."လင်းရီ ပြောလိုက်သောအခါ အကုန်လုံး အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတငြိမ်သက်သွားကြတော့၏။
"ခု အတန်းကို ဆက်သင်မယ်....ဘယ်သူ ထွက်လာပြီး လက်ရည်စမ်းချင်သေးလဲ..ရှိရင် ထွက်ခဲ့ကြ..."
"ဒီမှာပါရှင့် ..တီချယ်..သမီးရှိတယ်လေ..."
ကျိန်းရာ၀န် မတ်တပ်ရပ်လိုက်ပြီး "တီချယ်လင်းနဲ့ လက်ရည်စမ်းချင်လို့ပါ..."
"မင်းလား....လာနောက်နေတာလား..."
"တီချယ်လင်း..သမီး အတည်ပြောနေတာနော်..."ကျိန်းရာ၀န် ပြောလိုက်ပြီး "ဒါပေမယ့် လက်ရည်စမ်းတဲ့အချိန်ကျရင် သမီးကို ကိုင်ပေါက်လွင့်ပစ်တဲ့ အကွက်လေး လုပ်ပေးလို့ရမလား..."
"ကိုင်ပေါက်ပြီး လွင့်ပစ်ရမယ်..."
"အွန်း..အွန်း..အရင်ဆုံးပွေ့လိုက်...နောက်ပြီးတော့မှ တီချယ်လင်း ကြိုက်သလိုလုပ်..အရမ်းကြီးတော့ မလုပ်နဲ့နော်...နာမှာကြောက်လို့..."