အခန်း (၂၅၁)
Vol. 17 Ch. 251
ကျီချင်းရန် ကားထဲမှ သူမ၏ ဂါ၀န်စလေးများကို မ၍ ထွက်လာခဲ့၏။
ပုရိသ ယောက်ျားတို့၏ အကြည့်များမှာ ကျီချင်းရန်ဆီ၌သာ ဆွဲထင်နေကြပြီး တစ်ကမ္ဘာလုံးတွင် သူမတစ်ဦးတည်းကိုသာ မျက်စိထဲ၌ ရှိကြတော့၏။
အမျိုးသမီးများပင်လျင် ကျီချင်းရန်၏ တုနှိုင်းမမှီ အလှတရားကြောင့် ဆွဲငင်ခြင်း ခံလိုက်ရသည်။
"သူ...သူမက ဘယ်သူလဲဟ...တက်သစ်စ ကြယ်ပွင့် အနုပညာရှင်များလား..ဘာလို့ အရင်တုန်းက တစ်ခါမှ မမြင်ဖူးပါလိမ့်..."
"အနုပညာ နယ်ပယ်ကတော့ မဟုတ်လောက်ဘူး ထင်တယ်နော..မဟုတ်ရင် သူ့ရဲ့ အေဂျင်စီက ကားလေးတစ်စီးလောက်တော့ စီစဉ်ပေးမှာပါ..ရှာရီကြီးနဲ့တော့ မလာခိုင်းလောက်ပါဘူးဟ..."
"အဟုတ်ပဲ...ဒီလောက် လှနိုင်လွန်းတဲ့သူက အနုပညာနယ်ပယ်ထဲမှာဆိုရင် နောင်ကျ သေချာပေါက် ထိပ်တန်းကြယ်ပွင့် အနုပညာရှင် တစ်ဦး ဖြစ်လာမှာပဲလေ....အမှန်ဆို ဖူးဖူးတောင် မှုတ်ထားဦးမှာ..ဒီလို စုတ်တီးစုတ်ပြတ် ရှာရီကြီးနဲ့တော့ မလာခိုင်းလောက်ဘူး..."
"ဟေ့ကောင်တွေ ဘာရပ်လုပ်နေကြတာတုန်းဟ..ဓာတ်ပုံတွေ ရိုက်ကြလေကွာ..."
သတင်းကြေညာသူတစ်ယောက်မှာ သူ့ကင်မရာမန်းထံမှ ကင်မရာကို လုယူပြီး ကျီချင်းရန်ကို ဓာတ်ပုံများ တဖျပ်ဖျပ် ရိုက်လိုက်တော့၏။
"ငါက ခုလေးတင် လျိုဖန်းဖေးက ပရဟိတ ညစာစားပွဲမှာ အလှဆုံး အမျိုးသမီး ဧည့်သည်တော်လို့ ပြောနေတာ.....သူထက်သာတဲ့ အလှပိုင်ရှင်က ဒီလိုမျိုးကြီး ရောက်ချလာလိမ့်မယ်လို့တောင် ထင်မထားဘူး..."
ကင်မရာမန်းအားလုံးက ကျီချင်းရန်ထံ အာရုံရောက်နေကြသည်ကို မြင်တော့ လျိုဖန်းဖေး ဒေါသထွက်စွာဖြင့် အံကြိတ်မိလိုက်သည်။
"ငါက လူတိုင်း မျှော်ကြည့်ရတဲ့ ကြယ်ပွင့် အနုပညာရှင်လေ..အဲ့ကောင်မက ငါနဲ့ ယှဉ်ပြိုင်ဖို့ တန်လို့လား... "
"တကယ်ကြီး သူပဲ..."
လျိုဖန်းဖေး ဒေါသ ငယ်ထိပ်သို့ ရောက်နေစဉ် သူမလက်ထောက်၏ အံ့အားတကြီး ရေရွတ်သံကို ကြားလိုက်သည်။
"နင်တို့ အချင်းချင်း သိကြတာလား.."
"အစ်မဖေး ..ညမ ပြောတဲ့ အင်တာနက် ဆယ်လီဆိုတာ သူလေ..မနေ့တုန်းက ညီမ မြင်ခဲ့တဲ့ ပွဲတက် ၀တ်စုံကလည်း ခု သူ၀တ်ထားတဲ့ ၀တ်စုံပဲလေ..."
"ငါက ဘာလို့များ ရှာရီကြီး စီးပြီးတော့ ရောက်လာလဲဆိုပြီး ထူးဆန်းနေတာ ..လက်စသတ်တော့ တောသူမလေးက ကော်ဇောအနီရောင်ပေါ်မှာ အခွင့်ရေးလာယူတာကိုး..ဟမ့်.."
လျိုဖန်းဖေး အထင်သေးမှု အပြည့်ဖြင့် ပြောလိုက်ပြီး ခေါင်းမော့ ရင်ကော့လိုက်၏။
ကျီချင်းရန် သတင်းထောက်များနှင့် ကင်မရာမန်းများမှ သူမကို ဓာတ်ပုံတဖျပ်ဖျပ် ရိုက်နေသည့် မြင်ကွင်းကို နေသားမကျသေးချေ။ ထို့ကြောင့် သူမ၏ ဂါ၀န် အနားသားလေးများကို မ၍ လမ်းကျဉ်းလေးမှတစ်ဆင့် ဘေးတံခါး၀သို့ သွားရန် ဟန်ပြင်လိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ..အင်တာနက်ဆယ်လီက အင်တာနက် ဆယ်လီပါပဲ...အစ်မဖေးရဲ့ ရှေ့မှာဆို ဘာအရှိန်အဝါမှတောင် မထုတ်လွှတ်ရဲ တော့ဘူး..."
လက်ထောက်မှ ပြောလိုက်ပြီး "အစ်မကိုလည်း မြင်ရော တန်းပြီး တခြားလမ်းက သွားဖို့ ပြင်တော့တာပဲ.."
"အဲ့တာ ကိုယ့်အဆင့်ကို သိတယ်လို့ခေါ်တယ်...ငါ့ကို မယှဥ်နိုင်မှန်းသိတော့ ဘေးရှောင်လိုက်တာပေါ့....သူ့ကိုယ်သူ အရှက် မကွဲချင်တာလည်း ပါမှာပါ..."
"ဒါပေမယ့် ညီမတော့ ခုထိ မကျေနပ်နိုင်သေးဘူး..တကယ်လို့ ညီမသာ ခုသူ၀တ်ထားတဲ့ ၀တ်စုံကို ရအောင် ယူနိုင်လို့ကတော့ အစ်မဖေး ဒီညမှာ ပိုပြီးတောင် တောက်ပနေဦးမှာ..."
"မပူနဲ့..အစ်မမင်းအစား လက်စားချေပေးမယ်..."လျိုဖန်းဖေး မျက်လုံးများ ကျဉ်းမြောင်း၍ ပြောလိုက်၏။
"အစ်မဖေး ဒီမှာက လူတွေအများကြီးနော်..ပြီးတော့ သတင်းထောက်တွေလည်း ကှိနေတာ..စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့ အစ်မရယ်..."
"အေးဆေးပါ..ငါလုပ်နေတာ ငါသိပါတယ်..."လျိဖန်းဖေး ပြောလိုက်ပြီး "ခနနေ သူဒီရောက်လာတဲ့အချိန်ကျရင် ငါနဲ့ ဓာတ်ပုံအတူ ရိုက်ပေးဖို့ တောင်းဆိုလိမ့်မယ်..အဲ့ခါကျမှ ငါသူ့ကို ဘယ်လို အနိုင်ကျင့်ပြမလဲ ဆိုတာ ကြည့်ကြည့်လိုက်..."
"အွန်း..အကြံကောင်းပဲ..."သူမ၏ လက်ထောက်မှ လက်မထောင်ပြလိုက်ပြီး "အဲ့လိုသာဆို မနေ့က အပြုအမူအတွက် အဲ့ကောင်မ နောင်တအကြီးကြီး ရနေလောက်ပြီ..."
နှစ်ယောက်သား တတွတ်တွတ် ပြောနေကြတုန်း ကျီချင်းရန် ဟိုတယ် တံခါး၀သို့ ရောက်လာခဲ့ပြီး လူနှစ်ယောက်က သူမလမ်းတွင် ပိတ်ရပ်ထားသည်ကို မြင်လိုက်ရ၏။
တစ်ဦးကိုတော့ သူမ အရမ်းရင်းနှီးနေပြီ ယခင်နေ့က အထည်ဆိုင်၌ သူမနား ၀တ်စုံ အတင်းတောင်း၀ယ်ချင်နေသည့် သူပင်။
"ဘာလဲ ငါနဲ့ ဓာတ်ပုံ အတူရိုက်ချင်နေတာလား...စိတ်မရှိပါနဲ့..နင်က ငါနဲ့ အတူတွဲရိုက်ဖို့ အဆင့်မမှီဘူး..."
လျိဖန်းဖေး မောက်မာ၀င့်ကြွားစွာ ပြောလိုက်သည်။
လျိုဖန်းဖေး၏ အေးစက်သည့် အမူအရာကို မြင်တော့ သတင်းထောက်များအားလုံး ဓာတ်ပုံတဖျပ်ဖျပ် ရိုက်ရင်း ခေါင်းခါရမ်းမိလိုက်ကြသည်။
"ထင်ထားတဲ့ အတိုင်း..အနုပညာနယ်ပယ်မှာ ကြည့်ကောင်းတဲ့သူတွေက တကယ့် ရန်သူတွေပဲ..ခုမှ စတွေ့ခါ ရှိသေး....အချင်းချင်း ခနဲ့နေကြပြီ..."
"ဒါပေမယ့် လျိုဖန်းဖေးရဲ့ အဆင့်အတန်းနဲ့ဆိုရင်တော့ သူ့မှာ အဲ့လို ပြောပိုင်ခွင့် ရှိတယ်မဟုတ်လား..."
"အမှန်ပဲ..လူတိုင်း သူမနဲ့ အတူ ဓာဆ်ပုံတွဲရိုက်ခွင့် မရှိဘူးလေ...."
"စိတ်မကောင်းစရာပဲ..ဟို တက်သစ်စ ကြယ်ပွင့်လေးကတော့ ပွဲမှာ အရှက်ကွဲရတော့မယ်..."
ကျီချင်းရန် ခေါင်းကိုမော့လိုက်ပြီး သူမ၏ အနူအရာက အနည်းငယ် အေးစက်နေလေသည်။
"နင်နဲ့ ဓာတ်ပုံရိုက်ချင်နေတာ မဟုတ်ဘူး..နင်တို့နှစ်ယောက်က ငါ့လမ်းကို လာပိတ်နေတာ..."
အာ....
ကိုးရို့ကားယား လေထုက ထိုနေရာတစ်ဝိုက်သို့ ပျံ့နှံ့သွားပြီး ထိုအခါမှ လျိုဖန်းတို့ သူမတို့နှစ်ဦး အမှန်တကယ် လမ်းပိတ်ရပ်ထားကြောင်း သတိပြုမိသွားသည်။
"ဟားဟား...."
"ဒီရဲ့ လျိုဖန်းဖေးက ဘယ်ကတည်းကနေ ချေမိုးချင်နေမှန်း မသိဘူး..သူထင်နေတာ..နာမည်လေး ရှိတာနဲ့ပဲ လူတိုင်းက သူနဲ့ ဓာတ်ပုံရိုက်ဖို့ လာတောင်းဆိုကြမယ်လို့ ထင်နေတာများလား မသိဘူး..."
"ယုံကြည်မှုပဲ လွန်ကဲလွန်းနေတာလား..ဒါမှမဟုတ် မျက်နှာကပဲ အရေထူတာလားတော့ မသိပါဘူး..ငါသာဆိုလို့ကတော့ ကျွင်းတစ်ကျွင်းတူးပြီး ၀င်ပုန်းနေလိုက်တော့မှာ..."
နှစ်ယောက်သား ဘေးသို့ ကပ်ရပ်၍ လမ်းဖယ်ပေးလိုက်ကြပြီး ကျီချင်းရန်မှ သူတို့အား ဖြတ်လျှောက်သွားလေသည်။ လျိူဖန်းဖေး၏ မျက်နှာမှာ သေမတတ် ဖြူလျော်နေပြီး ရင်ဘက်မှာလည်း နိမ့်ချည်မြင့်ချည်ဖြင့် သူမ၏ ဒေါသကို ဖြေမဆည်နိုင်ဖြစ်နေ၏။
"မိန်းကလေး...နင်တကယ်ပဲ ငါဘယ်သူလဲဆိုတာ မသိဘူးလား..."
ကျီချင်းရန် နောက်သို့ ပြန်လှည့်လိုက်ပြီး "ငါ့ကို ပြောနေတာလား..."
"ဟုတ်တယ်..."
"စိတ်မရှိပါနဲ့နော်..ရှင်တို့ နှစ်ယောက်က ဘယ်သူလဲဆိုတာ တကယ် မသိလို့ပါ..ကျွန်မတို့ အရင်တုန်းက တွေ့ဖူးကြလို့များလား..."
လျိုဖန်းဖေး ဒေါသထောင်းကနဲ ထွက်သွားသော်လည်း အချိန်မှီ စိတ်ကို ထိန်းချုပ်၍ "ငါက တလောတုန်းကမှ ရွှေကြက်ဖဆုကို ရထားတဲ့ အကောင်းဆုံး ကြယ်ပွင့် အနုပညာရှင် လျိုဖန်းဖေးလေ..ခု သိလောက်ရောပေါ့..."
(TL-ရွှေကြက်ဖဆုက တရုတ်ရုပ်ရှင်အကယ်ဒမီဆုပါ)
"အော်..ဟုတ်လား....ကျွန်မက TV လည်း မကြည့်ဘူး..ဆယ်လီတွေရဲ့ ပရိသတ်လည်း မဟုတ်ဘူး..ဒီတော့ မသိတာကို စိတ်မရှိပါနဲ့နော်...."
ထိုသို့ ပြောပြီးနောက် ကျီချင်းရန် ဟိုတယ်ထဲသို့ ယုံကြည်ချက် အပြည်ဖြင့် ၀င်ရောက်သွားလေသည်။
လျိူဖန်းဖေး ကတော့ နောက်တွင် ဆွံ့အ ကျန်နေခဲ့၏။
"ဟားဟား...ဒီလျိုဖန်းဖေးက ဘာဖြစ်နေတာလဲဟ..ကိုယ့်ကိုယ်ကို ဟုတ်လှပြီများ အောက်မေ့နေလညးမသိဘူး..."
"သူများ ရှေ့မှာ ဟန်ကြီးပန်ကြီးနဲ့ လုပ်ပြချင်နေတာ...သနားစရာပဲ ဟိုက သူ့ကို သိတောင် မသိရှာဘူး.."
"ဒါကြီးက မျက်နှာဖြတ်ရိုက်ခံလိုက်ရတာပဲကွ..ဟားဟား သတင်းတစ်ပုဒ်တော့ရပြီ..."
ယခင်က ဒေါသထွက်နေသော လျိုဖန်ဖေးမှာ ယခု လူသ-တ်ချက်လောက်တဲ့ထိ ဒေါသထွက်နေတော့၏။
နာမည်အဆင့်အတန်းမှ ဘာမှမရှိတဲ့ အင်တာနက် ဆယ်လီ တစ်ယောက်ဆီကနေ အကြောခံလိုက်ရတယ်တဲ့လား...
ဒါမျိုးတော့ လုံး၀ လက်သင့်မခံနိုင်ဘူး..
"လုံခြုံရေးတွေ..နင်တို့ ဘာလုပ်နေကြတာလဲ...ဒီနေ့ ညစာစားပွဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကျိုးဟိုင်က ထိပ်သီးပိုင်းတွေပဲ တက်ရောက်ကြတာ မဟုတ်လား...သူ့လို အင်တယနက် ဆယ်လီတစ်ယောက်က အနီရောင်ကော်ဇောပေါ်မှာ ဖြတ်လျှောက်ခွင့် ရှိတယ်တဲ့လား...နင်တို့ ဘာတွေ စဉ်းစားနေကြတာလဲ..."
လျိုဖန်းဖေး အောပြောလိုက်၏။
"အင်တာနက် ဆယ်လီ...?"
လျိုဖန်းဖေး၏ စကားလုံးများကို ကြားတော့မှ သတင်းထောက်များလည်း ကျီချင်းရန် ဘယ်သူလဲဆိုတာ သိသွားကြတော့သည်။
သူတို့အားလုံးက အေဂျင်စီတစ်ခုမှ တက်သစ်စ အနုပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ထားကြသော်လည်း အင်တာနက် ဆယ်လီတစ်ဦး ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားချေ။
သို့တိုင်အောင် ထိုအင်တာနက် ဆယ်လီမှာ လွန်စွာ ဆွဲဆောင်မှု ရှိလှ၏။
သိူ့သော်လည်း ယခုလို ခမ်းနားလှသည့် ညစာစားပွဲတွင်တော့ အင်တာနက် ဆယ်လီတစ်ဦးမှာ ပွဲတက်ရောက်ဖို့ အမှန်ပင် အဆင့်မမှီချေ။
'ဒီဟိုတယ်ရဲ့ လုံခြုံရေးတွေက ဘာလုပ်နေကြပါလိမ့်..ဒီလို အင်တာနက်ဆယ်လီကိုတောင် ၀င်ခွင့်ပေးလိုက်တယ်ဆိုတော့....'
တစ်ချိန်တည်းတွင် လုံခြုံရေး ၀န်ထမ်းတစ်ချို့ ကမန်းကတမ်း ရောက်ရှိလာပြီး "မဒမ်..ခုနက ဘာပြောလိုက်တာလဲဗျ..."
"နင်တို့ ကန်းနေကြတာလား...စောနတုန်းက အနက်ရောင် ပွဲတက်၀တ်စုံနဲ့ အင်တာနက် ဆယ်လီက ဟိတ်ဟန်တစ်ခွဲသားနဲ့ အထဲ၀င်သွားတယ်လေ....."လျိုဖေး လက်ချာရိုက်လိုက်ပြီး "နင်တို့ အလုပ်ကို ဘယ်လိုတွေ လုပ်နေကြတာ...အဲ့ကောင်မကို အမြန် ဆွဲခေါ်ထုတ်သွားစမ်း..သူ့လိုလူမျိုး ပွဲလာတက်တာက လေထုကို ညစ်ညမ်းစေတယ်..."
"ဟုတ်တယ်..အမြန် မောင်းထုတ်ပစ်လိုက်..မဟုတ်ရင် ငါတို့ မ၀င်ဘူး..."လျိူဖန်းဖေး၏ လက်ထောက်မှ ပြောလိုက်ပြီး "အဲ့ကောင်မနဲ့ အစ်မဖေး နှစ်ယောက်ထဲက တစ်ယောက်ပဲ ပွဲတက်နိုင်မယ်..."
လုံခြုံရေး ၀န်ထမ်းနဗစ်ယောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ပြီး အခက်တွေ့နေဟန်ဖြင့် "မစ်လျို..ဒီလိုလုပ်မှပဲ ဖြစ်မှာလား..ကျွန်တော်တို့ ဒီကိစ္စကို ကောင်းကောင်းကြီး ဆွေးနွေးလို့ရပါသေးတယ်..."
"ဘာမှ ဆွေးနွေးနေစရာမလိုဘူး..ငါ့ထက် အဆင့်နိမ့်တဲ့ အင်တာနက် ဆယ်လီတစ်ဦးနဲ့ အတူ ပွဲ မတက်နိုင်ဘူး.."
"အဲ့တာဆိုလည်း ကောင်းပြီလေ..မစ်လျို ကျေးဇူးပြုပြီး ဒီဘက်ကြွပေးပါ..."
လုံခြုံရေးအစောင့်မှ ထွက်ပေါက်သိူ့ ညွှန်ပြလိုက်၏။
"ဟမ်..နင်တို့က ဒါဘာသဘောလဲ..."
လုံခြုံရေး၀န်ထမ်းများမှ သူမတို့ကို ထွက်သွားခိုင်းနေသည်ကို မြင်တော့ လျိုဖန်းဖေးနှင့် သူမလက်ထောက်တို့်မှာ ကြက်သေသေသွားကြ၏။
"ဘာသဘောလဲ ဟုတ်လား..."
"ခင်များတို့ပဲ စောနက အမျိးသမီးနဲ့ ပွဲတစ်ခုတည်းအတူမတက်ချင်ဘူးဆို...အဲ့လိူဆိုမှတော့ ထွက်သွားလိုက်ပေါ့..."
လျိုဖန်းဖေး ဒေါသထွက်လွန်းရဲ့ မျက်နှာနီရဲဘာပြီး "နင် ဒါဘာအချိုးချိုးတာလဲ..ငါဘယ်သူလဲဆိုတာ မသိတာလား...ငါ့ကိုတောင် မောင်းထုတ်ရဲတယ်ပေါ့လေ...ငါ၊ လျိုဖန်းဖေးက အင်တာနက် ဆယ်လီ လောက်တောင် အဆင့်မရှိတော့ဘူးတဲ့လား...."
"မစ်လျို..ခင်များ အထင်လွဲနေပြီ..ခုလေးတင် ၀င်သွားတဲ့ အမျိုးသမီးက အင်တာနက် ဆယ်လီမဟုတ်ဘူး...သူက ဒီနေ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးဖြစ်တဲ့ ချောင်ရန်အုပ်စုရဲ့ ဥက္ကဌ...ကျွန်တော်တို့လည်း အခြေနေအရပ်ရပ်ကို ထည့်သွင်းသုံးသပ်ပြီးမှ ရွေးချယ်စရာမရှိပဲ မစ်လျိုကို ထွက်သွားဖို့ တောင်းဆိုရတာပါ..."