← Chapters

အခန်း (၂၄၅)

Vol. 17 Ch. 245

အခန်း (၂၄၅)

Vol. 17 Ch. 245

"ဘယ်လို မျိုးလဲ..."

"ငါမင်းကို ပုံပြင် တစ်ပုဒ် ပြောပြမယ်..သေချာလေး နားထောင်..."

ကျီချင်းရန် လေးနက်သည့် အမူအရာဖြင့် ခေါင်းညိမ့်ပြလိုက်၏။

"တစ်နေ့ ..ဆင်ကြီးတစ်ကောင်က မြက်ဖုတ်‌ပေါ်မှာ မစင်စွန့်နေတယ်...မစင်စွန့်ပြီးတဲ့အချိန်မှာပဲ သူ့မှာ သုတ်စရာ မရှိတာကို သတိရသွားတယ်...အဲ့အချိန်မှာပဲ ယုန်ဖြူသေးသေးလေးတစ်ကောင်က တိုက်တိုက် ဆိုင်ဆိုင် မဆင်စွန့်နေတဲ့ ဆင်နား ရောက်လာပါလေရော...ဆင်ဘာပြောလဲ သိလား....ယုန်ဖြူလေး..မင်းအမွေးကျွတ်တတ်လားတဲ့...ယုန်ကလည်း ဘာလားပေါ့..ဘလိုင်းကြီးဆို‌ောတ့ ကြောင်အပြီး ဆွံ့‌အနေချိန်မှာ ဆင်ကြီးက ယုန်ဖြူလေးနဲ့ သူ့ဖင်ကို သုတ်လိုက်ပါလေရော..."

"အီး....ရွံ့ဖို့ ကောင်းလိုက်တာ..နင်တခြားဟာ ပြောလို့မရဘူးလား..."

"နေဦး..ငါပုံပြင်က မဆုံးသေးဘူး..."လင်းရီ ဆက်လက်၍ "နောက်တစ်နေ့ကျတော့ အဲ့ဆင်ကြီး အစာစားနေပြန်ရော...စားပြီးသောက်ပြီးမှပဲ သူ့ ပါးစပ်သုတ်ဖို့ တစ်သျှူး မရှိဘူးဆိုတာ သတိရသွားတယ်...အဲ့အချိန်မှာပဲ ယုန်မည်းမည်းလေး တစ်ကောင်က အဲ့ဆင်ကြီးနားရောက်လာတယ်...ဆင်ကြီးလည်း မေးတာပေါ့..ယုန်မည်းလေး မင်းအမွှေးကျွတ်တတ်လား....ယုန်မည်းလေးလည်း ဘာမှ ပြန်မပြောတော့ ဆင်ကြီးက ယုန်မည်းကိုယူပြီး သူ့‌အမွှေးတွေနဲ့ ပါးစပ်သုတ်ပစ်လိုက်ပါလေရော..."

"သုတ်ပြီးတော့မှပဲ အဲ့ယုန်မည်းလေးက ဘာပြန်ပြောလဲသိလား....ဦးဆင်ကြီး..ကျွန်တော်က မနေ့တုန်းက ယုန်ဖြူလေးလေတဲ့...."

"အာ...."

"လင်းရီ..နင်က အရမ်းရွံဖို့ ကောင်းတာပဲ..ငါမှာဖြင့် စားရမှာလား မစားရတော့ဘူးလားတောင် မသိတော့ဘူး.."

ကျီချင်းရန် ရူးသွပ်တော့မတတ် ခံစားနေရ၏။ သူမ ခြေထောက် လုံလောက်အောင် မရှည်သည်ကိုပင် စိတ်တိုနေမိတော့၏။ မဟုတ်ပါက လင်းရီကို အဝေးမှ လှမ်းကန်နိုင်ပေမည်။

"အဲ့ဗျာ...ဒီကလည်း ဝိတ်ကျအောင် ကူညီပေးရသေး..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ခုကော စားချင်စိတ် ရှိသေးလား..."

"ဖျားချင်သလိုလိုတောင် ဖြစ်လာပြီ..."ကျီချင်းရန် ခေါင်းခါယမ်း၍ "မစားဘူးဟာ..မစားဘူး..."

"ကြည့်...အကျိုးရှိတယ်မလား...."

"ငါမစားရရင် နင်လည်း စားလို့မရဘူး..ငါတော့ ခနလောက်နေမှပဲ စားတော့မယ်...."

"ငါ့ ဝှက်ဖဲတွေ သုံးထားတာတောင်မှ မင်းက စား၀င်သေးတယ်ပေါ့..မင်းက ဆင်ကြီးလား..."

"လင်းရီ..ငါနင့်ကို သ-တ်မယ်..."

ကျီချင်းရန် ဒေါသတကြီးနှင့် ပြေး၀င်လာပြီး လင်းရီကို ဆိုဖာပေါ်သို့ တွန်းချလိုက်၏။

လင်းရီ အနေအထားပြောင်း၍ အောက်မှ အပေါ်သို့ တက်လိုက်ပြီး "မင်းက ငါနဲ့ ဒီဂိမ်း လာကစားချင်တယ်ပေါ့လေ....မင်းခြေထောက်တွေကို ကလိယား ထိုးပစ်လိုက်မယ်...."

"ငါဒီနေ့ sneaker၀တ်ထားတာ..နင် ချွန်လို့မရတော့ဘူး ဟားဟား...."

အဲ့တာဆိုလည်း တခြားနေရာ ထိုးမယ်ကွာ...

"ငါက ကလိယားထိုးခံရမှာ မကြောက်တော့ဘူး..ဒီတော့ နင်လုပ်လည်း အလကားပဲ..."

ချလပ်...

"စီနီယာ...."

ရုံခန်းတံခါးမှာ ပွင့်လာခဲ့ပြီး ထိုတခဏ၌ အချိန်မှာ ရုတ်တရက် တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"အာ...ညီမ အချိန်မှားပြီး ရောက်လာခဲ့တာလား......"ဟော်ယွမ်ယွမ် မဝံ့မရဲလေး မေးမြန်းလိုက်၏။

"အထင်မလွဲ‌နဲ့နော်..နင်ထင်နေသလိုမျိုး မဟုတ်ဘူး..."ကျီချင်းရန် မက်မွန်သီးကဲ့ ရဲမှည့် နေပြီး ကမန်းကတမ်း ရှင်းပြလိုက်သည်။

တစ်နာရီတောင် မထိုးသေးတာကို ယွမ်ယွမ်က ဘာလို့ ဒီရောက်လာတာလဲဟ...

ပြီးတော့ ရောက်မယ့်ရောက်တော့လည်း တကယ့် အထင်လွဲစရာ ကောင်းတဲ့အချိန်ကျမှ ရောက်လာခဲ့ရတယ်လို့...

မျက်နှာ ဘယ်လိုပြရမလဲတောင် မသိတော့ဘူး...

"မပူနဲ့ အစ်မကျီ ဖြည်းဖြည်းလေး ရှင်းပြလို့ရတယ်...ညီမ နားထောင်နေတယ်...."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ညီမ သိချင်တာက ဒီလို အနေအထားကြီးနဲ့ ချစ်တာကလွဲရင် တခြား ဘာများ လုပ်လို့ရသေးလို့လဲ..."

"မင်းဘာရပ်လုပ်နေတာလဲ..."လင်းရီ အော်လိုက်ပြီး "မင်းလည်း အရွယ်ရောက်ပြီးသား မဟုတ်လား...အဲ့တာဆို ဘာလို့ ဒီတိုင်း ရပ်ကြည့်နေတာလဲ..တစ်နေရာရာ သွားပြီးရှောင်နေလေ..နှစ်နာရီကျော်မှ ပြန်လာခဲ့..."

"နှစ်နာရီ...."

ဟော်ယွမ်ယွမ် လင်းရီကို ငေးကြည့်လိုက်ပြီး "သူဌေး ရှင်က တကယ့်ကို ဂုဏ်ယူဖို့ကောင်းတဲ့ ယောက်ျားသားတစ်ယောက်ပဲ..ကျွန်မခု ရှောင်ပေးမယ်... "

"ဟဲ့..ဘာသွားမလို့တုန်း..ဒီမှာပဲနေ..."ကျီချင်းရန် လှမ်းအော်လိုက်၏။

"အာ...သူ့ကို ဒီမှာနေခိုင်းရင် မကောင်းဘူးထင်တယ်နော..."လင်းရီ အခက်တွေ့နေဟန်ဖြင့် ပြောလိုက်လေသည်။

"ဘာလို့လဲ..."

"နှစ်ယောက်လုံး နိုင်ရအောင်လဲ ငါက သန့်စင်ယန်ခန္ဓာပိုင်ရှင်မှ မဟုတ်တာ..."

"ဟမ်...."

ကျီချင်းရန် တခဏမျှ ကြောင်အ သွားပြီး နောက်မှ လင်းရီ၏ စကားအဓိပ္ပာယ်ကို နားလည်သွားလေသည်။

"လင်းရီ နင် ပေါက်တတ်ကရတွေ ဆက်ပြောနေရင် ငါသေအောင် လည်ပင်း ညစ်သ-တ်လိုက်တော့မှာနော်..."ကျီချင်းရန် စိတ်ဆိုးစွာ ပြောလိုက်ပြီး ဖယ်တော့လေ....ဘာလို့ ခုထိ အပေါ်မှာ နေနေတာ..."

"အာ...အိုကေလေ......"

"အမ်...ညီမတို့ဖြင့် ခင်လာတာ နှစ်ပေါင်းမနည်းတော့ဘူး..အစ်မကျီ ခုလို ဂျာစီ၀တ်တာကို မြင်ဖူးတာ ပထမဆုံးပဲ...ဘော့စ်...ရှင်ကတော့ အရမ်း မိန်းမကျမ်း ကျေတာပဲနော်..."

"ဘာဆန်းလို့လဲ..ဒီတိုင်း ခြေထောက်လေး ဖယ်ထားတာလေးကိုများ မပြောပလောက်ပါဘူး.."

"အိုး...ခြေထောက်လေးပဲ ဖော်ထားတာလား..."

ဟော်ယွမ်ယွမ်မှ နားလည်ပါသော အကြည့်ဖြင့် ခေါင်းတဆတ်ဆတ်ညိမ့်လိုက်လေသည်။

"ဟုတ်တယ်လေ...ဘာမှ မပြောပလောက်ဘူး.."

ဟော်ယွမ်ယွမ်မှ စကားကို ရှေ့မလွတ်နောက်မလွတ် ပြောလိုက်ပြီး "အစ်မကျီက ထွက်မသွားခိုင်းမှတော့ ဒီမှာပဲ နေလိုက်တော့မယ်...အတော်ပဲ နေ့လည်စာ မစားရသေးတာနဲ့.."

ထိုသို့ပြောပြီးနောက် ဟော်ယွမ်ယွမ် တူကို ကိုင်ကာ စတင် စားသောက်တော့သည်။

ကျီချင်းရန်ကတော့ ပျော်ရွှင် မနေချေ။

ငါတောင်မှ စားရဖို့ လင်းရီကို မနည်းတောင်းပန်ထားရတာ...အဲ့တာကို နင်က အခန့်သားနဲ့ ထိုင်စားနေတယ်ပေါ့လေ...

၎င်းကို စဉ်းစားပြီးနောက် ကျီချင်းရန် ဖုန်းထုတ်၍ လင်းရီထံ ဝီချက်မှတစ်ဆင့် စာတိုပေးပို့လိုက်၏။။

ကျီချင်းရန် : ယွမ်ယွမ်ကိုလည်း ပုံပြောပြလိုက်လေ...

လင်းရီ : အင်း..ဘာပုံပြင်လဲ...

ကျီချင်းရန် : ယုန်ဖြူလေးနဲ့ ဦးဆင်ကြီး ပုံပြင်လေ...

လင်းရီ : ငါက ဘာလို့ သူ့ကို အဲ့ပုံပြင် ပြောရမှာလဲ...

ကျီချင်းရန် : သူက နင်ငါ့အတွက် ချက်ပေးထားတာတွေ အကုန် စားပစ်လိုက်ရင် ငါက ဘာသွားစားရတော့ မှာလဲ...ငါတစ်ယောက်တည်းတော့ မခံစားနိုင်ဘူး..

"ဘာဖြစ်လို့လဲ..အရင်တစ်ခေါက်တုန်းကလည်း သူစားတာ မင်းဘာမှ မပြောပါဘူးဟ...ခုမှ ဘာထဖောက်နေတာ..."လင်းရီ ဇဝေဇဝါဖြစ်စွာ မေးလိုက်လေသည်။

"တစ်ခါဆိုရပြီလေ..ငါတောင် ဘယ်နှစ်ခါ စားဖူးနေလို့လဲ...."

လင်းရီ :....

ဘယ်လို စိတ်ဓာတ်မျိုးလဲဟ..ကောင်းလိုက်တာ..

ကျီချင်းရန် : "ပြော..ပြော..ပြောလိုက်လို့.."

ကျီချင်းရန်၏ တိုက်တွန်းမှု အောက်တွင် လင်းရီ အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်ပြီး "ယွမ်ယွမ်...မင်းစားနေတုန်း ပုံပြင် နည်းနည်းလောက် နားထောင်ရင် ဘယ်လိုလဲ..."

"ရတာလေ..စားရင်း နားထောင်ရတာပေါ့..."ဟော်ယွမ်ယွမ် ပလုပ်ပလောင်းဖြင့် ပြောလိုက်၏။

"ပုံပြင်က ဒီလို...တစ်နေ့ ဆင်ကြီးတစ်ကောင်က မြက်ဖုတ်ပေါ်မှာ ........"

"ဟားဟား....."

လင်းရီ ပုံပြင် စကာရှိသေး ဟော်ယွမ်ယွမ်မှ တဟားဟား ရယ်မောနေတော့၏။

ယင်းက လင်းရီကို ကြက်သေသေသွားစေသည်။

'ငါက စတောင် မစရသေးဘူး‌လေ.....မင်းကဘာလို့ ရယ်နေတာလဲဟ...'

"ဘော့စ်..ရှင်ပြောမှာက ဆင်ကြီးက ယုန်ဖြူလေးကို ဖင်သုတ်လိုက်တဲ့ အကြောင်းမလား..."

"အယ်..မင်းဘယ်လိုလုပ်သိတာ..."

"ဒီတိုင်း အရင်က ကြားဖူးလို့လေ..."ဟော်ယွမ်ယွမ် ပန်းကဲထဲသို့ ခေါင်းစိုက်ရင်း ပြောလိုက်၏။

"နောက်ထပ်ရှိသေးတယ်.."လင်းရီ ပြောလိုက်ပြီး "ပုံပြင်က အများကြီး ပြောစရာ ကျန်နေသေးတယ်..."

"သိပြီးသား..နောက်တစ်နေ့ကျတော့ အဲ့ဆင်ကြီးက ယုန်‌မည်းလေးနဲ့ ပါးစပ်သုတ်ပစ်လိုက်တာမလား..."

"အမ်...အဲ့တာလည်း သိသေးတယ်ပေါ့..."

"အွန်း..."ဟော်ယွမ်ယွမ် တူဖြင့် နံရိုးတစ်တုံးကို ညှပ်လိုက်ရင်း

"ပုံပြင်ရဲ့ တတိယပိုင်းတောင် ရှိသေးတယ်..အဲ့နေ့ရဲ့ နောက်တစ်နေ့ကျတော့ ဖြူကောင်ကြီးရောက်လာတော့ ဆင်က သွားကြားထိုးသံ လုပ်ပစ်လိုက်တယ်လေ...ပြီးတော့ အဲ့ဖြူကောင်က ဘာပြောလဲဆိုတော့ ...သူက မနေ့တုန်းက ယုန်ဖြူလေးပါတဲ့..."

"အွက်...."

ယုန်ဖြူလေး ဘာကြောင့် ဖြူကောင် ဖြစ်လာလဲဆိုတာ မရှင်းပြရသေးခင် ကျီချင်းရန် မနေနိုင်တော့ပဲ သန့်စင်ခန်းထဲသို့ ပြေး၀င်၍ ‌ပျို့အန်တော့၏။

သူမ ထွက်လာသည့် အချိန်တွင်တော့ မျက်နှာမှာလည်း ဖြူဖပ် ဖြူလျော် ဖြစ်နေပြီး ဟင်းလေးပွဲကို ကြည့်ကာ စားချင်စိတ်များ ပျောက်ဆုံးနေလေသည်။

"အစ်မကျီ...ဘာလို့ ပျို့အန်နေတာ."ဟော်ယွမ်ယွမ် ကြက်သေသေသွားပြီး "မဟုတ်မှလွဲရော..အစ်မကျီ ကိုယ်၀န်ရှိနေတာလား...အစ်မတို့နှစ်ယောက်ပဲ ပြောနော့ ရိုးရိုးသားသားပါဆို..အချင်းချင်း ပွတ်သပ်ရုံနဲ့ပဲ ကိုယ်၀န်ရှိသွားရောတဲ့လား..."

"ဘာတွေ လျှောက်ပြောနာ..အဲ့ပုံပြင်က အရမ်းရွံ့စရာကောင်းတယ် မဟုတ်ဘူးလား..."

"ရွံဖို့ကောင်းတယ်...? ပုံပြင်က ဒီတိုင်း ကလေးပုံပြင်လေးပဲမဟုတ်လား..အဲ့လောက် ကြီးလည်း အတည်မယူပါနဲ့ အစ်မကျီရယ်..."

ထိုသို့ ပြောပြီးနောက် ဟော်ယွမွမ် နံရိုးနောက်တစ်တုံး ကောက်ဝါးလိုက်၏။

အရမ်း အရသာ ရှိတာပဲ...

ကျီချင်းရန် :"...."

ငါ‌ေ-သချင်တယ်...

လင်းရီလည်း ဟော်ယွမ်ယွမ် နည်းတူပင်။ သူလည်း မည်သို့မျှ ခံစားမနေရပဲ နေ့လည်စာကို မြိန်ရေယှက်ရည်သုံးဆောင်လိုက်၏။

အခြားတစ်ဖက်ရှိ ကျီချင်းရန်ကတော့ စားချင်စိတ်များပျောက်ဆုံးနေပြီး တစ်ကိုက်လေးတောင်မြည်းမကြည့်ချေ။

စားသောက်ပြီးနောက် ဟော်ယွမ်ယွမ်မှ အလိုက်တသိဖြင့် စားပွဲသိမ်းလိုက်ပြီး ရုံးခန်းထဲသို့ ပြန်လာခဲ့လိုက်လေသည်။

"မင်းပဲ ရင်းနှီးမြူပ်နှံမှုအကြောင်း ဆွေးနွေးမယ်လို့ ပြောထားတယ်မလား..ခုစကြရအောင်လေ..."

လင်းရီ ပြောလိုက်၏။

ထို ချင်းရန်မှာ အရေးကြီးကိစ္စ ပြောစရာရှိသည်ဟု ဆိုထားသော်လည်း ဘာမျှ မဆိုသေးပဲ အချင်းချင်း ထိုင်ကြည့်နေကြ၏။

"လင်းယွမ် ကုမ္ပဏီအတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ ပြီးစီးသွားပြီ..အနာဂတ်ကျရင် ကျွန်မတို့ တရား၀င် အော်ပရေးရှင်း လုပ်ငန်းတွေ လုပ်လို့ရပြီ.."ဟော်ယွမ်ယွမ်မှ သူမလက်ထဲရှိ စာရွက်စာတမ်းများကို လှန်လောရင်း ပြောလိုက်သည်။

"နောက်ပြီး ဖောင်ဒေးရှင်းအတွက် အင်တာဗျူးက မနက်ဖြန်ဆို စပြီနော်..နောက်ကွယ်က သူဌေးကြီးဖြစ်တဲ့ ဘော့စ်လင်းလည်း လာကြည့်ချင် လာကြည့်ပါလား..."

"ငါက ဖြစ်စဉ်တွေ စိတ်မ၀င်စားဘူး.ရလဒ်ကိုပဲ လိုချင်တယ်...မင်းနဲ့ ချီရှန်းကျောက်ပဲ ကြည့်ကြပ် လုပ်ထားလိုက်ကွာ..."

လင်းရီ ပြောလိုက်သည်။

"ငါမင်းကို နောက်ကျမှပဲ ပိုက်ဆံ တစ်ဘီလီယမ် လွှဲပေးလိုက်မယ်...မိဘမဲ့ဂေဟာကတော့ ဦးစားပေးပဲ..နောက်ကျမှ တချို့ နွမ်းပါးချို့တဲ့ တဲ့ နေရာတွေဆီ ဦးတည်ကြတာပေါ့..."

"ငါ့မှာ ပြောစရာတစ်ခု ရှိတယ်.."ကျီချင်းရန် ကြားဖြတ်ပြောလိုက်ပြီး "ငါ့အထင်တော့ ခုလောလောဆယ် လင်းယွမ် ကုမ္ပဏီရဲ့ စီးပွားရေးကိုပဲ အာရုံစိုက်သင့်တယ်လို့ ထင်တယ်...တကယ်လို့ ပိုက်ဆံတွေ အားလုံးကိုသာ ဖောင်ဒေးရှင်းဘက် ပုံအောလိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ တခြား စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်သွားလိမ့်မယ်...ပရဟိတ လုပ်မယ်ဆို ကိုယ်တတ်နိုင်သလောက် လုပ်တာက အကောင်းဆုံးပဲ... "

All Chapters