အခြေခံကိုယ်ကျင့်တရား *
Vol. 89 Ch. 1233
ကျန်းရီသည် ခြေထောက်မြှောက်၍ ဟွင်းကန်၏ ရင်ဘတ်ကို ပြင်းထန်စွာ နင်းချလိုက်သည်။ ထို့ကြောင့် ဟွင်းကန် နာကျင်တကြီး ခွေသွားသည်။ ထို့နောက် ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ အနက်ရောင်အလင်းတန်းတစ်တန်း ပျံထွက်သွား၏။ မေ့ရူ ထပ်မံလှုပ်ရှားလိုက်ပေပြီ။ သို့သော် မျိုးနွယ်စုခေါင်းဆောင်ငယ်၏ စိတ်ဝိညာဉ်က သန်မာသည်။ မေ့ရူသည် သူ့ကို ထုံးစံအတိုင်း အချိန်တိုအတွင်း မထိန်းချုပ်နိုင်ခဲ့ပေ။
ဝုန်း...
ကျန်းရီသည် ဟွင်းကုန်၏ ရင်ဘတ်ကို ထပ်နင်းလိုက်၏။ ဤတစ်ကြိမ်တွင် သူသည် အားကုန်သုံးလိုက်ပြီး အတွင်းအားပင် ထည့်လိုက်သေးသည်။
“အား...”
ဟွင်းကန်၏ ခံနိုင်ရည်က အလွန်ကောင်း၏။ ကျန်းရီက အားကုန်သုံးလိုက်သည်ပင် အရိုးအချို့သာ ကျိုးသွားသည်။ ထို့ပြင် သူသည် နာကျင်တကြီး အော်လိုက်နိုင်သေးသည်။ မေ့ရူသည် အခွင့်အရေးကို အသုံးချ၍ သူ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်လိုက်သည်။ ဖြစ်စဉ်တစ်ခုလုံးက စက္ကန့်သုံးဆယ်ကျော် ကြာခဲ့သော်လည်း နောက်ဆုံးတွင် ဟွင်းကန်ကို ထိန်းချုပ်နိုင်သွားလေသည်။
“ကောင်းပြီ”
ကျန်းရီက ဝူချွယ်အာကို ခေါင်းညိတ်ပြလိုက်၏။ သူမသည် ဓားပျော့ကို ပြန်ရုတ်သိမ်းကာ ဘေးနားတွင် လေးလေးစားစား ရပ်နေလိုက်သည်။ ကျန်းရီသည် ဗလာဖြစ်နေပြီဖြစ်သော စွပ်ပြုတ်ပန်းကန်ကို ကြည့်၍ အင်တင်တင်ဖြင့် ပြောလိုက်သည်။
“အဲ့တော်ဝင်သားရဲစွပ်ပြုတ်က အရမ်းကောင်းတာပဲ။ ငါ့ရဲ့ခန္ဓာကိုယ်က မြန်နှုန်းမြင့် သန်မာလာတာကို ခံစားနေရတယ်။ အဲ့စွပ်ပြုတ်က တော်ဝင်အရိုးစွပ်ပြုတ်ထက် ဆယ်ဆလောက် ပိုကောင်းတယ်”
“ဟုတ်ပါတယ်”
ဝူချွယ်အာက ရှင်းပြသည်။
“ဒီကုန်းမြေမှာ အဖိုးတန်တဲ့ သားရဲ ဆယ်မျိုးရှိပါတယ်။ သူတို့က အတော်လေး အာဟာရရှိပါတယ်။ ကျွန်မ ဒီထဲကို ဝင်လာခဲ့တုန်းက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်မှာပဲ ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ တော်ဝင်အရိုးစွပ်ပြုတ်ကို တစ်နှစ်လောက် သောက်ပြီးတော့ အများကြီး တိုးတက်လာခဲ့တယ်။ ဒါပေမဲ့ ထိပ်တန်းတော်ဝင်သားရဲဆယ်မျိုးက အရမ်းရှားပါတယ်။ ကျွန်မမှာ အဲ့သားရဲတစ်ကောင်ရဲ့ အရိုးနည်းနည်းတော့ ရှိပါတယ်။ အဲ့အရိုးတွေနဲ့ စွပ်ပြုတ်တစ်ပွဲစာလောက် ပြုတ်လို့ပါသေးတယ်။ သူတော်စင်ဘုန်းတော်ကြီးနဲ့ သူတော်စင်အင်ပါယာပဲ အဲ့သားရဲတွေရဲ့ အရိုးတွေအများကြီးကို ပိုင်ဆိုင်ပါတယ်”
“အဲ့ဒါက တော်တော်ကောင်းတာပဲ”
ကျန်းရီသည် ဝူချွယ်အာ၏ အရှိန်အဝါကို အကဲခတ်လိုက်သည်။ သူမ၏ အမြန်နှုန်းကပင် ကြယ်ခြောက်ပွင့်အဆင့် သို့မဟုတ် ကြယ်ခုနစ်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်းများနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ သူမသည် စွပ်ပြုတ်ကို တစ်နှစ်ကျော်လောက်သာ သောက်ရသေးသော်လည်း ထိုမျှ တိုးတက်လာခြင်းကို ကြည့်လျှင် ထိုတော်ဝင်အရိုးစွပ်ပြုတ်က မည်မျှအာဟာရဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် ကျန်းရီ ပြောလိုက်သည်။
“မြန်မြန်... မင်းမှာ ရှိတဲ့ အရိုးတွေကို စွပ်ပြုတ်လုပ်ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်။ ငါတို့ သူတော်စင်အင်ပါယာမြို့ကို ရောက်ရင် အရိုးတွေ ထပ်ရနိုင်မယ့် နည်းလမ်းကို စဉ်းစားကြတာပေါ့”
အချိန်က အနည်းငယ်သာ ရှိသဖြင့် ကျန်းရီ၏ စွမ်းရည်များကို ကျင့်ကြံခြင်းတစ်ခုတည်းနှင့် မြှင့်တင်ရန် မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ သူ့ခန္ဓာကိုယ်ကို အချိန်တိုအတွင်း သန်မာလာအောင် လုပ်နိုင်မည့် အခြားနည်းလမ်းရှိလျှင် ထိုနည်းလမ်းကို အသုံးပြုရပေမည်။ သူတော်စင်အင်ပါယာမြို့တွင် မည်သည့်အခြေအနေနှင့် တွေ့ကြုံရမည်ကို မပြောနိုင်ချေ။ သို့သော် ပိုသန်မာနေလေလေ၊ အသက်ရှင်နိုင်မည့် အခွင့်အရေး များလာလေလေပင်။
မေ့ရူသည် ဟွင်းကန်၏ စိတ်ထဲမှ ပြန်ထွက်လာ၏။ ကျန်းရီသည် ဝူချွယ်အာကို ဟွင်းကန်အား သူ၏အရိုးများကို ကုသဖို့ ဆေးအချို့ပေးလိုက်ရန် ပြောလိုက်၏။ ဝူချွယ်အာသည် လုံရို့ကို အထဲသို့ ဆင့်ခေါ်လိုက်ပြီး သူမ၏ လက်စွပ်ထဲမှနေ၍ ကျောက်စိမ်းဘူးတစ်ဘူးကို ထုတ်လိုက်သည်။ ကျောက်စိမ်းဘူးကို ဖွင့်လိုက်သောအခါ ကျန်းရီသည် မွှေးရနံ့တစ်ခုကို ရလိုက်သည်။ သူ့မျက်လုံးများ အရောင်လက်သွား၏။ ယင်းက အမှန်ပင်ကောင်းသော ပစ္စည်းပင်။
“ဒီအရိုးတွေကို ထုံးစံအတိုင်းပဲ စွပ်ပြုတ်လုပ်လိုက်ပါ”
ဝူချွယ်အာက ကျောက်စိမ်းဘူးကို လုံရို့အား အင်တင်တင်ဖြင့် ပေးလိုက်၏။ ထို့ပြင် ဆေးပင်အချို့ကိုလည်း ပေးလိုက်သည်။ လုံရို့က အပြင်သို့ ပြန်ထွက်သွားပြီး လျှို့ဝှက်နည်းအတိုင်း စွပ်ပြုတ် ပြုတ်လေတော့သည်။ ကျန်းရီသည် ထိုင်ခုံပေါ်တွင် ခေါင်းဆောင်တစ်ယောက်ကဲ့သို့ ထိုင်ကာ မျက်လုံးများမှိတ်၍ အနားယူနေလိုက်သည်။
ကျန်းရီသည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ကိစ္စများစွာကို မေးမြန်းခဲ့သည်။ သို့သော် ဝူချွယ်အာက အပြင်လောကတွင် ဖြစ်ပျက်နေသည်များကို မသိပေ။ မြောက်ဘက်ဧကရာဇ်က သူတော်စင်ဘုန်းတော်ကြီးကိုသာ တိုက်ရိုက်ဆက်သွယ်သည်။ ဝူချွယ်အာနှင့် သူမ၏ မောင်နှမများက သူတော်စင်ဘုန်းတော်ကြီးကိုယ်စား သေမင်းကုန်းမြေကို ထိန်းချုပ်ပေးရသည်။
မည်သို့ပင်ဖြစ်စေ ကျန်းရီသည် ယခုတွင် သူတော်စင်အင်ပါယာမြို့အကြောင်းကို ပို၍ နားလည်လာပြီဖြစ်သည်။ ထိုမြို့တွင် သူတော်စင်ဘုန်းတော်ကြီးနှင့် သူတော်စင်အင်ပါယာတို့ ရှိသည်။ သူတို့နှစ်ယောက်စလုံးက အလွန်စွမ်းအားကြီးသော သိုင်းပညာရှင်များဖြစ်သည်။ သူတို့လက်အောက်တွင် မျိုးနွယ်စုခေါင်းဆောင် သုံးဆယ်ဝန်းကျင်၊ ခက်ထန်သူရဲကောင်း သုံးထောင်နှင့် ရဲရင့်သူရဲကောင်း တစ်သောင်းရှိသည်။
ကျန်းရီသည် မျိုးနွယ်စုခေါင်းဆောင်များက မည်မျှစွမ်းအားကြီးကြောင်းကို သိ၏။ ဟွင်းနုန်နှင့် ခက်ထန်သူရဲကောင်း တစ်ရာလောက်က ဗုဒ္ဓအင်ပါယာတို့ကို အနိုင်ယူကာ နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်ကို သတ်နိုင်ခဲ့သည်။ သူတို့ မည်မျှသန်မာကြောင်း သိသာပေသည်။ အကယ်၍ သူတော်စင်အင်ပါယာမြို့သို့ ရောက်သောအခါ ကျန်းရီအကြောင်း ပေါ်သွားလျှင် သူ သေချာပေါက် သေပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် သူတော်စင်အင်ပါယာမြို့ထဲသို့ ရောက်သည်နှင့် ဝိညာဉ်ကျွန်များရအောင် မည်သို့လုပ်ရမည်ကို တွေးတောနေသည်။ အကယ်၍ မေ့ရူက မျိုးနွယ်စုခေါင်းဆောင် သုံးဆယ်ဝန်းကျင်နှင့် ဝူချွယ်အာ၏ မောင်နှမနှစ်ယောက်ကို ထိန်းချုပ်နိုင်လိုက်ပြီး ဗုဒ္ဓဧကရာဇ်တို့ကို အချုပ်မှ ကယ်ထုတ်နိုင်မည်ဆိုလျှင် သူတို့ ထိုမြို့ထဲမှ ပြန်ဖောက်ထွက်နိုင်လောက်သည်။
လုံရို့က စွပ်ပြုတ်သွားပြုတ်သည်မှာ လေးနာရီကြာပြီဖြစ်သော်လည်း ပြန်ရောက်မလာသေးပေ။ ကျန်းရီသည် မျက်လုံးများ ဖွင့်၍ ဝူချွယ်အာကို လှမ်းကြည့်၏။ ဝူချွယ်အာက ခပ်သွက်သွက် ရှင်းပြသည်။
“အရှင်... အဲ့အရိုးစွပ်ပြုတ်က ပြုတ်ရတာ အရမ်းခက်ပါတယ်။ အရိုးနူးဖို့ ခြောက်နာရီ လိုပါတယ်။ နည်းနည်းလောက် ထပ်စောင့်ပေးပါ”
“အင်း...”
ထို့နောက် ကျန်းရီသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာကုသနေသော ဟွင်းကန်ကို ကြည့်လိုက်သည်။ ဟွင်းကန်က ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြန်ကောင်းနေပြီဖြစ်ကြောင်း တွေ့လိုက်သောအခါ ကျန်းရီ လန့်သွားသည်။ ထို့ကြောင့် လက်ဝှေ့ယမ်းကာ မေ့ရူကို ပြောလိုက်သည်။
“သူ့ကို ဒီကနေ ထွက်သွားခိုင်းလိုက်။ ဒီကို ထပ်ပြီးတော့ ပြန်မလာစေနဲ့တော့။ ပြီးတော့ ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ဘယ်သူ့ကိုမှ ပြောမပြဖို့လည်း မှာလိုက်ဦး။ သူ ပုံမှန်အတိုင်းပဲ ပြုမူရမယ်”
မေ့ရူသည် ကျန်းရီခိုင်းသည့်အတိုင်း ဟွင်းကန်ကို အမိန့်ပေးလိုက်သည်။ ထို့နောက် ဟွင်းကန်သည် တည်နေရာပြောင်းရွှေ့အစီအရင်မှနေ၍ ရွက်ဖျင်တဲအပြင်သို့ ပြန်ထွက်သွားသည်။ မေ့ရူကလည်း ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ပြန်ဝင်သွားသည်။ ရွက်ဖျင်တဲထဲတွင် ပြန်၍ အေးချမ်းသွားပေသည်။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်၍ အထဲကို အာရုံခံလိုက်သည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့နှစ်ယောက်စလုံးက အခန်းအောင်း ကျင့်ကြံနေကြောင်း တွေ့လိုက်ရသည်။ သူမတို့သည် ဆန်းကြယ်ဧကရာဇ်ချန်ခဲ့သော ကောင်းကင်ပန်းချီကားများကို သိမြင်နားလည်နိုင်ရန် ကြိုးစားနေကြခြင်းပင်။ သို့သော် သူမတို့နှစ်ယောက်စလုံးသည် ‘ညပင်လယ်’ ပန်းချီကားကို သိမြင်နားလည်ရန် မကြိုးစားကြပေ။ ကျန်ပန်းချီကားနှစ်ချပ်ကိုသာ လေ့လာနေကြသည်။
ကျန်းရှောင်နူကလည်း အခန်းအောင်း ကျင့်ကြံနေသည်။ သူမသည် နန်းတော်ထဲတွင် နေရသည်ကို ပျင်းလာ၍ အခန်းအောင်းကာ ကျင့်ကြံနေခြင်းပင်။ မင်ရည်တောင်ပံအတတ်၏ စတုတ္ထအဆင့်ကို သူမ သိမြင်နားလည်လိုနေသည်။ သို့သော် ယခုအထိ မသိမြင်မနားလည်နိုင်သေးပေ။ ၎င်းကို နားလည်နိုင်ရန် အလွန်ခက်လောက်သည်ဟု ကျန်းရီ တွေးလိုက်သည်။
ရှောင်ဖေးက အိပ်စက်နေသည်။ သူမသည် မိစ္ဆာအရှင် ဖြစ်လာပြီဖြစ်သော်လည်း သန္ဓေပြောင်းလဲမှုကို ပြီးပြည့်စုံအောင် လုပ်ရဦးပေမည်။ ထိုသန္ဓေပြောင်းလဲမှုမှာ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်အတွင်း ဖြစ်သွားမည်ဖြစ်သည်။
နှစ်နာရီကြာပြီးနောက် လုံရို့က စွပ်ပြုတ်ပန်ကန်လေးတစ်လုံးနှင့် ပြန်ရောက်လာသည်။ ထိုစွပ်ပြုတ်က အလွန်မွှေးသည်။ လုံရို့ရော ဝူချွယ်အာပါ စွပ်ပြုတ်ကို ကြည့်၍ တံတွေးမျိုချလိုက်ကြသည်။ ကျန်းရီသည် လက်ဟန်ပြ၍ လုံရို့ကို အပြင်ပြန်ထွက်သွားစေလိုက်သည်။ ထို့နောက် သူ ပြုံးကာ စွပ်ပြုတ်ကို အနံ့ခံလိုက်သည်။ ရုတ်ခြည်းပင် သူ့တစ်ကိုယ်လုံး အကြောပြေလျော့သွားသည်။
ထိုစွပ်ပြုတ်ပန်ကန်လုံးက သေးသည်။ ကျန်းရီသည် စွပ်ပြုတ်ကို တစ်ငုံချင်း အရသာခံ သောက်လိုက်သည်။ ထိုစွပ်ပြုတ်မှာ လောကတစ်ခွင်လုံးရှိ အကောင်းဆုံး စွပ်ပြုတ်ပင်။ ကျန်းရီသည် သူ့ဘဝတစ်လျှောက်တွင် စားကောင်းသောက်ဖွယ်များစွာကို စားခဲ့ဖူးသည်။ ကောင်းမွန်သော စွပ်ပြုတ်များနှင့် သေရည်များကို သောက်ခဲ့ဖူးသည်။ သို့သော် ထိုစွပ်ပြုတ်က အကောင်းဆုံးဖြစ်သည်။ အရသာတစ်ခုတည်းနှင့်ပင် တိမ်ပေါ်မှာ လွင့်သွားသည်။ အရသာက အလွန်သိမ်မွေ့သည်။ သူသည် ထိုအရသာကို မည်သည့်အခါတွင်မှ မေ့တော့မည် မဟုတ်ပေ။
ရွှီး...
ကျန်းရီ၏ အရေပြားက တောက်ပလာ၏။ သူ့ကိုယ်ထဲတွင် အကန့်အသတ်မရှိသော စွမ်းအင်အရင်းအမြစ်တစ်ခု ရှိလာသည်ဟု ခံစားလိုက်ရသည်။ သူ့ကြွက်သားများက မျက်စိအောက်မှာပင် ကြီးထွားလာသည်။ စွပ်ပြုတ်တစ်ပန်းကန်သာ သောက်လိုက်ခြင်း ဖြစ်သော်လည်း သူ့အင်အားက နှစ်ဆတိုးသွားသည်ဟု ခံစားရသည်။ ယခုတွင် သူ၏ရုပ်ခန္ဓာက ဟွင်းကန်လောက် သန်မာလာပေပြီ။
ကျန်းရီ၏ ခန္ဓာကိုယ်သည် နဂါးညှိုးရော်မြက်ပင်၏ သန့်စင်မှုကို ခံထားရ၍ မဆိုးလှဟု ဆိုနိုင်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းပြီးနောက်တွင်လည်း ကြယ်တာရာစွမ်းအားက သူ့ခန္ဓာကိုယ်ကို ပြောင်းလဲစေခဲ့သည်။ ထို့ပြင် သူသည် တစ်လကျော်လောက် တော်ဝင်အရိုးစွပ်ပြုတ်ကို နေ့စဉ် သောက်ခဲ့သေးသည်။ အစောတွင်လည်း ရှားပါး သားရဲငယ်တစ်ကောင်၏ အရိုးစွပ်ပြုတ်ကို သောက်ခဲ့သည်။ ယခုတွင် တော်ဝင်သားရဲအရိုးစွပ်ပြုတ် တစ်ပန်းကန် ထပ်သောက်ရသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူက ဟွင်းကန်ကဲ့သို့ သန်မာလာသည်မှာ သဘာဝကျပေသည်။ သို့သော် ဝူချွယ်အာ၏ အင်အားကို မှီရန်မူ များစွာလိုပေသေးသည်။
“အာ...”
စွပ်ပြုတ်က အစာအိမ်အတွင်းသို့ ရောက်သွားပြီးနောက်တွင် ကျန်းရီသည် ပြဿနာတစ်ခုကို သိလိုက်ရသည်။ စွပ်ပြုတ်က အလွန်အာဟာရရှိသည်။ ထို့ကြောင့် သူ၏ကိုယ်အောက်ပိုင်းကို ဖုံးထားသည့် တိရိစ္ဆာန်သားရေအောက်တွင် ထောင်မတ်မှုတစ်ခု ရှိလာသည်။ ဂွကြားမှ အပူက မျက်နှာအထိ တက်လာသည်။ ထို့ကြောင့် သူ့မျက်နှာတစ်ခုလုံး ရဲတွတ်နေလေသည်။
ကျန်းရီသည် မျိုးနွယ်စုတွင် နေထိုင်ခဲ့စဉ်ကလည်း ထိုကဲ့သို့သော အခြေအနေများကို ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် ထိုစဉ်က အပူထုတ်စရာ နေရာမရှိခဲ့သဖြင့် ကျန်းရီသည် စိတ်ကို ချုပ်တီးထားခဲ့ရသည်။ ယခုတွင်မူ အခြေအနေက ကွာခြားနေပေပြီ။ သူသည် ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲထဲတွင် လုံလုံခြုံခြုံ ရှိနေသည်။ ထို့ကြောင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အပြင်ထုတ်၍ရသည်။ သူ နန်းတော်ထဲသို့ ဝင်၍ ဆန္ဒကို ယဉ်ရို့ပင်းနှင့် ဖြေဖျောက်နိုင်သည်။
ကျန်းရီသည် ထိုသို့ တွေးမိသည်နှင့် ဆက်မတွေးဘဲ မနေနိုင်ဖြစ်လာသည်။ သို့သော် လျင်မြန်စွာပင် ထိုအတွေးကို ခေါင်းထဲမှ အတင်းမောင်းထုတ်ပစ်လိုက်သည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့က အခန်းအောင်း ကျင့်ကြံနေကြသည်။ သူမတို့က သိမြင်နားလည်နေရင်းတန်းလန်း ဖြစ်နေလျှင် မည်သို့ လုပ်မည်နည်း။ သူက သူမတို့ကို အခန်းအောင်း ကျင့်ကြံနေရာမှ မည်သို့ ထွက်လာခိုင်းနိုင်မည်နည်း။ ထို့ပြင် သူသည် ယခုအထိ ရီချန်ကို လက်မထပ်ရသေးပေ။
ဂလု...ဂလု...
ကျန်းရီသည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ဘေးတွင် ရပ်နေသော ဝူချွယ်အာကို ကြည့်လိုက်သည်။ ထို ဝူမျိုးနွယ်မှ သခင်မလေးက အတော်လေး လှသည်။ ထို့ပြင် သူမက သူ အမုန်းဆုံးမျိုးနွယ်မှ ဖြစ်နေသည်။ သို့ဖြစ်ရာ သူမအပေါ်တွင် စောင့်ထိန်းမှုများ ထားနေရန် မလိုပေ။ အချိုပေါ် သကာလောင်းသည်မှာကား သူမက ဝိညာဉ်ကျွန်တစ်ယောက် ဖြစ်နေခြင်းပင်။ သူမသည် သူ့ကို ငြင်းဆန်နိုင်လိမ့်မည်မဟုတ်ချေ။ မေ့ရူက အမိန့်ပေးလိုက်သည်နှင့် သူမဘက်ကပင် စလာရပေလိမ့်မည်။
“အာ...”
ဝူချွယ်အာသည် ကျန်းရီကို သူမကို တဏှာမျက်လုံးများနှင့် ကြည့်နေသည်ကို မြင်လိုက်၏။ သူမ၏ လှပသော ကိုယ်လုံးလေးက တုန်ယင်သွားသည်။ သူမ ကြောက်ရွံ့လာပေပြီ။ သို့သော် သူမ အသံမထွက်ဝံ့ပေ။ မည်သို့မှလည်း မတားဝံ့ချေ။ သူမသည် ကျားရှေ့မှောက်ရက်လဲသော သမင်မလေးတစ်ကောင်ကဲ့သို့ပင်။ သူမ၏ အမူအယာက ကျန်းရီကို ပို၍ပင် စိတ်ကြွလာစေသည်။
ဟိန်း...
ကျန်းရီသည် ဝမ်းခေါင်းသံကြီးဖြင့် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းလိုက်သည်။ ထို့နောက် ဝူချွယ်အာကို တစ်ချက်တည်း ခုန်အုပ်လိုက်လေတော့သည်။ သူသည် သူမ၏ ခါးစည်းကို ခပ်ကြမ်းကြမ်း ဖြည်လိုက်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် အဝတ်အစားများ ဆွဲချွတ်လိုက်သည်။ ယခုတွင် သူမ၏ ကိုယ်ပေါ်၌ ပန်းရောင် အတွင်းဝတ်များသာ ကျန်တော့သည်။ ကျန်းရီသည် ဝူချွယ်အာကို စားပွဲပေါ်တွင် မှောက်တင်၍ သူမ၏ တင်ပါးများကို မြှောက်မလိုက်သည်။
ရွှက်...ရွှက်...
ကျန်းရီသည် ဝူချွယ်အာ၏ အတွင်းဝတ်များကို ကြမ်းတမ်းစွာ ဆွဲဖြဲလိုက်သည်။ သူမ၏ ဖြူဝင်းချောမွေ့သော တင်ပါးနှစ်ဘက်က ဘွားခနဲ ထွက်ပေါ်လာလေသည်။ ဝူချွယ်အာသည် အေးစက်သွားသော တင်ပါးကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ မည်သည့်ကိစ္စ ဖြစ်တော့မည်ကို သူမ ကောင်းစွာသိသည်။ သို့သော် သူမသည် မည်သို့မှ မခုခံနိုင်ပေ။ အဓမ္မကောင်၏ ပြုသမျှကိုသာ နုရပေတော့မည်။
သို့သော်...
အတော်ကြာသည်အထိ မည်သည့် ထိုးသွင်းမှုကိုမှ မခံစားရ။ ကျန်းရီသည် ဝူချွယ်အာနောက်တွင် လှုပ်ရှားမှု ရပ်တန့်သွားပေပြီ။ သူ၏ အသက်ရှူသံကလည်း ပြန်၍ တည်ငြိမ်လာသည်။ သူမသည် ကျန်းရီကို လှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွား၏။ ကျန်းရီ၏ မျက်နှာပေါ်တွင် မိမိကိုယ်ကိုယ် ရွံရှာသည့် အရိပ်အယောင်များ ရှိနေသည်။ နောက်ဆုံးတွင် သူ နှစ်ကြိမ် အော်ဟစ်လိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်မှတဆင့် အပြင်သို့ ထွက်သွားလိုက်လေတော့သည်။
“အာ...”
ဝူချွယ်အာသည် လျင်မြန်စွာ အဝတ်အစားများ ပြန်ဝတ်လိုက်သည်။ သူမသည် ဝူနီနှင့် သူမ၏ မျိုးနွယ်မှ အခြားလူများကြောင့် ကျန်းရီက လူယုတ်မာတစ်ယောက်ဟု မြင်ခဲ့သည်။ ထို့ကြောင့် သူမသည် ဝိညာဉ်ကျွန် ဖြစ်လာသည့်နေ့ကတည်းက တစ်နေ့နေ့တွင်တော့ ကျန်းရီ၏ အဓမ္မပြုကျင့်မှုကို ခံရလိမ့်မည်ဟု မျှော်လင့်ကာ စိတ်ကို အသင့်ပြင်ထားခဲ့သည်။
သို့သော် ထိုအခိုက်တွင် ဝူချွယ်အာသည် ထူးဆန်းသော ကိစ္စတစ်ခုကို သိရှိသွားသည်။ ကျန်းရီက အားလုံး ထင်နေသလိုမျိုး လူယုတ်မာတစ်ယောက် မဟုတ်ပေ။ အနည်းဆုံးတော့ သူ့တွင် အခြေခံကိုယ်ကျင့်တရား ရှိပေသေးသည်။
***