အခန်း (၂၄၈)
Vol. 17 Ch. 248
"မင်းဘက်က စိတ်အားထက်သန်စွာနဲ့ ဖိတ်ခေါ်လာပြီဆိုမှတော့ ကိုယ့်ဘက်ကလည ငြင်းရင် ဘယ်ကောင်းမှာ..အားနာပါးနာနဲ့ လိုက်ခဲ့ပေးရမှာပေါ့..."
"ကျွတ်...ငါ့ကို အခွင့်ကောင်းယူပြီးတော့များ လူကောင်းလိုလို ဘာလိုလို ဟန်ဆောင်နေသေးတယ်ပေါ့..."
ကျီချင်းရန် မတ်တပ်ရပ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားလိုက်၏။ ပြန်ဆင်းလာခဲ့သည့် အချိန်တွင်တော့ သူမ၏ ရေကူး၀တ်စူံကို ၀တ်ဆင်ထားပြီး ဖြစ်လေသည်။
ကိုယ်ကို တဘက်အရှည်ကို ပတ်ထားသော်လည်း ယင်းက သူမ၏ စွဲမက်ဖွယ်ရာ သွင်ပြင်သဏ္ဌာန်ကို ဖုံးကွယ်ရန် မစွမ်းသာခဲ့။
"ရော့..နင့်အတွက်လည်း ရေကူးဘောင်းဘီ ယူလာခဲ့ပေးတယ်...မြန်မြန်၀တ်ပြီးထွက်ခဲ့ ..အပြင်မှာ စောင့်နေမယ်...."
လင်းရီ ရေကူးဘောင်းဘီ ၀တ်ဆင်ပြီးနောက် အပြင်သို့ ထွက်လာခဲ့လိုက်၏။
ထိုအချိန်တွင်တော့ ကျီချင်းရန်မှာ ရေကူးကန်ဘေးတွင်ထိုင်နေပြီး သူမ၏ သွယ်လျသော ခြေတံလေးများကို ရေထဲတွင်နှစ်ကာ ညို့ယူဖမ်းစားနိုင်သည့် ရေသူမလေးတစ်ဦးကဲ့သို့ ရေဆော့ကစားနေလေသည်။
"ဆင်းလာခဲ့လေ..."
လင်းရီ ထွက်လာသည်ကို မြင်တော့ ကျီချင်းရန် လက်ယပ်ခေါ်လိုက်၏။ သို့သော်လည်း သူမ၏ အကြည့်များက လင်းရီ၏ ခန္ဓာကိုယ်ပေါ်သို့ စက္ကန့်အနည်းငယ်ခန့်လောက် ကျရောက်သွားခဲ့သည်။
သူ့ ၀မ်းဗိုက်ကြွက်သား ကြီးတွေက လှလိုက်တာနော်...
ဘယ်လိုများ လေ့ကျင့်ထားပါလိမ့်...
သူ့ဘော်ဒီက ငါ့ထက်တောင် ကိတ်နေသလားလို့...
"မပူနဲ့..မင်းမခေါ်လည်း ငါက လာမှာပဲ..."
ပြောပြီးနောက် လင်းရီ ရေထဲသို့ ဒိုင်ဗင်ထိုး ဆင်းချသွားပြီး ကျီချင်းရန်ပေါ်သို့ ရေများ စင်ပြီး စိုရွှဲသွားစေသည်။
ရေများ စင်လာသည်ကို မြင်လိုက်သော်လည်း ကျီချင်းရန် ရှောင်ရန်မမှီသောကြောင့် သူမ တစ်ကိုယ်လုံး ရေများ စိုရွှဲသွားတော့၏။
"လင်းရီ..နင် ဒါ တမင်သပ်သပ် လုပ်တာ မဟုတ်လား..."
"မင်းမစောင့်နိုင်မှာဆိုးလို့ အမြန်ခုန်ဆင်းခဲ့တာလေကွာ..ဘာလို့ တမင်သပ်သပ် လုပ်တယ်လို့ လာပြောတောလဲဟ..."
"ဟုတ်တယ်...နင် ရည်ရွယ်ချင်ရှိရှိ လုပ်တာ...ကြည့်...နင်လုပ်လို့ ငါ့တစ်ကိုယ်လူံး ရေတွေ ရွှဲကုန်ပြီ.."
"ရေကန်ထဲ ရောက်မှတော့ ရေစိုတာ ဘာဆန်းလို့လဲဟ..."
"နင်ကတော့လေ...တော်ပြီ..မပြောတော့ဘူး..နင်နဲ့ ပြိုင်ပြောလည်း လေကုန်တာပဲ ရှိမယ်...နင့်မျက်နှာက တံတိုင်းထက်တောင် ထူနေသေးတယ်..."
နှစ်ယောက်သား အေးချမ်းသော လရောင်အောက်တွင် ရေခဏလောက် ကစားပြီးနောက် အပေါ်သို့ ပြန်တက်လာခဲ့ကြ၏။
"တဘက် ပတ်ထားဦး..အအေးမမိစေနဲ့..."
လင်းရီ ပြောလိုက်၏။
ကျီချင်းရန် ခံစားသွားရပြီး လင်းရီကို အပြုံးလေးဖြင့် ကြည့်ကာ "ငါသာ ၀တ်လိုက်ရင် နင်က ဘယ်နေရာတွေ သွားကြည့်တော့မှာ..."
"ငါမြင်သင့်တာတွေ မြင်ဖူးသွားပြီလေ..မင်း ဘာမှ မ၀တ်ထားတဲ့အချိန်ကျမှပဲ ပြန်ကြည့်တော့မယ်.."
"ဟမ့်...နင်မြင်ရမယ် ထင်မနေနဲ့..."
နှစ်ယောက်သား ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေကြရင်း ကျီချင်းရန် မျက်နှာက်ထက်ရှိ မတင်းတိမ်သေးသော အမူအရာကိုမြင်တော့ လင်းရီ ပြုံးလိုက်ပြီး "ကြည့်ရတာတော့ ငါ့ဆီမှာ ရေကူးချင်လို့ ဒီလိုတွေ စီစဉ်ထားတာမလား..."
"ဘယ်တတ်နိုင်မှာ.."ကျီချင်းရန် ကူကယ်ရာမဲ့နေသည့် လေသံဖြင့် "အိမ်မှာက ရေကူးကန်လည်း မရှိဘူးလေ...ပြီးတော အပြင်ထွက်ကူးရမှာလည်း ရှက်စရာကြီး...ပြီးတော့ နင်ကလည်း ငါ့ကို လာလည်ဖို့ မဖိတ်ခေါ်မှတော့ ဒီလိုလုပ်ရုံပဲ ရှိတော့တာပေါ့..."
"ရေကူးချင်တယ်ဆိုလည်း ပြောလေ...သော့တစ်စုံ အပိုပေးထားမယ်...မင်း စိတ်ပါတဲ့အချိန် မရွေး လာကူးလှည့်..."
"တော်ပါပြီ..."ကျီချင်းရန် ပြောလိုက်ပြီး "နင်ခေါ်မှပဲ လာမှာ...နင်မခေါ်ရင် မလာဘူး..."
ကျီချင်းရန် မျက်နှာထက်ရှိ ၀င့်ဝါသော အမူအရာကိုမြင်တော့ လင်းရီ ပြောလိုက်၏။
"အဲ့တာဆို မင်းကို ရေကူးကန်ပါတဲ့ အိမ်တစ်လုံး လက်ဆောင်ပေးမယ်လေ...မင်းအိမ်ဖြစ်သွားပြီဆိုရင် ကိုယ့်စိတ်ကြိုက် ကူးလို့ရပြီမဟုတ်လား..."
"အဲ့လိုမျိုးလည်း မလိုချင်ဘူး..."ကျီချင်းရန် ခေါင်းခါရမ်းလိုက်ပြီး "နင်ခေါ်မှပဲ လာမှာ ...အဲ့လိုဆို ငါလည်း ကြည့်ကောင်းတယ်လေ..."
"သဘော...အဲ့လို ဇီဖာကြောင်လို့လည်း ခုထိ အပျိုကြီး ဖြစ်နေတာ..."
နှစ်ယောက်သား တစ်ခဏမျှ အနားယူပြီးနောက် ကျီချင်းရန် လင်းရီကို ရေကန်ထဲသို့ ဆွဲချသွားပြီး လေးငါးပတ်ခန့် ရေကူးလိုက်ကြ၏။ ထို့နောက် ကျေနပ်အားရနေသော အမူအရာဖြင့် အိမ်ထဲသို့ ၀င်လာခဲ့ကြလေသည်။
နောက်တစ်နေ့ နံနက်တွင်တော့ ကျီချင်းရန် အိပ်ရာမှ ရီဝေစွာဖြင့် နှိုးထလာခဲ့၏။ အောက်ထပ်မှ သင်းကြိုင်သည့် စားကောင်းသောက်ဖွယ်ရနံ့များကို ရှူရှိုက်မိသောအခါ ဖိုတီဖပ်သီဖြင့် အောက်ထပ်သို့ အပြေးကလေး ဆင်းလာခဲ့လေသည်။
အောက်ထပ်တွင်တော့ လင်းရီမှ ပူတင်း လေးခုကို လုပ်ထားပေးပြီး စားပွဲပေါ်တွင် ချထားပေး၏။
"အိပ်ပုတ်လေးပဲ..ခုမှ အိပ်ရာ ထလာတယ်ဆိုတော့..မင်းအတွက် မနက်စာ စားဖို့ လုပ်ထားပေးတယ်..မနေ့ညက ကျန်တဲ့ဟာတွေက ပြန်နွှေးစားရင် ကောင်းမှာ မဟုတ်ဘူး..."
"နင်ငါ့ကို အသစ်လေးခုတောင် လုပ်ထားပေးတယ်ပေါ့..."
"အေးလေ..မဟုတ်လို့လား..."
ကျီချင်းရန် သူမ လက်နှစ်ချောင်းကို နှုတ်ခမ်းပေါ်သိူ့ တင်လိုက်ပြီးနောက် လက်ကို ဆန့်တန်း၍ လင်းရီ နှုတ်ခမ်းနှင့် ထိ တွေ့လိုက်သည်။
"သွားမတိုက်ရသေးလို့ နင့်ကို ဖလိုင်းကစ်ပဲ ပေးလိုက်တော့မယ်နော်...ဟီးဟီး.."
ကျီချင်းရန်၏ ပြုံးပျော်ရွှင်ပြီး ချစ်စဖွယ် မျက်နှာလေးကို မြင်တော့ လင်းရီ သူမ၏အပြုံးမှာ ဆောင်းနံနက်ခင်း၌ ဖြာကျသော အသူရာနေမင်းကြီး၏ အလင်းရောင်ထက်တောင် တောက်ပနေသည်ဟု ခံစားမိ၏။
"မျက်နှာ အရင်သွားသစ်လိုက်..ပြီးမှ လာစားလည်း နောက်မကျသေးဘူး.."
"ဟင့်အင်း..အရင်စားချင်တယ်...နောက်မှ မျက်နှာသွားသစ်လို့ မရဘူးလား..."
"ဘာလို့..."
"ပြန်ရောက်လာတဲ့ အချိန်ကျရင် ပူတင်းတွေ အေးကုန်မှာ ဆိုးလို့လေ..နာက ပူပူနွေးနွေးလေး စားချင်တာ..."
"သဘော...ဆရာမကြီး သဘော.."
"ခစ်ခစ်...ငါက ဆရာမကြီးပဲလေ...."
ထို့နောက် ကျီချင်းရန် ပူတင်း တစ်တုံးကို ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်၏။
"နင်လည်း စားကြည့်ပါလား..အရမ်းအရသာရှိတယ်နော်...."
"တော်ပြီ..ငါက အချိုတွေ သိပ်မကြိုက်တော့ စားလေ့စားထ မရှိဘူး..မင်းသာ ၀အောင်စား."
"အဲ့တာဆို အားမနာတော့ဘူးနော်..."
သူမ နံနက်စာ သိပ်မစားပါဘူးလို့ ပြောနေသော်လည်း ပူတင်းလေးခုလုံးမှာ ကျီချင်းရန် လက်ချက်ဖြင့် တခဏအတွင်း အကုန်ပြောင်သွားတော့၏။
"တော်ပြီ...နောက်လအထိ နင်ချက်ကျွေးတာတွေ မစားဘူးလို့ ဆုံးဖြတ်လိုက်ပြီ..."
ကျီချင်းရန် စားလို့သောက်လို့ ပြီးမှ နောင်တရနေသည့်အမူအရာဖြင့် ပြောလိုက်လေသည်။
"ဘာလို့လဲ...မင်း အရမ်းကြိုက်တယ်မဟုတ်လား..."
"ကြိုက်တာတော့ ကြိုက်တယ်လေ..ဒါပေမယ့် စားချင်တဲ့ အချိန်တိုင်း နင့်ကို အနိုင်ကျင့်နေလို့မှ မရတာ..."ကျီချင်းရန် ပြောလိုက်ပြီး "ပုံမှန်ဆို မိန်းကလေးက ချက်ပြုတ်ပေးရမှာ..ခုတော့ နင်က မီဖိုချောင် ၀င်နေရတယ်ဆိုတော့ မကောင်းဘူးလေဟာ..."
"မင်းပြောသလောက်ကြီးလည်း မဟုတ်ပါဘူးဟ..အဲ့တာတွေက ရှေးရိုးဆွဲတဲ့ လူတွေ ပြောနေကျ လက်သုံးစကားကြီးပါကွာ..ခုခေတ်မှာ ယောက်ျားလေး စားဖိုမှူးတွေဖြင့် ဒုနဲ့ဒေး ရှိနေတာကိုပဲ..."
"အဲ့တာတော့ အဲ့တာပေါ့...ဒါပေမယ့် ငါ့စိတ်ထဲ နေရခက်နေလို့လေ..."ကျီချင်းရန် ပြောလိုက်ပြီး "ခု ဆုံးဖြတ်လိုက်ပြီ ..နင်က ငါ့ကို ကြိုးစားပမ်းစားနဲ့ အရသာရှိတာတွေ ချက်ကျွေးထားတာဆိုတော့ ငါ့ဘက်ကလည်း နင့်ကို ပြန်ချက်ကျွေးမယ်..အဲ့တာမှ တရားမျှတမှာပေါ့..ဟုတ်တယ်မလား..ဒါပေမယ့် ကြိုပြောထားမယ်နော်...ငါချက်ကျွေးတဲ့ ဟင်းတွေက အရသာမရှိလို့ ဆိုပြီး မကြိုက်ဘူး ငြင်းလို့မရဘူး....."
"ဒါပေါ့...ချင်းရန်က ကြိုးစားပေးမယ်ဆိုတော့ ကိုယ်ကလည်း မျက်နှာသာပေးရမှာပေါ့..."
"ဟင်းဟင်း ဒီလို လိမ္မာမှပေါ့.."
မနက်စာ သုံးဆောင်ပြီးနောက် လင်းရီ ကျီချင်းရန်ကို ချောင်ရန် အုပ်စုသို့ လိုက်ပို့လိုက်၏။
သူမ ကားထဲမှ မထွက်ခွာမီ "ပရဟိတ ညစာစားပွဲက ညနေလေးနာရီမှာနော်..လာကြိုဖို့လည်း မေ့မနေနဲ့ဦး..."
"မပူနဲ့ ..မမေ့စေရဘူး..."
"အွန်း..အဲ့တာဆို သွားတော့မယ်..ဂရုလည်း စိုက်ဦးနော်..ဘတ်စကက်ဘော ဆော့ရင်း ထိခိုက်မိနေဦးမယ်..."
ကျီချင်းရန် ချစ်စဖွယ် ပြောဆိုလိုက်၏။
"ပြီးတော့ ငါနင့်ကို ၀ယ်ထားပေးတဲ့ sneaker တွေလည်း စီးဖို့ မေ့မနေနဲ့ဦး..နင် အမြင့်ကြီးခုန်ပြီး သွင်းလို့ရအောင် စေတနာနဲ့ ၀ယ်ထားပေးတာ..."
"ဟုတ်ပါပြီ ဆရာမကြီးရေ..မှာနေတာတွေက ဘယ်တော့ပြီးမှာလည်း ...ငါ ဒီနေ့ အလုပ်ကော သွားရဦးမှာလား..."
"နင်နော်..ဒီက စိတ်ပူလို့ သတိပေးနေတာကို နားမထောင်ချင်လည်း သဘောပဲလေ..."
ကျီချင်းရန် စိတ်ကောက်သွားဟန်ဖြင့် တစ်ဖက်သို့ လှည့်လိုက်၏။
"ဟားဟား..ဟုတ်ပါပြီ ..ဒီကလည်း အလကားစနေတာပါဟ..."
ထို့နောက် လင်းရီ သူ့အိတ်ကပ်ထဲမှ သော့အပိုတစ်စုံကို ထုတ်၍ "ဒီမှာ ငါ့အိမ်သော့တွေ..မင်းမယူထားချင်တာ သေချာပြီလား..."
"အွန်း..သေချာတယ်..နင်သာ ငါ့ကို မကြာမကြာ လိုက်လည်ဖို့ ခေါ်လိုက်..."
"အိုကေပါ..."
"အဲ့တာဆို သွားတော့မယ်..လေးနာရီမှ ပြန်တွေ့ကြတာပေါ့.."
"အင်း..."
ကျီချင်းရန်ကို နှုတ်ဆက်ပြီးနောက် လင်းရီ ကျောင်းသို့ ဦးတည်လာခဲ့လိုက်၏။
"ဟယ်လို တီချယ်လင်း..."
လင်းရီ ကားထဲမှ ထွက်ချင်ထွက်ချင်စ မိန်းကလေးတစ်ယောက်မှ နှုတ်ဆက်လာခဲ့၏။
"တီချယ် အရင်တုန်းက ပြိုင်ကားကြီး မောင်းလာသေးတယ်မဟုတ်လား..ခု ဘာဖြစ်လို့ ရှာရီကြီး မောင်းနေတာလဲဟင်..."
"ကားက သူငယ်ချင်းတစ်ယောက်ဟာလေ..ရှာရီကမှာ ငါ့ကိုယ်ပိုင်..."
လင်းရီ ကျောင်းကဲ့သို့သော နေရာမျိူးတွင် သူ၏ ကြွယ်၀မှုကို မကြွားဝါချင်ပေ။ ထို့ကြောင့် တစ်ချို့အရာများကို ပေးမသိသည်က အကောင်းဆူံးဖြစ်၏။
"အိုး...အဲ့လိုကိုး.."ဆံပင်အရှည်နှင့် မိန်းကလေးမှ ပြောလိုက်သည်။
"ဒါပေမယ့် မပူနဲ့နော်..တီချယ် ဆိုင်ကယ်စုတ်ကြီး မောင်းပြီး ကျောင်းလာခဲ့ရင်တောင်မှ သမီးတို့က ဆရာ့ကို နှစ်သက်နေဦးမှာ..."
"မဆိုးဘူး..မဆိုးဘူး..ပိုက်ဆံက အရေးကြီးတယ်ဆိုပေမယ့် ငွေတစ်ခုတည်းကိုပဲ ရှေ့တန်းတင်လို့တော့ မရဘူး....အရာရာတိုင်းကို အမှန်အတိုင်း မြင်နိုင်ဖို့က အရေးကြီးတယ်....."
"ဟုတ်ကဲ့ တီချယ်လင်း ဆုံးမတာကို လိုက်နာပါ့မယ်ရှင့်..."
ထို့နောက် လင်းရီ ရုံးခန်းသို့ မိန်းကလေး လေးငါးဆယ်ယောက်ခန့်ဝိုင်းရံပြီး ရုံးခန်းသို့ ရောက်ရှိလာခဲ့၏။ ရုံးခန်းထဲတွင်တော့ သူမှ လွဲ၍ တခြားဆရာများအားလုံးမှာ ရောက်နှင့်နေပြီး ဖြစ်လေသည်။
"သပပဲ...ဘာလို့ ဒီရဲ့ ထောက်ပံ့သူက အဲ့လောက် ပိန်းနေရတာလဲကွာ..သွေးဘယ်လို ပြန်ဖြည့်ပေးရမလဲဆိုတာတောင်မှ မသိဘူးတဲ့....အဲ့တာဆိုလည်း သပ မို့ ထောက်ပံ့သူကို ရွေးကိုင်တာလားဟ..."
လင်းရီ တံခါးဖွင့်ပြီး ရုံးခန်းထဲသို့ ၀င်ကာရှိသေး ရှောင်င်ထျန် အော်ဟစ်ဆဲဆိုနေပြီး သူမဖုန်းကို ဆိုဖာပေါ်သို့ ကောက်ပစ်နေသည်ကို မြင်လိုက်ရသည်။
"ဘာတွေ အဲ့လောက်ဒေါသထွက်နေတာတုန်းဟ.."
"ဘာရှိရမှာ..ဂိမ်းထဲက သောက်နုပေါ့..ထောက်ပံ့သူကိုင်ပြီးတော့ သွေးကျ ဘယ်လိုဖြည့်ရမလဲ မသိဘူးတဲ့..သူသာ သွေးဖြည့်ပေးရင် ငါလည်း ေ-သမှာ မဟုတ်ဘူး..အဲ့လိုသာဆို နိုင်နိုင်ခြေရှိတယ်..ခုတော့ ရှုံးပြီလေ..."
လင်းရီကတော့ ငိုရအခက် ရယ်ရအခက် ဖြစ်နေပြီး "ကိုယ့်ဘာကိုယ် အိမ်ပြန်ပြီး သွေးဖြည့်လို့ ရတယ်မဟုတ်လား...ထောက်ပံ့သူက သွေးဖြည့်ပေးမှရယ်လို့မှ မဟုတ်တာ...."