အခန်း (၂၅၂)
Vol. 17 Ch. 252
"ဘာ...ဘာပြောလိုက်တယ်...အဲ့ကောင်မက ချောင်ရန် အုပ်စုရဲ့ ဥက္ကဌ..."
လျိုဖန်းဖေးနှင့် ဘက်ထောက်တို့ နှစ်ဦးစလုံး ကြက်သေသေသွားကြသည်။
ကျီချင်းရန်တွင် ထိုကဲ့သို့ မြင့်မားသည့် အဆင့်အတန်း ရှိနေလိမ့်မည်လို့ ထင်မထားချေ။
"ဟုတ်တယ်..ချောင်ရန် အုပ်စုရဲ့ ဈေးကွက်တန်ဖိုးက အခုဆို ၃ ဘီလီယမ်တောင် ရောက်နေပြီ..မစ်လျို လည်းကြားဖူးမှာပါ..."
လျိုဖန်းဖေး ချောင်ရန် အုပ်စုဟူသော နာမည်ကို မကြားဖူးသော်လည်း ၃ ဘီလီယမ်ဟူသော ကိန်းဂဏန်းက သူမကို ခေါင်းနပန်း ကြီးသွားစေ၏။
အဲ့လို လူမျိုးတွေက သူ အပြစ်လုပ်မိလို့ ရတဲ့သူတွေ မဟုတ်ဘူးလေ...
"ဟားဟား...."
လှောင်ရယ်သံများ တစ်ဖန် ဆူညံလာပြီး အနီး၀န်းကျင်ရှိ သတင်းထောက်များနှင့် ပွဲကြည့်ပရိတ်သတ်တို့်မှာ ရယ်ရလွန်း၍ မျက်ရည်ပင် ထွက်ကျလုနီးနီး ဖြစ်နေကြ၏။
"လျိုဖန်းဖေးက ကိုယ့်ကိုယ်ကို သောက်ရမ်း အကြီးကြီးတွေ ထင်နေတာပဲကွ..."
"ဟိုကဖြင့် ၃ဘီလီယမ်တန်ကြေးရှိတဲ့ ကုမ္ပဏီကို ပိုင်ဆိုင်ထားတာနော်..အဲ့တာကိုတောင်မှ သူက အင်တာနက် ဆယ်လီဆိုပြီး လုပ်နေလိုက်သေးတယ်...ဘယ်လို အင်တာနက် ဆယ်လီမျိုးက ဒီလောက် ကျက်သရေရှိတဲ့ အရှိန်အဝါကို ပိုင်ဆိုင်မှာလဲတဲ့...ဒီလောက်လေးတောင် စဉ်းစားတဲ့ ဦးနှောက်မရှိဘူးလားဟ..အဲ့တာကြောင့်လည်း အနုပညာ နယ်ပယ်ကဟာတွေ ပိုက်ဆံရှိတဲ့သူ ဖိနပ်လိုက်လျက်နေတာ မဆန်းတော့ပါဘူး..ဦးနှောက်မှ မရှိတာကိုးကွ .."
"မြန်မြန်ထွက်သွားလိုက်တော့...ထွက်ရမယ့် အပေါက်ကိုလည်း ပြပြီးသားပဲ..ဒီမှာပဲ ရပ်မနေနဲ့.."
လျိုဖန်းဖေး အလွန်အမင်းအရှက်ရနေပြီး ကျွင်းတစ်ကျွင်းတူး၍ ပုန်းအောင်းချင်နေတော့၏။
ယခုတစ်ကြိမ်တော့ လူအများ ရှေ့၌ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရခြင်းပင်။
"ဖေး...အစ်မဖေး ...ခု ညီမတို့ ဘယ်လိုလုပ်ကြမလဲဟင်...ထွက်သွားရမှာလား မထွက်သွားရဘူးလာ..."သူမ၏ လက်ထောက်မှ ကိုးရို့ကားယား ဖြစ်စွာဖြင့် မေးမြန်းလိုက်၏။
"ဘာဆိုင်လို့ ထွက်သွားရမှာ..ငါက ဒီလာတာ သခင် လေးချင်းနဲ့ တွေ့ဖို့ပဲလေ.."လျိုဖန်းဖေး ပြောလိုက်ပြီး "စီးအီးအိုရန်နား မရမက တောင်းပန်းပြီးတော့မှ ဒီအခွင့်အရေးကို ရလာတာ ..ဒီလောက် လွယ်လွယ်နဲ့ လက်လျော့စရာ အကြောင်းမရှိဘူး..."
သို့နှင့် နှစ်ယောက်သား လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ခေါင်းငိုက်စိုက်ချ၍ ပွဲခန်းမထဲသို့ ၀င်သွားကြလေသည်။
အကျိုးအမြတ်နှင့် နှိုင်းယှဉ်လျင်တော့ မျက်နှာ ပျက်ရသည်မှာ ဘာမျှ အရေးမပါချေ။
တစ်ချိန်တည်းတွင် လင်းရီလည်း လမ်းဘေး၌ ကားထိုးရပ်လိုက်၏။
ကားရပ်ပြီးခါရှိသေး ချင်းဟန်မှ ဖုန်းခေါ်လာသည်။
"လင်းကြီး မင်း ယွင်လန်ဟိုတယ်မှာလား..."
"အေး မင်းဘယ်လိုသိတာ..."
"မင်းရဲ့ ရှာရီကို မြင်လိုက်လို့လေကွာ.."ချင်းဟန် ပြောလိုက်ပြီး "ငါခု တံခါးပေါက် C မှာ ..အဲ့မှာစောင့်နေတယ်..ရောက်ရင် လာခဲ့ဦးဟ..."
ချင်းဟန် ဤနေရာ၌ ရောက်ရှိနေခြင်းကို လင်းရီ လုံး၀ မအံ့ဩသွားပေ။ ကျီချင်းရန်ကဲ့သို့ ဂုဏ်ဒြပ်ရှိသူပင် ယခုလိုနေရာသို့ ဖိတ်ကြားခြင်း ခံရမှတော့ ကျိုးဟိုင်တွင် အသိုင်းအဝိုင်းကြီးသည့် ချင်းဟန်ဆိုလျင်တော့ ပြောနေစရာတောင် မလိုပေ။
လင်းရီ ကားထဲမှ ထွက်လာခဲ့ပြီး ချင်းဟန်နှင့် တွေ့ရန် တွခါးပေါက် C သို့ ထွက်လာခဲ့၏။
ထိုနေရာသို့ရောက်သောအခါ ချင်းဟန်မှာ ဝိုင်တစ်ခွက်ကို ညာလက်မှ ကိုင်ထားပြီး အနက်ရောင် အနောက်တိုင်း၀တ်စုံဖြင့် သူ့ကို လက်ရမ်းပြနေသည်ကို မြင်လိုက်ရ၏။
"ဟားဟား..လင်းကြီး မင်းက ၀တ်စုံပြည့် ၀တ်လိုက်တော့မှပဲ ပိုပြီး စားဘဲကြီးရုပ် ပေါက်လာသလိုပဲ.."
"ငိုးမ လစ်စမ်း...ငါက လူရိုးသားလေးကွ... "
"ဘယ်လို လူရိုးသားက သပေါင်ကျန့်ကို နေ့တိုင်း သွားလို့လဲ...ငိငိ ငါမသိဘူး မှတ်မနေနဲ့"
"မင်းလည်း တူတူပဲ လေ....ငါ့ကို တလောတုန်းက ဟွားချင်းရေကန်မှာ အင်ပါယာနေရာ ဘွတ်ကင်လုပ်ထားဖို့ မင်းပဲပြောတာ မဟုတ်လား..."
"ဟုတ်တယ် ..ငါက လူရိုးသားဆိုတော့ ငါလုပ်တာ ငါ၀န်ခံတယ်...."
"ငိုး...စီးပွားရေးသမားလို့ကို မပြောရဘူး.."
"အိုကေ တော်ပြိ မပြောတော့ဘူးကွာ..."ချင်းဟန် ပြောလိုက်ပြီး "မင်းမှာ ကားကောင်းတွေ ဒီလောက် ပေါသောနေတာတောင်မှ ဘာလို့ ရှာရီကြီး မောင်းလာတာတုန်းဟ..ဒီမှာ အလန်းလေးတွေက အများကြီးနော်ဟျောင့် ..မင်းရဲ့ ရှာရီနဲ့ဆို ဘယ်စော်လေးမှ လိုက်ချင်မှာ မဟုတ်ဘူး.."
"ဆောတီးပဲ ငါ့ကောင် ...ခု ငါရောက်နေတဲ့ လယ်ဗယ်က စော်ကြည်ဖို့ ကားအကောင်းစားကြီးတွေ ထုတ်ပြနေရတဲ့ အဆင့် မဟုတ်တော့ဘူး"
"ချီး...ကိုယ့်ငါးချဉ်ကို ချဉ်နေလိုက်..."ချင်းဟန် လင်းရီကို ပခုံးဖက်လိုက်ပြီး "ငါသတိထားမိပါတယ်ကွ..မင်း စော်လေးတွေ တစ်ယောက်ပြီးတစ်ယောက် တွဲပြနေပြီဆိုကတည်းက စားဘဲကြီးဆိုတာ သိပြီးသား... "
"ဘာတွေ လာယောင်နေတာ..အိပ်နေရင်း စကားပြောနေတာလား.."လင်းရီ မေးလိုက်၏။
"ငိုးပဲ..ဒီနားမှာ ငါတို့ နှစ်ယောက်ပဲ ရှိတာလေကွာ..အဲ့တာကို ဘာတွေ ဘာပြီး လူကြီးလူကောင်းစတိုင် လာဖမ်းပြနေတာ.."ချင်းဟန် ပြောလိုက်၏။
"မင်းမှတ်မိသေးလား..တလောတုန်းက မင်းရဲ့ မမအရွယ် သူငယ်ချင်းတစ်ယောက် ဟို..BMWမောင်းတဲ့ တဏှာရူးဆီက ခြိမ်းခြောက်ငွေညစ်ခံရတဲ့ ကိစ္စလေကွာ... "
"အေ...မှတ်မိတယ်..ဘာလဲဖြစ်လို့..."
"အဲ့တာနဲ့ ငါလဲ တစ်မျိုးပြောင်းပြီး မမအရွယ် ကောင်မလေးတွေကို အာရုံခံကြည့်တာ အားပါးပါး..ကမ္ဘာအသစ် ပွင့်သွားသလိုပဲကွာ....အပြုအစုက ရှယ်ကောင်းတာ ဟျောင့်ရေ..."ချင်းဟန် သက်ပြင်းချလိုက်ပြီး
"ငါ သူ့တင်ပါးကို တစ်ချက်လောက်ပဲ ပုတ်ရသေးတယ်..ဘယ်လို အနေအထား ပေးရမလဲဆိုတာ ချက်ချင်းနားလည်နေပြီ...တကယ်လို့ မိန်းကလေး ငယ်ငယ်လေးတွေသာ ဆိုလို့ကတော့ ငါဘာလို့ ရိုက်လဲဆိုပြီး မေးနေတော့မှာ..မင်း က ဘယ်လို ပျော်အောင် နေရမလဲဆိုတာ တကယ်သိတာပဲကွ..."
"ဟူး...နှမြာစရာပဲကွာ....မင်းနဲ့စောတွေ့ပြီး ဒီလို နည်းလမ်းကို ကြိုသိလိုက်ရမှာ..ခုတော့ ချီးပဲ..ငါအချိန်တွေ အများကြီး ဖြုန်းတီးခဲ့သလိုတောင် ခံစားနေရတယ်..."
"ဒါကြောင့်လည်း မင်းက ငါ့ထက် စော်လိုက်တဲ့ နေရာမှာ ပရိုကျနေတာကိုး..."ချင်းဟန် တစ်ချက် ပြုံးလိုက်ပြ "ဒါနဲ့ ငါ့ခန်းထဲမှာ စကီလေးတစ်ယောက်ရှိတယ်..အကောင်းစားကြီးတော့ မဟုတ်ပေမယ့် အရည်အချင်းကတော့ သိပ်မဆိုးဘူး..မင်းလိုချင်လား..လိုချင်ရင် ပေးမယ်လေ.."
"စိတ်မ၀င်စားဘူးဟျောင့်..မင်းဘာမင်းပဲ သိမ်းထားလိုက်..."
"ဟန် ဆောင်မနေနဲ့ဟျောင့်..မင်းက စားဘဲကြီးဆိုတာ လူတိုင်း နီးပါးသိတယ်...ဂျက်ကတ်လေး ၀တ်လိုက်ရုံနဲ့ သူတော်ကောင်းကြီး ဖြစ်သွားမှာ မဟုတ်ဘူး...."
"တော်စမ်းပါကွာ.."လင်းရီ သူ၏ နက်ခ်တိုင်ကို တစ်ချပ်ပြန်တင်းလိုက်ပြီး "အရင်သွားနှင့်ပြီ..မင်းဘာမင်း ဒီမှာ စော်တွေ လိုက်ငမ်းနေလိုက်တော့..."
"အိုကေ...ညကျရင် မပြန်သေးနဲ့ဦးဟျောင့်..မင်းနဲ့ တစ်ခွက် တစ်ဖလားလောက် ချချင်သေးတယ်..."
"စိတ်မ၀င်စားသေးဘူး..."
"သပေါင်ကျန့်ကို သွားလည်မယ်ဆိုရင်ကော..."
"အင်း..ဒါကတော့ စဉ်းစားစရာပဲ...."လင်းရီ ပြောလိုက်ပြီး "ငါအားတဲ့ချိန်မှ အင်ပါယာနေရာ ရအောင်လုပ်ထားလိုက်မယ်ကွာ..."
"အိုကေ.."
ချင်းဟန် သူ့ကို ကူညီပေးခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ။ ထို့ကြောင့် မန်ဘာကတ်လေး တစ်ခုအတွက်နှင့်တော့ တွယ်ကပ်မနေသင့်ချေ။
ထို့ကြောင့် ကျေးဇူးပြန်ဆပ်သည့် အနေဖြင့် ကူညီပေးရန် ဆုံးဖြတ်လိုက်၏။
"မစ္စတာလင်း.."
လင်းရီ ချင်းဟန်နားမှ ထွက်လာရုံရှိသေး တစ်ယောက်ယောက် လှမ်းခေါ်သံကို ကြားမိလိုက်သည်။
လှည့်ကြည့်လိုက်သည့် အချိန်တွင်တော့ ရန်ရွှေဖြစ်နေကြောင်း အံ့အားသင့်စွာ မြင်တွေ့လိုက်ရ၏။
သူက ကျိုးဟိုင် ဒရာမာ အကယ်ဒမီက ပရော်ဖက်ဆာ မဟုတ်ဘူးလား...ဒီမှာ ရှိနေရမယ့် လူမျိုး မဟုတ်ဘူးလေကွာ...
ရန်ရွှေ၏ ပွဲတက်၀တ်စုံမှာလည်း သိမ်မွေ့ပြီး အထက်တန်းဆန်၏။ အနက်ရောင် ဒေါက်မြင့်ဖိနပ်နှင့် အတူ အရောင်ဖျော့ဖျော့ ဘရာမဲ့ အ၀တ်ကို ၀တ်ဆင်ထား၏။ တွဲစပ်ထားသည့် အရောင်ကာလာတို့မှာ သူမနှင့် ပနံသင့်လှပြီး တမူထားခြားသော အလှတရားကို ခံစားသက်၀င်စေသည်။
"ဒီမှာ လာဆုံတယ်ဆိုတော့ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"အံ့ဩသွားလား..."
"အင်း..နည်းနည်းပေါ့..."လင်းရီ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ဘာလို့ ဒီရောက်နေလဲဆိုတာ သိချင်နေတယ်မလား..ဒရာမာ အကယ်ဒမီက ပရော်ဖက်ဆာအပြင် ငါက တ-ရုတ် အားကစားနဲ့ စာပေယဉ်ကျေးမှု အစည်းအရုံးရဲ့ ဒုဥက္ကဌလေ..အဲ့တာကြောင့် ဒီကို တက်ရောက်ဖို့ ဖိတ်စာ ရောက်လာတာပေါ့.."
ရန်ရွှေ လင်းရီကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်ရှုလိုက်ပြီး "ဒါပေမယ့် မစ္စတာလင်းက ဒီလိုကြီး ၀တ်ထားပြီးတော့ အီရန်လာပြေးတာလား...."
"အာ....."
လင်းရီ ကိုးရို့ကားယား ဖြစ်သွားပြီး "သူငယ်ချင်းတစ်ယောက်နဲ့ ဒီလိုက်လာတာပါ.."
"ဟုတ်ပါပြီ..မစ္စတာလင်းက မပြောချင်ဘူးဆိုမှတော့ မမေးတော့ပါဘူး.."ရန်ရွှေ ဒုတိယထပ်ကို ညွှန်ပြလိုက်ပြီး "ငါ့ယောက်ျားကလည်း ဒီမှာ ရှိနေတယ်ဆိုတော့ ဆက်မပြောတော့ဘူးနော် တစ်ခုခုလိုရင် ဒုတိယထပ်မှာ ရှိတယ်..လှမ်းသာ ခေါ်လိုက်...သွားနှင့်တော့မယ်..."
"အိုကေ...."
လင်းရီ ရန်ရွှေ ဒုတိယထပ်သို့ တက်သွားသည်ကို တခဏမျှ စောင့်ကြည့်ပြီးနောက် ကျီချင်းရန်နှင့် တွေ့ရန် ထွက်လာခဲ့၏။
သို့သော်လည်း သူတို့နှင့် မနီးမဝေးရှိ ချင်းဟန်မှာ လင်းရီနှင့် ရန်ရွှေတို့ကြားရှိ စကားဝိုင်းကို ကြားသွားပြီး စိတ်ထဲတွင်တော့ တိတ်တဆိတ် ကျိန်ဆဲနေလေသည်။
တစ်ချိန်တည်းတွင် သူ့ဘေးမှ ရန်ရွှေ ဖြတ်သွားသည်ကို မြင်လိုက်ရသည်။
အင်း အသက်က မဆိုသလောက်လေး ကြီးတယ်ဆိုပေမယ့် အတော်လေးတော့ ဆွဲဆောင်မှု ရှိနေတုန်းပဲ
ရန်ရွှေမှာ အသက်အနည်းငယ် ကြီးပြီဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်ကို ကောင်းစွာ ထိန်းသိမ်းထားသည်။ တင်နေရာတင်၊ ရင်နေရာရင်နှင့် အချိုးအစား မှာ မော်ဒယ်ပင် ရှုံးရလောက်ချေသည်။
ငိုးပဲ..ဒီကောင်ကတော့ လုပ်လိုက်ရင် အဆန်းကြီးတွေ
အားကစားနဲ့ စာပေအစည်းအရုံး ဒုဥက္ကဌနဲ့ ဘယ်လိုများ ဂျိတ်ချိတ်မိသွားလည်း မသိဘူး...အားတဲ့ချိန် ဒီကောင့်နား နည်းနည်းပါးပါး နည်းနာဦးမှပါ..
ပရဟိတ ညစာစားပွဲ ကျင်းပသည့်နေရာမှာ လင်းရီ ထင်ထားသည်ထက် အများကြီး ပိုကြီးနေပြီး တက်ရောက်လာသူ ဧည့်ပရိတ်သတ်များမှာလည်း မရေမတွက်နိုင်အောင်ပင်။ လင်းရီ အချိန်အတော်ကြာသည်အထိ ကျီချင်းရန်ကို ရှာနေသော်လည်း ရှာမတွေ့နိုင် ဖြစ်နေ၏။
ဒူ ဒူ ဒူ
လင်းရီ ဖုန်းသံ မြည်လာခဲ့သည်။ ကျီချင်းရန် ဝီချက်မှ တစ်ဆင့် စာတို့ပို့လာခဲ့ခြင်းပင်။
ကျီချင်းရန် : ငါခု သူငယ်ချင်းတစ်ချို့နဲ့ ဆုံလို့ ဒုတိယထပ်မှာ စကားပြောနေကြတာ...နောက်မှ နင့်ကို လာရှာမယ်နော်...ဒီမှာ အလှလေးတွေက အများကြီးဆိုတော့ သူတို့နဲ့ ခဏလောက် စကားပြောဖို့ နင့်ကို အခွင့်အရေးပေးလိုက်မယ်..
လင်းရီ အသာပြုံး၍ သူ့ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ချင်းရန်ကတော့ တဖြည်းဖြည်း ဆိုးပြီးရင်း ဆိုးလာပုံပင်။
ကျီချင်းရန် မရှိမှတော့ လင်းရီလည်း လျှောက်ပတ်ကြည့်မနေတော့ပဲ ထောင့်တစ်နေရာ၌ ဖင်ချထိုင်ကာ အစာအိမ်အရင်ဖြည့်ရန် စီစဉ်လိုက်သည်။
လူအုပ်ကြီး၏ အလယ်တွင်တော့ ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးအချို့မှာ လျိုဖန်းဖေးနား ဝိုင်းအုံနေကြပြီး ဖွန်ကြောင်နေကြ၏။
"မစ်လျို ကျုပ် မစ်လျိုရဲ့ အရင် ဒရာမာအပိုင်းကို ကြည့်ပြီး သွားပြီ...မစ်လျိုရဲ့ သရုပ်ဆောင်တဲ့ စကေးတွေက လုံး၀င် လက်ဖျားခါလောက်တယ်...နောက်နှစ်လောက်ဆို ပြည်တွင်း ရုပ်ရှင်က မစ်လျိုရဲ့ အပိုင်တောင် ဖြစ်လာတော့မယ်.."
"သခင်လေးကျိုးက ကြင်နာလွန်းနေပါပြီ..ကျွန်မက ဒီတိုင်း တက်သစ်စလေးပါ...စီနီယာကြီး တွေနဲ့တော့ မယှဉ်နိုင်သေးပါဘူး."
သခင်လေးကျိုး ဆိုသူကတော့ ကျိုးဇီဟောက်ဟု အမည်တွင်ပြီး ကျိုးဟိုင် ကျောက်စိမ်းလုပ်ငန်း၏ အထွေထွေ မန်နေဂျာတစ်ဦးဖြစ်သည်။ သူ၏ ဖခင်ကတော့ ယင်း လုပ်ငန်းစုကြီး ဥက္ကဌကြီးပင်။
လျိုဖန်းဖေးလည်း ကျိုးဇီဟောက်၏ အအခြေနေကို အကြမ်းဖျင်း နားလည်ထား၏။ယင်းလုပ်ငန်းစု၏ အသားတင် ပိုင်ဆိုင်မှုမှာ ၁ ဘီလီယမ် ရှိသော်လည်း ကျိုးဟိုင်ကဲ့သို့ မြို့ပြီးပြကြီးတွင်တော့ ယင်းပမာဏက များသည်ဟု မဆိုသာချေ။
ထို့ပြင် သခင်လေးကျိုးလက်အောက်ရှိ ထိန်းချုပ်နိုင်သည့် ပမာဏက အတော်လေးကို အကန့်အသတ်နှင့်ဖြစ်၏။ ထို့ကြောင့် သူမကို ပိုမိုမြင့်မားသည့် နေရာတစ်ခုသို့ ပို့ဆောင်နိင်လိမ့်မည်မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားပေသည်။
ချင်းဟန်မှလွဲ၍ မည်သူကမျှ သူမ၏ ပစ်မှတ်ဖြစ်ရန် မထိုက်တန်ချေ။
"ဘာလို့ ဒရိုင်ဘာက ဒီရောက်နေတာလဲတဲ့..."လျိုဖန်းဖေး၏ လက်ထောက်မှ မေးလိုက်သည်။
"ဘယ်သူ..."
လက်ထောက်မှာ ထောင့်တစ်နေရာ၌ ထိုင်နေသည့် လင်းရီကို လက်ညိုးညွှန်ပြလိုက်ပြီး "သူလေ..မနေ့က ညီမကို အထည်ဆိုင်မှာ အော်လွှတ်လိုက်တဲ့သူပေါ့..."
"ဒီတော့ သူက ဒရိုင်ဘာပေါ့..."
လင်းရီကို မြင်တော့ သူမချက်ချင်း ကျီချင်းရန် မျက်နှာကို သတိရသွား၏။
ဒင်းသာ မဟုတ်ပါက သူမ ယနေ့ပွဲတွင် အရှက်ကွဲရလိမ့်မည် မဟုတ်ချေ။
"ငါတစ်ချက် သွားကြည့်ကြည့်လိုက်ဦးမယ်..."သူမ ပြောပြီးနောက် လက်ထဲတွင် ဝိုင်နီတစ်ခွက်ကိုင်၍ လင်းရီ ထံ လျှောက်လာခဲ့သည်။
ငါသူမကို အနိုင်မယူနိုင်ပေမယ့် နင့်ကိုတော့ မောင်းထုတ်လို့ ရပါသေးတယ်...