← Chapters

အခန်း (၂၄၄)

Vol. 17 Ch. 244

အခန်း (၂၄၄)

Vol. 17 Ch. 244

"ထားလိုက်တော့...ငါ့အားကို သေချာ မထိန်းနိုင်ဘူးဆိုတော့ မနာဘူးလို့ အာမ မခံနိုင်ဘူး....."

"အာ....နာလည်း ရပါတယ်လေ...ကြိတ်မှိတ်ပြီး ခံရမှာပေါ့.....သမီးကတော့ လက်ခံဖို့ အသင့်ပါပဲ..."ကျိန်းရာ၀န် ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

"အိုကေ.. အားလုံးပဲ....."ချိန်ကျန်းရဲ့ ခဏရပ်၍ "ခုကစပြီးတော့ ဆရာလင်းက တိုက်ကွမ်ဒိုကလပ်ရဲ့ နည်းပြပဲ.....မင်းတို့ မလေးမစား မလုပ်ကြနဲ့...လုပ်ရင်လည်း ခုနတုန်းက ဟိုနှစ်ယောက်ဘယ်လိုဖြစ်သွားလဲဆိုတာ တွေ့တယ်မလား..သူတို့နေရာမှာ မင်းတို့ဖြစ်ချင်တယ်ဆိုရင် လုပ်ကြပေါ့..."

သတိပေးစကား တစ်ချို့ ပြောပြီးနောက် ချိန်ကျန်းရဲ့ စိတ်ပျက်အားလျော့စွာဖြင့် ထိုနေရာမှ ထွက်လာခဲ့လေသည်။

သူထိုနေရာ၌ ဆက်နေရန် မျက်နှာ မရှိတော့။

လင်းရီကတော ချိန်ကျန်းရဲ့ ပေးသည့် သင်ရိုးအတိုင်း အတန်းကို ဆက်သင်လိုက်၏။ ၎င်းကသူ့ကို အများကြီး သက်သာသွားစေခဲ့သည်။

သို့သော်လည်း ကိုင်တွယ်ရခက်သည်မှာ တော့ မိန်းကလေး အချို့မှာ နာကျင်သည်ကို မကြောက်ရွံံံ့ပဲ သူနှင့် လုံးထွေးသတ်ပုတ်ချင်နေသည်ဟု ဆိုနေကြ၏။

ယင်းက လင်းရီကို ခေါင်းအကြီးကြီး ကိုက်သွားစေခဲ့ပြီး ဘတ်စကက်ဘော သင်ရသည်ထက်တောင် ပိုပြီး စိတ်ပင်ပမ်းနေတော့၏။

မကြာမီ ခေါင်းလောင်းတီးသံ ပျံ့လွင့်လာပြီး အတန်းမှာလည်း ပြီးဆုံးသွားခဲ့သည်။

လင်းရီ အားကစားရုံထဲမှ ထွက်ခါနီးတွင် သူ့ထံသို့ ဖုန်းတစ်ခု ၀င်လာခဲ့၏။

ကျီချင်းရန်မှ ခေါ်ဆိုလာခဲ့ခြင်းပင်။

"တီချယ်လင်း..ခုချိန်လောက်ဆို ရှင့်အတန်းသင်တာ ပြီးလောက်ရောပေါ့.."ကျီချင်းရန် ချစ်စဖွယ်အသံလေးဖြင့် ပြောလိုက်၏။

"အယ်...ခုအချိန်ပြီးမယ်ဆိုတာ မင်းက ဘယ်လိုလုပ် သိတာ..."

"ဒါပေါ့...တက္ကသိုလ်ရဲ့ ဒုတိယချိန်က အမြဲတမ်း ဒီအချိန်ဆို ပြီးပြီလေ..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "နင့်အတွက် ဟင်းချက်စရာတွေ ၀ယ်ထားပေးတယ်...လာပြီး ချက်ပြုတ်လို့ရပြီနော်..."

"ကောင်းလိုက်တာ ဥက္ကဌကျီ...ကုမ္ပဏီအကြီးစားကြီး တစ်ခုလုံးက မင်းစီမံခန့်ခွဲမှာကို စောင့်နေရတာ..အဲ့တာတောင်မှ နေ့တိုင်း ရုံးခန်းထဲမှာ အစား သောင်းကြမ်းဖို့ အချိန်ရှိသေးတယ်ပေါ့..မင်းရာ ထူး‌ပြုတ်မှာ မကြောက်ဘူးလား..."

"မကြောက်ပါဘူး.."ကျီချင်းရန် အချက်လက်ကျကျဖြင့် "တကယ်လို့ အခြေနေမကောင်းရင်လည်း တီချယ်လင်းက ပရောဂျက်လေးငါးခုလောက် ပေးလိုက်ရင် အိုကေပြီလေ..အဲ့တာဆို လူတိုင်း ဘာမှ ပြောရဲတော့မှာ မဟုတ်ဘူး..."

"ဟမ့်..ဘယ်သူက မင်းလို အားကိုးမရတဲ့ သူလက်ထဲ ပရောဂျက် ထည့်ရဲမှာလဲတဲ့..."

"ဟွန်း..နင် ပေးမှာလား မပေးဘူးလား..မပေးရင် ကိုက်မှာနော်..."

"ကိုက်ချင်ရင် ကိုက်လို့ရတယ်..ဒါပေမယ့် နာအောင်တော့ မကိုက်နဲ့..."

"ဟမ်..ဘာသဘောတုန်း ..နာအောင် မကိုက်နဲ့ ဆိုတာက...."

"ခွဲပြီးဖတ်ကြည့်လေ....."

"ခွဲပြီး ဖတ်ရမယ်..."ကျီချင်းရန် သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်ပြီး

"ကိုက်....ခွဲပြီးဖတ်ကြည့်တော့ ..လင်းရီ...နင်ငါ့ကို စရဲတယ်ပေါ့....နင်က.....တီ တီ တီ...."

[TL : ကိုက်တာက 咬 ခွဲလိုက်ရင် 口 (ပါးစပ်) + 交(ထပ်တာ) ပါးစပ်ခြင်းထပ်တာဆိုတော့ နမ်းတယ်ဆိုတဲ့ သဘောမျိုးပါ နမ်းရင်းကိုက်တယ်ဆိုတော့ ဟဲဟဲ..]

ကျီချင်းရန် စကားမဆုံးမီ လင်းရီ ဖုန်း အရင်ချလိုက်၏။

ထို့နောက် သူ ကားပါကင်ထိုးသည့်နေရာသို့ သွားလိုက်သည်။

ရောက်ခါရှိသေး ရှောင်ထျန်မှ ဖုန်း၀င်လာပြန်သည်။

"ကန်သင်းက အစားအသောက်‌တွေက အရမ်းကောင်းတာနော်...နင်ဘာစားချင်လည်း..၀ယ်ခဲ့ပေးမယ်လေ..."

"ရပြီ...ငါလုပ်စရာရှိသေးလို့ ကျောင်းမှာ မစားနိုင်တော့ဘူး...၀ယ်ခဲ့နေနဲ့တော့..."လင်းရီ ပြောလိုက်သည်။

"ပြီးတာပဲလေ..နောက်နေ့ကျရင် ၀ယ်ကျွေးမယ်..နင်စိတ်ဆိုးလို့ မရဘူးနော်..ငါနဲ့ ဂိမ်းတွေ အများကြီး အတူဆော့ပေးရဦးမှာ..."ဂိမ်းသရဲလေး ရှောင်ထျတ်မှာ လင်းရီသူမနှင့် အတူမဆော့ပေးမည်ကို အတော်လေး စိုးရိမ်နေရှာ၏။

"ဟူး...ငါပြောတာ နားထောင်စမ်းပါကွာ..မင်း ရဲ့ IQ နဲ့ဆို ဂိမ်းကို တာ့တာ ပြသင့်နေပြီ...ချိုချဉ်ဂိမ်းလေးပဲ ဆော့နေစမ်းပါ...,"

"ဘာဆော့‌ရမယ်...."

"ကိုယ့်ဟာကို ဆော့နေလိုက်လို့..."

ရှောင်ထျန်:"....."

.......

နှစ်ဆယ်မိနှစ်ခန့် ကြာသော်

လင်းရီ ချောင်ရန် အုပ်စုသို့ ရောက်လာခဲ့ပြီး ရုံးခန်စတံခါးဖွင့်လိုက်သောအခါ ချင်းရန်မှ သူ့ကို အပြံုးလေး‌ဖြင့် စောင့်ကြိုနေကြောင်း မြင်လိုက်ရလေသည်။

"မစ္စတာလင်း..ရှင်က အရမ်းအချိန်မှန်တာပဲနော်...၁၂ နာရီ အတိပဲ....."

"မင်း ဆာပြီးသေနေမှာဆိုးလို့ မြန်မြန်လာခဲ့တာဟေ့..."

"ဟွန်း..ကျွန်မက အဲ့လောက် အသုံးမကျတဲ့သူလည်း မဟုတ်ပါဘူး.."

ထိုသို့ ပြောပြီစနောက် ကျီချင်းရန် သူမ စားပွဲနားမှ ထလာပြီး လျို့ဝှက်ဆန်းကြယ်သော အပြုံးလေးဖြင့် "လာ..လာ..မြန်မြန်လာ...ငါနင့်ကို ပြစရာ ရှိတယ်..."

"ဘာလဲပြမှာမို့လို အဲ့လောက် ဆန်းကြယ်တဲ့ ပုံစံကြီးတွေ လုပ်ပြနေတာ..."

"စပရိုက် လုပ်ပေးမလို့လေ...."ကျီချင်းရန် လင်းရီကို သူမ၏ အ၀တ်စားလဲခန်းသို့ ဆွဲခေါ်သွားပြီး

"မြန်မြန်...မျက်လုံးမှိတ်လိုက်..."

"ဘာတွေလုပ်နေတာ..ငါက ဘာလို့ မျက်စိမှိတ်ရမှာလဲဟ..."

"လုပ်စမ်းပါ..မှိတ်ဆို မှိတ်လိုက်ပေါ့..."

လင်းရီ မျက်လုံးမှိတ်လိုက်ပြီး ကျီချင်းရန် ချလပ် ဟူသော မြည်သံနှင့် အတူ ဗွီရို တံခါးပို ဖွင့်လိုက်လေသည်။

"ရပြီ...ဖွင့်ကြည့်လိုက်တော့..."

လင်းရီ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် တန်းမြင်လိုက်သည်ကတော့ အရောင်အသွေးစုံလင်စည့် အင်္ကျီအ၀တ်အစားများ ၊ အသုံးအဆောင်များနှင့် ဒီဇိုင်းအမျိုးမျိုးဖြင့် ဒေါက်မြင့်ဖိနပ်များက်ု မြင်လိုက်ရလေသည်။

"စပရိုက်ဂစ်က ဒါကြီးလား..မင်းခုနတုန်းကမှ လဲထားတဲ့ စတော်ကင်ကြီးလား..."

"အာ...မဟုတ်ဘူးလေ..ငါ မနက်တုန်းက လဲထားပြီး လျှော်ဖို့ မေ့နေတာ.."ကျီချင်းရန် အနည်းငယ် ရှက်ရိပ်သမ်းသွားပြီး "ဆက်ကြည့်ပါဦးဟဲ့..တခြား ဘာမှကော မမြင်တော့ဘူးလား..."

"အဲ့တာဆို အောက်ဆုံးထပ်က sneaker တွေလား...."

"အွန်း..."ကျီချင်းရန် ပြုံးလိုက်ပြီး "Air Jordan 1 ကနေ 14 ထိ လေ...နင် ဘတ်စကက်ဘော ကစားရင် ၀တ်ဖို့ ၀ယ်ထားပေးတာ..."

ထိုသို့ ပြောရင်း ဗီရိုထဲမှ လက်‌ဘရွန် ဂျိမ်းစ်ဂျာစီ နှစ်စုံကို ထုတ်၍ "ဒါတွေက နင်နဲ့ဆို အရမ်းကြည့်ကောင်းမှာပဲ သိလား..."

လင်းရီ ရင်ဘတ်ထဲ၌ ခံစားသွားခဲ့ရ၏။ သူ ဘတ်စကက်ဘော နည်းပြ လုပ်နေသည်ကို သိတော့ သူမ ထို ပစ္စည်းများကို ၀ယ်ပေးလိမ့်မည်လို့ မျှော်လင့် မထားခဲ့ချေ။

"ဒီလောက်အများကြီး ၀ယ်လိုက်တယ်ဆိုတော့ ပိုက်ဆံတွေ အတော်လေး ကုန်သွားမှာပေါ့..."

"ဘာမှ မဖြစ်ဘူး..ငါ့ပိုက်ဆံနဲ့မှ မဟုတ်တာ..."

"မင်းကို လိုက်ပိုးပန်းနေတဲ့သူတွေရဲ့ ပိုက်ဆံနဲ့ ငါ့ကို ဂျာစီတွေ sneaker တွေ ၀ယ်ပေးတယ်ပေါ့....မဆိုးဘူး..မဆိုးဘူး..ဘယ်လို အသုံးချရမလဲဆ်ုတာ ကောင်းကောင်းသိတာပဲ.."

"ဖူး...ငါ အဲ့လောက်ကြီးလည်း အရေမထူပါဘူးဟယ်..."ကျီချင်းရန် ပြောလိုက်ပြီး "နင့်ရဲ့ ဆိပ်ကမ်းက ပိုက်ဆံတွေနဲ့ ၀ယ်ထားတယ်လေ..ဆိုတော့ နင့်ပိုက်ဆံတွေပဲပေါ့..."

လင်းရီ ရယ်ရအခက် ငိုရအခက် ဖြစ်သွားခဲ့ပြီး "ငါတော့ အထင်ကြီးမိတာတောင် မှားသွားပြီ..."

"ခစ်ခစ်..."

ကျီချင်းရန် ဂုဏ်ယူစွာပြုံးလိုက်ပြီး နှင်းဆီကဲ့သို့ နီဆွေးသော နှုတ်ခမ်းသားလေးများမှာ အပေါ်သို့ တွန့်ကွေးသွားကာ "လင်းရီ ..ငါနင့်ကို ဂျာစီတွေ sneakerတွေ ၀ယ်ပေးထားတယ်ဆိုတော့ အပြန်လှန်အနေနဲ့ အရသာရှိတာလေးတွေ ချက်မကျွေးသင့်ဘူးလား...ဒါတွေ ရဖို့ တစ်မနက်ခင်းလုံး ပြေးလွှားထားရ‌တာနော်..ခု ဆာနေတာ အူလိပ်တော့မယ်..."

"အိုကေ..ဒီမှာ စောင့်နေလိုက်..."

"အွန်း..."

လင်းရီ မီးဖိုချောင်ထဲသို့ ရောက်လာသောအခါ ဟင်းအမယ်များမှာ ကြိုတင် လှီးဖြတ်ပြီးထားပြီး သူက အသင့် ချက်ပြုတ်လိုက်ရုံသာ။

ဖြတ်တောက်ထားသည့် ဟင်းအမယ်များ၏ ပုံစံ အနေအထားကိုကြည့်၍ ဆုံးဖြတ်ရမည်ဆိုပါက ကျီချင်းရန်၏ ဓားကိုင်သည့် စကေးများမှာ အတော်လေး တိုးတက်လာပုံပင်။ အနည်းဆုံးတော့ အမယ်များကို သေသပ်စွာဖြတ်ပိုင်းထားလေသည်။

လင်းရီ စတင် ချက်ပြုတ်တော့မည့် အချိန်တွင် ကျီချင်းရန် မီးဖိုချောင်ထဲသို့ ရောက်လာခဲ့ပြီး "ဒန် ဒန် ဒန် .....ငါဘာ၀တ်ထားလဲဆိုတာ ကြည့်လိုက်ဦး..."

လင်းရီ လှည့်ကြည့်လိုက်သောအခါ ကျီချင်းရန်မှာ အ၀တ်စားအသစ် လဲထားကြောင်း တွေ့လိုက်ရ၏။

သူမ၏ အလုပ်၀တ်ယူနီဖောင်းမှ ဂျင်းပန် အတိုလေး ပြောင်းလဲ၀တ်ဆင်ထား၏။ သို့သော်လည်း Kobeဂျာစီနှင့် တွဲလျက်၀တ်ဆင်သောကြောင့် ဂျင်းပန်အတိုလေးကို လုံး၀ ဖုံးကွယ်ထားသလို ဖြစ်သွားပြီး အမှတ်တမဲ့ ကြည့်လိုက်မည်ဆ်ုပါက အောက်ပိုင်းတွင် ဘာမျှ မ၀တ်ထားသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားစေသည်။

ထို့ပြင် အနက်နှင့် အနီ စပ်ကျား AJs 14မှာ သူမ၀တ်ဆင်ထားသည့် အ၀တ်စားများနှင့် လုံး၀ လိုက်ဖက်နေတော့၏။

"မဆိုးပါဘူး.."

လင်းရီ သာမန်ကာလျှံကာ ပြောလိုက်လေသည်။

"မဆိုးတော့ဘူးပဲ ပြောတော့မှာလား..ပိုပြီး သေသေချာချာလေး ပြောလေဟာ..."

"လှလိုက်တဲ့ ခြေတံလေးတွေ...ရှည်တယ်..ဖြူတယ်..ဖြောင့်စင်း နေတာပဲ.."

ကျီချင်းရန် မျက်လုံးလိမ့်လိုက်ပြီး လင်းရီကို ကြည့်၍ "ငါသာ အနက်ရောင် စတော်ကင် ၀တ်လိုက်မယ်ဆိုရင် ပိုပြီး ကြည့်လို့ကောင်းမယ်လို့ ထင်လား."

"ဘော့စ်ကျီက ကျွန်တော့်အကြိုက်တွေ အရမ်းသိတာပဲ..."

"ဟဲ့ ပေါက်တတ်ကရတွေ...မြန်မြန် ချက်စမ်းပါ..ငါ အတော်လေး ဗိုက်ဆာနေပြီ..."

ထိုသို့ပြောလိုက်ရင်း သူမ ရေခဲသေတ္တာထဲတွင် အအေးခံထားသည့် သရက်သီးဖျော်ရည်ကို ထုတ်ယူရန်လည်း မမေ့ချေ။

နာရီ၀က်ခန့် ကြာပြီးနောက် လင်းရီ ဟင်းလေးပွဲနှင့် စွပ်ပြုတ်တစ်ခွက်ကို ကော်ဖီ စားပွဲပေါ်၌ ခင်းကျင်းထားလေသည်။

ကျီချင်းရန်ကတော့ စားချင်စဖွယ်ဖြစ်နေသည့် ဟင်းလေးမျိုးကိုကြည့်၍ ဘယ်ဟင်းခွက်က စနှိုက်ရမလဲဆ်ုတာ ဆုံးဖြတ်ရ ခက်နေတော့၏။

"မြန်မြန်စားလေ..မင်းပဲ ခုနက ဆာ‌ေ-သပါပြီ လုပ်နေတာ မဟုတ်လား..."

"ဆာတာ‌တော့ ဆာတာပေါ့ဟဲ့.....ဒါပေမယ့် ဟင်းတိုင်းက စားကောင်းမဲ့ပုံပေါက်နေတော့ ဘယ်ဟာ အရင်စားရမလဲ မသိဘူး ဖြစ်နေတာ.."

ထို့နောက် ကျီချင်းရန် လင်းရီ အနားသို့ တိုး၍ တီးတိုးလေသံဖြင့် "ငါနင့်ကို လျို့ဝှက်ချက် တစ်ခု ပြောပြမယ်နော်..."

"ဘာလျို့ဝှက်ချက်လဲ..."

"ငါဒီကနေ့ တိတ်တိတ်လေး ပေါင်ချိန်တိုင်းလိုက်တာ ငါးပေါင်တောင် တက်လာတယ် သိလား..."

ကျီချင်းရန် တူကို ပါးစပ်ထဲတွင် ထည့်၍ လေလျှော့ခံထားရသည့် ပူဖောင်းပုံစံဖြင့် "ငါက ဝိတ်ကျချင် နေပါတယ်ဆိုမှ.....ဒါပေမယ့် နင်ချက်တဲ့ ဟင်းတွေလည်း မြင်ရော ကျချင်တဲ့ စိတ်တွေတောင် ဘယ်ပျောက်ကုန်ပြီလဲ မသိဘူး..."

"ငါ့မှာ အစာစားချင်စိတ်ပျောက်အောင် လုပ်နိုင်တဲ့နည်း ရှိတယ် ...နားထောင်ချင်လား..."

All Chapters