အခန်း (၂၄၆)
Vol. 17 Ch. 246
"မင်းဆိုလိုချင်နေတာကို နားလည်တယ်..."လင်းရီ ပြောလိုက်ပြီး "ငါကလည်း ကယ်တင်ရှင်ကြီးမှ မဟုတ်တာ..ဒီတော့ ငါတတ်နိုင်သလောက်ပဲ ကူညီပေးမှာ...မပူနဲ့..လှည်းကို မြင်းရှေ့မထားဘူး.."
ကျီးချင်းရန် ခေါင်းညိမ့်လိုက်၏။ လင်းရီ နားလည်လျင်တော့ အကောင်းဆုံးပင်။
ပရဟိတ လုပ်သည်မှာ ကောင်းမွန်သည့် အလုပ်ဖြစ်သော်လည်း သေချာမထိန်းချုပ်နိုင်သောကြောင့် ကြီးမားသည့် ပြဿနာများ ဖြစ်ပွားခဲ့သည်မှာ ရှေးကတည်းကပင် သာဓကများစွာ ရှိခဲ့လေသည်။
ယင်းကလည်း လူတစ်ဦးတစ်ယောက်၏ စိတ်အလိုကြောင့်သာ။ ထိုကဲ့သို့သော ပြဿနာ များကို လင်းရီ ကြုံတွေ့လာပါက မဖြေရှင်းနိုင်မှာ ဆိုးသောကြောင့် ချင်းရန် သတိပေးနေရခြင်းဖြစ်၏။
"ကျွန်မ အကြံပြုစရာ တစ်ခု ရှိတယ်..."ဟော်ယွမ် ပြောလိုက်ပြီး "ဖောင်ဒေးရှင်းကို ကုမ္ပဏီရဲ့ စီးပွားရေး အခွင့်အလမ်း ဖြစ်အောင် အသုံးချလို့လည်း ရတယ် မဟုတ်ဘူးလား..ကျွန်မတို့ ဆင်းရဲမှု ပပျောက်စေရေး စီမံကိန်းတွေ ချပြလိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ ပုံရိပ်လည်း အများအမြင်မှာ ကြည့်လို့ကောင်းသွားမယ်လေ..."
"မဆိုးပါဘူး..."ကျီချင်းရန် ပြောလိုက်ပြီး "ဒါပေမယ့် ပလန်ရဲ့.နောက်ပိုင်းအခြေနေလောက်ရောက်မှ လုပ်ရင် ပိုကောင်းလိမ့်မယ်..."
"ဘာလို့လဲ...."
"အခုလောလောဆယ် လင်းယွမ်အုပ်စုက အပျံသင်စလေးပဲ ရှိသေးတာ...တကယ်လို့ အရမ်းအစောကြီး ချပြလိုက်မယ်ဆိုရင် ကောင်းတာတွေ ဖြစ်လာမှာ မဟုတ်ဘူး...ထိပ်ပိုင်းမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးတွေက အမြဲတမ်း စက်ဝိုင်းရဲ့ မျှခြေကို ထိန်းသိမ်းထားကြတာ...တစ်ယောက်ယောက်က မြင့်တက်လာပြီဆိုတာနဲ့ သူတို့ အရင်ဆုံးလုပ်ကြမှာက အားလုံးစုပေါင်းပြီး ဖိနှိပ်ကြဖို့ပဲ...တက်သစ်စ ကုမ္ပဏီ အများစုကလည်း အဲ့တာကြောင့်ပဲ ကျရှုံးသွားပြီး ဒေဝါလီ ခံလိုက်ရတာများတယ်...သူတို့ မဖိနှိပ်နိုင်တော့ဘူးဆိုမှ ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ လုပ်လာလိမ့်မယ်..အဲ့တာကြောင့် ကိုယ်တွေဘက်က ကောင်းကောင်းကြီး ခြေကုပ်မယူနိုင်သေးခင် သိပ်မချပြပေးတာကောင်းမယ်...."
"ခုလောလောဆယ် လင်းယွမ် ကုမ္ပဏီရဲ့ အနေအထားနဲ့ဆိုရင် ကုမ္ပဏီတွေ အများကြီးကို ယှဉ်နိုင်ဖို့ဆိုတာက မလွယ်သေးဘူး ..ဒါကြောင့် လောလောဆယ် သိုသိုသိပ်သိပ် နေပြီး တစ်လှမ်းချင်း လှမ်းတာက အကောင်းဆုံး ရွေးချယ်မှုပဲ..."
ကျီချင်းရန်မှာ ကိုယ်တိုင်လည်း ကုမ္ပဏီတစ်ခု တည်ထောင်ထားသူ ဖြစ်သည့် အလျောက် လင်းရီနှင့် ဟော်ယွမ်ယွမ်တို့ထက် ကုမ္ပဏီ လုပ်ငန်းများအကြောင်း ကောင်းစွာ နားလည်ပေသည်။
ထို ကုမ္ပဏီများက လင်းယွမ်အုပ်စုအပေါ် မကောင်းသည့် အကြံအစည်များ ရှိမရှိ မသေချာသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်က မမှားချေ။
လင်းရီလည်း အစတုန်းကတော့ သိပ်မနားလည်ချေ။ ယခုမှသာ နက်နက်ရှိုင်းရှိုင်းကြီး သဘောပေါက်သွားတော့၏။
လုံရှင်း စင်တာက အကောင်းဆုံး သာဓကပင်။
သူတို့ ဖိုတိုလီတိုဂရပ်ဖီစက် ၀ယ်သည့် လမ်းများကို ပိတ်ပင်လိုက်ပြီး စင်တာ၏ တိုးတက်မှု ဖြစ်စဉ်ကို နှောင့်နှေးသွားစေသည်။ ယင်းက ထိုငွေရှင် ကြေးရှင်တို့၏ အာဏာစက်ပင်။
"ဘော့စ်..ရှင်ကော ဘယ်လိုထင်လဲ..."
"မင်းရဲ့ စီနီယာအစ်မက ပြောသွားပြီးမှတော့ ဘယ်သူက နားမထောင်ပဲ နေရဲမှာ..."
"ရို ရို ...ဘော့စ်က မယက ကြီးဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး ဟီးဟီး..."
"ဟဲ့ ..ဘာတွေလျှောက်ပြောနာ..."ကျီချင်းရန် အရှက်သည်းစွာ ဆိုလိုက်၏။ သို့သော်လည်း သူမ စိတ်ထဲတွင်တော့ ကြိတ်၀မ်းသာနေလေသည်။
"ဒါက အသင့်လျော်ဆုံး ရွေးချယ်စရာပဲလေ...ငြင်းစရာ အကြောင်းမှ မရှိတာကို လက်ခံရမှာပေါ့..."
"ဟုတ်ပါပြီ ဟုတ်ပါပြီ..နားလည်ပါပြီ..."
ဟော်ယွမ်ယွမ် အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါရိုက်တာလင်း..လတ်တလော Ciscoမှာ ငွေကြေးရင်းနှီး မြုပ်နှံထားတာတွေလည်း အားလုံး အိုကေပဲ..သူတို့ဘက်က ကျွန်မတို့ ယွမ် ၁၀၀ မီယမ်ယမ် ရင်းနှီးတာကို သံသယမ၀င်ဘူး..."
"ဒါကတော့ မျှော်လင့်ထားပြီးသားလေ..တခြားကိစ္စတွေကော.. Ciscoက ဘယ်ခြေလှမ်းတွေ ရွေ့နေပြီလဲဆိုတာကော သိလား..."
"အွန်း..နောက်ထပ် အကြီးကြီး တစ်ခု ရှိသေးတယ်..သူတို့ဘက်က စက်ရုံကို ချဲ့ထွင်နေပြီ..."ဟော်ယွမ်ယွမ် ဆံပင်ကို နောက်သို့ သပ်လိုက်ပြီး "ကျွန်မ သတင်းပေးတွေ ဆီကနေ ကြားရတာတော့ Ciscoက မြို့ဆင်ခြေဖုံး ရပ်ကွပ်တွေမှာ ဆောက်ထားတဲ့ စက်ရုံတွေဆီ စက်ပစ္စည်းအသစ် ငါးစုံ တင်သွင်းလာတယ်လို့ သတင်းရထားတယ်...အဲ့ဒီ ပစ္စည်းတွေနဲ့ဆို သူတို့ရဲ့ ထုတ်လုပ်တဲ့ နှုန်းက 30% လောက် ပိုမြန်သွားတော့မှာ...ကျွန်မတို့ အော်ဒါအတွက် အမြန်ဒုန်းဆိုင်း ပြီးလုပ်နေတဲ့ပုံပဲ.."
"သူတို့ ချစ်ပ်တွေ သင်္ဘောနဲ့ ဘယ်အချိန်လောက်ပို့နိုင်မယ်လို့ ထင်လဲ.....အကြမ်းဖျင်း မှန်းပြောကြည့်ပါလား..."
"အဲ့အပိုင်းကိုကျတော့ အစ်ကိုချီ Cisco ကလူတွေနဲ့ ဆွေးနွေးပြီးသွားပြီ..လေးလလောက်တော့ ကြာမယ် ပြောတာပဲ..."
"ဟမ်...သူတို့က ပစ္စည်းအသစ်တွေ ၀ယ်ပြီးထားတာတောင်မှ အချိန်က ကြာနေတုန်းပဲလားဟ..."
"အဲ့တာတောင် အတော်လေး မဆိုးဘူးလို့ ပြောရမယ်.."ဟော်ယွမ်ယွမ် ဆိုလိုက်ပြီး "သုံးလေးလအတွင်း အော်ဒါပြီးမယ်လို့ပြောထားပေမယ့် လေးလတည်းနဲ့ အော်ဒါတွေ ပို့နိုင်ရင်တောင်မှ အတော်လေး မြန်နေပြီလို့ ပြောလို့ရတယ်..."
"အဲ့လို ဖြစ်တဲ့ထိတော့ စောင့်လို့ မရဘူးလေကွာ..."
ကျီချင်းရန် Cisco နှင့် စပ်လျဉ်း၍ လင်းရီ၏ အကြံစည်ကို နားလည်သော်လည်း သူ၏ ရည်ရွယ်ချက်ကိုတော့ ယခုတိုင် သဘောမပေါက်သေးချေ။
"ဟူတ်သား..ဒါနဲ့ Cisco ဘက်က တာ၀န်ရှိသူက ဘယ်သူလဲတဲ့..."လင်းရီ မေးလိုက်၏။
"Cisco ရဲ့ ဥက္ကဌ ချောင်ကျားတုန်းရဲ့သား ချောင်ရှန့်ယွီလေ...."
"သူ့သားကို အဲ့လွှတ်ထားတာလားဟ..."
"ကျွန်မတို့လည်း ချောင်ရှန့်ယွီအကြောင်းတော့ သိပ်မသ်ဘူး...သူ့ကို အလယ်တန်းလောက်တုန်းက နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ဆိုပြီး အင်ဂလန်ကို ပို့ထားတယ်ဆိုတာပဲ သိတယ်...မနှစ်တုန်းကမှ ချိုင်းနားကို ပြန်လာခဲ့တာ..."ဟော်ယွမ်ယွမ် ပြောပြလိုက်သည်။
လင်းရီ ထိုင်ခုံနောက်သိူ့ မှီလိုက်ပြီး လက်ပိုက်ထားသည့်အနေအထားဖြင့် လက်ချောင်းများကို လက်မောင်းများပေါ်တွငါ တတောက်တောက်လုပ်လိုက်သည်။
"ချောင်ကျားတုန်းမှာ သားတစ်ယောက်တည်း ရှိတာလား..."လင်းရီ မေးလိုက်၏။
"အွန်း..သားကတော့ တစ်ယောက်တည်း ရှိတာ...ဒါပေမယ့် သူ့မှာ ချောင်ကျင်းချိုးလို့ ခေါ်တဲ့ သမီးတစ်ယောက်လည်း ရှိသေးတယ်...ချောင်ရှန့်ယွီထက် သုံးနှစ်ငယ်ပြီးတော့ အင်ဂလန်မှာပဲ ကျောင်းတက်နေတာလေ..."
လင်းရီ ခေါင်းမော့ပြီး ဟော်ယွမ်ယွမ်ကို ကြည့်၍ "ငါ့အထင်တော့ CFO လုပ်နေတာကြီးက မင်းရဲ့ အရည်အချင်းကို ဖြုန်းတီးနေသလိုပဲ..စုံထောက်လုပ်သင့်တယ်...အဲ့လောက် အများကြီး သိနေတယ်ဆိုတော့...."
"အသေးမွှားလေးပါ..."ဟော်ယွမ်ယွမ် ဂုဏ်ဆာသွားခဲ့ပြီး "ရှင်သာ သိချင်ရင် သူမ ဘယ်အချိန် ရာသီလာလဲဆိုတာတောင် စုံစမ်းပေးလို့ရတယ်..."
ကျီချင်းရန်ကတော့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းမိလိုက်သည်။
ဘယ်လို သူဌေးနဲ့ ဘယ်လို ၀န်ထမ်းပါလိမ့်..လိုက်လည်း လိုက်ဖက်လွန်းတယ်...
"အဲ့တာက အလကားပဲ..တစ်ကယ်လို့ မင်း စုံစမ်းပေးချင်တယ်ဆိုရင်တော့ မင်းရဲ့ စီနီယာအစ်မကို စုံစမ်းပေးသင့်တယ်..."
"ဘာမှ စုံစမ်းနေစရာတောင်မလိုဘူး..ရှင်တစ်ခုခု လုပ်ချင်တယ်ဆိုရင်လည်း လကုန်ခါနီး သုံးလေးရက်လောက် နေရင် လုပ်လိုက်တော့.."
ကျီချင်းရန် : "....."
ဘာတွေ ပြောနေကြာတာလဲဟ...
"နင်တို့နှစ်ယောက် ဒါက အစည်းအဝေးလုပ်နေတာနော်...ပုံမှန်ကိစ္စလေးတွေပဲ ပြောလို့မရဘူးလား..."ကျီချင်းရန် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"အစ်မကျီကလည်း ဘာတွေရှက်နာ..အားလုံးက အရွယ်ရောက်ပြီးသားသူတွေပဲကို..ဘာမှ ရှက်စရာမလိုဘူး..."
"မပူပါနဲ့..ညီမက ဒီတိုင်း စာရေးမ သေးသေးလေးပါနော်.....ဘာကို ပစ်မှတ်ထားရမလဲဆိုတာ သိပါတယ်နော်..စိုးရိမ်မနေနဲ့..အစ်မလူကြီးကို မခိုးသွားဘူး..."ဟော်ယွမ်ယွမ် စနောက်သလို ပြောဆိုလိုက်ပြီး လင်းရီကို ကြည့်၍ "ဘော့စ်...စာချုပ်ကလည်း သေချာသလောက်ရှိနေပြီဆိုတော့ အော်ဒါတွေက မကြာခင်ရောက်လာတော့မယ်...ကျွန်မတို့ တကယ်ပဲ ကျန်တဲ့ ပိုက်ဆံတွေ ချေရတော့မှာလား..."ဟော်ယွမ်ယွမ် မေးလိုက်ပြီး
"အဲ့လာက်ချစ်ပ်တွေ အများကြီး၀ယ်ရင် အလကားဖြစ်သွားမှာနော်..."
"ငါတို့ အတည်ကြီး၀ယ်မယ်လို့ ဘယ်သူပြောလဲ.....စာချုပ်ချိုးဖောက်ရင် ဘာဖြစ်မယ် ဆိုတဲ့ စာပိုဒ် ပါနေတာပဲ မဟုတ်လား...ဘာကြောက်စရာရှိလို့လဲ..."
"သိတယ်လေ...ဒါပေမယ့်.."ဟော်ယွမ်ယွမ် စိုးရိမ်စိတ် ကြီးစွာဖြင့် "ကျွန်မ သိပ်မကြာခင်တုန်းကမှ အစ်ကိုချီကို မေးထားပြီးသွားပြီ.. Cisco ရဲ့ ချစ်ပ်ဗားရှင်း ၁.၀ က ချိုင်းနားရဲ့ ချစ်ပ်နယ်ပယ်မှာ အဆင့်မြင့်ဆုံး ဖြစ်နေပြီတဲ့...ပြီးတော့ ကျွမ်းကျင်သူတွေကလည်း နောက်သုံးနှစ်နေရင် ချိုင်းနားရဲ့ ချစ်ပ်နယ်ပယ်ကို Ciscoက လက်ဝါးကြီးအုပ်နိုင်တော့မယ်လို့ ခန့်မှန်းထားကြတယ်...နည်းပညာ ပိုင်းအရဆိုရင် သုံးနှစ်လောက်အထိက ချစ်ပ်နယ်ပယ်မှာ ထိပ်သီးပိုင်းအဖြစ် ရပ်တည်ဖို့ဆိုတာ လုံး၀ ပြဿနာ မရှိဘူး...အဲ့တာကြောင့်မို့ ကျွန်မတို့ရဲ့ စာချုပ်ချိုးဖောက်ရင်ဆိုတဲ့ စာပိုဒ် ထည့်ထားလည်း အလကားပဲ.."
"အွန်း..ငါလည်း အဲ့တာကို ဒွိဟ ဖြစ်နေတာ."ကျီချင်းရန် ပြောလိုက်ပြီး "တကယ်လို့ သူတို့မှာသာ အရန်အစီအစဉ် မရှိဘူးဆိုရင် Cisco က ဆယ်ဆ လျော်ပေးဖို့ သဘောတူမှာ မဟုတ်ဘူး... Ciscoက အဲ့လောက် မအပါဘူး..ဒါကြီးက တအား စွန့်စားရာ ရောက်လွန်းတယ်...."
ကျီချင်းရန် တခဏ ရပ်တန့်လိုက်ပြီး "ပြီးတော့ ငါနည်းနည်း ရှုပ်ထွေးနေတာက သူတို့က သုတေသန ပညာရှင်တွေလေ..နင်နဲ့ ဘာမှ မဆိုင်ဘူးမဟုတ်လား..နယ်ပယ်ကလည်း သပ်သပ်စီကိုပဲ..."
"မပူနဲ့..မင်းတို့ အချိန်တန်ရင် သိမှာပေါ-..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ကတော့ လင်းရီ ဘာဖြစ်ချင်နေလဲဆိုတာ လိုက်မမှီတော့ချေ။
သို့သော်လည်း စိုးရိမ်ခြင်းတော့ လုံး၀မရှိ။ လင်းရီ၏ အရည်အချင်းနှင့်ဆိုပါက အကျဘက်၌ ရှိနေရန်မှာ လုံး၀ မဖြစ်နိုင်ချေ။
"ဘော့စ်...ခု လင်းယွမ်ကုမ္ပဏီကလည်း တည်ထောင်ပြီးသွားပြီဆိုတော့ ထွေထူး ပြောချင်တာလေးများ မရှိဘူးလား..."ဟော်ယွမ်ယွမ် မေးလိုက်၏။
"ခုလက်ရှိ အနေထားအရတော့ အရင်ဆုံး အိုင်တီနယ်ပယ်ကို အာရုံစိုက်ထားဦး..ပြီးတော့ လူတွေရဲ့ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ ပရောဂျက်ပိုင်းတွေကိုလည်း နည်းနည်းပါးပါး အာရုံစိူက်ပေးသင့်တယ်.. "
လင်းရီ ပြောလိုက်သည်။
"ရင်းနှီး မြုပ်နှံတာနဲ့ ပတ်သက်လို့ကတော့ ရဲရဲသာလုပ်...မင်းနဲ့ ချီကြီးတို့က အရည်အချင်းရှိပေမယ့် သတ္တိတော့ နည်းကြတယ်...ပိုက်ဆံ ဆုံးရှုံးသွားမှာကို မကြောက်နဲ့..၁၀၀ ရင်နှီး မြုပ်နှံလို့ တစ်ခုပဲ အောင်မြင်တယ်ဆိုရင်တောင်မှ အရှုံးကို ပြန်ပြီး အဖတ်ဆယ်လို့ ရသေးတယ်..ဒီတော့ ရဲရဲသာလုပ်..."
ဟော်ယွမ်ယွမ်မှာ အနုစိတ်ဖြစ်သူတစ်ဦး ဖြစ်သည့်အလျောက် လင်းရီ ပြောသမျှကို မှတ်စုစာအုပ်ထဲ၌ ရေးမှတ်ထားပြီး တစ်ခုချင်း အကောင်အထည်ဖော်ရန် ပြင်ဆင်ထားလိုက်၏။
"အဲ့တာတွေပြီးရင် သတင်းအချက်အလက်တွေကလည်း အရေးကြီးဆုံးပဲ..ဆိုရှယ်မီဒီယာတွေပေါ်မှာ ဘာတွေ ထရန်းဖြစ်နေလဲဆိုတာ သေချာအာရုံစိုက်ထားဦး..လိုရင် လိုသလို လက်ဦးမှုရယူပြီး အသုံးချကြရမယ်...အဲ့ဒီနှစ်ခုက လင်းယွမ်အုပ်စုအတွက် အရေးကြီးဆုံးပဲ..လုံး၀ လုံး၀ အမှားလုပ်မိလို့ မရဘူးဘူးနော်.. "
"နားလည်ပါပြီ..."
"အိုကေ ဒီလောက်ပဲ..."
"အိုကေ..."
နောက်ထပ် နာရီ၀က်ခန့် ဆွေးနွေးပိးနောက် အစည်းဝေးမှာ ပြီးဆုံးသွားခဲ့၏။ ဟော်ယွမ်ယွမ်လည်း ရုံးခန်းထဲမှ ထွက်လာခဲ့ပြီး လင်းရီတို့ နှစ်ယောက်ကို ဒုက္ခပေးမနေတော့ချေ။
ဟော်ယွမ်ယွမ် ပြန်သွားပြီးနောက် လင်းရီလည်း ထွက်ခွာရန် ပြင်ဆင်နေချိန် ကျီချင်းရန်မှ သူ့အား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေကြောင်း သိလိုက်ရ၏။
"ဘာလို့ အဲ့လိုကြီး လာကြည့်နေတာလဲဟ..လကုန်တော့မယ်ဆိုတော့ မင်းလည်း အဲ့ဒီအတွေးတွေ ရှိနေတယ်လို့တော့ မပြောနဲ့နော်...."