အခန်း (၂၅၃)
Vol. 17 Ch. 253
လျိုဖန်းဖေး သူမလက်ထဲတွင် ဝိုင်နီတစ်ခွက်ကိုင်၍ လင်းရီထံ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
သူမ၏ လက်ထောက်၊ ကျိုးဇီဟောက်နှင့် ကျန်သူများလည်း ပွဲကြီးပွဲကောင်း ကြည့်ရန် နောက်မှ လိုက်လာခဲ့ကြသည်။
တစ်စုံတစ်ယောက် သူ့နား ကပ်လာသည်ကို မသိစိတ်က ခံစားမိတော့ လင်းရီ ခေါင်းမော့ ကြည့်လိုက်သည်။ ရောက်လာသူ အုပ်စုထဲမှ တစ်ဦးကိုတော့ လင်းရီ ရင်းနှီးနေလေသည်။ ထိုသူမှာ မနေ့တုန်းက ကျီချင်းရန်၏ ပွဲတက်၀တ်စုံကို အတင်းတောင်း၀ယ်ချင်နေသည့် သိပ်ကျပ်မပြည့်နေသည့် အမျိုးသမီးတစ်ဦးပင်။
သူမဘေးနား ရပ်နေသူကတော့ သူမ၏ ကြိုးထိန်း ဖြစ်လောက်၏။
လင်းရီ နှင့် တစ်မီတာလောက် အကွာခန့် ရောက်သောအခါ လျိုဖန်းဖေး ရည်ရွယ်ချက်ရှိရှိ ခလုတ်တိုက်ဟန်ဆောင်၍ ဝိုင်နီများကို လင်းရီပေါ်သို့ လောင်းချလိုက်သည်။
"အမယ်လေးတော့်...."
ပါးနပ်သောလင်းရီမှာ သူ့ကိုယ်ကို ဘေးသို့တိမ်းစောင်းလိုက်ပြီး ဝိုင်နီများကို လှပစွာ ရှောင်တိမ်းလိုက်၏။
လျိူဖန်းဖေး ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။
သူမ၏ အစီအစဉ်မှာ လင်းရီ ကိုယ်ပေါ်သို့ ဝိုင်နီများ လောင်းချပြီး သူ့ထံသို့ ကိုယ်ကို ပစ်လဲရန်ပင်။ ထို့နောက် လင်းရီကို တဏှာရူး၊ ကိုယ်ထိလက်ရောက် စော်ကားရန် ကြံစည်သူဟု စွပ်စွဲရန် ကြံစည်ထားသည်။
သို့သော်လည်း ထိုအကောင်မှာ အင်မတန် စကေးရှိစွာဖြင့် ရှောင်တိမ်းသွားလိမ့်မည်လို့တော့ ထင်မထားချေ။
အား....
လျိုဖန်းဖေး ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ ယခု သူမ၏ အခြေနေမှာ အလွန်အမင်း သနားစဖွယ် အခြေနေ ဖြစ်နေလေသည်။
သူမ နာကျင်စွာ အော်ညဉ်းသံမှာ အနီး၀န်းကျင်ရှိ ဧည့်သည်တော်များကို ဆွဲဆောင်သွားပြီး လူတိုင်း လင်းရီကို ကြည့်လိုက်ကြ၏။
သိူ့သော်လည်း ဆယ်လီ အသေးမွှားလေးမှ လဲကျနေသည်ကို မြင်တော့ အထူးအဆန်း လုပ်မနေကြတော့ပဲ လူတိုင်း ကိုယ့်ကိစ္စကို ပြန်လည် အာရုံစိုက်လိုက်ကြသည်။
ကျိုးဟိုင်တွင် ဆယ်လီများမှာ မြစ်ကို ကူးတို့လုပ်ပေးသည့် သမ္ဗန်လှေများကဲ့သို့ ပေါများလှသည်။ သူမလို အသေးမွှား ဆယ်လီလေးတစ်ဦးအပေါ်၌ အာရုံထားရန်မှာ သူတို့၏ အချိန်ကို ဖြုန်းတီးရန်ကျလွန်းလှ၏။
မည်သို့ပင်ဆိုစေ ယခု ပွဲတက်လာသူ ဧည့်ပရိသတ်အားလုံးမှာ ငွေရှင် ကြေးရှင်များနှင့် ဥစ္စာကြွယ်၀သူများ ဖြစ်သည်။ အမျိုးသမီး ဆယ်လီများမှာတော့ သူတို့ မျက်လုံးထဲတွင် ဆော့ကစားလို့ရသည့် သက်ရှိ ကစားစရာ အရုပ်ကလေး တစ်ခုထက် မပိုချေ။
"မစ်လျို...ဘာဖြစ်သွားသေးလဲ.."
လျိုဖန်းဖေး လဲကျသွားသည်ကိုမြင်တော့ ကျိုးဇီဟောက် အမြန်ပြေးလာပြီး သူမကို မထူလိုက်သည်။ ထို့နောက် လင်းရီကို လက်ညိုးငေါက်ငေါက်ထိုး၍ "မင်းက ဘာကောင်လဲကွ..မစ်လျို မင်းအပေါ် လဲကျတော့မှာကိုတောင်မှ မင်းက မကူညီချင်ဘူးပေါ့..."
"ကူညီရမယ်...သူနဲ့ငါနဲ့ ဘာဆိုင်လို့လဲ..."
"နင် ပေါက်တတ်ကရတွေ လျှောက်ပြောနေတာ..နင်ပဲ ငါ့ကို ဒီလိုလဲကျအောင် ခြေထိုးခံလိုက်တာ မဟုတ်လား...အဲ့တာတောင်မှ နင်နဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောထွက်သေးတယ်ပေါ့..."လျိုဖန်းဖေး မိန်းမမာယာတို့ဖြင့် သူမဘက်မှ နစ်နာသူဟန် ဆောင်လိုက်လေသည်။
"မိန်းကလေး မင်း စကားကို ပြီးစလွယ်မပြောနဲ့ ...စွပ်စွဲချင်တယ်ဆိုရင်လည်း ပိုကောင်းတဲ့ အကြောင်းပြချက် လေးရှာလိုက်ဦး..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မင်းခြေထောက် ပျော့နေတယ်ဆိုရင်လည်း မနေ့ညက မင်းကို အသေကျုံးသွားတဲ့ ကောင်ကို လိုက်ရှာလေ..ဘာဆိုင်လို့ ငါ့လာအပြစ်ဖို့နေတာ...အဲ့လိုမျိုး ပါးစပ်ကပြောချင်တိုင်း ပြောလို့ရတယ် ထင်နေတာလား..."
"နင်...."
လျိုဖန်းဖေး ဒေါသထွက်လွန်း၍ ရင်ထဲတွင် ပြောချင်သည့်စကား ထောင်ပေါင်းများစွာ ရှိနေပြီး တစ်ခွန်းမှ ပြောမထွက် ဖြစ်နေလေသည်။ သူမ လင်းရီကို ထိုမျှ ရိုင်းရိုင်းစိုင်းစိုင်း ပြောဝံ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။
"သောက်ကလေး..မင်းစကားကို ကြည့်ပြောတာကောင်းမယ်..."ကျိုးဇီဟောက် သူတော်ကောင်းကြီး ၀င်လုပ်လိုက်ပြီး "ခု မင်းရှေ့မှာ ရပ်နေတဲ့သူက မစ်လျိုဖန်းဖေးကွ...စကားကို ဆင်ဆင်ခြင်ခြင်ပြော...."
"မစ်....? ဘယ်ကလပ်ကလဲ...ငါအားတဲ့ချိန် သူ့ကို သွားအားပေးလိုက်ဦးမယ်...."
"ဟားဟား....."
လင်းရီ အနီး၀န်းကျင်ရှိ လူများအားလုံး ပွဲကျသွားတော့၏။
ထိုသူမှာ အတော်လေး စိတ်၀င်စားဖို့ကောင်းသည့်လူပင်။
ယခုလို အခြေနေမျိုး၌ပင် ပေါက်တတ်ကရ ပြောထွက်သေး၏။
ကျိုးဇီဟောက်မျက်လုံးကျဉ်းမြောင်းသွားပြီး မာထန်သည့် လေသံဖြင့် "ငါမင်းကို ခုချက်ချင်း မစ်လျိုကို တောင်းပန်ဖို့ အမိန့်ပေးတယ်...မဟုတ်ရင် မင်း စားမကုန်တာတွေ အိမ်ပြန်ယူသွားရမယ်..."
[(吃不了兜着走)စကားပုံ - အကျိုးဆက်ကို တာ၀န်ယူရမယ်လို့ပြောတာပါ]
"ဘာကြီးလဲ..မင်းက ခန်းမ မန်နေဂျာလား...စားမကုန်ရင် ပါဆယ်ထုပ်သွားရမယ်ဆိုတော့...."
"မင်း..."
ကျိုးဇီဟောက် မျင်လုံးများ ပြူးကျယ်လာသည်အထိ ဒေါသထွက်နေပြှး "ငါမင်းကိူပြောလိုက်မယ်...ငါက ကျိုးဟိုင် ကျောက်စိမ်းလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ၊ ပြီးတော့ ဥက္ကဌ ကျိုးယွမ်ခန်း ဆိုတာလည်း ငါ့အဖေပဲ...ငါ့အဖေရဲ့ အဆင်အသွယ်တွေနဲ့ ဆိုရင် ကျိုးဟိုင်မှာ မင်းကို သတ်လို့ရတာထက်တောင် လုံ လောက်နေသေးတယ်..."
"အဲ့တာဆိုလည်း မင်းအဖေကို အမြန်ခေါ်လိုက်လေကွာ..သူငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်ကြည့်ရအောင်..."
အနီးတစ်ဝိူက်ရှိ လူများမှာ သူတို့ရှေ့ရှိ စကားစစ်ထိုးပွဲကို စိတ်၀င်တစားဖြင့် ကြည့်ရှုနေကြ၏။
ကျိုးမိသားစု၏ ကျောက်စိမ်းလုပ်ငန်းမှာ ကျိုးဟိုင်တွင် ဂုဏ်သတင်း အတော်အသင့်ရှိပြီး ဈေးကွက် တန်ဖိုးမှာ ယွမ်တစ်ဘီလီယမ် ကျော်ပေသည်။
ထို့ပြင် ပိုပြီးစိတ်၀င်စားဖို့ကောင်းသည်ကတော့ ငြင်းခုန်နေသည့် တစ်ဖက်လူမှာ ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေး ဖြစ်ဟန်မတူပေ။သခင်လေးကျိုး၏ ဒေါသကို သူမည်သို့ ရင်ဆိုင် ဖြေရှင်းသွားမလိုဆိုတာကို အားလုံးက မျှော်တလင့်လင့် နှင့် စောင့်စားကြည့်ရှုနေကြ၏။
ကျိုးဇီဟောက် ဖုန်းထုတ်လိုက်ပြီး နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
သို့သော်လည်း ကြိမ်ဖန်များစွာ ခေါ်ဆိုပြီးသည့်တိုင်အောင် တစ်ဖက်မှ ဖုန်းမဖြေချေ။
ကျိုးဟိုင်ထောင် ဇောချွေးများပြန်လာသည်။ သူ့အဖေက ဘာလို့ ဒီလို အရေးကြီးတဲ့ အချိန်မျိုးကျမှ ဖုန်းမကိုင်ရတာလဲဟ...
"သခင်လေးကျိုး...ဖုန်းမ၀င်လည်း ထားလိုက်လေ..ဘာမှ ကိစ္စကြီးလည်း မဟုတ်ပါဘူး.."
လျိူဖန်းဖေး စိတ်ကိုဆွပေးသည့် ဟန်ဖြင့် ပြောလိုက်သည်။
လျိုဖန်းဖေး ယခုလိုဂိမ်းမျိုး ဆော့ကစားရာတွင် လွန်စွာ ကျွမ်းကျင်သည်။ သူမဘက်မှ ရရန်ခက်ခဲသည့် ကတ်ကို အသုံးပြုထား၏။
သူမ၏ အတွေးများကတော့ ရိုးရှင်းပေသည်။ သူမချင်းဟန်နှင့် အဆက်အသွယ် မရသေးသော်လည်း သူမနား ဖွန်လာကြောင်သည့်သူများကို အသုံးချ၍ လင်းရီကို ဒုက္ခပေးရန်ဖြစ်သည်။
"ကျုပ်ဘယ်လိုလုပ် လွယ်လွယ်နဲ့ လက်လျော့ပေးလိုက်ရမှာလဲ..ဒီကနေ့ မစ်လျိုအတွက် စိတ်ကျေနပ်အောင် ကျုပ် လုပ်ပေးမယ်..."
လျိုဖန်းဖေး၏ စကားလုံးများမှာ အလုပ်ဖြစ်သွားဟန်ပင်။ ကျိုးဇီဟောက် လက်မလျော့ရုံတင်သာမက ပို၍ပင် မခံချင်စိတ်ဖြင့် ဒေါသထွက်လာတော့၏။
"ကျုပ်အဖေက အလုပ်များနေတယ် ထင်တယ်..ဒီတော့ အမေ့ကို ဖုန်းဆက်ပြီး လူတစ်ချို့ လွှတ်ပေးဖို့ ဖုန်းဆက်လိုက်မယ်..."
ထိုသို့ ပြောပြီးနောက် ကျိုးဟိုင်ထောင် သူ့အမေ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ သို့သော်လည်း ယခင်နည်းတူ ဖုန်းဖြေဆိုခြင်း အလျင်းမရှိ။
"လမ်းဖယ်ကြစမ်း..."
အခြေနေမှာ တဖြည်းဖြည်း ကိုးရို့ကားယား ဖြစ်လာချိန်တွင် လူတိုင်း အသံတစ်သံကို ကြားလိုက်ရပြီး လှည့်ကြည့်လိုက်သောအခါ လျှောက်လာသည့်လူမှာတော့ ကျော်ကြားသည့် သခင်လေး ချင်းဟန်ဖြစ်ကြောင်း မြင်လိုက်ရသည်။
လူတိုင်း အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ ရှန်ဟိုင်း၏ အင်ပါယာ ချင်းဟန်မှာ ပုံမှန်ဆိုလျင် မြင်ရခဲ၏။
ပရဟိတ ညစာစားပွဲမှာ တရား၀င် မစတင်သေးသောကြောင့် ကျော်ကြားသည့် ပုဂ္ဂိုလ်အများစုမှာ ဒုတိယထပ်၌ အချင်းချင်း စကားဝိုင်းဖွဲ့ ပြောဆို ဆွေးနွေးနေကြသည်။
သိူ့သော်လည်း သခင်လေးချင်း အောက်ထပ်သို့ ဆင်းလာပုံ ထောက်လျင်တော့ အရေးကြီးကိစ္စတစ်ခုခု ရှိနေပုံပင်။
ချင်းဟန် အေးစက်သည့် မျက်နှာထားဖြင့် လင်းရီ ထံသို့ လျှောက်လာခဲ့သည်။
သူယခုလေးတင် စကေးရှိသည့် အမျိုးသမီးတစ်ဦးနှင့် ချစ်ပွဲ နွှဲပြီး၍ အကြောလျှော့မို့ခါရှိသေး သူ၏ လက်အောက်ငယ်သားတစ်ဦးမှ လင်းရီကို တစ်ယောက်ယောက်မှ စော်ကားရန် ကြိုးပမ်းနေသည်ဟု သတင်းပို့လာသံကို ကြားလိုက်ရ၏။
ထောင်းကနဲ ဒေါသထွက်သွားသော ချင်းဟန်မှာ ဘောင်းဘီ ကမန်းကတမ်း၀တ်၍ အပြင်သို့ ထွက်လာခဲ့ရလေသည်။
ချင်းဟန် ရောက်လာသည်ကို မြင်တော့ လျိုဖန်းဖေး၏ မျက်နှာ ၀င်စလက်သွားခဲ့သည်။
သူ ယနေ့ ဤနေရာသို့ လာရင်း ရည်ရွယ်ချက်မှာ ချင်းဟန်နှင့် ဆုံဖို့ရာဖြစ်ပြီး မတွေ့လိုက်ရမှာကိုတောင်မှ စိုးရိမ်နေခဲ့သေး၏။ သို့သော်လည်း ယခုလို ကိုယ်တိုင်ကိုယ်ကျ ရောက်လာလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။
ဖြစ်နိုင်တာက သူမ အနိုင်ကျင့်ခံနေရတယ်ဆိုတာ သိတော့ အရေးတကြီး ပြေးလာခဲ့တာများလား...
အိုက်စ်...အရမ်းရိုဆန်တာပဲနော်..ဒီကဖြင့် သူနဲ့ စကားတောင် မပြောရသေးတာကို...
"ဟယ်လို သခင်လေးချင်း..."
ချင်းဂန် ရောက်လာသည်ကို မြင်တော့ လျိုဖန်းဖေး ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်၍ ဦးညွှတ်လိုက်ပြီး ချမ်းသာသည့် မိသားစုမှ အမျိုးသမီးငယ်တစ်ဦး၏ အမူအကျင့်ကို ပြလိုက်လေသည်။
လျိုဖန်းဖေးကို မြင်တော့ ချင်းဟန် မျက်လုံးများ မှေးကျဉ်းသွားပြီး သူမ ဘယ်သူလဲဆိုတာကို သူအနည်းငယ် ရင်းနှီးနေသည်။
"မင်းက လျိုဖန်းဖေးမလား..."
"ကျော်ကြားတဲ့ သခင်လေးချင်းက ကျွန်မလို အညတရအနုပညာရှင်လေးကို မှတ်မိနေမယ်လို့ မျှော်လင့်မထားဘူး..တကယ်ကို ဂုဏ်ယူမိပါတယ်.."
မျက်နှာပေါ်ရှိ အမူအရာမှာ တည်ငြိမ်နေသော်လည်း လျိုဖန်းဖေး၏ ရင်ထဲတွင်တော့ လှိုင်းထန်နေလေ၏။
သူမနှင့် တရင်းတနှီးရှိသည့် လူများထံမှ ပြောသံကြားသည်တော့ သခင်လေးချင်းမှာ အမျိုးသမီး ဆယ်လီများနှင့် ပတ်သက်၍ ဇီဇာကြောင်သည်ဟု အနည်းငယ် ကြားဖူးနား၀ ရှိထားသည်။
ထို့ပြင် သူမမှာလည်း ယခုလောလောလတ်လတ် နာမည်ကြီးနေသည့် မင်းသမီးပေါက်စနလေးပင်။ သူမသာ ကောင်းမွန်စွာ ပြုမူနေသမျှတော့ သခင်လေးချင်း၏ စိတ်ထဲတွင် သူမ၏ ပုံရိပ်ကောင်းများက စွဲကျန်ရစ်ကောင်းလှ၏။
ယခု သူမတွင် ချင်းမိသားစုသို့ ၀င်ရောက်ရန် အခွင့်အရေးက ရောက်ရှိလို့လာချေပြီ။
လျိုဖန်းဖေး၏ ပုံပန်း သဏ္ဌာန်မှာ အတော်လေးတော့ လှပ၏။ မဟုတ်ပါက အနုပညာနယ်ပယ်တွင် ကိုယ်ပိုင်နာမည်တစ်လုံး တည်ဆောက်နိုင်လိမ့်မည် မဟုတ်ချေ။
အကယ်၍ အတိတ်မှ ချင်းဟန်ဆိုပါက သူမအပေါ် အနည်းငယ် စိတ်၀င်စားမိကောင်း စိတ်၀င်စားမိပေလိမ့်မည်။
သို့သော်လည်း ယခု လင်းရီ၏ လွှမ်းမိုးမှုအောက်တွင် သူ၏ စိတ်နေသဘောထားများမှာလည်း ပြောင်းလဲလာပြီး သူမကို တစ်ချက်ကြည့်ပြီးနောက် စိတ်မ၀င်စားတော့ချေ။
"သခင်လေးချင်း...သခင်လေးလည်း ဒီရောက်နေတာလား...."
ကျိုးဇီဟောက် ချင်းဟန်ကို နှုတ်ဆက်လိုက်သည်။ သူတို့နှစ်ဦးလုံးမှာ ချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူများ ဖြစ်သောကြောင့် အချင်းချင်း သောက်ဖြစ်စားဖြစ်သည့် အချိန်လေးများတော့ ရှိခဲ့ဖူးသည်။
သို့သော်လည်း ချင်းဟန်နှင့် တူညီသော အဆင့်တစ်ခု၌ ရှိမနေသောကြောင့် သူတို့ အတူသောက်ဖြစ်ခဲ့ကြလျင်တောင် ချင်းဟန်မှာ နောက်တစ်နေ့ရောက်လျင် တော့မေ့သွားစမြဲဖြစ်၏။
"ဘာတွေ ဖြစ်နေတာလဲ.."ချင်းဟန် ရေခဲတမျှ အေးစက်နေသည့် မျက်နှာထားဖြင့် မေးလိုက်သည်။
"သခင်လေးချင်း..ဒါက ဒီလိုပါ..."
ကျိုးဇီဟောက်ပြောလိုက်ပြီး "ဒီကောင်ကိုက မစ်လျိုနဲ့ ရည်ရွယ်ချက်ရှိရှိ စော်ကားနေတာ..ပြီးတော့ မကြားဝံ့ မနာသာတဲ့ စကားတွေကိုလည်း ပြောသေးတယ်..ကျွန်တော်က တောင်းပန်ခိုင်းတော့လည်း လက်မခံပြန်ဘူး..အဲ့တာကြောင့် ကျွန်တော့် အမေကို ဖုန်းဆက်ပြီး သူ့ကို သင်ခန်းစာတစ်ချို့ ပေးရင် ကောင်းမလားလို့ စဉ်းစားနေတာ..."
"မင်းအမေကို ဖုန်းဆက်မယ်..."
ချင်းဟန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြိး "ဟိုဘက်က ဖုန်းမဖြေဘူးမလား..ဟုတ်တယ်မလား..."
"ဟမ်...သခင်လေးချင်း ဘယ်လိုသိလဲ.."ကျိုးဇီဟောက် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"အဟွတ် အဟွတ် အဟွတ် ...."
ချင်းဟန် အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးပြီးနောက် ပေါ့ပါးစွာဖြင့် "ဘာလို့လဲဆိုတော့ မင်းအမေက ငါ့အခန်းထဲမှာလေ...တကယ်လို့ တစ်ခုခု အရေးကြီး ပြောစရာရှိတယ်ဆိုရင် အပေါ်ထပ်က ဥက္ကဌ နားနေခန်းထဲမှာ သွားပြောလိုက်..."