အပိုင်း(၅၃၅)
Vol. 36 Ch. 535
ရှင်းယောင်မြို့အနောက်ဘက် ထိုက်မိသားစုအိမ်တော်ကောင်း
ကင်ထွက်တွင်ဖြစ်သည်။
“အား..အား..အား.အား”
ထိုက်မိသားစုခေါင်းဆောင်ဖြစ်
သူထိုက်စမ်မှာ ဝက်တစ်ကောင်အသတ်ခံရသကဲ့သို့ ငယ်သံပါအောင်အော်ဟစ်နေပြီး
သူ၏ငယ်သံပါအောင်အော်သောအသံက ညကောင်းကင်ယံထဲ၌ပဲ့
တင်ထပ်နေသည်။
ရှစ်ဖုန့်က သရော်ပြုံးပြုံး၍
သူ၏လက်အတွင်းမှ သွေးနီရောင်လူသားမီးတောက်
အားကြည့်နေ၏။ ထို့နောက်သူ၏အကြည့်အား
ထိုက်မိသားစုထံသို့ရွှေ့လိုက်ပြီး ပြုံး၍ပြောလိုက်သည်။
“မင်းတို့ကလန်ခေါင်းဆောင် ကတော့မင်းတို့ကလန်တစ်ခုလုံး
ကိုသုတ်သင်ပစ်ဖို့ ဆုံးဖြတ်ချက်ချပြီးသွားပြီ.. မင်းတို့လူတွေ ဒီအတွက်ပြင်ဆင်သင့်တယ်”
ထိုက်စမ်၏ရှစ်ဖုန့်အား အတိုက်အခံလုပ်မှုက ထိုက်မိသားစု၏အနာဂတ်အား ပျက်စီးခြင်းဆီသို့ ဦးတည်ပြီးဖြစ်သည်။
“မင်း..ငါ့အဖေကိုလွှတ်ပေးစမ်း”
အခြားတစ်ဖက်တွင် ထိုက်ရှန့်က ရှစ်ဖုန့်အားဒေါသအိုးပေါက်ကွဲထွက်လာသည့် ကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့ ဒေါသတကြီး အော်ငေါက်လိုက်သည်။
ထိုက်စမ်သူ့အားမည်သို့ဆက်ဆံသည်ဖြစ်စေ သူ့ဖခင်၏အသက်အားထိုက်ရှန့်
မည်သို့တွေးသည်ဖြစ်စေထိုက်ရှန်
ဤသို့ပြုမူသည်ဖြစ်၏။
ထိုက်စမ်၏ဒန်တန်မှာဖျက်ဆီးခံလိုက်ရပြီး ဒုက္ခိတတစ်ယောက်ဖြစ်လာသည်ဖြစ်သည်။ သူသေသည်ဖြစ်စေရှင်သည်ဖြစ်စေ ကိစ္စမရှိပေ။ သူ့အနေဖြင့် ထိုက်မိသားစုခေါင်းဆောင်တစ်ယောက်ထပ်ပြီးမဖြစ်နိုင်တော့ပေ။ထိုက်ရှန့်ယခုပြုလုပ်ဖို့လိုအပ်နေသည့်အရာက သူ့၏ဖခင်ဘက်ခြမ်းမှ ထိုက်မိသားစုဝင်များက သူ့အား ထောက်ခံရန်ဖြစ်ပြီးထိုမှသာ သူသည် မိသားစုခေါင်းဆောင်အသစ်ဖြစ်လာ
လိမ့်မည်ဖြစ်သည်။
ထိုက်ကလန်ကအပေါ်ယံတွင် စည်းလုံးသည်ဆိုသော်လည်း ထိုသည်က ထိုက်စမ် မိသားစုခေါင်းဆောင်ဖြစ်တုံးကဖြစ်သည်။ ယခုထိုက်စမ် ဒုက္ခိတဖြစ်သွားချိန်တွင် ထိုက်မိသားစုအတွင်း လုပ်ပိုင်ခွင့်အာဏာအမြင့်ဆုံးနှင့်
မိသားစုခေါင်းဆောင်ဟူသောနေရာအတွက် အတွင်းပိုင်းပဋိပက္ခတစ်ခုဖြစ်
လာလိမ့်မည်ဖြစ်သည်။
“ထိုက်မိသားစုဝင်အားလုံး..”
ထိုက်ရှန့်က ထိုက်မိသားစုထံအော်ပြောလိုက်သည်။ သို့သော် သူ၏စကားမဆုံးခင် အိုမင်းသောအသံတစ်ခုက သူ့အားကြားဖြတ်ဝင်ရောက်ဟန့်တားလိုက်၏။
“ထိုက်မိသားစုဝင်အားလုံး အခုငါ့စကားကိုနားထောင်ကြ”
“နာယကကြီး ..ခင်ဗျား”
ထိုက်ရှန့်ကလမ်းတစ်ဝက်၌စကား
ကိုရပ်လိုက်ပြီး အစောကစကားပြောသောသူ
အားကြည့်လိုက်သည်။အိုမင်းသောအသံက ထိုက်စမ်နှင့်ကျင့်ကြံမှုနယ်ပယ်တူညီသော ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်ဖြစ်သူ ထိုက်မိသားစု၏ နာယကကြီး ထိုက်စွေပင်ဖြစ်သည်။
ထိုက်စွေက ထိုက်ရှန့်၏
ဒေါသထွက်နေသော မျက်နှာအား မမြင်ဟန်ဆောင်ထားသည်။ယခုထိုက်စမ် ဒုက္ခိတဖြစ်နေသောကြောင့် ထိုက်မိသားစုအတွင်း နောက်ထပ်အင်အားအကြီးဆုံး
ပုဂ္ဂိုလ်ကသူဖြစ်သည်။
နာယကတစ်ဦးအနေဖြင့် ထိုက်စွေမှာ ထိုက်မိသားစုအတွင်း လုပ်ပိုင်ခွင့်အာဏာတော်တော်များ
များရှိသည်ဖြစ်သည်။ထိုက်စမ်ပြီးလျှင်သူက အစွမ်းအထက်ဆုံးသူဖြစ်၏။
ယခုထိုက်စမ် ဒုက္ခိတဖြစ်သွား
သောကြောင့် ထိုက်မိသားစုအတွင်းမည်သူ
ကမျှသူ့အား မဆန့်ကျင်ရဲသည်ကို ထိုက်စွေသိသည်ဖြစ်သည်။
ထိုက်ကလန်၏ အနာဂတ်ကသူ၏လက်အတွင်းမှာဖြစ်၏။
ထိုက်စွေပြောပြီးပြီးချင်း ထိုက်မိသားစုဝင်များက ပြိုင်တူတုန့်ပြန်လိုက်ကြသည်။
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
ဤအချိန်တွင် ညကောင်းကင်ယံထဲ၌ထိုက်
မိသားစုဝင်သုံးဆယ်ကျော်ရှိနေ၏။
ဤအချိန်၌ နှစ်ဆယ်ကျော်က
ထိုက်စွေ၏ စကားအားပြန်တုန့်ပြန်ကြသည်။သူတို့ ထဲကအချို့က ထိုက်စမ်၏ စကားကိုသာနားထောင်နေကြဖြစ်သည်။
သို့သော်ယခုအခါ၌ ထိုက်မိသားစုပြောင်းလဲတော့မည်ကို သူတို့ နားလည်ကြသည်ဖြစ်၏။
“မင်း..မင်းတို့”
ဤလူများကထိုက်စမ်ကိုပြန်တုန့်ပြန်
သည်အားကြည့်ရင်း ထိုက်ရှန့်၏မျက်နှာထက်က ဒေါသတို့ကပို၍ပို၍ကြီးမားလာသည်။သူကဤလူများအားစိုက်ကြည့်နေ၏။အထူးသဖြင့်ထိုက်စွေ၏နောက်လိုက်များကိုဖြ်စ်သည်။
သို့သော် ဤလူများက ထိုက်ရှန့်၏အကြည့်အောက်၌လုံးဝလှုပ်ရှားခြင်းမရှိပေ။ဤညပြီးလျှင်
နာယကကြီး ထိုက်စွေက ထိုက်ကလန်ခေါင်းဆောင်ဖြစ်လာ
မည်ကိုသူတို့သိကြသည်ဖြစ်သည်။
ထိုက်ကလန်၏သခင်လေး
ထိုက်ရှန့်အတွက် မူအနာဂတ်၌သူ့
အတွက်လွယ်
ကူသောအချိန်ရှိလာလိမ့်မည်မဟုတ်ပေ။
ထိုက်မိသားစုဝင်သုံးဆယ်
ကျော်ရှိနေသည်ဖြစ်သည်။
နှစ်ဆယ်ကျော်က ထိုက်စွေအားတုန့်ပြန်မှုပြုကြပြီး ဆယ်ယောက်မှာ ထိုက်မိသားစုအတွင်းထိုက်စမ်အား အကြွင်းမဲ့သစ္စာရှိသူများဖြစ်ကြ၏။ ဤလူများ၏အရိုးထဲတွင်ထိုက်စမ်အား မိသားစုခေါင်းဆောင်အဖြစ်အကြွင်းမဲ့ သတ်မှတ်ထားသည်ဖြစ်သည်။
ထိုက်စမ်၏သားဖြစ်သူကသာ မိသားစုခေါင်းဆောင်နေရာအား သေချာပေါက်လွှဲယူရမည်ဖြစ်၏။
နာယကထိုက်စွေက ထိုက်ရှန့်အပါအဝင်ဤလူများအား သိမ်းကျုံးကြည့်လိုက်သည်။ဤလူတစ်ယောက်ချင်းစီတိုင်းကိုသူမှတ်ထား၏။ယနေ့ညပြီးဆုံးလျှင် ၎င်းတို့အားသူရှင်းလင်းပစ်မည်ဖြစ်၏။
သို့သော် ထိုက်စွေနှင့် ထိုက်မိသားစုတစ်ခုလုံးအတွက် အရေးအကြီးဆုံးသောအရာမှာ ထိုက်စမ်အား ဒုက္ခိတဖြစ်အောင်လုပ်ခဲ့သော
ရန်သူပင်ဖြစ်သည်။
သူတို့အနေဖြင့်အတွင်းပိုင်းပဋိပက္ခအား မဖြေရှင်းခင်အရင်ဆုံးအပြင်ပိုင်းပဋိပက္ခကို ကိုင်တွယ်ရမည်ဖြစ်သည်။
ထို့နောက်နာယကထိုက်စွေက သူ၏အေးစက်သောအကြည့်အားရှေ့သို့ထပ်မံ ပြောင်းလိုက်သည်။ သူကအနက်ရောင်ပုံရိပ်နှင့် သွေးနီရောင်လူသားပုံစံမီးတောက်
တို့အားကြည့်လိုက်သည်။ဤအချိန်တွင် သွေးနီရောင်လူသားမီးတောက်အတွင်းမှ ထိုက်စမ်၏ စိတ်မချမ်းမြေ့ဖွယ်စူးစူးဝါးဝါး
အော်သံတို့ကရပ်တန့်သွားခဲ့ပြီဖြစ်သည်။ ထိုက်စမ်၏ကံတရားက ချိတ်ပိတ်ခံလိုက်ရပြီဖြစ်၏။
သို့သော် ကြယ်ခြောက်ပွင့်သူတော်စင်
နယ်ပယ်ဖြစ်သော ထိုက်မိသားစု၏ခေါင်းဆောင်ဖြစ်
သူထိုက်စမ်သည်ပင်လျှင် ဤလူငယ်လက်အတွင်း၌ ပျက်ကိန်းစိုက်ခဲ့ရသည်ဖြစ်သည်။
ထို့ကြောင့် ထိုက်မိသားစုအတွင်း
ရှိမည်သူကမျှ ဆန်းကြယ်သောလူငယ်ထံဦး
တည်ရဲခြင်းမရှိကြချေ။
“ထိုက်မိသားစုဝင်အပေါင်းတို့ ထိုက်လုံအစီအရင်က ငါတို့ဘိုးဘေးတွေလက်ဆင့်ကမ်းပေးခဲ့တာ ဘာအမိန့်မှမရှိဘဲနဲ့ဘယ်သူမှရပ်ခွင့်မရှိဘူး. ဒီည ထိုက်မိသားစုက ဒီလူငယ်ကိုသတ်ပြီး ခေါင်းဆောင်ထိုက်စမ်အတွက်
လက်စားပြန်ချေကြမယ်”
နာယက ထိုက်စွေက ထိပ်မံအော်ပြောလိုက်သည်။
ထိုက်စွေမှာ ထိုက်မိသားစု၏ ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်အပေါ်၌ အကြွင်းမဲ့ယုံကြည်မှုရှိသည်ဖြစ်သည်။
အစောပိုင်းက ထိုက်စမ်သာ လူငယ်အားဖိနှိပ်နိုင်သည်ဟုတွေးပြီး လမ်းတစ်ဝက်၌ရပ်တန့်ရန်အမိန့်မပေးခဲ့လျှင် သူတို့ဘိုးဘေးအစီအရင်ကြောင့်လူ
ငယ်မှာအသတ်ခံလိုက်ရပြီးဖြစ်လောက်သည်။
ထိုက်စွေတစ်ယောက်တည်းသာ
ထိုသို့တွေးသည်မဟုတ်ပေ။
ထိုက်မိသားစုဝင်အများစုက သူတို့၏ဘိုးဘေးများလက်ဆင့်ကမ်းခဲ့သော ထိုက်လုံအစီအရင်အပေါ်၌ အကြွင်းမဲ့ယုံကြည်ကြသည်ဖြစ်သည်။
ထို့နောက် ထိုက်စွေ၏အသံပျောက်ကွယ်
သွားပြီးပြီးချင်း အသံများထွက်ပေါ်လာသည်။
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
ထိုက်မိသားစုတွင်း ပြန်လည်ဖြေကြားသံများထပ်မံ
အစီအရီထွက်ပေါ်လာပြန်သည်။
ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဆီးလ်တံဆိပ်လက်သင်္ကေများကို ပုံဖော်လိုက်ကြသည်။ ထိုက်စွေသည်သာမက လူနှစ်ဆယ်အပြင် ထိုက်စမ်၏သားအား နောက်ခေါင်းဆောင်ဟုတွေးသူများပင် လက်သင်္ကေဆီးလ်များကိုပုံဖော်ကြသည်။
ယခုရန်သူတစ်ယောက်ရှိနေပြီး မည်သို့ပင်ဖြစ်နေပါစေ နောက်ခေါင်းဆောင်ကမည်သူဖြစ်ပါစေ သူတို့အနေဖြင့်ထိုက်မိသားစု၏ ရန်သူအားအရင်ဆုံးရှင်း
ထုတ်ပစ်ရမည်ဖြစ်သည်။
ဤအချိန်တွင် ထိုက်ရှန့်၏မျက်နှာကသာ မှုန်မှိုင်းနေသည်။ သူဘာတွေးနေသည်အား
မည်သူမျှမသိကြချေ။သို့သော်သူ၏မျက်လုံးများထဲ၌ ကြမ်းကြုတ်မှုတို့ဖြင့်ပြည့်နှက်နေ၏။ ထိုက်မိသားစုဝင်များကြားထဲ
တွင်သူတစ်ယောက်တည်းကသာ ထိုက်လုံသတ်ဖြတ်ခြင်း
အစီအရင်ကိုပုံမဖော်ခြင်းဖြစ်သည်။
မလှမ်းမကမ်းမှ ရှစ်ဖုန့်က ထိုက်မိသားစုဝင်များကိုစိုက်ကြည့်နေသည်။ထိုက်ရှန့်အားကြည့်၍သူ၏မျက်နှာ
ထက်၌စိတ်ဝင်စားမှုများဖြင့်ပြည့်နှက်နေ၏။
ရှစ်ဖုန့်ဘေးရှိကောင်မလေးကလည်း ရှေ့သို့ကြည့်နေသည်။ထို့နောက် ရှစ်ဖုန့်လက်အတွင်းမှလူသားမီး
တောက်အားကြည့်လိုက်၏။
နောက်ဆုံးတွင်သူမက ရှစ်ဖုန့်အားပြောလိုက်သည်။
“ထိုက်မိသားစုဝင်တွေကအဖွဲ့
နှစ်ခုကွဲသွားပြီလား”
“သူတို့တစ်ယောက်နဲ့တစ်ယောက်
ကိုက်ကြတော့မှာ”
ရှစ်ဖုန့်ကအပြုံးတစ်ခုနှင့်ပြောလိုက်သည်။
ထို့နောက်သူ၏လက်အတွင်း
လူသားပုံစံမီးတောက်က လက်အတွင်းပြန်လည်လှိမ့်ဝင်
လာပြီးရှစ်ဖုန့်၏လက်ဆီပြန်ရောက်လာသည်။
ဤအချိန်တွင် လူသားပုံစံမီးတောက်ကအော်သံ
များရပ်တန့်သွားသောအခါ တိုက်ပွဲအားအာရုံစိုက်နေကြသောလူများက သူတို့၏ ယူဆချက်ကိုအတည်ပြုလိုက်ကြသည်။ ထိုက်စမ်မှာသေသွားပြီးမီး
တောက်များဖြင့်ပြာချခံလိုက်ရသည်ဖြစ်သည်။
ထိုက်မိသားစုမှာ ရှင်းယောင်မြို့တွင် ဒုတိယအင်အားအကြီးဆုံးမိသားစုဖြစ်ပြီး ထိုက်မိသားစုခေါင်းဆောင် ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ် ထိုက်စမ် တစ်ယောက်ပြာအဖြစ်မီးရှို့ခံလိုက်ရ၏။
“ထိုက်..ထိုက်စမ်..တကယ်သေသွားပြီ”
လူများစွာက ဤအရာအား တွေးမိသော်လည်း ရလဒ်အားမြင်တွေ့လိုက်ရသောအခါတွင် မထိန်းထားနိုင်ဘဲ လေးအားများအားတစ်ချက်ရှိုက်
သွင်းမိလိုက်ကြသည်။
ပုံမှန်ဆိုလျှင် ထိုက်ကလန်က ရှင်းယောင်မြို့အတွင်းသူတို့လုပ်ချင်
ရာလုပ်သည်သာဖြစ်သည်။ သို့သော် ထိုက်စမ်၏ကလန်ခေါင်း
ဆောင်ကတော့တကယ်သေ
ဆုံးသွားခဲ့ပြီဖြစ်၏။
“ရှင်…ရှင်တကယ်ပဲ..တကယ်ပဲ ထိုက်စမ်ကိုသတ်ခဲ့တယ်…”
ရှစ်ဖုန့်၏ဘေး၌ရှိနေသော ရှောင်းယီပင် အလန့်တကြားပြောမိ၏။
အတိတ်တုံးက ထိုက်စမ်မှာ
သူတို့အတွက် သာလွန်သောတည်ရှိမှုတစ်
ခုဖြစ်သည်ဖြစ်၏။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE