← Chapters

အခန်း (၂၅၀)

Vol. 17 Ch. 250

အခန်း (၂၅၀)

Vol. 17 Ch. 250

"အိုး..အဲ့လိုလား..."

ထျန်းရှင်းဟု ခေါ်သည့် မိန်းကလေးမှာ စိတ်အေးသွားပြီး ယခုလေးတင် ငရဲတံခါး၀မှ ပြန်လှည့်လာရသကဲ့သို့ ခံစားလိုက်ရသည်။

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး "ချိုချဉ်ပါတဲ့သူရှိရင် သူ့ကို ကျွေးလိုက်ကြဦး..ပြီးရင် ကျောင်းဆေးခန်းကို လိုက်ပို့လိုက်ကြ"

"ဟုတ်ကဲ့ပါရှင့်."

ထျန်းရှင်းကြောင့် ရပ်တန့်လိုက်ရသော အေရိုးဗစ် လှုပ်ရှားမှုမှာ မကြာမီ ပြန်လည် စတင်တော့၏။

လင်းရီ ဘေးခုံတွင် ထိုင်နေရင်း ရှေးတုန်းက အင်ပါယာများမှာ အဘယ်ကြောင့် မိန်းမလှလေးများ ကခုန်ဖျော်ဖြေသည်ကို နှစ်သက်ကြလဲဆိုတာ နားလည်သွားတော့၏။

ယင်းသို့ ရှုစားရခြင်းမှာ အမှန်ပင် နှစ်လိုဖွယ် ကောင်းလှပေသည်။

အတန်းပြီးနောက် လင်းရီ အချိန်မှာ သုံးနာရီ ထိုးခါနီး ဖြစ်ကြောင်း သတိထားမိသွား၏။ ထို့ကြောင့် ရုံးခန်းသို့ ပြန်သွားမနေတော့ပဲ ကျီချင်းရန်ဆီသို့သာ မောင်းနှင်သွားလိုက်လေသည်။

"အယ် လင်းရီ ..အစောကြီးပါလား..ခုမှ သုံးနာရီ ကျော်ကျော်လေးပဲ ရှိသေးတာကို"

ကျီချင်းရန် ပြောလိုက်သည်။

"နေ့လည်ခင်း အတန်းက တစ်ချိန်ပဲ ရှိတာလေ..အတန်းပြီးတော့ ဘာမှလုပ်စရာ မရှိတာနဲ့ပဲ မင်းဆီ လာခဲ့လိုက်တာ..."

"အွန်း...တကယ်လို့ နင့်မှာ ဘာမှ လုပ်စရာ မရှိဘူးဆိုရင် ငါ့ဆီလာခဲ့နော်..ငါလည်း အဖော်ရတာပေါ့..ဟီးဟီး..."

ကျီချင်းရန် ပြောလိုက်ပြီး "နင်ပျင်းနေရင်လည်း ဆိုဖာပေါ်မှာ ထိုင်ပြီး ခဏလောက် ဂိမ်းဆော့နေလိုက်လေ..ငါ မိတ်ကပ်ပြင်လိုက်ဦးမယ်..ခုကနေစပြီး‌ တော့ပြင်ဆင်ထားမှ ..မဟုတ်ရင် နောက်ကျသွားတော့မှာ..နောက်ပြီး အ၀တ်စားလဲဖို့လည်း ကျန်နေသေးတုန်းပဲ..."

"အိုကေလေ..မင်းလုပ်စရာရှိသာတာလုပ်..."

ကျီချင်းရန် မိတ်ကပ်ကို အလျင်အမြန် လိမ်းခြယ်လိုက်ပြီး နာရီ၀က်ကြာပြီးနောက် ပွဲတက်၀တ်စုံကိုပါ ၀တ်ဆင်ပြီးသွားလေပြီ။

ကျီချင်းရန် သူ့ထံသို့ လျှောက်လာသည့် အချိန်တွင်တော့ လင်းရီ ကမ္ဘာလောကကြီး တစ်ခုလုံး ခေတ္တမျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။

လင်းရီ ရင်သပ်ရှုမောဖြစ်သွားပြီး သူ့ရှေ့ရှိ မိန်းမလှလေးကို ဂရုတစိုက် အကဲခတ်လိုက်သည်။

ရှည်လျားသော ပွဲတက်၀တ်စုံမှာ ကြမ်းပြင်နှင့် ထိစပ်နေပြီး သူမ၏ ရင်ဘက်ကို ဖုံးအုပ်ထားပေး၏။ အလှနတ်သမီးတို့၏ ညှပ်ရိုးမှာလည်း အထင်းသားပေါ်လွင်နေပြီး ဖြူဖွေးနုဖက်သော လက်မောင်းများမှ သွေးကြော စိမ်းစိမ်းလေးများကိုပင် မြင်နေရလေသည်။

သာမန်အ၀တ်စားများ ၀တ်ဆင်သည့်အချိန်တွင် သူမ၏ လှပသော ပုံရိပ်ကို ထင်ရှားပေါ်လွငါစေသော်လည်း ယခုလို ပွဲတက်၀တ်စုံနဲ့ နှိုင်းယှဉ်မည်ဆိုပ့က မတူညီသည့် အလှတရားတို့မှာ ကောင်းကင်နှင့် မြေပြင်အလား ခြားနားလှပေသည်။

ကိုယ်တိုင်းချုပ်ထားသော ဂါ၀န်မှာ သူမနှင့် ကျက်သရေရှိစွာ လိုက်ဖက်နေပြီး ၀တ်စုံနှင့် ကာရံညီစွာ အနက်ရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကိုလည်း ၀တ်ဆင်ထား၏။ ထို့ပြင် လှပတင့်တယ်သည့် ကျောက်မျက်ရတနာများကိုလည်း ဆင်ယင်ထားသေးလေသည်။

လည်ဆွဲ၊ နားကပ်နှင့် လက်ကောက်၊ အထူးသဖြင့်တော့ သူမဆွဲကြိုးနှင့် တွဲဖက် ၀တ်ဆင်ထားသည့် နီလာတုံးကြီးမှာ နက်ရှိုင်းသည့် သမုဒ္ဒရာကဲ့သို့ ပြာလဲ့နေလေသည်။

ယင်းလက်၀တ်တန်ဆာများမှာ ကျီချင်းရန်ကို ပို၍ ကျက်သရေရှိကာ တော်၀င်ဆန်သွားစေပြီး မလှုပ်ပဲ ရပ်နေပါက လက်ရာမြောက်သည့် ကျောက်စိမ်းပန်းပုရုပ်ကလေးအလား ထင်မှတ်လို့ မှားလောက်စရာပင်။

"လင်းရီ..ဘယ်လိုလဲ..ငါကြည့်လို့ လှရဲ့လားဟင်..."

ကျီချင်းရန် သူမ၏ ဂါ၀န်အနားသားလေးများကို ဆွဲတင်လိုက်ပြီး မဝံ့မရဲလေး မေးမြန်းလိုက်၏။

"လှရက်လွန်းလို့ ကြည့်မိတဲ့ ကိုယ်တောင် အပြစ်ရှိသလို ခံစားနေရတယ်..."

"ခစ်ခစ်..နင်က စကား ဘယ်လိုပြောရမလဲဆိုတာတော့ သိသားပဲ..."

လင်းရီ သူမကို စူးစိုက်ကြည့်နေသည်ကို မြင်တော့ အနည်းငယ် မျက်နှာပူလာခဲ့သော်လည်း စိတ်ထဲတွင်တော့ အတော်လေး ပီတိဖြစ်နေခဲ့၏။

"နင့်၀တ်စုံကလည်း အထဲမှာပဲ...သွားလဲလိုက်လေ..."

"အိုကေ..."

လင်းရီ ၀တ်စုံလဲပြီးသည့် အချိန်တွင်တော့ ညနေ လေးနာရှ ထိုးပြီးဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်သား အတူ မြေအောက် ကားပါကင်သို့ ထွက်လာခဲ့လိုက်၏။

"ဒီနေ့ မင်းရဲ့ကားကို ယူမယ်..."ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် လင်းရီ ပြောလိုက်၏။

"ငါ့ကားကို ယူမယ်.."

"အင်း...ကျောင်းလာတယ်ဆိုတော့ ငါရှာရီပဲစီးခဲ့တာလေ..မင်းက ပရဟိတ ညစာစားပွဲကို ရှာရီကြီးစီးပြီး သွားချင်လို့လား..."

"ဘာဖြစ်လို့လဲ..စီးလို့ရရင် ပြီးရောပဲမလား.."ကျီချင်းရန် ပြောလိုက်ပြီး "ပြီးတော့ နင့်ရဲ့ ရှာရီကလည်း မဆိုးပါဘူး..ထိုင်ရတာ သက်တောင့်သက်သာ တောင်ဖြစ်သေး..."

"မျက်နှာပျက်မှာ မကြောက်ဘူးလား..."

"တကယ်လို့ မျက်နှာရဖို့ ကားကောင်းတစ်စီးလိုမယ်ဆိုရင်တော့ ကားမရှိသေးတဲ့ ငါ့အတိတ်နေ့ရက်တွေမှာဆို ဘယ်လိုလုပ်မှာ..."

"ပြောတာကောင်းတယ်.."လင်းရီ ရယ်မောလိုက်ပြီး ရှာရီထဲသို့ ၀င်ကာ ကျီချင်းရန်ကို ပရဟိတ ညစာစားပွဲသို့ ခေါ်လာခဲ့လိုက်၏။

......

ယွင်လန်ဟိုတယ်မှာ ပန်နီဆူလာ ဟိုတယ်ကြီးနှင် ပခုံးချင်းယှဉ်နိုင်သည့် အဆင့်မြင့် ကြယ်ငါးပွင့် ဟိုတယ်ကြီး တစ်လုံးဖြစ်၏။

မနှစ်တုန်းကမှ ဆောက်လုပ်ပြီးစီးခဲ့ပြီး ဗိသုကာလက်ရာများနှင့် အလှဆင်ထားသည့် ဒီဇိုင်းတို့မှာ ပန်နီဆူလာဟိုတယ်ထက် ပိုပြီး ခေတ်ဆန်လေသည်။

ထိုအချိန်တွင်တော့ မီတာ ဒါဇင်အနည်းငယ်ခန့် ရှည်စော ကော်ဇော အနီရောင်ကြီးမှာ ယွင်လန်ဟိုတယ် တံခါး၀မှနေ၍ အပေါက်၀ထိ ခင်းကျင်းထား၏။

အနီရောင် ကော်ဇော၏ အခြားတစ်ဖက်တွင်တော့ အတားအဆီးများ ကာရံထားပြီး သတင်းထောက်များနှင့် ဂျာနယ်လစ်များက ယနေ့ည တက်ရောက်မည့် ဧည့်သည်တော်များ၏ ကျော်ကြားမှုကြောင့် သတင်းရယူရန် အသင့် စောင့်ဆိုင်းနေကြ၏။

ယ‌နေ့ည ပရဟိတ ညစာစားပွဲ၏ ဧည့်သည်များ စာရင်းတွင် ကျိုးဟိုင်၏ ထိပ်စီး စီးပွားရေး လုပ်ငန်းရှင်များနှင့် ကျော်ကြားသည့် အနုပညာရှင်များ တက်ရောက်လိမ့်မည်ဟု သတင်းရထား၏။

အကယ်၍ ယခု ဂျာနယ်လစ်များသာ သတင်းတစ်ခုခု ရယူနိုင်ပါက နောက်တစ်နေ့တွင် ယင်းက သူမတို့ သတင်းစာတိုက်၏ ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ် ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။

"ဝိုး...ကြည့်လိုက်ကြဦး..အဲ့တာ ခုတလော နာမည်ကြီးနေတဲ့ လျိုဖန်းဖေး မဟုတ်လား...သူက အပြင်မှာ ပိုပြီး လှနေသေးတယ်ကော..."

"ဟုတ်ပါ့..ငါကြားတာတော့ သူ နောက်ထပ် နန်းတော်

ဒရာမာမှာ နေရာတစ်နေရာ ထပ်ရထားတယ်ဆိုပဲ..ထွက်တာနဲ့ လူတိုင်းကို ခဏလောက်တော့ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ကောင်းပါရဲ့.."

"အင်း...သူမက တကယ်ပဲ ကျော်ကြားမှုတွေနဲ့ ထိုက်တန်တယ်...လှရုံတင် မကသေးဘူးနော်..ပီယာနို ၊ တယော အကုန်အစုံကို တီးတတ်တာ..လုံး၀ စွယ်စုံရ အနုပညာရှင် တစ်ယောက်ပဲ.."

"ငါ့အထင်တော့ ဒိကနေ့ ညစာစားပွဲမှာ အလှဆုံး အမျိုးသမီး ဧည့်သည်တော်ကတော့ လျိုဖန်းဖေးပဲ ဖြစ်ရမယ်...."

မရေမတွက်နိုင်သည့် ကင်မရာ မီးအလင်းရောင်များနှင့် သူမနားရှိ တွေးနွေးသံများကို ကြားတော့ လျိုဖန်းဖေး အားရကျေနပ်မှု အပြည့်ဖြင့် ပြုံးလိုက်သည်။

"ဟမ့်..ဘယ်လိုတောင် တောသားငနုံတစ်သိုက်လဲ...ချိုင်းနားတစ်ပြည်လုံးမှာ ငါ့ထက်လှတဲ့ အမျိုးသမီး ရှိနိုင်ပါ့မလားဟဲ့..ရယ်စရာကောင်းလိုက်တာ.."

"အစ်မဖေး ..အရင်၀င်သွားကြရအောင်လေ.."

လျိုဖန်းဖေး၏ လက်ထောက်မှ တီးတိုးလေသံဖြင့် "ညီမ ကြားတာတော့ ဒီကနေ့ ညစာစားပွဲကို သခင်လေးချင်းလည်း ရောက်နေတယ်တဲ့နော်..ဒီမှာ အကြာကြီး ဆက်နေဖို့ မလိုတော့ဘူး..."

"သခင်လေးချင်းက အစောကြီး ရောက်နှင့်နေတယ်ပေါ့..."

လျိုဖန်းဖေး စိတ်လှုပ်ရှားသွားခဲ့၏။ သူမ၏ လာရင်း ရည်ရွယ်ချက်မှာလည်း ချင်းဟန်နှင့် ပတ်သက်မှုကောင်းတစ်ခု တည်ဆောက်ရန်သာဖြစ်သည်။

အနုပညာနယ်ပယ်တွင်တော့ ငွေရှင် ကြေးရှင်တို့နှင့် ပိုက်ဆံ ရှိသူများကသာ ရှင်ဘုရင်များ ဖြစ်ကြ၏။

ချင်းမိသားစုမှာလည်း လတ်တလော အနုပညာနယ်ပယ်ထဲ ၀င်ရောက်မည့် ခြေလှမ်းများကို အစဖော်ထားလေသည်။ အကယ်၍ သူမသာ ချင်းဟန်နှင့် ကြိုတင် ချိတ်ဆက်နိုင်မည် ဆိုပါက နောင်ငါးနှစ်အတွင်း အေအဆင့် မင်းသမီးများစာရင်း၏ ပလ္လင်ပေါ်တွင် မြဲမြံစွာ ထိုင်နေရန်မှာ လုံး၀ စိုးရိမ်စရာ မဟုတ်တော့ချေ။

"အွန်း သခင်လေးချင်းက စောရောက်နေနှင့်ပြီးသား..ဒါပေမယ့် ဘယ်မှာရှိလဲဆိုတာတော့ ညီမလည်း မသိဘူး..အထဲရောက်သွားတဲ့ အချိန်ကျရင်တော့ သေချာလေး ရှာကြည့်ရမယ်..."

"နင် သခင်လေးချင်းနဲ့ အဆက်အသွယ်ရအောင် လုပ်ရမယ်နော်...အမှားတစ်ခုမှ လုပ်မိသွားလို့ မဖြစ်ဘူး.."လျိုဖန်းဖေး သတိပေးလိုက်သည်။

"ဟူး..နှမြောစရာပဲ..ဒီလိုမှန်းသိရင် မနေ့တုန်းက ပွဲတက်၀တ်စုံကို ရအောင် ယူခဲ့ပါတယ်..အဲ့လိုသာဆို အစ်မဖေးက ပိုပြီးတောင် ထင်ရှားနေတော့မှာ...အဲ့ခါကျ သခင်လေးချင်း မြင်သွားရင် သေချာ‌ပေါက် အစ်မဖေးရဲ့ အလှတရားတွေအောက်မှာ နစ်မြောသွားတော့မှာပဲ...."

"အဆင်ပြေပါတယ်..."လျို‌ဖန်းဖေး ကင်မရာရှေ့တွင် သူမ ပိုက်ဆံအိတ်ကို ကိုင်၍ နှံ့တံ့တံ့ လုပ်ပြလိုက်ပြီး "ဒီတိုင်း အ၀တ်စားလေးပဲ မဟုတ်လား..လှလား မလှလားဆိုတာက အဲ့၀တ်စုံကို ၀တ်ဆင်ထားတဲ့ သူအပေါ်လည်း မူတည်နေသေးတယ်လေ...အင်တာနက် ဆယ်လီနဲ့ တကယ့် ဆယ်လီတွေကြား ကွာခြားချက်ကိုတော့ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်တာပဲ မဟုတ်လား...သူတို့က ခုမှ ရေပန်းစားလာတဲ့ သောက်ပိန်း အုပ်စုလေးကိုများ..ထည့်တွက်နေစရာတောင် မလိုဘူး..."

"အမှန်ပဲ..ဘာမဟုတ်တဲ့ အင်တာနက် ဆယ်လီလေးက အစ်မဖေးနဲ့ ယှဉ်နိုင်မှာတဲ့လား..."

ထိုအချိန်တွင်ပဲ သူမတို့ သတင်းကြေညာသူများနှင့် ဂျာနယ်လစ်များအားလုံး သံပြိုင် အံ့အားသင့်စွာ ရေရွတ်သံများကို ကြားလိုက်ရသည်။

"ဘာတွေ ဖြစ်နေတာလဲဟ..ရှာရီကတောင် ဒီထဲ ၀င်လာလို့ ရတာလား..."

"ဟျောင့်ရေ..‌ဒီကားက ရိုးရိုးရှာရီတောင် မဟုတ်ဘူး..စုတ်ပြတ်သပ်နေတဲ့ ရှာရီကြီးဟ..ဘာလို့ ဒီရောက်နေတာလဲတဲ့..တစ်ခုခုများ မှားနေလို့လား..."

သတင်းကြေညာသူများနှင့် ကြည့်ရှုသူ ဧည့်ပရိတ်သတ် အပေါင်းတို့မှာလည်း ဇဝေဇဝါ ဖြစ်နေကြလေသည်။

ဒီနေ့ ပွဲလာတက်တဲ့ လူတိုင်းစီးတဲ့ကားက အနည်းဆုံး တစ်မီလီယမ်လောက်တော့ တန်ကြေးရှိတယ်လေ..ဘယ်သူကများ ရှာရီကြီး စီးလာခဲ့ပါလိမ့်...

ကားထဲတွင်တော့ လင်းရီ အ၀င်၀ရှိ အနီရောင်ကော်ဇောကိုကြည့်ရင်း မျက်မှောင်ကြုတ်မိသွားသည်။

"ပရဟိတ ညစာစားပွဲမဟုတ်လား..ဘာလို့ ကော်ဇောအနီရောင်ကြီးက ရှိနေတာလဲ..ဖက်ရှင်ရှိူးပွဲ ကျနေတာပဲ..."

လင်းရီမှာ သိုသိုသိပ်သိပ်သာ နေလေ့ရှိပြီး ယခုလို အပြင်အဆင်များကို နှစ်သက်သူ မဟုတ်မှန်း သိသောကြောင့် ကျီချင်းရန် ပြုံးလိုက်ပြီး "ခု ခေတ် ပရဟိတ ညစာစားပွဲတွေက ပြောင်းကုန်ပြီလေ..ပုံစံက အနှစ်သာရ ထက်ပိုပြီး အရေးကြီးသွားပြီ...ပရဟိတကို ပရဟိတနဲ့တူအောင် လုပ်တဲ့သူဆိုတာကလည်း မရှိသလောက်ပဲ..အားလုံးက နာမည်ကောင်းလိုချင်လို့..ပုံရိပ်ကောင်း ရချက်လို့ ဆိုပြီး လုပ်နေကြတဲ့ သူတွေက ခပ်များများရယ်...."

လင်းရီ ထောက်ခံသည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်ပြီး"အမှန်ပဲ..."

"သွားစို့လေ..ရှင်က ကျွန်မနဲ့အတူ အနီရောင်ကော်ဇောပေါ်မှာ လမ်းအတူ မလျှောက်ချင်ဘူးလား..."

ကျီချင်းရန် အပြုံးလေးဖြင့် မေးလိုက်သည်။

"တော်ပြီ..အဲ့လိုလုပ်တာက ငါနဲ့ ကီးမကိုက်ဘူး..သူ့တို့ငါ့ကို တဖျပ်ဖျပ် ဓာတ်ပုံတွေ ရိုက်နေကြမှာကိုလည်း သဘောမကျဘူး..."

"နင် မလိုက်ဘူးဆိုတာ သိသားပဲ..."ကျီချင်းရန် ရှေ့ရှိ ဘေးတံခါးကို ညွှန်ပြလိုက်ပြီး "ကော်ဇောပေါ်က လျှောက် မသွားချင်ဘူးဆိုရင်လည်း ဘေးမှာ တံခါးပေါက် သပ်သပ်တစ်ခု ရှိသေးတယ်...အဲ့တာဆို ခန်းမထဲရောက်မှပဲ ပြန်တွေ့ကြမယ်နော်..."

"အိုကေလေ..."

တိုင်ပင်ပြီးနောက် ကျီချင်းရန် ကားတံခါးဖွင့်၍ အပြင်သို့ ထွက်လိုက်လေသည်။

သူမ၏ သွယ်လျသော ခြေတံတစ်စုံနှင့် အနက်ရောင် ပွဲတက်၀တ်စုံတို့မှာ လူတိုင်းရှေ့တွင် ပေါ်ထွက်လာပြီး အားလုံး၏ အမြင်အာရုံကို ဖမ်းစားသွားတော့၏။

ကျီချင်းရန် ကားထဲမှ ထွက်လာသည့် အချိန်တွင်တော့ ကောင်းကင်မှာ မှောင်ရီပျိုးလာပြီး လူတိုင်း အသက်ရှူမှားသွားကြတော့၏။

"ဒီ.....ဒီအမျိုးသမီးက လှရက်နိုင်လွန်းတယ်ကွာ...."

All Chapters