← Chapters

အခန်း (၂၅၅)

Vol. 17 Ch. 255

အခန်း (၂၅၅)

Vol. 17 Ch. 255

ချွီနန်မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ၏ အမူအရာမှာ မူလက ကဲ့သို့ ခင်မင်ဖွယ်ကောင်းသည့်ပုံစံ ဖြစ်မနေတော့ချေ။

ဒီနေရာကနေ ဆယ်မိနစ်ရှောင်ပေးဖို့အတွက် ယွမ် ၂,၀၀၀ ပေးတာတောင်မှ များလှပြီ...အဲ့တာတောင်မှ ယွမ် ၅၀,၀၀၀ ပေးဖို့ တောင်းနေတယ်တဲ့လား...သူ့ကို ဘယ်ကောင်က အဲ့လို ပြောဖို့ သတ္တိတွေ ပေးလိုက်တာလဲကွ....

"ကိုယ့်လူ..အရာရာတိုင်းမှာ သူ့အကန့်သတ်နဲ့သူ ရှိတယ်နော်...ကိုယ့်က်ုယ်ကို နားလည် နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်..."ချွီနန်ပြောလိုက်၏။

"ယွမ် ၅၀,၀၀ က တကယ်တော့ သိပ်မများဘူး..မင်းတို့ကောင်တွေ ပန်းစည်းတွေ စိန်လက်စွပ်တွေ ကိုင်ထားတာကို မြင်ပါတယ်...ကြည့်ရသလောက်တော့ ကောင်မလေးဆီ ချစ်ခွင့်ပန်မလို့မလား...ဒီလောက် ငွေနည်းနည်းလေးတောင် တွန့်တိုနေမှတော့ ဘယ်ကောင်မလေးက လက်ခံချင်မှာ..."

"ဟမ့်..မင်းက အခြေနေကို ဘယ်ဘို အခွင့်ကောင်းယူရမလဲဆိုတာ ကောင်းကောင်းသိတာပဲ...ကောင်စုတ်လေး ငါမင်းကို ၅၀,၀၀ ပေးလိုက်မယ်..ဒီနေရာကနေ ထွက်သွားလိုက်တော့.."ကျောက်ကျိန်းရန်မှ ရုတ်တရက် ပြောလာခဲ့၏။

"ပြဿနာမရှိဘူး.."လင်းရီ ရယ်မောလိုက်ပြီး "ဘော့စ်က ဉာဏ်ကောင်းတဲ့သူဆိုတာ မပြောလည်း သိတယ်..အဲ့တာကြောင့် ဘောစ့်ဖြစ်နေတာကိုး...."

"မဆိုးဘူး...ငါလည်း မင်းလို ပြောရဲ ဆိုရဲတဲ့ကောင်တွေကို သဘောကျတယ်..."

ကျောက်ကျိန်းရန် ချက်လက်မှတ်စာအုပ်ကို ထုတ်လိုက်ပြီး သုည အတန်းလိုက် ရေးကာ လင်းရီ ထံကမ်းပေးလိုက်၏။

"ဒီလောက်ဆို ကျေနပ်ပြီလား..."

"ဘော့စ်..ခင်များရဲ့ ကြန်အင် လက္ခဏာက တကယ့်ကို မင်းဖြစ်မယ့် လက္ခာမျိုးပဲဗျ...တောက်ပမယ့် အနာဂတ်ကို မြင်နေရတယ်...ပြီးတော့ ဒီနေ့ရဲ့ ဖုန်းရွှေကို တွက်ချက်ကြည့်မယ်ဆိုရင် ဘော့စ်ရဲ့ နဂါးကံက အမြင့်ဆုံးအချိန်ကို ရောက်နေမှာ...ကောင်မလေးတစ်ယောက်ကို ၀န်ခံတာလောက်ကတော့ လုံး၀ ပြဿနာ ရှိမှာ မဟုတ်ဘူး.. "

"ဟားဟား...မင်း အမြင်မဆိုးဘူးပဲကွ..."ကျောက်ကျိန်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "ပိုက်ဆံ ရပြီးပြီဆိုတော့ နေရာဖယ်ပေးတော့..ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်..."

"အိုကေပါ..ကောင်းပါပြီ..ပိုးပန်းတဲ့ အချိန် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်..."

လင်းရီ ချက်လက်မှတ်ကို ယူပြီးနောက် ကောင်းကင်ဥယျာဉ်သို့ ထွက်လာခဲ့လိုက်သည်။

"ရို...ဟိုနားက ဘယ်သူလေးပါလိမ့်..အရမ်းချောတာပဲ..."

ပြောလိုက်သူကတော့ ကျီချင်းရန်နှင့် စကားပြောနေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးပင်။ သူမမှာ အနည်းငယ် ၀ဖိုင့်ဖိုင့် ရှိနေပြီး မျက်လုံးထဲတွင်တော့ စွဲလမ်းနှစ်သက်မှုများဖြင့် ပြည့်နှက်နေလေသည်။

"အင်း...မဆိုးပါဘူး..၀တ်စုံနဲ့ကောင်လေးက အရသာရှိတဲ့ အသားထက်တောင်မှ ပိုပြီး သားရည်ယိုဖို့ ကောင်းနေသေးတယ်..."အရပ်ရှည်သည့် အမျိုးသမီး နောက်တစ်ဦးမှ ပြောလိုက်သည်။

သူမ သူငယ်ချင်းနှစ်ဦး ပြောသံကြား၍ လှည့်ကြည့်လိုက်သောအခါ သူမတို့ နှစ်ယောက် ပြောနေသူမှာ လင်းရီ ဖြစ်နေကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။

သူက ဘာလို့ ဒီရောက်နေတာလဲဟ..အောက်မှာ နေရာတာ ပျင်းလို့ အပေါ်တက်လာတာများလား...

အင်း...ငါကလည်း သူ့ကို အကြာကြီး စောင့်ခိုင်းမိထားတာကိုး...

"လင်းရီ ..နင်က ဒီရောက်နေတာကိုး..." ကျီချင်းရန် ပြောလိုက်ပြီး အားတောင့်အားနာဟန်ဖြင့် "တောင်းပန်ပါတယ်နော်..သူငယ်ချင်းတွေနဲ့ ‌မတွေ့တာကြာတော့ နင့်ကို ပစ်ထားမိသလို ဖြစ်သွားတယ်..."

လင်းရီ အပြုံးလေးဖြင့် ရောက်လာပြီး ကျီချင်းရန်၏ ခါးကို ဖက်၍ "ဘာမှ မဖြစ်ပါဘူး..ကိုယ်လည်း မင်းကို တွေ့ချင်လို့ လာခဲ့တာလေ..."

"ရို ရို ...ဒီတော့ အချောလေးက နင့်ကို တွေ့ဖို့ လာခဲ့တာပေါ့..."၀ဖိုင့်ဖိုင့် အမျိုးသမီးမှ ပြောလိုက်သည်။

"သိသားပဲ..ဒီလောက်ခန့်တဲ့ ကောင်လေးက တို့ချင်းရန်နဲ့ပဲ လိုက်ဖက်မှာပေါ့လို့ ဟုတ်တယ်မလား..."

"အို ..အစ်မကျန်းကလည်း ဘာတွေ ပြောမှန်းမသိဘူး..."ကျီချင်းရန် မျက်နှာ ရဲရဲလေး ဖြစ်သွားခဲ့သည်။ယင်းက သူမတို့ စနောက်သောကြောင့်တော့ မဟုတ်ပဲ လင်းရီ၏ လက်က သူမခါးနားသို့ ရောက်နေသောကြောင့်ပင်။

ဒီလောက် လူတွေ အများကြီး ရှိနေတာတောင်မှ ကောင်စုတ်က ငါ့ကို ခါးလာဖက်ရဲတယ်ပေါ့လေ..ဒင်းကတော့ ပိုပိုပြီး အတင့်ရဲနေတော့တာပဲ...

"အေးပါ အေးပါ..နင်တို့ နှစ်ယောက် ဆက်ပြောကြဦး..."အစ်မကျန်းဟုခေါ်သည့် အမျိုးသမီးမှ ပြောလိုက်သည်။

"ညစာစားပွဲက ခနနေဆို စတော့မှာဆိုတော့ ကျွန်မတို့ လည်း အောက်ဆင်းတော့မယ်...နောက်နေ့မှ ဆက်ပြောကြတာပေါ့နော.."

ကျီချင်းရန် အရှက်သည်းစွာဖြင့် ပြောလိုက်ပြီး "အစ်မကျန်း အစ်မရှောင်...ညီမတို့ အရင် သွားနှင့်ပြီနော်...."

"အေးအေး သွားကြ..."

အစ်မကျန်းဟု ခေါ်သည့် အမျိုးသမီးမှာ လက်ဝှေ့ယမ်းရင်း လင်းရီနှင့် ကျီချင်းရန်တို့ တစ်ယောက်ကို တစ်ယောက် ခါးဖက်၍ အောက်ဆင်းသွားကြသည်ကို အပြုံးလေးဖြင့် ကြည့်နေလေသည်။

တစ်ချိန်တည်းတွင် ကျောက်ကျိန်းရန်နှင့် ချွီနန်တို့မှာ လင်းရီနှင့် ကျီချင်းရန်တို့ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိ၏။

"ဘာတွေ ဖြစ်နေတာလဲဟ...ဘာလို့ ဟိုကောင်က ကျီချင်းရန်ကို ခါးဖက်ပြီးတော့ အောက်ခေါ်သွားတာလဲတဲ့..."

"ကျ..ကျွန်တော်လည်း ဘယ်သိမှာ..."ချွီနန် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောလိုက်သည်။

"သောက်ပဲကွာ..ငါတို့တော့ အဲ့‌ကောင် ကစားတာကို ခံလိုက်ရပြီ..." ကျောက်ကျိန်းရန် ဒေါသမီး လောင်ကျွမ်းနေသည့် လေသံဖြင့် ပြောလိုက်ပြီး "ငါ ၀န်ခံတော့မယ့် အမျိုးသမီးက ချင်းရန်ဆိုဆာ အဲ့ကောင် သေချာပေါက် သိတယ်..ဒါငါတို့ကို သပ်သပ် လှည့်စားသွားတာပဲကွ..."

စောနက အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်ရင်း ကျောက်ကျိန်းရန် သွေးများ ဆူပွက်လာသည်။

ငိုးပဲကွာ..ပိုက်ဆံ ၅၀,၀၀ က ပေးလိုက်ရသေး..

အလှည့်စားက ခံလိုက်ရသေး...

ဖင်နှစ်ခါ ချခံလိုက်ရသလိုပဲ...

"ဒါရိုက်တာကျောက်..ကျွန်တော်တို့ ခု ဘယ်လိုလုပ်ကြမလဲ...သူတို့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား..."ချွီနန် မေးလိုက်သည်။

"သူ့ရဲ့ သောက်ကလေးလို နူးညံ့နေတဲ့‌ သောက်အခွက်ကို ကြည့်စမ်းပါကွာ..သေချာပေါက် အပျော်လင်လေးပဲနေမှာ..."

ကျောက်ကျိန်းရန် ပြောလိုက်ပြှး "ညစာစားပွဲက ခနနေဆို စတော့မယ်...ငါတို့ လုပ်စရာရှိတာတော့ လုပ်ရမှာပဲ ..နှောင့်နှေးလို့ မရဘူး..ဟိုကောင်ကို တော့ အချိန်တစ်ခုရှာပြီး ပညာပြပေးရမှာပေါ့..."

......

ကောင်းကင်ဥယျာဥ်ထဲမှ ထွက်လာပြီးနောက် လင်းရီ ကျီချင်းရန်နှင့်အတူ အောက်ထပ်သို့ ဆက်းလာခဲ့လေသည်။

"ကိုယ်တော်လင်း..ဒီမှာ ဘယ်သူမှလည်း ရှိမနေတော့ဘူး..ရှင်က ကျွန်မကို တစ်ချိန်လုံး ဖက်ပဲ ဖက်ထားတော့မှာလား...လွှတ်ဖို့ ရည်ရွယ်ချက်လေးများ မရှိတော့ဘူးလား..."

လင်းရီ သူမ ခါးဖက်ထားသည်ကို စိတ်မရှိသော်လည်း အနည်းငယ် ရှက်ရွံ့နေ၏။

"အသံတိုးတိုးပြော...ငါတို့ ဆက်ပြီးတော့ ဟန်ဆောင်နေရဦးမှာ...နောက်ထပ် နည်းနည်းလောက်ပဲ.."

"ဟမ်...ဘာလို့ သရုပ်ဆောင် ရမှာလဲ.."လင်းရီ စူးစမ်းချင်စိတ်အပြည့် ဖြင့် မေး မြန်းလိုက်သည်။

"ငါမင်းကို ကော်ဖီဆိုင်မှာ ထိုင်စောင့်နေတုန်း ကျပ်မပြည့်တဲ့ကောင် တစ်ကောင် ငါ့ဆီရောက်လာတယ်...သူက ကောင်မလေးတစ်ယောက်ကို ပိုးပန်းချင်လို့ဆိုပြီး နေရာ ဖယ်ပေးတဲ့...အဲ့တာနဲ့ ငါလည်း သူတို့နား ယွမ် ၅၀,၀၀ တောင်းပြီးတော့ လစ်ခဲ့လိုက်တယ်.."

ကျီချင်းရန်၏ ဉာဏ်ရည်နှင့်ဆိုပါက ပြောချင်သည့် အကြောင်းအရာကို အလွယ်တကူ ခန့်မှန်း၍ ရပြီးဖြစ်သည်။

"သူ ပိုးပန်းမယ်ဆိုတဲ့ ကောင်မလေးက ငါလား..."

ကျီချင်းရန် အစမ်းသဘောလေး မေးမြန်းလိုက်သည်။

"ဘယ်သိမှာ ..လက်စွပ်တွေ ပန်းတွေတော့ အသင့်လုပ်ထားတာပဲ...မင်းမြင်ရင် အားကျနေမှာဆိုးလို့ ဒီခေါ်လာခဲ့တာ..."

လင်းရီ၏ အပြုအမူက ကျီချင်းရန်ကို ငိုရအခက် ရယ်ရအခက် ဖြစ်သွားစေသည်။

လင်းရီမှ မပြောပြသော်လည်း သူမ၏ ခါးကို ဖက်ထား၏။ အကယ်၍ ခန့်မှန်းသည်သာ မှန်မည်ဆိုပါက လင်းရီပြောသည့် ကောင်မလေးမှာ သူမပင် ဖြစ်ရပေမည်။

အရေးကြီးဆုံးကတော့ လင်းရီ ထိုကျပ်မပြည့်သည့်သူထံမှ ငွေ၅သောင်း ရိုက်စားလုပ်ခဲ့၏။ ယခုလောက်ဆိုလျင် ထိုသူတော့ ဒေါသထွက်လွန်း၍ မိုးမီးလောင်နေလောက်ချေပြီ။

အောက်ထပ်သို့ ရောက်လာခဲ့သည့် အချိန်တွင်တော့ ကျီချင်းရန်မှ အသံတိုးတိုးလေးဖြင့် " လင်း..ငါတို့ အောက်လည်း ရောက်နေပြီလေဟာ..ဖက်ထားတာ လွှတ်လို့ ရပြီမဟုတ်လား..."

"မင်းသာ တခဏလောက် သရုပ်မဆောင်ပဲ နေလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အရှုပ်ထုပ်ကြီးကို ရှင်းရတော့မှာနော်..."

"ဟွန့်..နင်ကတော့ လူကို အသားယူဖို့ပဲ စဉ်းစားနေတယ်..."ကျီချင်းရန် လင်းရီကို ‌မျက်စောင်းအသာ ထိုးလိုက်ပြီး "နင်ငါ့ကို အရမ်း ဖက်ချင်နေတယ်ဆိုရင်လည်း နောက်ကျ အခွင့်ရေးပေးမယ်လေ.....ခုတော့ လူတွေ အများကြီး ရှိနေလို့ လွှတ်ပါနော်..."

"မင်းပြောတာနော်...ငါ စာအုပ်ထဲ သေချာ ရေးမှတ်ထားမှာဗျ...."

"နင်ကတော့လေ..ကုမ္ပဏီ အလုပ်တွေဆို အာရုံစိုက်ပြီး လုပ်တာ တစ်ခါမှ မမြင်ဖူးသေးဘူး..ဒီလို ကိစ္စမျိုးကျတော့ စာနဲ့ပေနဲ့ကို မှတ်ထားဦးမယ်ပေါ့လေ...အရမ်းက်ု အသားယူချင်နေတယ်ပေါ့..."

"ဘယ်တတ်နိုင်မှာ...လူတိုင်းက မင်းလို အိစက်ညက်ညောတဲ့ ခါးကြဉ်ကြဉ်လေးမှ မရှိတာ..."

"ဟုတ်ပါပြီ....ခုတော့ လူတွေ အမျာကြီး ရှိနေလို့ လွှတ်တော့နော်..."ကျီချင်းရန် ရှက်သွေးဖြန်းလျက် ပြောလိုက်သည်။

လင်းရီလည်း ကျီချင်းရန်မှာ အရေထူသည့်သူဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် လုံး၀ နားမထောင်ခဲ့။ သို့ဖြင့် နှစ်ယောက်သား ခါးဖက်လျက် အနေထားဖြင့် ပွဲစတင်မည်ကို စောင့်နေကြတော့သည်။

လက်ကမျဉ်းသည့် လင်းရီမှာတော့ တစ်ခါတစ်ရံ သူမခါးကို ညှစ်လိုက်သေး၏။

မကြာမီ ဒုတိယထပ်မှ အကောင်ကြီးကြီးများ အောက်ထပ်သို့ ဆင်းလာကြပြီး ပွဲမှာလည်း တရား၀င် စတင်ချေတော့သည်။

လူတိုင်း၏ အကြည့်များအောက်တွင် ကျိုးကျိန်းရန် စင်ပေါ်သို့ တက်လာပြီး ဘာမျှ မဖြစ်သည့် အမူအရာဖြင့် မိုက်ခရိုဖုန်းကို ကိုင်လိုက်၏။ ‌ဘာမျှ မဖြစ်ထားသည့် ပုံစံပင်။

"ယနေ့ည ကျွန်တော်တို့ရဲ့ ထျန်းဟုန် ဖောင်ဒေးရှင်းကြီးရဲ့ ညစာစားပွဲကို တက်ရောက်လာကြတဲ့ လူကြီးမင်းများ အားလုံးကို ကြိုဆိုပါတယ်...ကျေးဇူးလည်း တင်ပါတယ်....ခုက စပြီးတော့ ညစာစားပွဲ တရား၀င် စတင်ပြီလို့ ကြေညာအပ်ပါတယ်ခင်ဗျား....."

ကျောက်ကျိန်းရန် စကားဆုံးသည်နှင့် ဝေါ့ဇ်အက တီးလုံးသံမှာ ပျံ့လွင့်လာပြီး လူအုပ်ကြီးမှာ ချက်ခြင်း နှစ်ဖက် ကွဲသွား၏။ အလယ်တွင် နေရာအကျယ်ကြီး သာချန်ထားရစ်လေသည်။

လင်းရီကတော့ တောသားမြို့ရောက်သကဲ့သို့ ပတ်၀န်းကျင်ကို ကြောင်အစွာဖြင့် ကြည့်လိုက်ပြီး

"ဟိုက်..ဘာလဲဟ...ပြောတော့ ညစာစားပွဲဆို..ဘာလို့ ကနေကြတာလဲဟ"

"ညစာစားပွဲဆိုတာက ဒီတိုင်း ရှိုးသပ်သပ်ပဲလေ..လုပ်ရိုးလုပ်စဉ်တွေ အရဆိုရင် အရင်ဆုံး အဖွင့်သီချင်း ကမယ်..ပြီးမှ ပရဟိတ လေလံတင်ပွဲလာမှာ..အဲ့ဒီ လေလံက ရတဲ့ငွေတွေကိုမှ မျှော်လင့်ခြင်း စီမံကိန်းစီ လှူဒါန်းလိုက်မှာလေ....အနှစ်ချုပ်က အဲ့တာပဲ..."

"ဒီတိုင်း ပကာသနတွေပေါ့..."

"ငါလည်း စိတ်ရှုပ်ဖို့ ကောင်းတယ်လို့ ထင်တယ်..ဒါပေမယ့် အထက်တန်းစားတွေကျတော့ ကြိုက်ကြ‌တယ်လေ...မဟုတ်ရင် သူတို့ကိုယ်သူတို့ သာမန်လူတွေနဲ့ ခြားနားတယ်ဆိုပြီး ဘယ်လို သတ်မှတ်ရတော့မှာ..."ကျီချင်းရန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

အမျိုးသားနှင့် အမျိုးသမီး စုံတွဲတို့မှာ ဝေါ့ဇ်တီးလုံး၏ အောက်တွင် စည်းချက်ကျကျ လှုပ်ရှားနေကြသည်။

အချို့ဆိုလျင် တစ်ခြားသူများ၏ ဇနီးမိန်းမကို ဖက်ထားကြပြီး အချို့ကတော့ တစ်ခြားသူ၏ လင်ယောက်ျားကို ပွေ့ဖက်ထားလျက် ကနေကြသည်။ တစ်ချို့ဆိုလျင် သူတို့သမီးနှင့် သူတို့ ပြန်တွဲကနေကြ၏။ ထိုအထဲတွင်တော့ ရူးသွပ်စွာ ကခန်နေသည့် စုံတွဲ လင်မယားနှစ်ယောက်ကိုတော့ လင်းရီ အတော်လေး အမြင်ကပ်မိပေသည်။

"ဥက္ကဌကျီ..ကျွန်တော့်မှာ ဥက္ကဌကျီနဲ့ အတူတွဲကဖို့ အခွင့်အရေးရှိမလားခင်ဗျ..."အသက်သုံးဆယ်အရွယ်ရှိသည့် ထိပ်ပြောင် နေသည့် အမျိုးသားတစ်ဦးမှ ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး ကိုယ့်လူ..သူ့မှာက ဆိုင်သူ ရှိပြီးသား..."လင်းရီ ကျီချင်းရန် ခါးကို ဖက်ရင်း ပြောလိုက်သည်။

လင်းရီ၏ စကားလုံးများက ကျီချင်းရန်၏ ရင်ထဲတွင် ချိုမြိန်မှုများဖြင့် ပြည့်နှက်သွားစေသည်။

သူသာ ဒီ ပျင်းဖို့ကောင်းတဲ့လူတွေကိုသာ ကူငြင်းပေးမယ်ဆိုရင်တော့ အရမ်းကောင်းမှာပဲ...

စာစဉ် (၁၇)ပြီး၏။

All Chapters