အခန်း (၂၅၄)
Vol. 17 Ch. 254
ဖူး....
လင်းရီ မနေနိုင်ပဲ အသံထွက် ရယ်မောမိလိုက်သည်။
ငိုးမ ချင်းဟန် မင်းကတော့ သောက်ရမ်း အံ့ဩဖို့ ကောင်းတဲ့ကောင်ပဲကွ...
ကျန်သူများကတော့ လင်းရီလို အသံထွက်ရယ်ရန် သတ္တိမရှိကြပေ။ သို့သော်လည်း ပြုံးစိစိ ဖြစ်နေကြ၏။
ဒါကြီးက ဂယက်ထသွားစေမယ့် သတင်းပဲကွ....
အကယ်၍ တစ်စုံတစ်ယောက်သာ ကြေညာရန် သတ္တိရှိပါက ဝေ့ပေါ်တွင် ထရန်းအဖြစ်ဆုံး သတင်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။
"မင်းအမေက ငါ့အခန်းထဲ ရောက်နေတယ် ဆိုပေမယ့် အထင်မလွဲနဲ့..."ချင်းဟန် ပြောလိုက်ပြီး "မင်းအမေနဲ့ ငါနဲ့က ယွမ်၂၀၀ မီလီယမ် တန်ကြေးရှိတဲ့ ပရောဂျက်တစ်ခု အကြောင်း ဆွေးနွေးနေကြတာ ..ပြီးတော့ အဆုံးတောင်သတ်တော့မယ်...ပရောဂျက်သာ ပြီးသွားတာနဲ့ မင်းတို့ ကျိုးမိသားစုရဲ့ စတော့တွေက သေချာပေါက် မြင့်တက်လာတော့မှာ..."
"အာ...ဟုတ် ဟုတ် ..."ကျိုးဇီဟောက် ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး "အဲ့လိုမျိုး စီးပွားရေး ကိစ္စတွေ ဆွေးနွေးနေမှန်းသိရင် ကျွန်တော် မနှောက်ယှက်ပါဘူးဗျာ..."
ကျိုးဇီဟောက် အရှက်ရသလိုခံစားမိပြီး မျက်နှာများ နီရဲနေသည်။
သူ့တွင် လျိုဖန်းဖေး ကိစ္စ စိတ်ပူရန် အချိန်မရှိတော့ပဲ ယခုနေရာမှ ဖြစ်နိုင်သမျှ မြန်မြန် ထွက်သွားချင်နေ၏။
"နေဦး..."ချင်းဟန်၏ မျက်နှာ တစ်ဖန် အေးစက်သွားပြန်ပြီး "မသွားခင် ဒီကိစ္စကို အရင်ရှင်းသွားဦး.."
"သခင်လေးချင်း..ကျုပ် သခင်လေးချင်းကို အားလုံး ရှင်းပြပြီးသွားပြီလေ..."ကျိုးဇီဟောက် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်လည်း ဒီကိစ္စထဲမှာ ပါ၀င် နေတယ် မဟုတ်လား... "
"သခင်လေးချင်း..စိတ်လျှော့ပါဦးရှင်..သူက ကျွန်မကို တိတ်တဆိတ် အကောက်ကြံတယ်ဆိုပေမယ့် ဘာမှမှ မဖြစ်သွားတာကိုပဲ...ဒီလို အသေးမွှားလေးတွေအပေါ် ဒေါသထွက်မနေပါနဲ့နော်...အဲ့တာက သခင်လေးရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးလေ.."လျိုဖန်းဖေး ညင်သာစွာဖြင့် ပြောလိုက်သည်။
လျိုဖန်းဖေး၏ ညုတုတု အမူအရာကို မြင်တော့ လူတိုင်း လင်းရီကိုယ်စား ချွေးအေးများ စို့သွားကြသည်။
ချင်းဟန်လို သခင်လေးတွေက တကယ့်ကို ထိန်းမနိုင် သိမ်းမရပါလားဟ...
လျိုဖန်းဖေး၏ အမူအရာမှတစ်ဆင့် မကြာခင် သူမနှင့် ချင်းဟန်တို့ကြားတွင် ဇာတ်လမ်းလေးများ ရှိတော့မည့်ဟန်ပင်။
ယခု လူအများကြီး ရှေ့တွင် သခင်လေးချင်းမှာ သူကစားမည့် အရုပ်လေးအတွက် တစ်ဖက်လူကို အလွယ်တကူ လွှတ်ပေးမည့်ပုံမပေါ်ချေ။
"ဘာတွေ လာပြောနေတာ ..ကျပ်မပြည့်ဘူးလား.."ချင်းဟန် ခနဲ့လိုက်ပြီး "မင်းကမှ သူ့ကို တမင် အကောက်ကြံနေတာမဟုတ်လား...သူက မင်းကို တိတ်တိတ်လေး အကောက်ကြံဖို့ဆိုရင် မင်းက တန်လို့လားလို့ အရင်မေးကြည့်လိုက်ဦး.."
လျိူဖန်းဖေး အေးခဲသွားပြီး သူမ၏ ခေါင်းမှာ ဘာမျှ စဉ်းစား၍ မရနိုင်အောင် တုန်ခါနေတော့၏။
သူမ ချင်းဟန်အကြောင်း ကောင်းစွာ မသိသော်လည်း သူမ၏ ကျော်ကြားမှုနှင့် ရုပ်ရည်ဆိုပါက ယခုကဲ့သို့ အပြောခံရရန် မဖြစ်သင့်ပေ။
ချင်းဟန် လျိုဖန်းဖေး နှင့် ကျိုးဇီးဟောက်ကို တစ်လှည့်စီ ကြည့်လိုက်ပြီး အေးစက်စွာဖြင့် "မင်းတို့ကို ပြောပြလိုက်မယ်...လင်းရီဆိုတာက ငါ့ရဲ့ ညီကိုကောင်းပဲ..မင်းတို့ နှစ်ယောက် ဆင်ဆင်ခြင်ခြင်နေတာ ကောင်းမယ်...ငါ့ဒေါသတွေသာ မထိမ်းနိုင်တော့ဘူးဆိုရင် နှစ်ယောက်လုံး ကျိုးဟိုင်မှာ နေစရာ မရှိ ဖြစ်သွားမယ်..."
"သိ..သိပါပြီ..."
လျိုဖန်းဖေးနှင့် ကျိုးဇီဟောက်တို့ တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြန်ဖြေလိုက်သည်။
"လင်းကြီး လစ်စို့..ငါမင်းကို ဒုတိယထပ် ခေါ် သွားပေးမယ်..ပွဲစမှပဲ အောက်ပြန်ဆင်းလာကြတာပေါ့..."
"ကောင်းပြီလေ...အပေါ်ထပ်မှာကတော့ ပိုပြီး တိတ်ဆိတ်ကောင်းပါရဲ့...."
လူတိုင်း၏ မနာလို အားကျနေသော အကြည့်များအောက်တွင် လင်းရီ ဟိုတယ် ဒုတိယထပ်သို့ ရောက်လာခဲ့၏။
ဒုတိယထပ်တွင်တော့ ဘေဘီလုံမှ အမိုးဖွင့် ပန်းခြံကဲ့သို့ ခမ်းနားသည့် ပန်းခြံတစ်ခု ရှိနေလေသည်။
လင်းရီ ပတ်၀န်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်သောအခါ လူအယောက် သုံးဆယ်ကျော်လောက်သာ ရှိနေပြီး အားလုံးမှာ သုံးယောက်တစ်ဖွဲ့၊ လေးယောက်တစ်ဖွဲ့ အစရှိသဖြင့် စုဝေးနေကြ၏။ ကျီချင်းရန်လည်း ထိုနေရာ၌ သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ယောက်နှင့်အတူ ရယ်မော ပျော်ရွှင်စွာဖြင့် စကားပြောနေလေသည်။
"ရပြီ..ငါ့မှာလည်း ဘာမှ လုပ်စရာ ရှိတာ မဟုတ်ဘူး..မင်း လုပ်စရာ ရှိတာသာ သွားလုပ်..."
"ငါသွားရင် မင်းပျင်းနေမှာပေါ့...မင်းအတွက် စော်လေး လေးငါးယောက်လောက် ခေါ်ထားပေးရဦးမလား..."ချင်းဟန် ပြောလိုက်သည်။
"မလိုဘူး..မင်းသာ ကျိုးဇီဟောက်ရဲ့ အမေဆီ သွားလည်နေလိုက်..."
"ငိုးပဲ..မင်းလည်း အတူတူပဲကို..ဒီအကြောင်း ထပ်မပြောနဲ့တော့.."ချင်းဟန် မတ်တပ်ရပ်လိုက်ပြီး "မလိုဘူးဆိုမှတော့လည်း ခေါ်ပေးမနေတော့ဘူး..ငါလည်း သွားပြီး ကဲလိုက်ဦးမယ်..တစ်ခုခုလိုရင် ခေါ်သာခေါ်လိုက်သားရီး..."
"အိုကေ..."
ချင်းဟန်ထွက်သွားပြီးနောက် လင်းရီ ဒုတိယထပ်ရှိ ကော်ဖီဆိုင်ထဲတွင် ကော်ဖီတစ်ခွက်မှာ၍ ကျီချင်းရန် အလာကို စောင့်နေလေသည်။
ကြီးမားလှသည့် ကော်ဖီဆိုင်ထဲတွင် တစ်ကိုယ်တည်းထိုင်နေရသည်ကတော့ အထီးကျန်ဆန်ဖို့ ကောင်းလွန်းလှ၏။
"ဥက္ကဌကျီကို ပေးမယ့် လက်ဆောင်ကအသင့်ဖြစ်ပြီလား..."
လင်းရီ ကော်ဖီ တစ်ငုံချင်း သောက်နေစဉ် လူငယ်တစ်ယောက်မှာ သူ့နောက်ရှိ နောက်လိုက်လူများနှင့်အတူ မနီးမဝေးမှ လမ်းလျှောက်လာခဲ့သည်။
ပြောလိုက်သည့်သူကတော့ အဖြူရောင်ရှပ်အင်္ကျီ ၀တ်ဆသ်ထားသည့် အမျိုးသား တစ်ဦးဖြစ်ပြီး ဆံပင်ကို သေသပ်စွာ ဖြီးတင်၍ လက်ကောက်၀တ်တွင်လည်း ရွှေရောင် လက်ပတ်နာရီတစ်လုံးကို ၀တ်ဆင်ထားလေသည်။
ထိုအမျိုးသား၏ အမည်မှာ ကျိုးကျိန်းရန် ဖြစ်ပြီး သူ၏ ဖခင် ကျိုးထျန်းဟုန်ကတော့ ထျန်းဟူန် ဖောင်ဒေးရှင်းနှင့် ယခု ပရဟိတ ညစာစားပွဲကြီး၏ တာ၀န်ခံတစ်ဦး ဖြစ်သည်။
ကျိုးမိသားစု၏ ပရဟိတညစာစားပွဲမှာ အဘယ်ကြောင့် စီးပွားရေးနယ်ပယ်ရှိ ထိပ်သီးပိုင်းများကို ဆွဲဆောင်နိုင်လဲဆိုတာကတော့ ကျိုးမိသားစု၏ အနေအထားမှာ ချင်းမိသားစု၏ အဆင့်အတန်းနှင့် ဘာမျှ သိပ်မကွာခြားသောကြောင့်သာ။
ထိုအကြောင်းပြချက်ကြောင့်ပဲ ထျန်းဟုန် ဖောင်ဒေးရှင်းမှာ ဆယ်နှစ်ကျော်ကာလအထိ တည်တံ့နေပြီး တဖြည်းဖြည်း အရှိန်အဝါ ကြီးမားသည်ထက် ကြီးမားလာတော့၏။
"နယ်သာလန်ကနေ ကြိုတင်မှာယူထားတဲ့ နှင်းဆီအပြာ ၉၉ ပွင့်ကို ပြင်ဆင်ပြီးပါပြီ .. အတွင်းရေးမှူး ၀မ်ကလည်း ခု ဓာတ်လှေကားထဲမှာပါ ပြီးတော့ မကြာခင် ဒီရောက်လာတော့မှာပါဗျ..."
[နှင်းဆီ ၉၉ ပွင့်က ထာ၀ရချစ်မယ်ဆိုတဲ့ သင်္ကေတပါ]
ပြောလိုက်သူကတော့ ကျောက်ကျိန်းရန်၏ ဘက်ထောက် ချွီနန်ပင်။
အသေးဖွဲ ကိစ္စလေးများကိုတော့ ချွီနန်ကပင် တာ၀န်ယူ ကိုင်တွယ်ဖြေရှင်းပေးရ၏။
"ကောင်းပြီလေ..အဲ့တာဆိုလည်း ပန်းတွေရောက်တဲ့အချိန်ထိ စောင့်ကြတာပေါ့..ပန်းတွေ ရောက်ပြီဆိုတာနဲ့ ငါပြောထားတဲ့အတိုင်း လုပ်ငန်းစမယ်..."
"ဒါရိုက်တာကျောက်..ကျီချင်းရန်က ပိုးပန်းရခက်လို့ ဆိုပြီး အရမ်း နာမည်ကြီးနေတဲ့သူနော်..တကယ်လို့ သူမက ဒါရိုက်တာကျောက်ကို မျက်နှာသာ မပေးဘူးဆိုရင်ကော..."
"ဒီကမ္ဘာကြီးမှာ မရနိုင်တဲ့ အမျိုးသမီးဆိုတာ မရှိဘူး.....အဲ့လိုမျိုး မရနိုင်ဘူးလို့ လက်သုံးစကား ပြောတဲ့ သူတွေကလည်း အရှုံးသမားတွေပဲ..."ကျောက်ကျိန်းရန် နှာခေါင်းရှုံ့လိုက်ပြီး "ဘာလို့ ပိုးပန်းရ ခက်နေလဲဆိုတော့ သူ့မကို ပိုးပန်းတဲ့သူတွေက သူမလိုချင်တဲ့ ချမ်းသာစည်းစိမ်ကို ပံ့ပိုးပေးဖို့ မစွမ်းသာလို့ပဲ...အဲ့လို အရှုံ့သမားတွေရဲ့ လက်သုံးစကားက ငါနဲ့ မဆိုင်ဘူး"
"ဒါရိုက်တာကျောက် ပြောတာမှန်တယ်.."ချွီနန် ပြုံးလိုက်ပြီး "ဒါရိုက်တာကျောက်က ကျိုးဟိုင်မှာ အတာ်ဆုံးတွေထဲက တစ်ယောက်ပဲလေ..ဒါရိုက်တာနဲ့ ယှဉ်လို့ရတဲ့သူဆိုတာက လက်ငါးချောင်းစာတောင် မပြည့်ဘူး... "
"ဒီလောက်ယုံကြည်ချက်ရှိလို့လဲ ဒီလို ပွဲကြီးမျိုး စီစဉ်လိုက်တာပေါ့ကွ..ဒီနေ့ည ကျီချင်းရန်ကို အမုန်းချွေဖို့ဆိုတာက လုံး၀ ပြဿနာ မရှိဘူး... "
လင်းရီ ကော်ဖီတစ်ငုံသောက်လိုက်ပြီး မနေနိုင်စွာ ပြုံးမိသည်။
ခနနေကြရင် ပွဲကြီးပွဲကောင်းတော့ မြင်ရတော့မှာပဲ...
များမကြာမီ အနက်ရောင် ၀တ်စုံနှင့် အမျိုးသမီးတစ်ဦးမှာ အပြာရောင် နှင်းဆီပန်းစည်းနှင့် စိတ်လက်စွပ်တစ်ကွင်းကို ကျောက်ကျိန်းရန်ထံ ကမ်းပေးလိုက်သည်။
လှပသော နှင်းဆီအပြာများနှင့် စိန်လက်စွပ်ကို ကြည့်ရင်း ကျိုးကျိန်းရန် ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်၏။ ကျီချင်းရန် သူ့အချစ်ကို လက်ခံရန်မှာ လုံး၀ ပြဿနာ မရှိချေ။
အသက်ပြင်းပြင်းရှူပြီးနောက် ပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်သောအခါ မနီးမဝေးရှိ လင်းရီကိုတွေ့သွားသည်။
"သွားပြီး အဲ့ကောင်ကို ရှင်းလိုက်စမ်းကွာ..ဘယ်သူကမှ နှောင့်ယှက်တာကို မလိုချင်ဘူး...ဒါပေမယ့် အကြမ်းနည်းတော့ မသုံးနဲ့....တော်ကြာ ချင်းရန် မြင်သွားရင် ငါက အားနည်းသူကို အနိုင်ကျင့်တယ် ထင်သွားဦးမယ်...ပိုက်ဆံ နည်းနည်းပါးပါးလောက် ပေးပြီး မောင်းထုတ်လိုက်ကွာ..."
"နာလည်ပါပြီ..ခုပဲ လုပ်ဆောင်လိုက်ပါ့မယ်..."
ခေါင်းတစ်ချက်ညိမ့်ပြီးနောက် ချွီနန် လင်းရီထံသို့ လျှောက်လာပြီး ယဉ်ကျေးစွာဖြင့် "မိတ်ဆွေ...ကျုပ်ခင်များနဲ့ တစ်ခုခု ဆွေးနွေးလို့ရမလား..."
"ဘာများလဲ..."
"ကျုပ်တို့ရဲ့ ဒါရိုက်တာကျောက် က ခနနေကျရင် သူ့မိန်းကလေးကို ဒီနေရာမှာ ချစ်ခွင့်ပန်မှာလေ..အဲ့တာကြောင့် ဖြစ်နိုင်ရင် ဒီနေရာက ဖယ်ပေးလို့ရမလားလို့ပါ..ဒါပေမယ့် မပူနဲ့..ကျုပ်တို့ လျော်ကြေးငွေ ပေးမှာပါ..."
"ပေးမယ်..."လင်းရီ ဖျော့တော့စွာဖြင့် "ဘယ်လောက်ပေးမှာ...""
လင်းရီမှာ ငွေမက်သည့်သူဖြစ်ကြောင်း သိပြီးနောက် ချွီနန်မှာ အများကြီး စိတ်သက်သာရာ ရသွားခဲ့ပြီး အိတ်ကပ်ထဲမှ ယွမ်၅၀၀တန်တစ်ရွက် ထုတ်ကာ "လျော်ကြေးအနေနဲ့ပါ...လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
"မင်း ငါ့ကို လာနောက်နေတာလား.."လင်းရီ အမူအရာကင်းမဲ့စွာ ဆိုလိုက်ပြီး "ယွင်လန် ဟိုတယ်မှာ အခန်း ယူနိုင်တဲ့ကောင်က မင်းရဲ့ ယွမ် ၅၀၀ လောက်ကို လိုမယ်လို့များ ထင်နေတာလား...မင်းက သူတောင်းစား စွန့်ကြဲသလို ပေးဖို့ လုပ်နေတာလားကွ..."
ချွီနန် လင်းရီကို တစ်ဖန် သေချာ အကဲခတ်လိုက်သည်။
ထိုလူမှာ လုံး၀ သာမန်မဟုတ်ချေ။
သူပြောသလိုပင်။
သာမန်အဆင့်အတန်းနှင့်ဆိုပါက ယွင်လန်ဟိုတယ်၌ နေဖို့ရာ စွမ်းသာလိမ့်မည် မဟုတ်ချေ။
"အာ..စိတ်မရှိပါနဲ့..ကျုပ် နည်းနည်း ရိုင်းပြသလို ဖြစ်သွားတယ်..."
ချွီနန် အမူအရာမပျက်ပဲ သူ့အိတ်ကပ်ထဲမှ ငွေအထပ်လိုက် ထုတ်လိုက်သည်။
"ဘယ်လောက်ရှိလဲ မသိပေမယ့် အနည်းဆုံးတော့ ယွမ် ၂,၀၀၀ လောက်တော့ ရှိမှာပါ..ဒီပမာဏက ခင်များကို ကော်ဖီဆိုင်ထဲကနေ ဆယ်မိနစ်လောက် ထွက်သွားဖို့ရာ လုံလောက်ရောပေါ့..."
"၂,၀၀၀"
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး "မင်းတို့ သွားစေချင်ရင် ထွက်သွားပေးလို့ရတယ်..ဒါပေမယ့် ဒီကနေ ထွက်သွားဖို့ ဆိုရင်တော့ ၅၀,၀၀၀ ပေးမှရမယ်...အဲ့လိုသာဆို ဆယ်မိနစ် မဟုတ်ဘူး..ဆယ်ရက်ဆိုလည်း အဆင်ပြေတယ်..."