အခန်း (၂၄၇)
Vol. 17 Ch. 247
"ဘာတွေ ပေါက်တတ်ကရ လျှောက်ပြောနေတာ..."
ကျီချင်းရန် အပြစ်တင် ပြောဆိုလိုက်ပြီး "ငါ ပွဲတက်ဂါ၀န် သွားရွေးမလို့...အဲ့တာ ငါနဲ့အတူ လိုက်ယူပေးဦးလို့ ...."
" ပွဲတက် ဂါ၀န်သွားရွေးမယ်...ဘယ်မှာသွား၀တ်မှာ..ပွဲမှာလား..."
"မနက်ဖြန်ကျရင် ပရဟိတ ညစာစားပွဲရှိတယ်လေ..ကျိုးဟိုင်က ခေါင်းကြီးပိုင်းတွေ အကုန် လာကြမှာ..ငါလည်း ဧည့်သည်စာရင်းထဲမှာပါတယ်..အဲ့တာကြောင့် တစ်ချက်လောက်သွားပြီး ကြည့်ကြည့်မလို့.."
ကျီချင်းရန် ဆံပင်ကို နောက်သို့ သပ်လိုက်ပြီး "နင့်ရဲ့ ဖောင်ဒေးရှင်း ပြီးသွားတာနဲ့လည်း အတော်ပဲလေ..အတူသွားကြတာပေါ့..ငါတစ်ယောက်တည်းကျတော့လည်း ပျင်းတယ်..."
"ကောင်းပြီလေ...ဘာပဲဆိုဆို ငါလည်း အားနေတာပဲမဟုတ်လား..."
"အဲ့တာဆို အတည်ဖြစ်ပြီနော်..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "အရင်ဆုံး ပွဲတက်၀တ်စုံ သွားကြည့်ကြမယ်..နောက်မှ စူပါးမားကတ်ကို သွားကြတာပေါ့..."
"စူပါမားကတ်မှာ သွားဦးမှာလားဟ..."
"အင်းလေ..နင်က တစ်ယောက်တည်းနေတာဆိုတော့ရေခဲသေတ္တာထဲမှာ ဘာမှမရှိတော့ဘူးမလား...၀ယ်ပြီး ဖြည့်ရမှာပေါ့ဟဲ့..."
"ငါ့ ရေခဲသေတ္တာထဲမှာ အကုန်ရှိပြီးသား...မင်းကိုတောင် ပြန်ပေးလိုက်လို့ရတယ်.."
လင်းရီ ထူးမခြားနားစွာ ပြောလိုက်လေသည်။
"တော်စမ်းပါ....အားလုံး ရှိတာလည်း မဟုတ်ပဲနဲ့..စူပါမာကတ်မှာပဲ သွားကြည့်ရအောင် ..အဲ့မှာက နင်အသုံးလိုတာတ စ်ခုခု ရှိရင်လည်း ရှိနိုင်တာပဲလေ...."
"ငါတော့ မင်း အခွင့်ကောင်းယူပြီး ငါ့အိမ်မှာ အလကားလိုက်စားဖို့ ကြံနေတယ်လို့ပဲ မြင်တယ်..."
"ဒါပေါ့..ငါလေးက နေ့လည်စာ မစားရလို့ ဗိုက်တောင်ပြားကပ်နေပြီ..နင် အဲ့ဒီအတွက် တာ၀န်မယူပေးသင့်ဘူးလား..."
"လုပ်ပြီ..ပေါက်တတ်ကရတွေ လျှောက်ပြောတော့မယ်....မသိရင် ငါကပဲ ချက်မကျွေးတဲ့ စတိုင်နဲ့...ကိုယ့်ဘာကိုယ် မစားတာကို ငါ့လာ အပြစ်တင်နေတဲ့...ဒုက္ခပဲ..."
"နင်ကမှ ပေါက်တတ်ကရတွေ ပြောနေတာ..."ကျီချင်းရန် သူမအမှားကို ၀န်မခံပဲ လင်းရီကို လက်သည်းဖြင့် ဆိတ်၍ "အဲ့တော့ ဘာဖြစ်လဲ..နောက်ခါ ထပ်ပြောရင် နင့်ကို သေေအောင် ကိုက်သ-တ်ပစ်မယ် ဘာမှတ်..
ဟွန့်."
"မင်း ငါချက်ကျွေးတာတွေ စားချင်လား မစားချင်ဘူးလား..."
"စားချင်တယ်လေ..."
"အဲ့တာဆို ငါစတာနဲ့ ပတ်သက်ပြီး ပြဿနာရှိလား..."
"အက်...မရှိဘူး..."
"မင်းရဲ့ ဝိဉာဏ်ကို အစားတစ်လုတ်အတွက်နဲ့ ရောင်းချလိုက်တယ်ပေါ့..မရင့်ကျက်လိုက်တာ....."
ကျီချင်းရန်ကတော့ ကလေးလေးကဲ့သို့ အပြစ်ကင်းစင်စွာ ရယ်မောလိုက်ပြီး "နင် ချက်ကျွေးမယ်ဆို ငါက အမြဲတမ်း မရင့်ကျက်သေးတဲ့သူ ဖြစ်နေဦးမှာပဲ.. "
ကျီချင်းရန် မည်မျှ ချစ်ဖို့ကောင်းနေလဲဆိုတာ မြင်တော့ လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်သွာခဲ့သည်။
"ကောင်းပြီလေ..ငါလည်း နေ့လည်နောက်ပိုင်း အတန်းမရှိဘူးဆိုတော့ မင်းနောက် လိုက်ခဲ့ပေးမယ်..."
"ခစ်ခစ်....ဒီလိုလိမ္မာမှပေါ့..."ကျီချင်းရန် လင်းရီကို ကြည့်လိုက်ပြီး "အဲ့တာဆို ဒီည နင့်အိမ်ကို မသွားနဲ့တော့ ..ငါ့အိမ်ပဲ ပြန်ကြမယ်...ငါ့အိမ်မှာက အားလုံး အသင့်ရှိပြီးသားဆိုတော့ ပိုပြီး ချက်ရပြုတ်ရတာ လွယ်တယ်..."
"မကောင်းဘူးထင်တယ်နော်..မင်းအိမ်က လုံး၀ကို အန္တရာယ်ဇုန်ကြီး....ယောက္ခမကြီးတို့က မြေလျှိုးမိုးပျံပြီး ရောက်လာလားတောင်မသိတော့ဘူး..လူကို လန့်လန့်သွားတယ်..."
"သူများ အဖေကို ဘာယောက္ခမကြီးလဲ...ဒီခါတော့ မဖြစ်စေရပါဘူးဟဲ့.."ကျီချင်းရန် သူမရင်ဘတ်ကို တဘုန်းဘုန်းပုတ်၍ အာမခံလိုက်ပြီး "ငါ့မိဘတွေက အပျော်ခရီး ထွက်နေကြတယ်ဆိုတော့ လေးငါးရက်လောက်တော့ ပြန်လာသေးဦးမှာ မဟုတ်ဘူး..ဒီခါတော့ စိတ်ချလက်ချနဲ့သာ လိုက်ခဲ့လိုက်တော့..."
"အရင်တစ်ခေါက်တုန်းကလည်း အဲ့တိုင်း ပြောတာပဲ..."
"အာ..."ကျီချင်းရန် အနည်းငယ် မလုံမလဲ ဖြစ်သွားခဲ့ပြီး "အဲ့တာဆိုလည်း နင့်အိမ်ပဲ သွားကြတာပေါ့.."
မွန်းလွဲနောက်ပိုင်းတွင်တော့ ကျီချင်းရန် ရုံးခန်းထဲ၌ အလုပ်များနေလေသည်။
လင်းရီကတော့ ဆိုဖာပေါ်တွင်ထိုင်၍ အခန့်သား ဂိမ်းထိုင်ဆော့နေ၏။
ကျီချင်းရန်၏ ရုံးခန်းထဲ၌ ထိုသို့ ဂိမ်းထိုင်ဆော့ရဲသူမှာ လင်းရီတစ်ယောက်တည်းသာ ရှိပေဦးမည်။
သုံးနာရီ ထိုးသည့် အချိန်တွင်တော့ ကျီချင်းရန် သူမလက်ထဲရှိ စာရွက်စာတမ်းများကို စစ်ဆေးကြည့်ရှုပြီးသွားပြီး လင်းရီ ကိုကြည့်၍ "ခု ၀တ်စုံ သွားကြည့်ရအောင်လေ..."
မိနှစ်နှစ်ဆယ် ကြာပြီးနောက် လင်းရီ၏ ကားမှာ မစ်ဟု ခေါ်သည့် အထည်ဆိုင်ရှေ့၌ ထိုးရပ်သွားသည်။
အပြင်ဘက်မှ ဆိုင်၏ အပြင်ဆင် အနေအထားကို တစ်ချက်ရှိုးကြည့်ပါက အထဲတွင် ရောင်းချသည့် ပစ္စည်းများမှာ သေချာပေါက် ဈေးမနည်းကြောင်း မပြောဘဲနှင့် သိနိုင်လေသည်။
ထို့ပြင် ကျီချင်းရန်၏ အ၀တ်အစားအပေါ် ဇီဇာကြောင်သူပင် ဤဆိုင်ကို ရွေးချယ်ထားသောကြောင့် အရည်သွေးပိုင်းတွင် စိတ်ချရကြောင်း အာမခံနိုင်ပေ၏။
"မစ်ကျီ...၀တ်စုံကတော့ ချုပ်ပေးပြီးသွားပိနော်...ကြိုက်မကြိုက် အရင်ဆုံး စမ်း၀တ်ကြည့်လိုက်ပါဦး...အဆင်မပြေတာရှိရင် ပြန်ပြင်ပေးမယ်လေ..."
"ကောင်းပါပြီ..ကျေးဇူးပါနော်..."
ကျီချင်းရန် ၀တ်စုံကို ယူပြီးနောက် လင်းရီကို ကြည့်၍ "ဒီမှာ စောင့်နေနော်..နောက်မှ နင့်အတွက် ၀တ်စုံသပ်သပ် ပြန်ရွေးပေးမယ်..."
ကျီချင်းရန် ၀တ်စုံကို ပွေ့၍ အ၀တ်လဲခန်းထဲသို့ ၀င်သွားလိုက်၏။
ပြန်ထွက်လာသည့် အချိန်တွင်တော့ လင်းရီ သူမ၏ အလှအပေါ် မှင်တက်သွားမိလေသည်။
တင်စားရမည်ဆိုပါက သူမ၏ အလှမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးကဲ့သို့ တင့်တယ်လှပြီး အပြုံးလေးများမှာလည်း ကဗျာဆန်လွန်းလှ၏။ ဆိုင်ထဲရှိ အခြား ကတ်စတန်မာများပင် သူမထံမှ အကြည့်မလွဲနိုင်ကြတော့ချေ။
"ဘယ်လိုလဲ..လှရဲ့လား..."ကျီချင်းရန် မျှော်လင့်ချက် အပြည့်ဖြင့် မေးမြန်းလိုက်၏။
"အရမ်းလှတယ်..."
"ပြီးတာပဲ..နင်သာ မလှဘူးပြောရင် ငိုမိတော့မလို့..."
လင်းရီ သူမ ၀တ်စုံကို နှစ်သက်နေသည်ကို မြင်တော့ ကျီချင်းရန်လည်း ပျော်ရွှင်နေမိ၏။
ထိုအချိန်၌ သူမမှာ လင်းရီ၏ အကြိုက်ကို ဆောင်မိနေကြောင်း သူမကိုယ်တိုင်သာ သတိမထားမိလိုက်ချေ။
"ဟဲလို မဒမ်...ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာလေးရှိလို့.."
အမျိုးသမီးတစ်ယောက်မှ ယဉ်ကျေးသည့် လေသံဖြင့် ပြောဆိုလာခဲ့၏။
ကျီချင်းရန်နှင့် လင်းရီတို့မှာ တစ်စုံတစ်ယောက်မှ သူတို့ကို စကားလာပြောလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
"ဘာကိစ္စရှိလို့လဲ မသိဘူး..."
"ကျွန်မအထင်တော့ အစ်မရဲ့ ၀တ်စုံလေးက အရမ်းလှတာပဲ..ကျွန်မကို ရောင်းပေးလို့ ရလားဟင်..မူရင်းဈေးထက် ၂၀% ပိုပေးပါ့မယ်..."
သူမ ၀တ်စုံကို တောင်း၀ယ်ချင်နေမှန်း သိတော့ ကျီချင်းရန် ခေါင်းခါရမ်း၍ ငြင်းဆန်လိုက်ပြီး "စိတ်မရှိပါနဲ့...ဒီ၀တ်စုံကို ရောင်းဖို့ ရည်ရွယ်ချက် မရှိလို့ပါ..."
"မစ်..ကျွန်မ ကမ်းလှမ်းတာက မလုံလောက်လို့လား..တောင်းဆိုချင်တာ ရှိရင် လွတ်လွတ်လပ်လပ် ပြောလို့ရတယ်နော်..ကျွန်မ ဒီ၀တ်စုံလေးကို အရမ်းလိုချင်နေလို့ပါ.."
"ဘာမှ လာပြောမနေနဲ့..."လင်းရီ ပြောလိုက်ပြီး "နှစ်ပဲခြောက်ပြားလောက် ဈေးတွေ လာပေးပြီးတော့ သူများ၀တ်စုံကို မောင်ပိုင်စီးချင်နေတယ်ပေါ့ ဟုတ်စ..."
"အောင်မာ..နင်ကများ ငါ့ကို အဲ့လို လာပြောရဲတယ်ပေါ့လေ...ငါဘယ်သူလဲဆိုတာ နင်သိလား...,"
"ဘာတွေ လာရောင်းနေတာလဲ လစ်လိုက်တော့..ကျွန်မလည်း ရှင့်ကို မရောင်းနိုင်ဘူးလို့ ပြောထားပြီးပြီပဲ..."
သူမ ၀တ်စုံလေး လာကြည့်သော်လည်း ယခုလို ဘ၀င်မြင့် သောက်ကြွားကြီး လုပ်နေသည့်သူနှင့် လာဆုံလိမ့်မည်လို့ ထင်မထားခဲ့ချေ။
ဘာတွေပါလိမ့် ငါကပဲ ဒီမနက် ထွက်မလာခင် ဗေဒင် မကြည့်ခဲ့လို့လား...
ဆံပင်အတိုနှင့် အမျိုးသမီးကတော့ လင်းရီနှင့် ကျီချင်းရန်တို့ ထွက်သွားကြသည်ကို အံတင်းတင်းကြိတ်၍ ကြည့်နေလေသည်။
ကားထဲတွင်တော့ ဒရိုင်ဘာအပြင် နောက်ထပ် ဆံပင်အရှည်နှင့် အမျိးသမီးတစ်ယောက် ရှိနေလေ၏။
အကယ်၍ တခြားလူများသာ ရှိပါက သူတို့ သေချာပေါက် ဤအမျိုးသမီးကို မှတ်မိကြပေလိမ့်မည်။ သူမကတော့ လက်ရှိ နာမည်ကြီး ဆယ်လီတစ်ဦးဖြစ်သည့် လျိုဖန်းဖေးပင်။
"ဘာဖြစ်ခဲ့တာလဲ..မျက်နှာလည်း မလှပါလား.."သူမ လက်ထောက်၏ မျက်နှာ မကောင်းသည်ကို မြင်တော့ လျိုဖန်းဖေး မေးလိုက်လေသည်။
"အစ်မဖေး..ညီမခုလေးတင် ဆိုင်ထဲမှ အမျိုးသမီးတစ်ယောက် အရမ်းလှတဲ့ ပွဲတက်၀တ်စုံ စမ်း၀တ်ကြည့်နေတာကို မြင်ခဲ့တယ်..အဲ့ဒီ၀တ်စုံက အစ်မဖေးနဲ့သာဆို အရမ်းလိုက်မယ်မှန်းသိလို့ ဈေးမြင့်ပေးပြီး ၀ယ်တာကို ဟိုက သူတို့အတွက် ဘာက ပိုကောင်းတယ်ဆိုတာ နားမလည်ဘူးလ..ဘယ်လောက်တောင် စိတ်တိုဖို့ ကောင်းလိုက်လဲ..."
"မလိုပါဘူး..၀တ်စုံက နည်းနည်းလေး ကြည့်ရဆိုးနေရင်တောင်မှ အစ်မရဲ့ အနေအထားနဲ့ဆိုရင် သူ့အလိုလို အရောင်ထွက်နေမှာပဲလေ.. "
"အမှန်ပဲ..အဲ့ကောင်မက ဒီတိုင်း ဘာမဟုတ်တဲ့ အင်တာနက် ဆယ်လီလေးနေမှာ..အစ်မဖေးနဲ့ ယှဉ်လို့တောင် မရဘူး..."
......
"လင်းရီ ဒီ၀တ်စုံကတကယ် လှတယ်လို့ ထင်လား...နင်ငါ့ကို ညာနေတာ မဟုတ်ဘူးမလား.."
ကားထဲရောက်သည့် အချိန်တွင်တော့ ကျီချင်းရန် တစ်ဖန် ပြန်မေးလိုက်လေသည်။
"ဘာကိစ္စလိမ်ရမှာ...အဲ့တာက ငါ့ကို အတော်လေး အသည်းယားအောင် လုပ်နေတာ သိလား..လမကုန်ခင်တောင်မှ ဖြေလျော့ချင်လာပြီ..."
"ဖြေလျော့ချင်တယ်.."
ကျီချင်းရန် တခဏမျှ ကြောင်အသွားပိးတော့မှ "ကောင်စုတ် နင့်ခေါင်းရှိချင်နေသေးရင် ပေါက်တတ်ကရတွေ တွေးမနေပဲ ကားအေးဆေးလေး မောင်းလိုက်....စူပါမားကတ်ကို သွားမယ်..."
ထို့နောက် နှစိယောက်သား တိုင်းစကွဲရှိ စူပါမားကတ်သို့ ဦးတည်လိုက်ကြ၏။
လင်းရီ အိမ်သို့ သွားမည်ဆိုသောကြောင့် ကျီချင်းရန် ပစ္စည်းအမြောက်အများ ၀ယ်လာခဲ့လေသည်။
အများစုကတော့ နေ့စဉ် အသုံးလိုသည့် ပစ္စည်းများ ဖြစ်ပြီး လင်းရီ အတွက် Face mask အများအပြားကိုပါ ရွေးပေးလိုက်သေး၏။
သူမ ကိုယ်ကို ညွှတ်ကိုင်းပြီး ပစ္စည်းများ ရွေးချယ်နေသည့် အချိန်တွင်တော့ လင်ယောက်ျားအတွက် ပစ္စည်းများ လိုက်၀ယ်ပေးနေသော အိမ်ထောင်ရှင်မ တစ်ဦး၏ အရှိန်အဝါကို အပြည့်အ၀ ဖော်ထုတ်နေလေသည်။
အိမ်သို့ ပြန်ရောက်လာပြီးနောက် လင်းရီ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့ပြီး ကျီချင်းရန်ကတော့ အသီးများကို ရေခဲသေတ္တာထဲတွင် ထည့်၍ တစ်ကိုယ်ရေသုံး ပစ္စည်းများကိုတော့ ရေချိုးခန်းထဲ၌ ထည့်ထားပေးလိုက်သည်။
ထို့ပြင်တစ်လက်စတည်း ရေချိုးပြီး သူမ၏ ညအိပ်၀တ်စုံကို လဲလှယ်လိုက်သေး၏။
"ပုံစံက ဒီည မပြန်တော့ဘူး ဆိုတဲ့ သဘောပေါ့..."
"ဒါပေါ့ဟဲ့.."ကျီချင်းရန် ပြောလြိက်ပြီး "မနက်ကျ ငါ့ကို အလုပ်လိုက်ပို့လို့ ရတယ်လေ..."
ကျီချင်းရန် သု့အိမ်၌ နေသည်ကတော့ လင်းရီအတွက် သာမန်ကိစ္စလိုသာ ဖြစ်နေပြီး ဘာမျှ ထွေထူး ခံစားမနေရချေ။
"လင်းရီ ငါအရင်တစ်ခေါက်တုန်းက နင်လုပ်ပေးတဲ့ ပူတင်း ပြန်လုပ်ပေးလို့ရမလား.. "ကျီချင်းရန် မီးဖိုချောင် အပေါက်၀၌ ရပ်၍ မေးလိုက်လေည်။
"ဘယ်နှစ်ခု လိုချက်လဲ..."
"၆ ခုလုပ်ပေး...ဒီည အတွက်က နှစ်ခု...ကျန်တဲ့ေလးခုကိုကျတော့ မနက်ဖြန် အလုပ်ယူသွားမယ်..."
"နောက်နေ့ထိဆို အေးသွားတော့မှာနော်...မနက်ဖြန် မနက်မှပဲ လုပ်ပေးရင်ကော.."
"ရတယ် ရတယ်.."ကျီချင်းရန် ချက်ချင်း ငြင်းဆန်လိုက်ပြီး "အလုပ်ရှုပ်တာပေါ့..အထဲမှာ မီးဖိုလည်း ရှိနေတာပဲ မဟုတ်လား..ပြန်နွေးစားလို့ရတယ်..."
"အဲ့တာဆိုလည်း ပြီးရော..."
လင်းရီ ဘာမျှ ပြန်မပြောတော့ပဲ စတင်ချက်ပြုတ်လိုက်၏။
ထုံးစံအတိုင်း ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်ခွက်ပင်။ ကျီချင်းရန်လည်း သူ့ကို ဟင်းသီးဟင်းရွက်များ ကူပြီး လှီးဖြတ်ပေးသောကြောင့် ဟင်းချက်ရာတွင် ပိုမိုမြန်ဆန်သွားခဲ့လေသည်။
"နင်လုပ်တဲ့ ပူတင်းက ဘာလို့ အရမ်း အရသာ ရှိနေပါလိမ့်..."
တစ်ခု မြည်းကြည့်ပြီးနောက် ကျီချင်းရန် မျက်နှာထက်တွင် ဖော်မပြနိုင်သော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။
"မင်းပြောတော့ နှစ်ခုပဲ စားမယ်ဆို..ဒါနဲ့ဆို သုံးခုမြောက်နေပြီ..."
"ငါခုလေး အလုပ်ကို သုံးခုပဲ ယူသွားတော့မယ်လို့ ဆုံးဖြတ်လိုက်တာ..."
ကျီချင်းရန် ပြောလိုက်ပြီး "ငါက မနက်ပိုင်းဆို ဘာမှ သိပ်စားလေ့ မရှိတော့ သုံးခုနဲ့ဆိုရင်ကို ဗိုက်က တင်းနေပြီ..."
စားသောက်ပြီးနောက် ကျီချင်းရန် အလွန်အမင်း စိတ်ကျေနပ် ပျော်ရွှင်နေတော့၏။
ဆ်ုဖာပေါ်တွင် ထိုင်လိုက်ပြီး ၀မ်းဗိုက်ကို ပုတ်၍ "ဒီလိုသာ ဆက်စားနေရင်တော့ မကြာခင် ပေါင် ၁၀၅တောင် ကျော်သွားတော့မယ်ထင်ပါတယ်လေ..."
"မင်းက ၁၇၅ စင်တီမီတာဆိုတော့ ပေါင်ချိန်၁၀၅ ထက် ပိုမရှိသင့်ဘူးမဟုတ်လား..."လင်းရီ မေးလိုက်ပြီး "ပြီးတော့ မင်းကိုယ်ပေါ်က အသားတွေ အကုန်လုံးကလည်း နေရာမှန်မှန်နဲ့ ရှိနေကြတော့ ဘယ်လောက်၀လဲတောင် မပြောတတ်တော့ဘူး..."
"ဟီးဟီး..ချီးကျူးတယ်လို့ပဲ မှတ်လိုက်မယ်နော်..."ကျီချင်းရန် တစ်မျိုး ပြောင်းထိုင်လိုက်ပြိး "ချက်ဖ်လင်းက အရသာရှိတာတွေ ချက်ကျွေးထားတယ်ဆိုတော့ ဟော့ဒီက ကျွန်မကလည်း ဆုချတဲ့ အနေနဲ့ ရေကူးပြပါမယ်တဲ့ရှင်...လိုက်ကြည့်ချင်လား"