အခန်း (၂၄၉)
Vol. 17 Ch. 249
"အာ....အဲ့လိုလုပ်လည်း ရတာပဲနော..."
ရှောင်ထျန် ဖုန်းကို ပြန်ကောက်ယူလိုက်ပြီး လင်းရီကို မျက်လုံးရွဲကြီးများဖြင့် ကြည့်၍ "တစ်ပွဲ နှစ်ပွဲလောက် အတူဆော့ရအောင်လေ..."
"အချိန်မရှိသေးဘူး..ခနနေဆို ဘတ်စကက်ဘော အတန်း သင်ရတော့မှာ..တစ်ပွဲတောင် ပြီးအောင် ဆော့ဖို့ အချိန်က မကျန်တော့ဘူး..."
"အိုး..ဘတ်စကက်ဘောလို့ ပြောမှ ငါလည်း ခုမှ သတိရတယ်..."ရှောင်ထျန်ပြောလိုက်ပြီး "အားကစားဌာနက ဒါရိုက်တာ၀မ်က ငါ့ကို ဆက်သွယ်လာတယ်...ဒီနေ့ အေရိုးဗစ် သင်တဲ့ ဆရာမကျန်းက ဖျားပြီး မလာနိုင်တော့လို့..အဲ့တာ နင်သူ့အစား အတန်း၀င်ပေးပါဦးတဲ့..."
"ဟမ်..."လင်းရီ ရပ်တန့်လိုက်ပြီး "အေရိုးဗစ်ဆရာမက ဖျားပြီးတော့ ငါ့ကို သူမကိုယ်စား အတန်း၀င်စေချင်နေတယ်...သေချာလို့လားဟ..."
"ဖုန်းထဲမှာတော့ ဒါရိုက်တာ၀မ် အဲ့လိုပြောတာပဲ..ငါလည်း ငြင်းရမှာ အားနာနေတာနဲ့ နင့်ကိုယ်စား သဘောတူပေးလိုက်တယ်..."
"အားကစားဌာနမှာ တခြား ဆရာမတွေလည်း ရှိသေးတယ်မဟုတ်လား..ဆရာမကျန်း နေမကောင်းဖြစ်တယ် ဆိုရင်တောင်မှ သူတို့ကို အစား၀င်ခိုင်းလို့ရတယ်လေကွာ..ငါ့ကို အကူညီတောင်းဖို့ လိုလို့လားဟ.."
"ပြီးတော့ ငါမနေ့တုန်းက တိုက်ကွမ်ဒို အတန်းပြီးတော့ ဆရာမကျန်းကို မြင်လိုက်ပါသေးတယ်..တက်ကြွ နေလိုက်တာများ ဖလန်းဖလန်းထလို့..ဖျားနေတဲ့ ပုံလည်း တစ်စက်မှ မပေါ်ပါဘူးဟ..."
"အဲ့တာတော့ ငါလည်း ဘယ်သိမှာ..ဒါပေမယ့် နင် အတန်းတော့ သွားပေးရမယ်နော်...သူက နင့်နာမည်တပ်ပြီး အကူညီတောင်းထားတော့ မသွားပေးရင် ဘယ်ကောင်းမှာ... "
"ကောင်းပြီလေ..အဲ့တာဆို အေရိုးဗစ်အတန်းက ဘယ်အချိန်လဲတဲ့..."
လင်းရီအတွက်ကတော့ ဘာအတန်း၀င်ရလဲဆိုတာ အရေးမကြီးချေ။ အရေးကြီးဆုံးကတော့ အတန်းချိန်ဖို့ကသာ အရေးကြီးဆုံး ဖြစ်၏။
အေရိုးဗစ်အတန်းအပြင် ဘတ်စကက်ဘော အတန်းလည်း ရှိသေး၏။ ထို့ကြောင့် ထိုနှစ်တန်းကို သင်ပြီးပါက သူ၏ မစ်ရှင် ပြီးမြောက်နှုန်းမှာ (၅/၂၀)ဖြစ်လာပြီး အန္တိမ မစ်ရှင်အတွက်လည်း ခြေတစ်လှမ်း နီးကပ်လာမည်ဖြစ်သည်။
"အေရိုးဗစ်အတန်းက နေ့လည်ခင်း ပထမအချိန်မှာပဲ...ပြီးတော့ အားကစားရုံထဲမှာပဲရှိတာ..နင်အဲ့ကို သွားရင် တွေ့ပါလိမ့်မယ်..."
"အိုကေ..."
လင်းရီ ပြင်ဆင်စရာရှိသည်များကို အနည်းငယ် ပြင်ဆင်ပြီးနောက် အားကစားရုံသို့ သွားလိုက်လေသည်။
ယနေ့အတန်းကတော့ မနေဘကနှင့် မတူညီစွာ တမူထူးခြားနေလေသည်။ နောက်ထပ် ကျောင်းသား အသစ်များလည်း ရောက်ရှိနေကြ၏။
ထိုကျောင်းသားများမှာ ကျောင်းအသင်း၏ အသင်းသားများ မဟုတ်ပဲ သာမန်ကျောင်းသားများသာဖြစ်ပြီး လင်းရီ ဖူးချင်းရှန်းတို့ကို အံဖွယ်ဆန်ဆန် အနိုင်ယူလိုက်သည့် သတင်းကို ကြားမိသောကြောင့် အထူးအဆန်းဖြစ်၍ လာကြည့်ကြခြင်း ဖြစ်လေသည်။
လင်းရီကတော့ ထိုသူများနှင့် ပတ်သက်၍ စိတ်ထဲ ထားမနေခဲ့။
ကြည့်ချင်တာမလား..အေးဆေးကြည့်ကြပေါ့...
သို့သော်လည်း ဘတ်စကက်ေဘာ ထရိန်နင်ပြီးနောက် ထိုသူတို့ မျှော်လင့်ချက်များ ရိုက်ချိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
အတန်းအချိန်၏ သုံးပုံတစ်ပုံမှာ ကိုယ်ကာယ လေ့ကျင့်ခန်းများနှင့် ပြီးဆုံးသွားပြီး ကျန်သည့် အချိန်များမှာလည်း ဘက်စကက်ဘော ပစ်သွင်းခြင်း လေ့ကျင့်ခန်းများနှင့်သာ အဆုံးသတ်သွားခဲ့၏။ ယင်းက သူတို့ စိတ်ကူးယဉ်ထားသည်နှင့် တော်တော်လေး ကွာခြားနေလေသည်။
ဒိလိုမျိုးမှန်း သိရင် လာမကြည့်ပါဘူးကွာ...ငါထင်တာ သူတို့တွေ နှစ်သင်းခွဲပြီး အကွက်ဆန်းကြီးတွေနဲ့ ယှဉ်ပြိုင်ကြတော့မှာလားပေါ့...ဖက်ခ်
အတန်းပြီးနောက် ရှောင်ထျန်မှ လင်းရီကို နေ့လည်စာ ၀ယ်ကျွေး၏။
တစ်ခုယူလျင် တစ်ခုပြန်ပေးရသည်ဟု ဆိုသကဲ့သို့ စားသောက်ပြီးနောက် လင်းရီလည်း သူမနှင့် အတူ
ဂိမ်းနှစ်ပွဲ ဆော့ပေးလိုက်ရ၏။ ထို့နောက် ပစ္စည်းများကို သိမ်းဆည်း၍ အတန်းအတွက် ပြင်ဆင်နေလိုက်သည်။
လင်းရီ ထွက်လာသည့် အချိန်တွင်တော့ မိန်းကလေးအများအပြား ရုံးခန်းအပေါက်၀၌ သူ့အား စောင့်ကြိုနေကြသည်ကို တွေ့လိုက်ရ၏။
"ဘာလာလုပ်ကြတာ.."
"တီချယ့်ကို အေရိုးဗစ် အတန်းစီ ခေါ်သွားဖို့ စောင့်နေကြတာလေ..."
"အဲ့တာဆိုလည်း အားကစားရုံမှာ စောင့်နေလိုက်လေ..ဘာလို့ ဒီမှာ လာရပ်စောင့်နေတလာလည်းဟ..."
"ကျွန်မတို့ အခွင့်ရေးကို တန်ဖိုးထားရမယ်လေ..တီချယ်ကျန်း တစ်ခေါက်တစ်ခေါက် ဖျားဖို့ဆိုတာက တကယ်လွယ်တာ မဟုတ်ဘူး...နောက် ဘယ်ချိန်မှ ပြန်ဖျားမလဲဆိုတာ သမီးတို့မှ မသိတာ..."
"ကြည့်ရတာမင်းတို့က ဆရာမကျန်းကို တစ်သက်လုံး ဖျားစေချင်နေကြတယ်ပေါ့..."
"အဲ့လောက် ကြီးတော့ မဟုတ်ပါဘူး..အချိန်တစ်ခုလောက်ထိဆိုရင်ကို သမီးတို့က ကျေနပ်နေပါပြီ..."
လင်းရီ ပြောစရာစကား ကင်းမဲ့နေတော့၏။
သည်ကျောင်းသူများကတော့ တကယ့်ကို မနိုင်စိန်လေးများပင်။
ရုတ်တရက်ဆိုသလို နောက်လာမည့် အေရိုးဗစ် အတန်းမှာ လင်းရီအတွက် ကြီးမားသော စိန်ခေါ်မှုကြီးတစ်ရပ်ကို ဖြတ်သန်းရတော့မည့် ခံစားချက်ကို ရရှိလိုက်လေသည်။
အကြောင်းပြချင်ကတော့ ရိုးရှင်း၏။ လင်းရီမှာ ငယ်ရွယ်လွန်းပြီး သူ၏ တပည့်မလေးများနှင့် အသက်မတိမ်းမယိမ်းလောက်ပင်။
ဆရာဟူသော အဆင့်အတန်းကြောင့်သာ သမီး သမီးတပ်၍ ခေါ်ဆိုနေကြသော်လည်း သူ့ထက် အသက်ကြီးသော ကျောင်းသူများပင် ရှိလျင် ရှိနိုင်သေး၏။
မကြာမီ လင်းရီ ကျောင်းသူလေးများ ၀န်းရံ၍ အေရိုးဗစ် ကလပ်သို့ ရောက်ရှိလာခဲ့သည်။
တံခါးဖွင့်ဖွင့်ခြင်း၌ပင် အခန်းထဲရှိ လေထုမှာ ရေမွှေးနံ့များ ၊ လိုးရှင်းနံ့များနှင့် ငယ်ရွယ်သော ကျောင်းသူလေးများ၏ လတ်ဆတ်သော ကိုယ်သင်းရနံ့လေးများမှာ သူ၏ နှာသီး၀သို့ ထိုးဖောက်၀င်ရောက်လာခဲ့၏။
တစ်ရှိုက်လောက် ၀၀ ရှူသွင်းလိုက်သည်နှင့် ရင်ထဲတွင် တလှပ်လှပ် ခံစားလိုက်ရသည်။
အေရိုးဗစ် ကလပ်ထဲတွင်တော့ ကျောင်းသူသီးသန့်အယောက် ၆၀ ရှိ၏။
အများစုကတော့ ကွာတား ဘောင်းဘီလေးများ ၀တ်ဆင်ထားကြပြီး ကျန်သူများကတော့ ဘောင်းဘီအကြပ်များကို ၀တ်ဆင်ထားကြသည်။ Douyin ပေါ်ရှိ သူတို့၏ လှပသော ကိုယ်လုံးကိုယ်ပေါက်များကို လှစ်ဟပြထားသည့် ကောင်မလေးများနှင့် ဆင်တူနေလေသည်။
အပေါ်ပိုင်းနှင့် စပ်လျဉ်း၍ကတော့ အားလုံးမှာ သူမတို့၏ ရင်ညွှန့်ရိုးကို ဖော်ပြသည့် အ၀တ်များ ၀တ်ဆသ်ထားကြ၏။
ငယ်ရွယ်ပြီး လှသွေးကြွယ်နေကြသော ထို တက္ကသိုလ်ကျောင်းသူလေးများကို ကြည့်ရင်း လင်းရီ ဝံပုလွေမများ ကြီးဆိုးရာ လှိုဏ်ဂူတွင်းသို့ သက်ဆင်းရတော့မည့် ခံစားချက်များ ဖြစ်ပေါ်နေလေသည်။
မတော်လို့ ငါ့ဆွဲ-စားကြရင် ဘယ်လိုလုပ်ရပါ့...
တစ်ခါတစ်ရံ ခန့်ညား ချောမောသည်မှာလည်း ကောင်းသည့် အချက်တော့ မဟုတ်ချေ။
"တီချယ်လင်း..မင်္ဂလာပါရှင့် ..."
အယောက် ၆၀ကျော်သော ကျောင်းသူလေးများ လင်းရီထံ လျှောက်လာပြီး အသံစာစာလေးများဖြင့် နှုတ်ခွန်းဆက်လိုက်ကြ၏။
သူမတို့မျက်နှာထက်ရှိ ပျော်ရွှင်နေမှုများကတော့ စကားလူံးများဖြင့် ဖော်ပြ၍ မရနိုင်အောင်ပင်။
ထိုစဉ် တစ်စုံတစ်ဦးမှ
"အိုကေ...အတန်းစတော့မယ်ဆိုတော့ သေချာရပ်ကြမယ်..."
လင်းရီ အသံကြား၍ တံခါးပေါက်သို့ ကြည့်လိုက်သောအခါ အေရိုးဗစ်ဆရာမကျန်း ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
ဆရာမကျန်း၏ နာမည် အပြည့်အစုံကတော့ ကျန်းရွှယ်ဖြစ်ပြီး အရပ်အမောင်းကတော့ မနိမ့်မမြင့် အနေတော်လေးပင်။ နတ်သမီးတမျှ လှပသည်ဟု မဆိုသာသော်လည်း ကြည့်ပျော်ရှုပျော်တော့ ရှိ၏။
"အာ...ဆရာမကျန်း...ပြောတော့ ဖျားနေတယ်ဆို..."
လင်းရီ ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
"ငါတို့ ကာယဆရာတွေက သူတို့ခွင့်ပြူတဲ့အချိန်မှပဲ ဖျားလို့ရတာလေ..."ကျန်းရွှယ် ခါးသီးစွာ ပြုံးလိုက်ပြှး "သူတို့ ဖျားဆို ငါလည်း ဖျားရတာပါပဲ..."
"တကယ်ကြီးလား...အဲ့တာနဲ့ပဲ ဆရာမကျန်းကလည်း လက်ခံလိုက်တယ်ပေါ့..."လင်းရီ ကြောင်အနေလေ၏။
ဘာတုန်းဟ..သူများက သူ့ကို အတင်းဖျားခိုင်းနေပြီး နားခိုင်းနေတာတောင်မှ သူက မကျေမနပ်လေးတောင် မဖြစ်မိဘူးတဲ့လား...
"ဘယ်တတ်နိုင်မှာ..ကျွန်မလည်း ဆရာလင်းနဲ့ ဆုံချင်တယ်လေ..အဲ့တာကြောင့် သူတို့နဲ့ ပူးပေါင်းပေးလိုက်တာ..."ကျန်းရွှယ် ပြောလိုက်သည်။
စိတ်ထဲတွင်တော့
'သွားပြီ...ငါတော့ အဆုံးသတ်ပြီ.....အားတဲ့ဘုရား လာကယ်ပါလို့ အကူအညီတောင်းရတော့မယ်...'
"ဆရာမကျန်း..ဒီလိုလုပ်ပါလား..ကျုပ်ဒီနေ့ အတန်းမှာ ခင်များနဲ့အတူ ရှိနေမယ်ဗျာ..ဒါပေမယ့် ခင်များကတော့ အဓိက နည်းပြလုပ်ပေးပေါ့....ကျုပ်က အေရိုးဗစ်အကြောင်း သိပ်မသိတော့ သူတို့ကို ဘယ်လိုသင်ပေးရမလဲဆိုတာ ဘာမှနားမလည်ဘူး..."
ပညာရှိ ဉာဏ်ပညာ၏ အကူအညီဖြင့် လင်းရီ အေရိုးဗစ်အကြောင်း အနည်းအကျဉ်းမျှတော့ နားလည်ထားသည်။ အနည်းဆုံးတော့ သူ၏ သိနားလည်မှုများမှာ ကျန်းရွှယ်အောက်တော့ လုံး၀ မလျော့ပေ။
သို့သော်လည်း သူ၏ အမြင်တွင်တော့ ယောက်ျားလေးများ အေရိုးဗစ် သင်ခြင်းမှာ အရမ်းမိန်းမဆန်သည်ဟု ခံစားနေရ၏။ ထို့ကြောင့် လင်းရီ အေရိုးဗစ် သင်မည့် အကြံကို လက်ရှောင်ထားလိုက်သည်။
"ရတယ်လေ..ဘာပဲဆိုဆို ဘယ်သူပဲသင်သင် အရေးမကြီးပါဘူး"
"ဟုတ်တယ် ဟုတ်တယ် ..သမီးတို့ ခုန်တာကို ဆရာလင်းသာ ထိုင်ကြည့်နေမယ်ဆိုရင် တစ်နေကုန် တစ်နေကမ်း ခုန်နေရတောင် မောပမ်းမှာ မဟုတ်ဘူး.."
"တီချယ်လင်း..စမီးတို့ ခုန်တာ ကြည့်ပြီးတော့ ဘယ်သူခုန်တာ ပိုလှလဲ ဆိုတာ အကဲဖြတ်ပေးရမယ်နော်..."
"ဆရာလင်း..ကျွန်မတို့နဲ့ သိပ်အဝေးကြီးမှာ မနေနဲ့လေ...လာ...ဒီဘက်နည်းနည်းလောက် တိုးခဲ့..."
'ဘယ်လိုငရဲလဲဟ..ငါက ယောက်ျားလေးလေကွာ....မိန်းကလေးနဲ့ ယောက်ျားလေးကြားမှာ အကွာဝေးတစ်ခုလောက်တော့ ခြားထားသင့်တာပေါ့...'
လင်းရီလည်း ဘာမျှ လုပ်စရာ မရှိသည်နှင့် မနီးမဝေးတစ်နေရာရှိ ထိုင်ခုံပေါ်တွင် ခြေတင်ချိတ်၍ ထိုင်နေလိုက်၏။
မကြာမီ အေရိုးဗစ် အတန်းမှာ တရား၀င် စတင်လာပြီး သီချင်းသံမှာ ပျံ့လွင့်လာခဲ့လေသည်။ သီချင်းစတင်သည်နှင့် ကျန်းရွှယ်မှ ကောင်မလေး အယောက်၆၀ ကျော်ကို ဦးဆောင်ကာ ယမန်နေ့မှ သင်ထားသော လှုပ်ရှားမှုများကို ပြန်လည် လေ့ကျင့်ကြတော့၏။
သူ့ရှေ့ရှိ ဤငယ်ရွယ်နုပျိုသော ကောင်မလေးများအေရိုးဗစ် လုပ်နေသည်ကို မြင်တော့ လင်းရီ မနေနိုင်ပဲ သက်ပြင်းချမိသည်။
သူမ တို့ တစ်ချက်ခုန်တိုင်း သူ့ရင်ထဲ၌ လှိုင်းတစ်လုံး လှိမ့်တက်လာသလို ခံစားရ၏။
တစ်လှိုင်းပြီး တစ်လှိုင်းနှင့် သူ၏ ရင်ပင်တလှပ်လှပ် ဖြစ်နေလေသည်။
တခဏမျှ ကြည့်ရှုပြီးနောက် လင်းရီ စတင် မောပမ်းလာသလို ခံစားလာခဲ့ရ၏။
ယခု ငယ်ရွယ်သည့် ကျောင်းသူလေးများကို လှိုင်းအသေးစားလေးများဟု သတ်မှတ်၍ရ၏။ အကယ်၍ ကျီချင်းရန်နှင့် ရှောင်ထျန်တို့ဖြစ်မည်ဆိုပါက မြင်ကွင်းမှာ ဆူနာမီ လှိုင်းလုံးကြီးများ ဖြစ်ပေလိမ့်မည်။
ဘုန်း..
လင်းရီ ကျီချင်းရန်ကို နောက်တစ်ကြိမ် ရေကူးရန် ဖိတ်ခေါ်ဖို့ စဉ်းစားနေစဉ် ကောင်မလေးတစ်ဦး ရုတ်ချည်း မူးလဲသွားသည်ကို မြင်လိုက်ရသည်။
ယင်းဖြစ်ရပ်က ကျန်းရွှယ်နှင့် ကျန်သည့် ကျောင်းသူများကို ရပ်တန့်သွားစေပြီး ထိုမိန်းကလေးထံ အပြေးလေး လာခဲ့ကြ၏။
"ထျန်းရှင်း...သမီးဘာဖြစ်တာလဲ..ထလေ..ဆရာမကို မခြောက်နဲ့နော်..."
မူးမေ့နေသည့် ကောင်မလေးကို မြင်တော့ ကျန်းရွှယ် စိုးထိတ်သွားပြီး မျက်နှာ ဖြူလျော်သွား၏။
လင်းရီ ဝိုင်းအုံနေသည့် လူအုပ်ကြီးထဲသို့ တိုး၀င်လာပြီး သူ၏ လက်ချောင်းများနှင့် မူးမေ့နေသည့် မိန်းကလေးကို နှိပ်နယ် ပေးလိုက်သည်။ မကြာမီ ကောင်မလေးမှာ သတိပြန်လည်လာပြီး အားနည်းနေသည့် လေသံဖြင့် "တီ..တီချယ်...သမီး ဘာဖြစ်တာလဲတဲ့...."
"ဘာမှ ထွေထူးတော့ မဟုတ်ပါဘူး...ပြန်ပြီးတော့ တစ်ခုခုကောင်းတာလေးစားလိုက်ရင် အဆင်ပြေသွားမှာပါ.."
"တစ်ခုခုကောင်းတာလေး စားပေးရမယ်..."
နဂိုက ဖြူလျော်နေသော မိန်းကလေး၏ မျက်နှာမှာ ပို၍ ပင် ဖြူလျော်လာခဲ့ပြီး "ဆရာလင်း သမီးကို မခြောက်နဲ့နော်...သမီးမှာ ရောဂါနောက်ဆုံးအဆင့် ရှိနေတာလား..."
"ဘာနောက်ဆုံးအဆင့်တွေ ပြောနေတာ...ငါက မင်းကို တစ်ခုခုကောင်းတာလေး စားစေချင်ရုံလေးပဲလေ..."
"တီချယ်လင်း..သမီးကို မညာနဲ့နော်..ပြောစရာရှိတာ ပေါ်တင်ပြောလိုက်...ပုံမှန်ဆို ဒီလိုစကားမျိုးက ရောဂါနောက်ဆုံးအဆင့် ရောက်နေတဲ့ လူတွေကိုပဲ ပြောတာလေ...."
လင်းရီ ဆွံ့အသွား၏။
ဒီလို IQမျိုးနဲ့ ဘယ်လိုလုပ် တက္ကသိုလ်ရောက်လာခဲ့တာလဲကွ...
"မင်းက အာဟာရချို့တဲ့နေတာ..အဲ့တာကြောင့် သွေးတွင်း သကြားဓာတ်လျော့နည်းပြီး မူးလဲသွားခဲ့တာ..ငါကမင်းကို တစ်ခုခုကောင်းတာလေးတွေ မစားခိုင်းတော့ ချေးစားခိုင်းရမှာလားဟ...."