← Chapters

အပိုင်း(၅၃၄)

Vol. 36 Ch. 534

အပိုင်း(၅၃၄)

Vol. 36 Ch. 534

ရှင်းယောင်မြို့တွင်   ထိုက်မိသားစုကောင်းကင်ထက်ရှိ အခြေအနေများက ရှင်းယောင်မြို့အတွင်းရှိလူများအား

လုံး၏အာရုံကိုဆွဲဆောင်ပြီးဖြစ်သည်။ မြေပြင်ထက်၊ခေါင်မိုးများပေါ်နှင့် ဟင်းလင်းပြင်အစရှိသည်ဖြင့်နေရာတိုင်းတွင်  ထိုက်မိသားစုအားစူးစိုက်ကြည့်နေ

ကြသည့်မျက်လုံးများရှိသည်ဖြစ်၏။

ထိုက်မိသားစုက ဗိဟိုအာရုံစိုက်ရာနေရာတစ်ခုပြောလျှင်  ချဲ့ကားပြောဆိုရာကျလိမ့်မည်မဟုတ်ပေ။

“ဒါက… ဒီမွန်းစတားဘယ်ကနေလာတာလဲ.. ဒီလိုမွန်းစတားမျိုးကိုထိုက်မိသားစုဘယ်ကနေသွားတွေ့လာတာလဲ.. သူကအရမ်း

ငယ်သေးပြီး ထိုက်မိသားစုရဲ့ထိုက်လုံအစီအရင်ကတောင် သူ့ကို မဖိနှိပ်နိုင်ဘူး.. ထိုက်စမ်ကိုသူကဒုက္ခိတဖြစ်သွား

အောင်လုပ်ရုံတင်မကဘူး. ထိုက်စမ်ကိုနှိပ်စက်ဖို့အတွက်သွေး

နီရောင်မီးတောက်ကို ထုတ်လွှတ်လိုက်တယ်”

“ထိုက်စမ်ရဲ့ဒုတိယသား ထိုက်ခတ်အသတ်ခံရတယ်လို့ငါကြားခဲ့တယ်. ထိုက်မိသားစုကအမြဲတမ်းမောက်မာပြီး

တော့အာဏာရှင်ဆန်နေတာ. လူအများကြီးကသူတို့ကိုမနှစ်သက်ကြဘူး. အခု သူတို့ ဒီလိုမျိုးစွမ်းအားကြီးလူငယ်နဲ့တွေ့ရပြီ”

“ထိုက်စမ်တစ်ယောက်ဒုက္ခိတမသန်မစွမ်းဖြစ်သွားပြီ..အခုရှင်းယောင်မြို့မှာထိုက်မိ

သားစုရဲ့အင်အားကို တတိယအဆင့်ဟွမ်မိသားစုကသာ

လွန်သွားလိမ့်မယ်”

ရှင်းယောင်မြို့လယ်တွင် အမြင့်မားဆုံးသောအဆောက်အဦး

တစ်ခု၏ခေါင်မိုးတစ်ခုရှိသည်။

တန်ဖိုးကြီးအဝတ်အစားများအား

ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်ယောက်ျား

တစ်ယောက် ချပ်ဝတ်တန်ဆာဝတ်လူတစ်ယောက်

နှင့်အတူ ရပ်နေသည်။  သူတို့က ထိုက်မိသားစုရှိရာဦးတည်ချက်

သို့ကြည့်နေကြ၏။

သက်လတ်ပိုင်းအရွယ်လူမှာ ရှင်းယောင်မြို့၏အရှင်သခင်ဖြစ်သူ  မုန့်ယွမ်ဖြစ်သည်။သူ့ဘေး၌ရှိနေသောဗိုလ်ချုပ်ကရှင်းယောင်မြို့၏ဗိုလ်ချုပ် လောရှန်ဖြစ်၏။

“ထိုက်မိသားစုက ဘယ်သူ့ကိုစော်ကားခဲ့တာလဲ”

မုန့်ယွမ်က  အကွာအဝေးတစ်ခုအတွင်းရှိ  အနက်ရောင်ပုံရိပ်ထံသို့ စိတ်ဝင်တစားဖြင့်ကြည့်၍မေးလိုက်သည်။

“မြို့အရှင်ကျွန်တော်တို့ကြားမဝင်

တော့ဘူးလား”

လောရှန်ကမုန့်ယွမ်အားမေးလိုက်သည်။

“ငါတို့ကဘာလို့လုပ်ရမှာလဲ”

လောရှန်၏စကားအားကြားပြီးနောက် မြို့အရှင်သခင်မုန့်ယွမ်က ပြုံးလိုက်ပြီးပြောလိုက်သည်။

“အရှင်မင်းကြီးက ရှင်းယောင်မြို့ရဲ့မြို့အရှင်သခင်အဖြစ်ခန့်အပ်ခဲ့တယ်.. ဒါပေမဲ့ ဘယ်အချိန်ကများ

ချူးမိသားစု ..ထိုက်မိသားစုနဲ့ ဟွမ်မိသားစုတို့ကငါ့ကို မြို့အရှင်သခင်အနေနဲ့ဆက်ဆံလို့လဲ”

“ဟမ့်. ထိုက်မိသားစု ..ငါတို့သူတို့ကိုဖျက်ဆီးပစ်နိုင်ရင်အကောင်းဆုံးပဲ.. ချူးမိသားစုနဲ့ဟွမ်မိသားစုတို့ကို ဖျက်ဆီးပစ်နိုင်ရင်ပိုတောင်ကောင်းသေးတယ်”

“ဒါတော့အမှန်ပဲ”

မုန့်ယွမ်၏ စကားအားကြားပြီးနောက် လောရှန်က နားလည်သည့်အမူအယာဖြင့်

ခေါင်းညိမ့်ပြလိုက်သည်။

ရှင်းယောင်မြို့၏ခေါင်းမိုးတစ်ခုအပေါ်တွင်လူငယ်ကိုးယောက်မတ်တပ်ရပ်နေကြသည်။သူတို့၏မျက်နှာများထက်တွင် တုန်လှုပ်အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေကာ ထိုက်မိသားစု အိမ်တော်ရှိရာကောင်းကင်ထက်သို့ တွေဝေစွာကြည့်နေမိကြသည်။

ဤလူငယ်ကိုးယောက်က  နတ်ဆိုးသားရဲတောင်တန်း

အတွင်းရှစ်ဖုန့်နှင့်တွေ့ဆုံခဲ့သော ကန်းချမ်းကြေားစားအဖွဲ့မှ အဖွဲ့ဝင်ကိုးယောက်ဖြစ်သည်။

ရှစ်ဖုန့်ကဆယ့်တစ်ယောက်နှင့်တွေ့ခဲ့ခြင်းဖြစ်သည်။ ယခု ကောင်မလေး ရှောင်းယီက သူ့ဘေး၌ရှိနေပြီး ဝမ်ရှန့် ၊ကန်းထျန်းနှင့်  ယွဲ့ချင်တို့က တောအုပ်ထဲ၌ဒူးထောက်နေကြရသည်။

အဖြူလေးက၎င်းတို့အား အငမ်းမရစောင့်ကြည့်နေ၏။

ထို့နောက်လူကိုးယောက်စလုံးလေ

အေးများအားရှူသွင်းလိုက်ကြသည်။ ကမ္ဘာကြီးကမစစ်မှန်တော့သလို

သူတို့ခံစားကြရ၏။

၎င်းအားမိသားစုတစ်ခုက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ဦးဟု သူတို့ထင်ခဲ့ကြသည်။ ၎င်းကအသုံးမကျသည့်အမှိုက်ကောင်ဟုထင်ခဲ့၏။ ၎င်းက အဆင့်ခုနှစ်သူတော်စင်နယ်ပယ် အဖြူလေးဟု ခေါ်သောကျားဖြူပေါ်၌သာ မှီခိုအားထားသည်ဟု တွေးခဲ့ကြသည်။

ယခုကသူထိုက်မိသားစု၏ခေါင်း

ဆောင်ဖြစ်သောထိုက်စမ်ကိုသတ်ပစ်ခဲ့၏။

ထိုက်စမ်မှာ ကန်းချမ်းကြေးစားအဖွဲ့တစ်ခုလုံးအား

အလွယ်လေးသုတ်သင်ပစ်နိုင်သည်ဟုပြောနိုင်၏။အကယ်၍ထိုက်ခက်သေဆုံး

ခြင်းကိုသိသွားခဲ့လျှင် ကန်းချမ်းကြေးစားအဖွဲ့အနေဖြင့်ပါဝင်ငြိစွန်းခံရပြီး  ထိုက်မိသားစုက ကန်းချမ်းကြေးစားအဖွဲ့တစ်ခုလုံး

ကိုရှင်းပစ်လိုက်မည်ကိုသူတို့စိုးရိမ်မိခဲ့ကြသည်။

“ဒါက တကယ်ပဲငါတို့နဲ့တွေ့ခဲ့တဲ့သူလား”

လူငယ်တစ်ယောက်ကထိုနေရာသို့ကြည့်၍ တံတွေးကိုခက်ခက်ခဲခဲမျိုချကာ

ပြောလိုက်သည်။

“သူက အမြွာညီအကိုလို့များမင်းထင်နေတာလး. ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်. ဟုတ်တယ်အဲ့တာသူပဲ ရှောင်းယီက သူ့ဘေးမှာရှိနေသေးတယ်”

အခြားလူငယ်တစ်ဦးကပြောလိုက်သည်။

“ဒီ.ဒီနေ့နေလည်ကငါ..သူနဲ့တစ်ယောက်ချင်းတိုက်ချင်နေခဲ့တာ. သူမလုပ်ရဲရင်ဒူးထောက်လို့တောင်

ပြောခဲ့သေးတယ်”

ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်လူငယ်က ရှစ်ဖုန့်ထိုက်စမ်အားမီးရှို့နေသည်ကိုကြည့်ရင်းပြောလိုက်သည်။ ထိုက်စမ်၏စိတ်မချမ်းမြေ့ဖွယ်စူးစူးဝါးဝါးအော်သံကိုကြားရပြီး သူ၏ ကျောရိုးတစ်လျှောက်အေးစိမ့်မှုကိုခံစားလိုက်ရသည်။

အကယ်၍၎င်းသာနေ့လည်ကသူ့နှင့်တိုက်ခိုက်ဖို့ကိုသဘောတူခဲ့လျှင်…. လူငယ်မှာနေ့လည်ကသူမည်မျှမောက်မာခဲ့

ကြောင်းတွေးမိသောအခါ၌ ကြောက်လန့်နေမိသည်။

“ကံကောင်းလို့ ဒီလူအကြင်နာမဲ့တဲ့သူကငါ့လိုဘာမဟုတ်တဲ့သူကို အလေးမထားခဲ့ဘူး. မဟုတ်ရင် ငါအသတ်ခံရလောက်တယ်.”

လူငယ်မှာထပ်ပြီးတွေးရဲခြင်းပင်မရှိချေ။

ဤလူငယ်တစ်ယောက်တည်းသာမဟုတ်ပေ။ဤနေ့လည်က လူငယ်သုံးယောက်ကထရပ်ပြီးရှစ်ဖုန့်အား

ရန်စခဲ့ကြသည်။ အခြားလူငယ်တစ်ယောက်ဖြစ်သော ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်နှင့်ဟူဟောက်တို့မှာ  နှလုံးသားထဲမှအကြောက်တရား

တို့ကိုခံစားရ၏။

သူတို့သံမဏိပြားအားကန်မိခဲ့ကြသည်။ ကံကောင်းစွာဖြင့် ထိုသံမဏိပြားက စိတ်သဘောထားကြီးပြီးသူတို့အား အလေးအနက်မမှတ်ယူခဲ့ပေ။

သူတို့မည်ကဲ့သို့ရှစ်ဖုန့်အားလှောင်ပြောင်ရယ်သွေးခဲ့သည်ကိုလူငယ်မှာတွေးမိလိုက်သည်။သူတို့က၎င်းအားအမှိုက်ဟုပင် ခေါ်ခဲ့၏။ ယခုမှ၎င်းအား မတရားဟုသူတို့တွေးမိကြသည်။ ဤကဲ့သို့ ရက်စက်သောလူကသူတို့စကား

အားကြားသောအခါတွင် အထင်သေးမှုတို့ဖြင့်ပြည့်နေလိမ့်မည်ဖြစ်သည်။

၎င်း၏မျက်လုံးထဲ၌သူတို့က တကယ့်အမှိုက်များနှင့်ခြားနားလိမ့်မည်မဟုတ်ပေ။ထိုက်မိသားစု၏ ခေါင်းဆောင် ထိုက်စမ်ပင်သူ၏မျက်လုံးထဲ၌ထည့်

ထားခြင်းမရှိပေ။သူတို့က ၎င်းထက်အသက်ကြီးကြသော်လည်း သိုင်းပါရမီ၌သူတို့က၎င်းနှင့်မယှဉ်နိုင်ပေ။

၎င်းနှင့်နှိုင်းယှဉ်လိုက်လျှင် သူတို့ကမှတကယ့်အမှိုက်များဖြစ်သည်။

“ဟူး”

မိန်းမငယ်လေးကသာ သက်ပြင်းချလိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“အဲ့တာက ငါ့အကြံပဲ”

“ဦးလေးဝမ်ရှန့် ..ခေါင်းဆောင်နဲ့.. ဦးလေးယွဲ့ချင်တို့ကို  သူ့ကိုဖမ်းပြီး ထိုက်မိသားစုဆီခေါ်လာဖို့ငါအကြံပေးခဲ့တာ ..ဦးလေးဝမ်ရှန့်နဲ့အခြားသူတွေနေ့

လည်ကထွက်သွားကြတယ်..သူကရက်စက်တဲ့သူလို့ငါမထင်ထားခဲ့ဘူး..ဦးလေး

ဝမ်ရှန့်နဲ့အခြားသူတွေအသတ်ခံ

လိုက်ရလောက်ပြီ”

“ငါ့ကြောင့်ပဲ…ငါ့ကိုယ်ငါတော်တယ်

လို့ထင်ခဲ့တာ. ငါသူတို့ရှေ့မှာပြချင်ခဲ့တာ..အဆုံးသတ်ကြ ငါ့ကြောင့်  သူတို့အသတ်ခံရတာ…အကယ်၍ ငါတို့ကန်းချမ်းကြေးစားအဖွဲ့သာ သူတို့ကိုတကယ်ဆုံးရှုံးရရင် အနာဂတ်မှာ ငါတို့ဘာတွေလုပ်ကြမလဲ.. ငါကကန်းချမ်းကြေးစားအဖွဲ့ရဲ့ငမိုက်သားပဲ”

အမျိုးသမီးငယ်ကကိုယ့်ကိုယ်ကိုယ်အ

ပြစ်တင်မှုများဖြင့်ပြောလိုက်သည်။

“ဒါက..သူကဒီလိုမျိုးပါရမီရှိပြီး ဒီလိုမျိုးအကြင်နာမဲ့တဲ့သူဖြစ်နေတယ်.. သူကအရမ်းငယ်သေးတယ်. သူ့ရဲ့အနာဂတ်က အံ့ဖွယ်ဖြစ်နေမှာပဲ.. အစတုံးက သူနဲ့အတူငါတို့ဟာနေ့လည်ဘက်ခရီး

သွားခဲ့ကြပြီး မိတ်ဆွေဖြစ်လာနိုင်လောက်တာ..ဒါပေမဲ့ ငါသူ့ကို နှိမ့်ချကြည့်ခဲ့တယ်.. ငါဒီလိုလူတစ်ယောက်နဲ့မိတ်ဆွေဖြစ်ဖို့

အခွင့်အရေးကိုဆုံးရှုံးသွားတယ်”

လူငယ်တစ်ယောက်ကနောင်တရစွာ

ပြောလိုက်သည်။

“တစ်နေ့မှာ ငါဟူဟောက်က ရှင်းယောင်မြို့တစ်ခုလုံးအထက်မှာ ဝင့်ကြွားစွာရပ်နေမှာ ..ငါဟူဟောက်က  ငါ့ရဲ့ကိုယ်ပိုင်စွမ်းဆောင်နို်ငမှုကိုအသုံးပြုပြီး  ငါ့ရဲ့လက်တွေနဲ့ငါဆုံးရှုံးသွားတာတွေကိုပြန်ယူမယ်”

လူငယ်ဟူဟောက်က သူယခင်ကပြောခဲ့သည်များအားအမှတ်ရလိုက်သည်။

သို့သော်သူပြောခဲ့သည်ကားစကား

လုံးများသာဖြစ်သည်။ ၎င်းတို့ကသူ၏စိတ်ထဲ၌ပေါ်လာသည့်

စိတ်ကူးများသာဖြစ်၏။ သို့သော်နေ့လည်ကသူတို့နှိမ့်ချရှု

မြင်ခဲ့သည့်ဤလူငယ်က  သူ၏ကိုယ်ပိုင်ခွန်အားနှင့်ပါရမီကိုအသုံးပြုပြီး သူ၏စိတ်ကူးထက်သာလွန်သော

ကိစ္စများအားလုပ်ဆောင်ခဲ့၏။

သူ၏စိတ်ကူးထဲ၌ သူတော်စင်နယ်ပယ်ဖြစ်လာပြီးနောက်ကြိုးစားကာထိုက်ခက်အားဖိနှိပ်အနိုင်ယူရန်ကိုသာတွေးခဲ့သည်။သူကထိုအမျိုးသမီးအား သူ့အပေါ်၌ အဆင့်သစ်တစ်ခုဖြင့်လေးစားစေလိုပြီး သူမအားနောင်တရအောင်ပြုလုပ်ချင်ခဲ့သည်။

သို့သော်ဤလူကတော့ထိုက်ခက်အားသတ်ပစ်ခဲ့ပြီး  ယခု ထိုက်ခက်၏ဖခင်ကို ထိုက်မိသားစုကောင်းကင်ထဲ၌နှိပ်စက်နေသည်။၎င်းကကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်ဖြစ်ပြီး ထိုက်မိသားစု၌လုပ်ပိုင်ခွင့်အာဏာ

အမြင့်ဆုံးသူဖြစ်သော  ထိုက်မိသားစုခေါင်းဆောင်ထိုက်စမ်ပင်ဖြစ်၏။ထိုထက်ပိုသည်ကားဤလူမှာ ထိုက်မိသားစုမှ ကျွမ်းကျင်သူအားလုံးအားရင်

ဆိုင်နေခြင်းဖြစ်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters