အပေါက်မှားခြင်း
Vol. 89 Ch. 1236
ကျန်းရီသည် မေ့ရူကို ဝူချွယ်အာထံသို့ ချက်ချင်း အမိန့်တစ်ခု ပို့လိုက်ရန် ခိုင်းလိုက်သည်။ ဝူချွယ်အာ၏ သရုပ်ဆောင်ချက်က ကွက်တိကျသည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြင့် ထရပ်လိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြန်လုပ်ကာ ခေါင်းငုံ့နေလိုက်သည်။ ကျန်းရီသည်လည်း ဘေးတစ်ဘက်သို့ ခပ်သုတ်သုတ်သွား၍ ရပ်နေကာ ကြောက်ရွံ့နေပုံ ဟန်ဆောင်လိုက်သည်။ သူသည် အသက်ပင် ကျယ်ကျယ် မရှူဝံ့ပေ။
“မမ... မမကို မခေါ်တော့ဘူး။ မမက ညီမလေးကို စတယ်။ ပြီးတော့ ညီမလေးရဲ့ ရဲတိုက်ထဲကို မပြောမဆိုနဲ့ ဝင်လာတယ်”
ဝူချွယ်အာက ခြေကလေးဆောင့်ကာ ရှက်ဒေါသလေးဖြင့် ပြောလိုက်သည်။
“ခစ်ခစ်...”
ဝူရှင်းအာက ရယ်လိုက်ပြီး ကျန်းရီကိုကြည့်၍ လျှောက်လာသည်။ သူမသည် နှင်းကဲ့သို့ ဖြူဝင်းသော လက်ကလေးဖြင့်ပင် ကျန်းရီ၏ ရင်ဘတ်ကို ပွတ်သပ်လိုက်သေးသည်။ ထို့နောက် စုတ်သပ်ကာ ပြောလိုက်သည်။
“ကျွတ်..ကျွတ်... မမသာ တံခါးခေါက်လိုက်ရင် လူရိုင်းတွေကို အမြဲ မုန်းနေခဲ့တဲ့ မမရဲ့ ညီမလေးက လူရိုင်းတစ်ယောက်နဲ့ ဒီလိုတွေ ဖြစ်နေတယ်ဆိုတာကို ဘယ်သိရတော့မှာလဲ။ ဝိုး... ဒီလူရိုင်းလေးက မဆိုးဘူးပဲ။ သူက ခံ့ညားသလို ကိုယ်လုံးကိုယ်ပေါက်လည်း တောင့်တင်းတယ်။ ညီမလေး... ညီမလေးက ကောင်းကောင်းရွေးတတ်သားပဲ”
ဝူချွယ်အာက စိတ်ပျက်ဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
“ဟူး... ညီမလေးတို့က အပြင်မှ ပြန်ထွက်လို့မရတာ။ တခြားဘာရွေးချယ်စရာ ရှိသေးလို့လဲ”
“ဟုတ်တယ်”
ဝူရှင်းအာက ခေါင်းညိတ်ကာ ပြောသည်။
“မမတို့က ဒီမှာပဲ အိုပြီး သေရမှာပဲ။ အများကြီးမတွေးဘဲ ပစ္စုပ္ပန်မှာပဲ ပျော်ပျော်နေရမှာပေါ့။ ဘဝတိုတိုလေးမှာ အရာအများကြီးနောက်ကို လိုက်နေတာက အဓိပ္ပာယ်မရှိဘူး။ အခိုက်အတန့်တိုင်းမှာ အပြည့်အဝ နေထိုင်ရမယ်...”
“အဲ... ပြောရင်းနဲ့မှ...”
ဝူရှင်းအာသည် ဝူချွယ်အာကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် ဆက်ဆံပြီးသွားပြီလား။ မင်းက အပျိုပဲ ရှိသေးတယ်မလား၊ ဒီကောင်လေးကလည်း လူပျိုပဲ မလား။ မင်းတို့ အစ်မခြောက်ရဲ့ လမ်းညွှန်မှုတွေကို လိုချင်လား။ မဟုတ်ရင် မင်းတို့နှစ်ယောက် ဘာလုပ်ရမှန်း သိမှာ မဟုတ်ဘူး...”
“အစ်မခြောက်... ဘာတွေ ပြောနေတာလဲ။ ညီမလေး ရှက်လာပြီ.. သွားအိပ်တော့မယ်”
ဝူချွယ်အာက ခြေဆောင့်ကာ အံကြိတ်၍ သူမ၏ အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။ ကျန်းရီသည် ဝူချွယ်အာကို ပြုမူနေကျပုံစံအတိုင်း ပြုမူရန် မေ့ရူမှတဆင့် ခိုင်းလိုက်ခြင်းဖြစ်သည်။ ကိစ္စတိုင်းကို လိုက်၍ ညွှန်ကြားနေလျှင် သူတို့အားလုံး ပေါ်သွားပေလိမ့်မည်။ ထို့ကြောင့် ဝူချွယ်အာသည် သူမ၏ပုံစံအတိုင်း ပြုမူ၍ ရှက်ရွံ့ဖွယ်အဖြစ်မှ ပုန်းအောင်းရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။ သူမသာ အခြားတစ်မျိုး ပြုမူလိုက်လျှင် သူမ၏ နဂိုအကျင့်စရိုက်နှင့် ကွဲပြားသွားပေလိမ့်မည်။
‘ပြဿနာပဲ’
ဝူချွယ်အာ ထွက်သွားသောအခါ ကျန်းရီတစ်ယောက်တည်း ကျဉ်းထဲကြပ်ထဲတွင် ကျန်ခဲ့သည်။ ဝူရှင်းအာက သူ့ကို အသားတုံးတစ်တုံးကဲ့သို့ စိုက်ကြည့်နေသည်။ လှပသော မိန်းမပျိုလေး ဝူရှင်းအာက တဏှာရူးအိုကြီးတစ်ယောက် ဖြစ်လာသကဲ့သို့ပင်။
“သူတော်စင်မရှင်း... ကျွန်...ကျွန်တော် သွားပါတော့မယ်”
ကျန်းရီသည် ကြောက်ရွံ့ယောင်ဆောင်၍ ထွက်သွားရန် ကြိုးစားလိုက်သည်။
“အဲ့မှာ ရပ်နေစမ်း”
ဝူရှင်းအာက မောက်မာစွာ အော်ပြောလိုက်သည်။
“မင်း သွားလို့ရပြီလို့ ငါ ပြောခဲ့လား။ ငါ မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်ဆိုတာကို မင်းသိလား”
“သူတော်စင်မရှင်း... ကျွန်တော့်ကို ချမ်းသာပေးပါ”
ကျန်းရီက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လက်ဆုပ်၍ ပြောလိုက်သည်။ သူသည် သူရဲဘောကြောင်သူတစ်ယောက်အဖြစ် ဟန်ဆောင်နေခြင်းပင်။ သူ ထိုသို့ဟန်ဆောင်ရန် လိုအပ်သည်။ ဝူရှင်းအာက ဉာဏ်ကောင်းလွန်း၏။ သူမက ဝူချွယ်အာထက် ဆယ်ဆပို၍ ကိုင်တွယ်ရခက်သည်။ သူ သတိမထားလျှင် အားလုံးပေါ်သွားနိုင်သည်။
ထို့ပြင် ဤတစ်ခေါက် ဝူရှင်းအာတစ်ယောက် မပြောမဆိုနှင့် ရောက်လာခဲ့ခြင်းမှာ ကျန်းရီကို စမ်းသပ်ရန် ဖြစ်နိုင်သည်။
ဝူချွယ်အာသည် ကျန်းရီက လွတ်သွားခဲ့ပြီး ယခု မည်သည့်နေရာတွင် ရှိနေသည်ကို မသိကြောင်း ပြောခဲ့သည်။ သို့သော် ရုတ်တရက်ကြီး သက်ရှည်မျိုးနွယ်စုမှ ပါရမီရှင်တစ်ယောက်က ထွက်ပေါ်လာသည်။ ထိုလူက ဝူချွယ်အာကို သေရေး၊ ရှင်ရေး အခိုက်အတန့်တွင် ကယ်ခဲ့သည်။ ထို့ကြောင့်လည်း ဝူချွယ်အာ၏ ကိုယ်ရံတော်တပ်ဖွဲ့၏ လက်ထောက်ခေါင်းဆောင် ဖြစ်လာပြီး ဝူချွယ်အာအနားတွင် နေခွင့်ရလာသည်။ ထိုဖြစ်စဉ်တစ်ခုလုံးက သံသယဖြစ်စရာကောင်းနေသည်။
ဝူရှင်းအာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမက မည်မျှ ထက်မြက်ကြောင်း သိနိုင်သည်။ ထို့ကြောင့် သူမကိုယ်တိုင် ရောက်လာပြီး စုံစမ်းခြင်းမှာ မထူးဆန်းပေ။
ထင်ထားသလိုပင်...
ဝူရှင်းအာသည် တင်ပါးယမ်း၍ ဘေးဘက်ရှိ အခန်းတစ်ခန်းဆီသို့ လျှောက်သွားသည်။ အခန်းဝင်ပေါ်သို့ ရောက်သောအခါ သူမ ကျန်းရီကို လှည့်ကြည့်လိုက်ပြီး လက်ညှိုးလေးကွေး၍ ခေါ်လိုက်သည်။
“မင်း... အထဲကို ဝင်ခဲ့”
“အာ...”
ကျန်းရီ ဆွံ့အသွားသည်။ သို့သော် ငြင်းမရသဖြင့် အခန်းထဲ လိုက်ဝင်သွားလိုက်ရသည်။ သူ စိတ်ဓာတ်ကျနေသည်။ ဝူရှင်းအာက သူ့ကို သံသယဖြစ်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။ မဟုတ်လျှင် သူမသည် သူမညီမ၏ ယောက်ျားဖော်နှင့် ထိုသို့ ဆော့ကစားနေမည် မဟုတ်ပေ။ အကယ်၍ သူသာ ထိုအခြေအနေကို ကောင်းကောင်းမကိုင်တွယ်နိုင်လျှင် ပြဿနာအကြီးကြီး တက်သွားပေလိမ့်မည်။
‘ငါ ဘာလုပ်သင့်လဲ’
ကျန်းရီသည် အခန်းထဲသို့ စိုးရိမ်တကြီးနှင့် ဝင်သွားသည်။ သူ့ဦးနှောက်ကလည်း အသည်းအသန် အလုပ်လုပ်နေသည်။ နောက်ဆုံးတွင် သူသည် အခြေအနေများအရ မီးစဉ်ကြည့်ကရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သူ ပုံမှန်အတိုင်းသာ ပြုမူရပေမည်။ မဆင်မခြင်ဖြင့် ဝူရှင်းအာကို ထိန်းချုပ်ရန် မလုပ်သင့်ပေ။ ထိုမိန်းမက လာရောက်စုံစမ်းခြင်းဖြစ်၍ ကိုယ်ရံတော်အနည်းငယ် ခေါ်လာခဲ့လောက်သည်။ သူမကို ထိန်းချုပ်ရန် မအောင်မြင်ခဲ့လျှင် ကိုယ့်အကြောင်းကိုယ် ဖော်မိသလို ဖြစ်သွားပေလိမ့်မည်။
“တံခါးကို ပြန်ပိတ်လိုက်”
အခန်းက ဧည့်သည်အခန်းဖြစ်သည်။ အခန်းထဲမှ ပရိဘောဂများက အတော်လေး အထက်တန်းကျကာ လှပသည်။
ထိုအခိုက်တွင် ဝူရှင်းအာက ကုတင်ပေါ်တွင် ထိုင်ကာ ကျန်းရီကို ပြုံး၍ အမိန့်ပေးလိုက်သည်။ ကျန်းရီသည် စိတ်လှုပ်တရှားဖြင့် ဝူရှင်းအာ၏ အမိန့်အတိုင်း တံခါးကို ပိတ်လိုက်သည်။ ထို့ပြင် တံခါးကို အပြင်မှပိတ်သော စက်ယန္တယားကိုလည်း နှိုးလိုက်သည်။
“ဒီကိုလာခဲ့...”
အခန်းတွင် ပြတင်းပေါက် မရှိချေ။ လေဝင်လေထွက်အပေါက် တစ်ပေါက်သာ ရှိသည်။ တံခါးပိတ်လိုက်သောအခါ အခန်းထဲတွင် အလင်းရောင် မှိန်ပြပြသာ ရှိတော့သည်။ ဝူရှင်းအာက ကုတင်ကို လက်ညှိုးထိုးပြသည်။ ကျန်းရီသည် တုန်တုန်ယင်ယင်ဖြင့် လျှောက်သွားလိုက်ပြီး ကုတင်စွန်းတွင် ထိုင်လိုက်သည်။ သူသည် ဝူရှင်းအာကို မကြည့်ဝံ့ပေ။ သူ့အသက်ရှူသံများလည်း မြန်လာသည်။ သူ၏ ဂွကြားကလည်း ပူလာသည်။ သူ၏ သရုပ်ဆောင်ချက်များက ချောမွေ့နေပေသည်။
“ခစ်ခစ်...”
ဝူရှင်းအာက ကျန်းရီ၏ ကြွက်သားများ ဖုထစ်နေသော ရင်ဘတ်ကို လက်ဖြင့်သပ်၍ ရယ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုက အလွန်သိမ်မွေ့သည်။ ကျန်းရီသည် သူ့ရင်ဘတ်ကို ကြောင်အမြီးတစ်ချောင်းက လာပွတ်သည်ဟုပင် ခံစားလိုက်ရသည်။ သူမ၏ လှုပ်ရှားမှုများက မည်သူ့ကိုမဆို သက်တောင့်သက်သာ ရှိသွားစေမည်ဖြစ်သည်။ ယောက်ျားတိုင်းကိုလည်း စိတ်ကြွလာစေပေလိမ့်မည်။ ယခုတွင် ကျန်းရီ၏ အသက်ရှူသံများက ပို၍ပင် မြန်လာသည်။ သို့သော် သူ မဆင်မခြင် မလှုပ်ရှားဝံ့ပေ။
နူးညံ့သွယ်ပြောင်းသော လက်ကလလေးက ကျန်းရီ၏ ရင်ဘတ်ကို ပွတ်သပ်ရင်း တဖြည်းဖြည်း အောက်ဘက်သို့ လျှောဆင်းသွားသည်။ နောက်ဆုံးတွင် ကျန်းရီ၏ တိရစ္ဆာန်သားရေခါးဝတ်သို့ ရောက်သောအခါ ရပ်တန့်သွားသည်။ ကျန်းရီသည် တံတွေးအကြိမ်ကြိမ် မျိုချနေရ၏။ သူ့ဦးနှောက်လည်း ပို၍လျင်မြန်စွာ လည်ပတ်လုပ်ဆောင်လာသည်။ အကယ်၍ ဝူရှင်းအာက သူ့နှင့်ကစားလိုလျှင် သူ နာခံရမည်လော၊ ခုခံရမည်လော။
အရှက်ခွဲခံရသည်ထက် သေရသည်က ပိုကောင်းသည်။
လွယ်သော မိန်းမတစ်ယောက်၏ ကစားခြင်းကို ခံရန်မှာ ကျန်းရီ၏ အကျင့်စရိုက်မဟုတ်ပေ။ သူ့ခေါင်းထဲတွင် ဝူရှင်းအာကို သတ်ပစ်လိုစိတ်များ အကြိမ်ကြိမ် ထွက်ပေါ်လာ၏။ ထို့ပြင် မေ့ရူအား သူမကို ထိန်းချုပ်လိုက်ဖို့ အမိန့်ပေးချင်စိတ်များလည်း တဖွှားဖွှားပေါ်ပေါက်နေသည်။ သို့သော် သူသည် ထိုစိတ်များနှင့် ခံစားချက်များကို ချုပ်တည်းထားလိုက်သည်။
“အာ...”
ရုတ်တရက် ဝူရှင်းအာ၏ လက်က သူ၏ ခါးဝတ်အတွင်းသို့ လျှောဝင်သွားသည်။ သူ ဆက်၍ မတည်ငြိမ်နိုင်တော့ပေ။ ဝူရှင်းအာသည် သူ့ကို နောက်ကျောမှ သိုင်းဖက်လိုက်သည်။ ပန်းနုရောင် လျှာကလေးက သူ၏ နားထဲသို့ ဝင်လာသည်။ သူမသည် အသက်ငွေ့ငွေ့ ရှူလိုက်ပြီး ညုတုတုအသံလေးဖြင့် ပြောလိုက်သည်။
“မင်း လုပ်ချင်လား”
“အွန်း...”
ကျန်းရီသည် အလိုလို ဖြေမိသွား၏။ ထိုအခိုက်တွင် သူ ငြင်းလိုက်ပါက နူးညံ့သော လက်ကလေးက သူ၏ ညီလေးကို ပေါက်ထွက်သွားအောင် ညှစ်ပစ်ပေလိမ့်မည်။
“ဟိုးဟိုး...”
ဝူရှင်းအာက ရယ်လိုက်ပြီး ကုတင်ပေါ်တွင် ဖြည်းဖြည်းချင်း လှဲချလိုက်သည်။
“လာ... ငါ့အဝတ်တွေကို ချွတ်လိုက်။ မင်းကို ဘယ်လိုမျိုး ယောက်ျားတစ်ယောက် ဖြစ်လာရမယ်ဆိုတာ သင်ပေးမယ်”
‘ငါ လုပ်သင့်လား၊ မလုပ်သင့်ဘူးလား’
ကျန်းရီသည် အလွန်ဒွိဟဖြစ်နေ၏။ သူ မလုပ်လျှင် ချက်ချင်း ပေါ်သွားပေလိမ့်မည်။ ထိုအခိုက်တွင် သူ၏ တစ်ခုတည်းသော အခြားရွေးချယ်စရာမှာ မေ့ရူအား ဝူရှင်းအာကို အတင်းထိန်းချုပ်ပစ်ဖို့ ခိုင်းရန်ပင်။ သို့သော် မအောင်မြင်လိုက်လျှင် သို့မဟုတ် တစ်စုံတစ်ခု မှားသွားလျှင် ပြဿနာတက်သွားနိုင်သည်။ အကယ်၍ လုပ်ရန် ရွေးချယ်လိုက်လျှင် သူက အမှန်ပင် ယောက်ျားဖော်တစ်ယောက် ဖြစ်မသွားသလော။ ကျန်းရီကဲ့သို့ ယောက်ျားတစ်ယောက်အတွက် ယင်းမှာ မဟာအရှက်ကွဲမှုကြီးပင်။
နောက်ဆုံးတွင် ကျန်းရီသည် လုပ်ရန် ရွေးချယ်လိုက်သည်။ ထိုသို့ရွေးချယ်လိုက်ခြင်းမှာ သူ၏ မာနနှင့် ဂုဏ်သိက္ခာကို စွန့်ပစ်လိုက်၍ မဟုတ်ပင်။ သူ့တွင် ပိုကောင်းသော ရွေးချယ်စရာ မရှိ၍သာ။ ထိုအခိုက်တွင် ကောင်းကင်စိတ်အာရုံလှိုင်း တစ်လှိုင်းသည် အခန်းထဲသို့ မည်သည့်အသံမှ မထွက်စေဘဲ ဝင်ရောက်လာသည်။ ကျန်းရီ၏ အာရုံက မစူးရှလျှင် ထိုကောင်းကင်စိတ်အာရုံကို သတိပြုမိလိုက်မည် မဟုတ်ပေ။
အဘယ်ကြောင့် သူတော်စင်ဘုန်းတော်ကြီးက ရုတ်တရက်ကြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ရသနည်း။ ယခုတွင် ဝူရှင်းအာက သူတော်စင်ဘုန်းတော်ကြီး၏ အမိန့်အရ ကျန်းရီကို လာရောက်စုံစမ်းခြင်းဖြစ်ကြောင်း သေချာသွားပေပြီ။
ဟိန်း...
ကျန်းရီသည် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းလိုက်ပြီး လူပျိုလူရိုင်းတစ်ယောက်ကဲ့သို့ ဝူရှင်းအာ၏ အဝတ်များကို ဖရိုဖရဲဖြင့် ဆွဲချွတ်လိုက်ပြီး သူမကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လိုက်သည်။ သူသည် အခြားမည်သည်ကိုမှ တွေးတောမနေတော့ဘဲ သူ့ကိုယ်သူ တဏှာရူးတစ်ယောက်ဟု စိတ်သွင်းလိုက်ပြီး အရင်လုပ်၊ နောက်မှပြောဆိုသော ဆောင်ပုဒ်ကို ကျင့်သုံးလိုက်တော့သည်။
“ခစ်ခစ်ခစ်...”
ဝူရှင်းအာက အမှန်ပင် လွယ်သော မိန်းမတစ်ယောက်ပင်။ သူမသည် နွားသိုးကြိုးပြတ်ဖြစ်နေသော ကျန်းရီကို ကြည့်၍ တခစ်ခစ် ရယ်လိုက်သည်။ သို့သော် ကျန်းရီအား သူမ၏ခန္ဓာကိုယ်ကို စိတ်ကြိုက်လုပ်ခွင့် ပြုထားပေသည်။ သူမသည် မျက်လုံးမှိတ်ကာ အရသာကို ခံစားလိုက်သည်။
သို့သော်...
ရုတ်ခြည်းပင် ဝူရှင်းအာ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ ထို့နောက် သူမသည် ကျန်းရီကို ကုတင်ပေါ်မှ ကန်ချလိုက်သည်။ သူမ၏ မျက်နှာက နာကျင်စွာ ရှုံ့တွနေပြီး သူမ၏လက်က သူမ၏ တင်ပါးကို ကိုင်ထားသည်။ ထို့နောက် သူမ အော်ပြောလိုက်သည်။
“လူရိုင်းကောင်... နင့်မှာ မျက်လုံးမပါဘူးလား။ ဘယ်အပေါက်ကို ထိုးရမယ်ဆိုတာ မသိဘူးလား။ ကျွတ်... နာလိုက်တာ...”
***