← Chapters

ဗုဒ္ဓဧကရာဇ်နှင့် တွေ့ဆုံမည်

Vol. 89 Ch. 1237

ဗုဒ္ဓဧကရာဇ်နှင့် တွေ့ဆုံမည်

Vol. 89 Ch. 1237

မျက်လုံးဖြင့် မမြင်နိုင်သော ကောင်းကင်စိတ်အာရုံက ဒီရေလှိုင်းတစ်လှိုင်းကဲ့သို့ ပြန်ဆုတ်သွားသည်။ ကျန်းရီသည် ကုတင်ပေါ်မှ ကန်ချခံလိုက်ရသဖြင့် ကိုးရိုးကားရားပုံစံ ဖြစ်နေသည်။ သို့သော် သူ အလွန်ကျေနပ်နေပေသည်။

ဝူရှင်းအာက ကျန်းရီနှင့် ကစားလိုခဲ့ခြင်းလော။ ယခုတွင် သူမသည် သူ၏ ကစားမှုကိုသာ ခံလိုက်ရပေပြီ။ သူ၏ သရုပ်ဆောင်ချက်က ကောင်းလွန်းလှသဖြင့် သူတော်စင်ဘုန်းတော်ကြီး၏ သံသယများ ပျောက်ကွယ်သွားပေပြီ။ မဟုတ်လျှင် ကောင်းကင်စိတ်အာရုံက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲကာ သူ့ကို သတ်ပေလိမ့်မည်။

“အား...အား...”

ကျန်းရီက အလွန်ကြမ်းခဲ့သဖြင့် ဝူရှင်းအာသည် အတော်ကြာသည်အထိ နာကျင်စွာ အော်နေပြီးမှ အသိပြန်ကပ်လာသည်။ သူမသည် ကျန်းရီကို မုန်းတီးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ သို့သော် ကျန်းရီက ကြမ်းပြင်ပေါ်တွင် ခွေခွေ‌လေးလဲနေပြီး မလှုပ်မယှက်ဖြစ်နေသည်ကို တွေ့လိုက်သောအခါ အတန်ငယ် ဒေါသပြေသွားသည်။ ထိုအခိုက်တွင် သူမ အော်ပြောလိုက်သည်။

“မြန်မြန်... ကုတင်ပေါ် ပြန်တက်ခဲ့”

ကောင်းကင်စိတ်အာရုံက ပြန်ထွက်သွားပြီဖြစ်သော်လည်း ကျန်းရီသည် ပေါ့ပေါ့စစ မနေဝံ့သဖြင့် ကုတင်ပေါ် ပြန်တက်သွားလိုက်ရသည်။ သို့သော် ကုတင်ပေါ်မှ ကန်ချခံခဲ့ရပြီဖြစ်၍ သူ၏ လိင်စိတ်က ပျောက်ကွယ်သွားပေပြီ။ သူသည် မလျော်မကန် မလုပ်ဝံ့တော့ပေ။ ဝူရှင်းအာက သူ့ကို ကြည့်လိုက်၏။ သူမသည် ထပ်မံပြုံးကာ ပြောလိုက်သည်။

“ကောင်စုတ်လေး... မင်း မသိဘူးဆိုရင်လည်း မေးပေါ့။ နောက်ကျရင် ပေါက်ကရတွေ မလုပ်နဲ့တော့။ မင်း လုပ်တာ ငါ နာသွားပြီ”

“ဟုတ်...ဟုတ်...”

ကျန်းရီက ကြက်ကလေးအစာကောက်သကဲ့သို့ ရိုကျိုးစွာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ထို့ပြင် ဝူရှင်းအာက သူ့ကို စသလိုနောက်သလို ပြောလာ၍ အခြေအနေက တစ်ခုခုတော့ မှားနေပြီဟုလည်း သူ ခံစားနေရသည်။ ပုံမှန်ဆိုလျှင် စုံစမ်းခြင်းက ဤနေရာမှာပင် ရပ်ရမည်ဖြစ်သည်။ ဝူရှင်းအာက သူ့ကို သံသယရှိနေဆဲလော။ သို့မဟုတ် သူမက အမှန်ပင် လွယ်ခြင်းလော။

သတိတော့ထားရပေမည်။ သူတော်စင်ဘုန်းတော်ကြီးက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ယခုတွင် ကျန်းရီသည် အလိုက်သင့်သာ ဆက်နေရပေမည်။ ဝူရှင်းအာက မိန်းမလှတစ်ယောက်ဟု ဆိုနိုင်သည်။ သူမ၏ ခန္ဓာကိုယ်ကလည်း နူးညံ့ချောမွေ့သည်။ ထို့ကြောင့် ကျန်းရီသည် သူမကဲ့သို့ မိန်းမလွယ်တစ်ဦးနှင့် ဆော့ကစားရခြင်းက နာစရာမရှိဟု ခံစားနေရသည်။ သို့သော် သူ လုပ်ခဲ့သည့်အတိုင်းတော့ ထပ်မလုပ်ဝံ့တော့ပေ။ ထိုအစား ခပ်ကြမ်းကြမ်း ပြုမူလိုက်သည်။ ဝူရှင်းအာတစ်ယောက် ကာမရေယဉ်ကြောတွင် မျောသွားသည်။ ပင်လယ်ရေကား သောက်လေသောက်လေ ငတ်မပြေပင်။

ကျန်းရီ၏ သန်မာမှုကို မေးခွန်းထုတ်စရာ မရှိပေ။ ထို့ကြောင့် ကုတင်ပေါ်မှ တိုက်ပွဲက နှစ်နာရီကျော် ကြာခဲ့သည်။ ဝူရှင်းအာသည် ချွေးများ ရွှဲနစ်နေသည်။ သူမ၏ခန္ဓာကိုယ်ကလည်း ပျော့ခွေနေပေပြီ။ သို့သော် ကျန်းရီက ပြီးမည့်ပုံမပေါ်သေး။

ကျန်းရီက တိုက်ကွက်တစ်မျိုး ပြောင်းလိုက်သောအခါ ဝူရှင်းအာတစ်ယောက် ထပ်မံ၍ စူးရှရှ အော်လိုက်၏။ သူမ တစ်ကိုယ်လုံး စည်းချက်ကျကျ လှုပ်ရှားနေသည်။ သူမက အထွတ်အထိပ်သို့ ရောက်ခါနီးပြီဖြစ်ကြောင်း ထင်ရှားသည်။ ကျန်းရီသည် ကျားကြီးရေသောက်အကွက်ကို ပြောင်းသုံးလိုက်သည်။ သို့သော် လက်တစ်ဘက်က အပေါ်သို့ တက်သွားပြီး ဝူရှင်းအာကို လည်ပင်းညှစ်လိုက်သည်။ သူမသည် နာကျင်မှုကြောင့် မျက်လုံးပြူးသွား၏။

ဝှစ်...

ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ အနက်ရောင်အလင်းတန်းတစ်တန်း ပျံထွက်သွား၏။ ရုတ်ခြည်းအတွင်းမှာပင် မေ့ရူက ဝူရှင်းအာ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။ သူမအနောက်မှနေ၍ အနီရောင်အလင်းတန်းတစ်တန်းလည်း လိုက်သွားသည်။ နှစ်နာရီကျော်ကြာ အခွင့်ကောင်းကို စောင့်နေပြီးနောက် ကျန်းရီသည် လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ဝူရှင်းအာက အတော်လေး ကိုင်တွယ်ရခက်သော မိန်းမတစ်ယောက်ပင်။ လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားလျှင် အနှေးနှင့်အမြန်ဆိုလျှင် သူမသည် ကျန်းရီအကြောင်းကို သိသွားပေလိမ့်မည်။ ထို့ပြင် သူတော်စင်ဘုန်းတော်ကြီးက ဝူရှင်းအာကို ကျန်းရီထံ လာရောက်စစ်ဆေးစေခဲ့သည်။ ယင်းမှာ သူတော်စင်ဘုန်းတော်ကြီး၏ မျက်လုံးထဲတွင် ဝူရှင်းအာက ဝူချွယ်အာထက် ပိုအရေးကြီးသည်ဆိုသော အဓိပ္ပာယ်ပင်။ ကျန်းရီသာ ဝူရှင်းအာကို ထိန်းချုပ်ထားနိုင်လျှင် သတင်းအချက်အလက်များကို သိရရန်နှင့် အစီအစဉ်များကို လုပ်ဆောင်ရန် ပိုလွယ်သွားမည်ဖြစ်သည်။

ဝုန်း...ဝုန်း...

ဝူရှင်းအာ၏ စိတ်ဝိညာဉ်ကိုလည်း ချိပ်စည်းတစ်ခုက ကာကွယ်ပေးနေသည်။ အကယ်၍ ကျန်းရီ၏ မူလစိတ်ဝိညာဉ်ပါ လိုက်မဝင်သွားခဲ့လျှင် မေ့ရူသည် ဝူရှင်းအားကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ကျန်းရီသည် မီးနဂါးဓားလေးကို ထိန်းချုပ်၍ အကာအရံချိပ်စည်းကို နှစ်ကြိမ် အပြင်းအထန် ဝင်တိုက်စေလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် အကာအရံ ပျက်စီးသွားသည်။ ထို့နောက် ‌မေ့ရူက အဆိပ်ငွေ့များကို ထုတ်လွှတ်၍ စတင် တိုက်ခိုက်လိုက်သည်။ ကျန်းရီ၏ အကူအညီကို ရနေသဖြင့် စက္ကန့်ပိုင်းအတွင်းမှာပင် ဝူရှင်းအာကို ထိန်းချုပ်နိုင်သွားလေသည်။

ဟူး...ဟူး...

ထိုအချိန်တွင် ကျန်းရီသည် သူ၏တိုက်ပွဲကို အဆုံးသတ်လိုက်သည်။ ဝူရှင်းအာက လုံးဝပျော့ခွေနေပေပြီ။ သူသည်လည်း တစ်ကိုယ်လုံး ချွေးများရွဲနစ်ကာ မောပန်းနေသည်။ ယင်းက ခန္ဓာကိုယ် ပင်ပန်းခြင်းကြောင့်မဟုတ်ဘဲ အဆုံးစွန်စိတ်ပင်ပန်းခြင်းကြောင့်ဖြစ်သည်။ ယခုတွင် သူ အောင်မြင်သွားပြီဖြစ်၍ အနားယူနိုင်ပေပြီ။

“အာ...”

မေ့ရူက ပြန်ထွက်လာပြီး ဝူရှင်းအာက မျက်လုံးများ ဖွင့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ကြောက်လန့်စိုးရွံ့မှုများနှင့် ပြည့်နှက်နေသည်။ ကျန်းရီသည် နေရာမှ မရွေ့ဘဲ မေ့ရူထံ အတွေးပို့လွှတ်လိုက်၏။ ဝူရှင်းအာကို ပုံမှန်အတိုင်း ပြုမူဖို့ ခိုင်းပေးရန် ပြောလိုက်ခြင်းပင်။ သူမ၏ ဟန်ပန်အပြုမူကြောင့် သူ့အကြောင်းပေါ်သွား၍ မဖြစ်ပေ။

“အရှင်... မစိုးရိမ်ပါနဲ့။ သူတော်စင်ဘုန်းတော်ကြီးက အရှင့်ကို သံသယဝင်တော့မှာ မဟုတ်ပါဘူး”

ဝူရှင်းအာက ခါးသက်သက် ပြုံး၍ သိမ်မွေ့စွာ ပြောလိုက်သည်။

“အရှင်က တစ်ခုခုမှားနေတယ်လို့ ကျွန်မ အစကတည်းက ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့လည်း အခုလို့ ထိန်းချုပ်ခံလိုက်ရတာပဲ မဟုတ်ပါလား။ အစောက အရှင့်ရဲ့ သရုပ်ဆောင်ချက်တွေက တကယ်ကောင်းပါတယ်။ အရှင်က ကျွန်မနဲ့ သူတော်စင်ဘုန်းတော်ကြီးကို အရူးလုပ်နိုင်ခဲ့ပါတယ်...”

ကျန်းရီသည် နေရာမှ မရွေ့သေးဘဲ သိမ်မွေ့စွာ မေးလိုက်သည်။

“ဘာလို့ သူတော်စင်ဘုန်းတော်ကြီးက ငါ့ကို သံသယဝင်ရတာလဲ”

ဝူရှင်းအာက ရှင်းပြသည်။

“သူက မဝင်ပါဘူး။ သံသယဝင်တာက ကျွန်မပါ။ ကျွန်မရဲ့ ညီမလေးက ကျန်းရီက ထွက်ပြေးသွားတယ်လို့ ပြောခဲ့ပါတယ်၊ ဒါပေမဲ့ အရှင်က ရုတ်တရက်ကြီး ထွက်ပေါ်လာပါတယ်။ ပြီးတာ့ ကျွန်မ သက်ရှည်မျိုးနွယ်စုက လူရိုင်းတွေကို မေးခဲ့ပါတယ်။ အရှင်က သူတို့မျိုးနွယ်စုကို ရောက်လာတာ မကြာသေးဘူးလို့ ဆိုပါတယ်။ အချိန်က အရမ်းတိုက်ဆိုင်နေပြီး အရှင် အဆင့်တက်လာခဲ့တာကလည်း မြန်လွန်းနေတယ်။ အဲ့ဒါကြောင့် ကျွန်မက အဲ့အကြောင်းကို သူတော်စင်ဘုန်းတော်ကြီးဆီ တင်ပြခဲ့တာပါ။ သူက ကျွန်မကို ဒီကိုလာပြီး အရှင့်ကို စမ်းသပ်ခိုင်းခဲ့တာပါ”

ထိုမိန်းမက အမှန်ပင် ကြောက်စရာကောင်းသည်။ ကျန်းရီသည် သူက အလွန်ကံကောင်းခဲ့သည်ဟု တွေးကာ ရင်ထဲမှ ဝမ်းသာမိသွားသည်။ အစောက သူ၏ ကိုးရိုးကားရား သရုပ်ဆောင်ချက်က လိုအပ်နေသောအရာ ဖြစ်သွားခဲ့သည်။ မဟုတ်လျှင် သူတော်စင်ဘုန်းတော်ကြီး၏ သံသယက ထိုမျှလွယ်လွယ် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ထပ်မေးလိုက်သည်။

“သူတော်စင်ဘုန်းတော်ကြီးကို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေး ရှိလား”

“မရှိပါဘူး”

ဝူရှင်းအာက ခါးသက်သက်ပြုံး၍ ပြောသည်။

“အရှင်... သူတော်စင်ဘုန်းတော်ကြီးက စိတ်ဝိညာဉ်ကို ကျင့်ကြံထားတဲ့ အကြွင်းမဲ့ဆရာသခင်တစ်ပါးပါ။ သူက ကျွန်မရဲ့ အဘိုးနဲ့တောင် ယှဉ်နိုင်လောက်ပါတယ်။ ပြီးတော့ သူက ဉာဏ်နီဉာဏ်နက်များပြီး တွက်ချက်တတ်ပါတယ်။ အရှင် ဘယ်တော့မှ သူ့အနားကို ကပ်နိုင်မှာ မဟုတ်ပါဘူး”

“ငါက မကပ်နိုင်တာထားတော့၊ မင်းတောင် မကပ်နိုင်ဘူးလား”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။

“မင်း သူ့ကို မဖြားယောင်းနိုင်ဘူးလား။ မင်း ဖြားယောင်းနိုင်မယ်ဆိုရင် မေ့ရူကို မင်းရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲ ဝင်နေခိုင်းထားလို့ ရတယ်”

အချစ်ပွဲဆင်နွှဲနေချိန်တွင် မည်သူမဆို သတိလက်လွတ်ဖြစ်နေမိမည်သာ။ ကျန်းရီသည်လည်း ထိုနည်းဖြင့် ဝူရှင်းအာကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အချိန်ကိုက်ဖြစ်ရန်တော့ အလွန်အရေးကြီးသည်။ မဟုတ်လျှင် ထိုမျှ လွယ်ကူခဲ့မည် မဟုတ်ပေ။

“ဟင်းဟင်း”

ဝူရှင်းအာက ခေါင်းခါလိုက်သည်။

“သူတော်စင်ဘုန်းတော်ကြီးက မိန်းမတွေကို စိတ်မဝင်စားဘူး။ ပြီးတော့ သူက ကျွန်မတို့နဲ့ ဘယ်တုန်းကမှ မျက်နှာချင်းဆိုင် မတွေ့ခဲ့ဘူး။ သူ့အနားကို ဘယ်သူမှ မကပ်နိုင်ပါဘူး”

“သူတော်စင်အင်ပါယာကရော ဘယ်လိုလဲ”

ကျန်းရီ လက်မလျှော့ပေ။ တစ်ယောက်မဟုတ် တစ်ယောက်ကို ထိန်းချုပ်နိုင်လျှင် အရာအားလုံးကို အလွယ်တကူ အောင်မြင်နိုင်မည်ဖြစ်သည်။

“အဲ့ဒါလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး”

ဝူရှင်းအာက ခေတ္တမျှ တွေးတော၍ ပြောသည်။

“သူတော်စင်အင်ပါယာဆီမှာ စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်တဲ့ အရမ်းစွမ်းအားကြီးတဲ့ မူလရတနာတစ်ခု ရှိတယ်လို့ ပြောကြတယ်။ ပြီးတော့ သူက မိန်းမတွေကို မကြိုက်ဘူး... ယောက်ျားတွေကို ကြိုက်တာပါ။ တကယ်လို့ အရှင်ကိုယ်တိုင် ဖြားယောင်းမယ်ဆိုရင်...”

“ထွီ...”

ကျန်းရီ ကြက်သီးများပင် ထသွားသည်။ သူသည် ထိုကိစ္စကို ဆက်မတွေးလိုတော့ပေ။ ခေတ္တ တွေးတောပြီးမှ ဆက်မေးလိုက်သည်။

“ဗုဒ္ဓဧကရာဇ်တို့ကို ဖမ်းထားတဲ့ နေရာဆီ သွားနိုင်ဖို့ မင်းမှာ နည်းလမ်းရှိလား။ မင်း သူတို့ကို ဖြေဆေး ပေးပေးနိုင်လား”

“အဲ့ဒါကတော့ ပြဿနာမရှိလောက်ပါဘူး။ ဗုဒ္ဓဧကရာဇ်တို့ကို စောင့်ကြပ်နေတဲ့ မျိုးနွယ်စုခေါင်းဆောင်က ကျွန်မကို သဘောကျနေတာပါ...”

ဝူရှင်းအာ၏ အဖြေက ကျန်းရီ၏ လေးလံနေသော ရင်ကို အတန်ငယ် ပေါ့သွားစေသည်။ သို့သော် သူမ ထပ်ပြောလိုက်သောစကားက သူ့ကို ထပ်မံ၍ ရင်လေးသွားစေပေသည်။

“ဒါပေမဲ့ ဗုဒ္ဓဧကရာဇ်တို့က အထူးဆေးလုံး တစ်လုံးကိုလည်း သောက်ထားရပါတယ်။ အဲ့ဆေးလုံးကို သောက်ထားတဲ့လူရဲ့ ခန္ဓာကိုယ်ကနေပြီး ထူးဆန်းတဲ့ ခပ်သဲ့သဲ့အနံ့တစ်ခု ထွက်နေမှာပါ။ အဲ့တော့ ဗုဒ္ဓဧကရာဇ်တို့ ရဲတိုက်ထဲက ထွက်သွားတာနဲ့ သူတော်စင်ဘုန်းတော်ကြီးက ချက်ချင်းသိသွားမှာပါ။ အဲ့ဆေးအတွက် ဖြေဆေးက ကျွန်မဆီမှာ မရှိပါဘူး”

“အဲ့ဒါက အရေးမကြီးတော့ပါဘူး”

ကျန်းရီသည် မျက်လုံးပင့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သွားပြီး စီစဉ်စရာရှိတောတွေ စီစဉ်လိုက်ပါ။ ပြီးရင် ငါ့ကို ဗုဒ္ဓဧကရာဇ်တို့နဲ့ တွေ့ဖို့ ခေါ်သွားပါ။ အရင်ဆုံး ဗုဒ္ဓဧကရာဇ်တို့နဲ့ တိုင်ပင်ပြီးမှ ငါတို့ ဆက်ပြောကြတာပေါ့”

“အဲ့ဒါဆို နောက်လေးနာရီနေရင် သွားကြတာပေါ့။ သူတော်စင်ဘုန်းတော်ကြီးက (၁၁)နာရီကျရင် လေးနာရီလောက် တစ်ရေးအိပ်လေ့ရှိတယ်။ အဲ့အချိန်မှာ ဘယ်သူကမှ သူ့ကို မနှောင့်ယှက်ရဘူး။ ကျွန်မတို့ အဲ့အချိန်မှာ ဗုဒ္ဓဧကရာဇ်တို့ဆီ သွားနိုင်တယ်”

ထိုစဉ် ဝူရှင်းအာသည် အခြားတစ်ခုကို တွေးမိသွား၍ ဆက်ပြောသည်။

“အရှင်... အရှင့်မှာ ဆန်းကြယ်တဲ့ ရုပ်ဖျက်စွမ်းရည်တစ်ခု ရှိတယ်မလား။ အချိန်ကျရင် အရှင် လုံကျဲပုံစံ ဟန်ဆောင်ပြီး ကျွန်မနောက်က လိုက်ခဲ့ပါ”

“ကောင်းပြီ”

ကျန်းရီက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူသည် မည်သို့ဆက်လုပ်ရမည်ကို မသိသော်လည်း ဗုဒ္ဓဧကရာဇ်တို့နှင့် တွေ့ဆုံကာ အခြေအနေကို ရှင်းပြလိုက်လျှင် အားလုံးပေါင်း၍ နည်းလမ်းတစ်ခု ရှာနိုင်လောက်ပေသည်။

ဝူရှင်းအာသည် အဝတ်အစားများ ပြန်ဝတ်လိုက်ပြီး တင်ယမ်း၍ အခန်းထဲမှ ထွက်သွားလိုက်သည်။ သူမသည် ဝူချွယ်အာဆီသို့သွား၍ စကားပြောနေလိုက်သည်။ သူတော်စင်ဘုန်းတော်ကြီး၏ ကောင်းကင်စိတ်အာရုံ ထပ်ရောက်လာစဉ်တွင် သူမက ကျန်းရီနှင့်အတူ ဆက်ရှိနေသေးလျှင် ပြဿနာပေါ်လာနိုင်သည်။

ကျန်းရီသည်လည်း ခါးဝတ်ကို ပြန်ဝတ်ကာ လုံရို့အား လုံကျဲကို ခေါ်လာခဲ့ရန် ခိုင်းလိုက်သည်။ သူ လုံကျဲကို အလွယ်တကူ ထိန်းချုပ်နိုင်လိုက်သည်။ ထို့နောက် သူလည်း အပြင်သို့ ပြန်ထွက်ကာ တိတ်တဆိတ် စောင့်နေလိုက်သည်။

ကျန်းရီသည် လေးနာရီ စောင့်ရသည်ကို နှစ်နှစ်လောက် စောင့်နေရသည်ဟု ခံစားနေရသည်။

ထိုအချိန်အတောအတွင်း ရဲတိုက်က အလွန်အေးချမ်းနေခဲ့သည်။ ကျန်းရီသည်သာ ရင်မအေးနိုင်ဖြစ်နေသည်။ သူတော်စင်ဘုန်းတော်ကြီးက ယခုအထိ ထပ်မံမလှုပ်ရှားသေးသဖြင့် လောလောဆယ်အတွက် သူ့ကို စိုးရိမ်ရန် မလိုသေးပေ။ မည်သို့ဆက်လုပ်ရန်မှာမူ ဗုဒ္ဓဧကရာဇ်တို့က ထွက်ပြေးနိုင်၊ မပြေးနိုင်ပေါ်တွင် မူတည်နေပေသည်။

***

All Chapters